ပိဋက သုံးပုံ အာဂုံဆောင်တဲ့ တိပိဋက ဆရာတော်တွေ သာသနာအတွက် ဘာလို့အရေးကြီးတာလဲ

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် B.C 3 ရာစု နှစ်မှာ အသောကဘုရင်ကြီး ဗုဒ္ဓဘာသာ ပြောင်းပြီး ကိုးကွယ်ခဲ့လို့ အိန္ဒိယ မှာ ဗုဒ္ဓသာသနာထွန်းကားခဲ့ပါတယ်။

အဲ့ဒီခေတ်က စေတီပေါင်း သောင်းချီတည်ခဲ့တယ် ဆိုပါတယ်။ ဧကရာဇ်ဘုရင်အသောကမင်း လွန်ပြီးနောက် ဘုရင် ၆ ဆက်တိတိ ဗုဒ္ဓဘာသာကို ဆက် ချီးမြှောက်ခဲ့ပါတယ်။

BC 2 ရာစု နှစ်မှာ ရှန်ဂနန်းဆက် ဟာ အသောကမင်းဆက်ကို ဖြိုပြီး တက်လာတယ်။ ဘုရင် Pushyamitra Shunga မင်း ဖြစ်လာတယ်။ ပုရှိယာမိတ္တရာမင်း ဟာ သူ့ မူးမတ်တွေကို အသောကမင်း အင်ပါယာရဲ့ အောင်မြင်မှုမျိုး လိုချင်တယ်။ ဘာလုပ်ရမလဲ မေးတယ်၊ မူးမတ်တွေက အရှင်မင်းကြီး အသောက အငွေ့အသက်တွေကို ဖျက်ချနိုင်မှ အရှင်မင်းကြီး ကိုယ့်လက်ကိုယ့်ခြေ ဖြစ်မယ် အကြံပေးတော့ အသောက မင်း ထူထောင်ထားတာတွေအကုန်ဖျက်ခိုင်းတယ်။

စေတီပုထိုး ပေါင်းသောင်းကျော် အဖြိုခံရတယ် လို့သမိုင်းမှာမှတ်တမ်းရှိတယ်။ ဗုဒ္ဓဂါယ က မဟာဗောဓိဘုရားကို ဟိန္ဒူကျောင်းလုပ်တယ်၊ ဘုရားပွင့်ခဲ့တဲ့ ဗောဓိညောင်ပင်ပါ ခုတ်ပစ်တယ်။ နောက် သံဃာတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အကုန် -တ်တယ်၊ -တ်ပြီးခေါင်းယူလာနိုင်သူကို ငွေအသပြာ ၁၀၀ ဆုချီးမြှင့်တယ်။

စာပေ၊ ကျောင်းဆောင်၊ အထိမ်းအမှတ်အကုန်ဖြိုဖျက်ခံရတယ်။သန်းပေါင်းများစွာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ကိုယ်လွတ်ရုန်း ပြေးကြရတယ်၊ ဗုဒ္ဓဘာသာတင်မက ဂျိမ်းဘာသာဝင်တွေပါ ပြေးကြရတယ်။တွေ့ရာသချိုင်္င်း ဒါးမဆိုင်း မို့ ဘာကျမ်းမှ မသယ်နိုင်ဘူး။ သာသနာကွယ်မှာကြောက်တဲ့ မထေရ်ကြီးတွေက အသက်လုပြေးရင်းလွှားရင်း ဘုရားဟောတရားတွေ ကို သံဃာငယ်တွေကို နှုတ်တိုက် ရွတ်ဆိုခိုင်းတယ်။

ညမှာခိုးပြီး နှုတ်တိုက်ပြန်ကြရတာမို့ ဂင်္ဂါမြစ်သဲသောင်ဘေးမှာ စာကျက်နေတုန်း အိပ်ပျော်မသွားအောင် အုန်းသီးခေါင်းအုံးပြီး အာဂုံရွတ်ပြီး သာသနာကိုသယ်ခဲ့ကြတယ် လို့ဆိုတယ်။

ခေတ်အဆက်ဆက် ဘာသာဝင် သန်းပေါင်းများစွာ အ-တ်ခံရတဲ့ ဗုဒ္ဓဘာသာဟာ သာသနာမပျောက်ဖို့ ပြေးရင်းလွှားရင်း ပြန်စုမိတဲ့နေရာမှာ မင်းအလွတ်ကျက်ထားတဲ့အပိုဒ်၊ ငါအလွတ်ကျက်ထားတဲ့အပိုဒ် တွေ ပြန်တိုက်ကြည့်ကြတယ်။ သံဃာယနာတင်တယ်လို့ခေါ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေပြေးကြတာ ကမ္ဘာ့အမြင့်ဆုံး တိဘက်ရောက်သူရောက်၊ အိန္ဒိယတိုက်ရဲ့ အမြှီးဖျား သီဟိုလ်ကျွန်းရောက်သူရောက်၊ အရှေ့တောင်အာရှ တောနက်ကြီးထဲရောက်သူရောက် တကွဲတပြားပြေးကြတယ်။

အဲ့ဒီ BC ၂ ရာစု ကနေ AD ၉ ရာစုအထိ နှစ်ပေါင်း တထောင်ကျော် ဘာသာအယူဝါဒ အမျိုးမျိုးရဲ့ ရန်ပြုခြင်းကို ရှောင်လွဲဖို့ ဗုဒ္ဓဘာသာဝင်တွေအားထုတ်ခဲ့တဲ့နည်းပါ။ ဗုဒ္ဓဝါဒမှ ရန်ပြုခံရတာမဟုတ်ဘူး၊ တခြားဘာသာတွေလည်း သူ့ရာစုနှစ်နဲ့သူ ရန်ပြုခံခဲ့ကြရပါတယ်။

ဒါကြောင့် ဘာသာမတူသူတွေ စုကြရင် အားကြီးသူ က အားနည်းသူကို ရန်သတ္တရုပြုလေ့ရှိလို့ ဘာသာရေးဟာ အလွန် အကဲဆတ်တယ်လို့ ဆိုတယ်။ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေဟာ နိုင်ငံရေးရဲ့အနိဌာရုံတွေကိူ နှစ်ထောင်ချီကြုံခဲ့ဖူးတော့ နိုင်ငံရေး ကိုရှောင်ကြတယ်၊ မင်းနဲ့ဝေးဝေးနေတယ်။ ဒီမင်းနဲ့ရင်းနှီးရင် နောက်မင်းကျ ကိုယ့်ကိုချတတ်တာ သိတယ်။

မထေရ်ကြီးတွေက ငါ့တို့သာသနာ တည်ဖို့ နည်းတနည်းပဲရှိတယ်၊ ပိဋိကတ်တော်တွေ အာဂုံရွတ်နိုင်တဲ့ ဉာဏ်ကောင်းသူတွေရှာတယ်၊ အာဂုံကျက်ခိုင်းတယ်၊ အာဂုံဆောင်တဲ့ပုဂ္ဂိုလ်ဟာ ပြေးနိုင်လွှားနိုင် အဆင်းရဲခံနိုင်တဲ့ ကျမ်းမာရေးကောင်းသူတွေ ဖြစ်ကြရတယ်။ တရုတ်ဆို သိုင်းပါသင်ပေးထားတယ်။သံဃာတွေဆုံကြရင် မှတ်ထားတဲ့ စာတွေ ပြန်ကြတယ်။

ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ အာဂုံဆောင်ဖို့ မှတ်ဉာဏ်ထဲစုထားဖို့ ၄ နှစ်ကနေ ၁၇ နှစ်ကြာအောင် ကျက်မှတ်ကြရတယ်။ အလွန်ခက်ခဲတဲ့ စာမှတ်ပွဲကြီးတွေပါ။ဗုဒ္ဓဘာသာဝင်တွေဟာ ပြေးရင်းလွှားရင်း ရောက်တဲ့နိုင်ငံက ယဉ်ကျေးမှုကို တည့်အောင်ပေါင်းတယ်။ မြန်မာပြည်ရောက်တော့ မူလရှိရင်းစွဲ နတ်ကိုးကွယ်မှု ကို ဗုဒ္ဓဘာသာ ကိုးကွယ်မှုက အတင်းမဆန့်ကျင်ဘူး၊ တွဲကပ်ပြီး သာသနာတည်အောင်လုပ်သွားတယ်။

တိဘက်ဆို မူလရိုးရာ နဲ့ ပေါင်းသွားတယ်။ ဒီလို့နဲ့ တရွာတပုဒ်ဆန်းဖြစ်ကုန်တယ်၊ ကိုးကွယ်မှု ဘယ်လိုဖြစ်ဖြစ် ပိဋိကတ်ထဲ အထိ အရောမခံဘူး။ သပ်သပ်ပဲ။အခုခေတ်မှာ မိုက်ခရိုချစ်ပ် ထဲအကုန်သိမ်းထားလို့ရတာပဲ၊ ဘာလို့ အာဂုံဆောင်နေဦးမှာလဲ မေးကြတယ်။

မရပါဘူး၊ ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း ဝင်ခဲ့ဖူးတဲ့သာသနာမှာ ဘယ်စက်ကရိယာ၊ ဘာကျမ်းမှ သာသနာကို သယ်နိုင်မယ်လို့ ဒက်ထိ မယုံဘူး၊ သာသနာစည်ပင်ဖို့က ကျက်မှတ်နိုင်သူတွေရှိမှ၊ ရင်ထဲမှာသိမ်းထားမှ သာသနာတည်မယ်လို့ပဲ ယုံတယ်။ ဒါကြောင့် တိပိဋိက ပေါ်တဲ့ နိုင်ငံတွေက သာသနာအထွန်းကားဆုံးလို့ ဆိုကြတယ်၊ တခြားနိုင်ငံတွေက အားကျကြတယ်။

ကိုယ်တော်တွေကို သက်ရှည်ကျန်းမာအောင်ဆုတောင်းပေးကြတယ်။အောက်မှာ နှောင်းခေတ်မှာ ရှားသွားပြီ ဖြစ်တဲ့ ကုန်းဘောင်ခေတ် ကမ္မဝါ ကိုတင်ပေးထားတယ်၊ ကမ္မဝါ ဖတ်မှ သိမ်ဝင်ပြီးရဟန်းဖြစ်နိုင်တာ၊ ကမ္မဝါဟာအရေးကြီးတယ်။

ဒီကမ္မဝါမှာရေးထားတာ ဗုဒ္ဓဘာသာစာလို့ပြောရခက်တယ်၊ လေးထောင့်တွေဖြစ်နေတာကိုး၊အဓိကက ဘာရေးထားလဲ မသိအောင်လို့၊ ဗုဒ္ဓဘာသာစာမှန်းသိရင် အ-တ်ခံရနိုင်တဲ့ခေတ်ကို ဖြတ်ဖူးတော့ ဘာစာတွေမှန်းမသိအောင်လည်း ရေးယူရတဲ့ခေတ်တွေရှိခဲ့ဖူးတဲ့ သမိုင်းမှတ်တမ်းတွေပါ။

ဒီဆောင်းပါးနဲ့ သာသနာမပျောက်အောင် မိမိဘဝသက်တမ်းတခုလုံးပေးပြီး အာဂုံဆောင်ထားကြတဲ့သံဃာအရှင်သူမြတ်များကို ကန်တော့ပါတယ်ဘုရား။

crd…

 

Zawgyi

ျမတ္စြာဘုရား ပရိနိဗၺာန္စံၿပီးေနာက္ B.C 3 ရာစု ႏွစ္မွာ အေသာကဘုရင္ႀကီး ဗုဒၶဘာသာ ေျပာင္းၿပီး ကိုးကြယ္ခဲ့လို႔ အိႏၵိယ မွာ ဗုဒၶသာသနာထြန္းကားခဲ့ပါတယ္။

အဲ့ဒီေခတ္က ေစတီေပါင္း ေသာင္းခ်ီတည္ခဲ့တယ္ ဆိုပါတယ္။ ဧကရာဇ္ဘုရင္အေသာကမင္း လြန္ၿပီးေနာက္ ဘုရင္ ၆ ဆက္တိတိ ဗုဒၶဘာသာကို ဆက္ ခ်ီးေျမႇာက္ခဲ့ပါတယ္။

BC 2 ရာစု ႏွစ္မွာ ရွန္ဂနန္းဆက္ ဟာ အေသာကမင္းဆက္ကို ၿဖိဳၿပီး တက္လာတယ္။ ဘုရင္ Pushyamitra Shunga မင္း ျဖစ္လာတယ္။ ပုရွိယာမိတၱရာမင္း ဟာ သူ႔ မူးမတ္ေတြကို အေသာကမင္း အင္ပါယာရဲ႕ ေအာင္ျမင္မႈမ်ိဳး လိုခ်င္တယ္။ ဘာလုပ္ရမလဲ ေမးတယ္၊ မူးမတ္ေတြက အရွင္မင္းႀကီး အေသာက အေငြ႕အသက္ေတြကို ဖ်က္ခ်ႏိုင္မွ အရွင္မင္းႀကီး ကိုယ့္လက္ကိုယ့္ေျခ ျဖစ္မယ္ အႀကံေပးေတာ့ အေသာက မင္း ထူေထာင္ထားတာေတြအကုန္ဖ်က္ခိုင္းတယ္။

ေစတီပုထိုး ေပါင္းေသာင္းေက်ာ္ အၿဖိဳခံရတယ္ လို႔သမိုင္းမွာမွတ္တမ္းရွိတယ္။ ဗုဒၶဂါယ က မဟာေဗာဓိဘုရားကို ဟိႏၵဴေက်ာင္းလုပ္တယ္၊ ဘုရားပြင့္ခဲ့တဲ့ ေဗာဓိေညာင္ပင္ပါ ခုတ္ပစ္တယ္။ ေနာက္ သံဃာေတြနဲ႔ ဗုဒၶဘာသာဝင္ေတြ အကုန္ -တ္တယ္၊ -တ္ၿပီးေခါင္းယူလာႏိုင္သူကို ေငြအသျပာ ၁၀၀ ဆုခ်ီးျမႇင့္တယ္။

စာေပ၊ ေက်ာင္းေဆာင္၊ အထိမ္းအမွတ္အကုန္ၿဖိဳဖ်က္ခံရတယ္။သန္းေပါင္းမ်ားစြာ ရွိတဲ့ ဗုဒၶဘာသာဝင္ေတြဟာ ကိုယ္လြတ္႐ုန္း ေျပးၾကရတယ္၊ ဗုဒၶဘာသာတင္မက ဂ်ိမ္းဘာသာဝင္ေတြပါ ေျပးၾကရတယ္။ေတြ႕ရာသခ်ိဳငၤ္း ဒါးမဆိုင္း မို႔ ဘာက်မ္းမွ မသယ္ႏိုင္ဘူး။ သာသနာကြယ္မွာေၾကာက္တဲ့ မေထရ္ႀကီးေတြက အသက္လုေျပးရင္းလႊားရင္း ဘုရားေဟာတရားေတြ ကို သံဃာငယ္ေတြကို ႏႈတ္တိုက္ ႐ြတ္ဆိုခိုင္းတယ္။

ညမွာခိုးၿပီး ႏႈတ္တိုက္ျပန္ၾကရတာမို႔ ဂဂၤါျမစ္သဲေသာင္ေဘးမွာ စာက်က္ေနတုန္း အိပ္ေပ်ာ္မသြားေအာင္ အုန္းသီးေခါင္းအုံးၿပီး အာဂုံ႐ြတ္ၿပီး သာသနာကိုသယ္ခဲ့ၾကတယ္ လို႔ဆိုတယ္။

ေခတ္အဆက္ဆက္ ဘာသာဝင္ သန္းေပါင္းမ်ားစြာ အ-တ္ခံရတဲ့ ဗုဒၶဘာသာဟာ သာသနာမေပ်ာက္ဖို႔ ေျပးရင္းလႊားရင္း ျပန္စုမိတဲ့ေနရာမွာ မင္းအလြတ္က်က္ထားတဲ့အပိုဒ္၊ ငါအလြတ္က်က္ထားတဲ့အပိုဒ္ ေတြ ျပန္တိုက္ၾကည့္ၾကတယ္။ သံဃာယနာတင္တယ္လို႔ေခၚပါတယ္။

ဗုဒၶဘာသာဝင္ေတြေျပးၾကတာ ကမာၻ႔အျမင့္ဆုံး တိဘက္ေရာက္သူေရာက္၊ အိႏၵိယတိုက္ရဲ႕ အျမႇီးဖ်ား သီဟိုလ္ကြၽန္းေရာက္သူေရာက္၊ အေရွ႕ေတာင္အာရွ ေတာနက္ႀကီးထဲေရာက္သူေရာက္ တကြဲတျပားေျပးၾကတယ္။

အဲ့ဒီ BC ၂ ရာစု ကေန AD ၉ ရာစုအထိ ႏွစ္ေပါင္း တေထာင္ေက်ာ္ ဘာသာအယူဝါဒ အမ်ိဳးမ်ိဳးရဲ႕ ရန္ျပဳျခင္းကို ေရွာင္လြဲဖို႔ ဗုဒၶဘာသာဝင္ေတြအားထုတ္ခဲ့တဲ့နည္းပါ။ ဗုဒၶဝါဒမွ ရန္ျပဳခံရတာမဟုတ္ဘူး၊ တျခားဘာသာေတြလည္း သူ႔ရာစုႏွစ္နဲ႔သူ ရန္ျပဳခံခဲ့ၾကရပါတယ္။

ဒါေၾကာင့္ ဘာသာမတူသူေတြ စုၾကရင္ အားႀကီးသူ က အားနည္းသူကို ရန္သတၱ႐ုျပဳေလ့ရွိလို႔ ဘာသာေရးဟာ အလြန္ အကဲဆတ္တယ္လို႔ ဆိုတယ္။ ဗုဒၶဘာသာ ရဟန္းသံဃာေတြဟာ ႏိုင္ငံေရးရဲ႕အနိဌာ႐ုံေတြကိူ ႏွစ္ေထာင္ခ်ီႀကဳံခဲ့ဖူးေတာ့ ႏိုင္ငံေရး ကိုေရွာင္ၾကတယ္၊ မင္းနဲ႔ေဝးေဝးေနတယ္။ ဒီမင္းနဲ႔ရင္းႏွီးရင္ ေနာက္မင္းက် ကိုယ့္ကိုခ်တတ္တာ သိတယ္။

မေထရ္ႀကီးေတြက ငါ့တို႔သာသနာ တည္ဖို႔ နည္းတနည္းပဲရွိတယ္၊ ပိဋိကတ္ေတာ္ေတြ အာဂုံ႐ြတ္ႏိုင္တဲ့ ဉာဏ္ေကာင္းသူေတြရွာတယ္၊ အာဂုံက်က္ခိုင္းတယ္၊ အာဂုံေဆာင္တဲ့ပုဂၢိဳလ္ဟာ ေျပးႏိုင္လႊားႏိုင္ အဆင္းရဲခံႏိုင္တဲ့ က်မ္းမာေရးေကာင္းသူေတြ ျဖစ္ၾကရတယ္။ တ႐ုတ္ဆို သိုင္းပါသင္ေပးထားတယ္။သံဃာေတြဆုံၾကရင္ မွတ္ထားတဲ့ စာေတြ ျပန္ၾကတယ္။

ဓမၼခႏၶာေပါင္း ၈၄၀၀၀ အာဂုံေဆာင္ဖို႔ မွတ္ဉာဏ္ထဲစုထားဖို႔ ၄ ႏွစ္ကေန ၁၇ ႏွစ္ၾကာေအာင္ က်က္မွတ္ၾကရတယ္။ အလြန္ခက္ခဲတဲ့ စာမွတ္ပြဲႀကီးေတြပါ။ဗုဒၶဘာသာဝင္ေတြဟာ ေျပးရင္းလႊားရင္း ေရာက္တဲ့ႏိုင္ငံက ယဥ္ေက်းမႈကို တည့္ေအာင္ေပါင္းတယ္။ ျမန္မာျပည္ေရာက္ေတာ့ မူလရွိရင္းစြဲ နတ္ကိုးကြယ္မႈ ကို ဗုဒၶဘာသာ ကိုးကြယ္မႈက အတင္းမဆန္႔က်င္ဘူး၊ တြဲကပ္ၿပီး သာသနာတည္ေအာင္လုပ္သြားတယ္။

တိဘက္ဆို မူလ႐ိုးရာ နဲ႔ ေပါင္းသြားတယ္။ ဒီလို႔နဲ႔ တ႐ြာတပုဒ္ဆန္းျဖစ္ကုန္တယ္၊ ကိုးကြယ္မႈ ဘယ္လိုျဖစ္ျဖစ္ ပိဋိကတ္ထဲ အထိ အေရာမခံဘူး။ သပ္သပ္ပဲ။အခုေခတ္မွာ မိုက္ခ႐ိုခ်စ္ပ္ ထဲအကုန္သိမ္းထားလို႔ရတာပဲ၊ ဘာလို႔ အာဂုံေဆာင္ေနဦးမွာလဲ ေမးၾကတယ္။

မရပါဘူး၊ ရွင္ႀကီးဝမ္း ရွင္ငယ္ဝမ္း ဝင္ခဲ့ဖူးတဲ့သာသနာမွာ ဘယ္စက္ကရိယာ၊ ဘာက်မ္းမွ သာသနာကို သယ္ႏိုင္မယ္လို႔ ဒက္ထိ မယုံဘူး၊ သာသနာစည္ပင္ဖို႔က က်က္မွတ္ႏိုင္သူေတြရွိမွ၊ ရင္ထဲမွာသိမ္းထားမွ သာသနာတည္မယ္လို႔ပဲ ယုံတယ္။ ဒါေၾကာင့္ တိပိဋိက ေပၚတဲ့ ႏိုင္ငံေတြက သာသနာအထြန္းကားဆုံးလို႔ ဆိုၾကတယ္၊ တျခားႏိုင္ငံေတြက အားက်ၾကတယ္။

ကိုယ္ေတာ္ေတြကို သက္ရွည္က်န္းမာေအာင္ဆုေတာင္းေပးၾကတယ္။ေအာက္မွာ ေႏွာင္းေခတ္မွာ ရွားသြားၿပီ ျဖစ္တဲ့ ကုန္းေဘာင္ေခတ္ ကမၼဝါ ကိုတင္ေပးထားတယ္၊ ကမၼဝါ ဖတ္မွ သိမ္ဝင္ၿပီးရဟန္းျဖစ္ႏိုင္တာ၊ ကမၼဝါဟာအေရးႀကီးတယ္။

ဒီကမၼဝါမွာေရးထားတာ ဗုဒၶဘာသာစာလို႔ေျပာရခက္တယ္၊ ေလးေထာင့္ေတြျဖစ္ေနတာကိုး၊အဓိကက ဘာေရးထားလဲ မသိေအာင္လို႔၊ ဗုဒၶဘာသာစာမွန္းသိရင္ အ-တ္ခံရႏိုင္တဲ့ေခတ္ကို ျဖတ္ဖူးေတာ့ ဘာစာေတြမွန္းမသိေအာင္လည္း ေရးယူရတဲ့ေခတ္ေတြရွိခဲ့ဖူးတဲ့ သမိုင္းမွတ္တမ္းေတြပါ။

ဒီေဆာင္းပါးနဲ႔ သာသနာမေပ်ာက္ေအာင္ မိမိဘဝသက္တမ္းတခုလုံးေပးၿပီး အာဂုံေဆာင္ထားၾကတဲ့သံဃာအရွင္သူျမတ္မ်ားကို ကန္ေတာ့ပါတယ္ဘုရား။

crd…