(၁၃.၂.၂၀၂၂ မွ ၁၉.၂.၂၀၂၂ အထိ) (၇)ရက္သားသမီး အပတ္စဥ္ ေဗဒင္ေဟာစာတမ္း
တနဂၤေႏြေန႔ဖြား
အလုပ္အကိုင္ – ဒီအပတ္ လုပ္ငန္းကိစၥေတြမွာ အေတာ္ေလး ခက္ခက္ခဲခဲ လုပ္ယူရလိမ့္မယ္။ လုပ္ငန္းခြင္မွာပါ စိတ္အေႏွာင့္အယွက္ ျဖစ္စရာ မ်ားမယ္။ အၿပိဳင္အဆိုင္ေတြ၊အတိုက္အခိုက္ေတြလည္း ေပၚေပါက္လာလိမ့္မယ္။ အစိုးရ၊ အာဏာပိုင္နဲ႔ပတ္သက္တဲ့အလုပ္ေတြမွာ ပိုဂ႐ုစိုက္ရမယ္။ ေငြေၾကးကိစၥမွာ စိတ္ေသာက မ်ားလိမ့္မယ္။
က်န္းမာေရး – တစ္ပတ္တာ က်န္းမာေရး ခ်ဴခ်ာအားနည္းတတ္တယ္။ ေရာဂါေဝဒနာေဟာင္း ျပန္ထမယ္။
လူမႈအိမ္ေထာင္ – ေမတၱာေရးမွာ အေကာင္းအဆိုးေလးေတြ ယွဥ္တြဲေနမယ္။ အခုပဲ စိတ္ေကာက္၊ တေအာင့္ေန ေပ်ာ္႐ႊင္လိုက္နဲ႔ ျဖစ္ေနတတ္တယ္။ ခ်စ္သူစုံတြဲေတြၾကားမွာ တတိယလူ ေပၚလာတတ္တယ္။ အခ်င္းခ်င္းၾကား သံသယေတြ ပြားမိတတ္တယ္။ လူမႈဆက္ဆံေရးမွာေတာ့ ဒီအပတ္မွာ စိတ္ပ်က္စရာေတြ မၾကာခဏ ျဖစ္မယ္။
ကံေကာင္းေစတဲ့ အေရာင္ – အျဖဴ
ကံစမ္းႏိုင္တဲ့ ဂဏန္း – ၉ ၊ ၂
ကံေကာင္းေစတဲ့ အရပ္ – အေနာက္ေတာင္
ကံေကာင္းေစတဲ့ ေန႔ရက္ – ဗုဒၶဟူး
ယၾတာ – ဘုန္းႀကီးေက်ာင္း၊ေစတီစတဲ့ ဘာသာေရးအေဆာက္အဦမွာ လွ်ပ္စစ္မီးလုံး၊ မီးေခ်ာင္း လႉေပးပါ။
တနလၤာေန႔ဖြား
အလုပ္အကိုင္ – အလုပ္မ်ားၿပီး လူေရာစိတ္ပါ မနားမေန လုပ္စရာေတြ တန္းစီလာမယ္။ အလုပ္မ်ားသေလာက္ အက်ိဳးအျမတ္ကလည္း ေကာင္းလာမယ္။ လုပ္ငန္းခြင္မွာ ကံေကာင္းမႈေတြ ဆက္တိုက္ ႀကဳံရမယ္။ အႀကီးအကဲ အုပ္ခ်ဳပ္သူေတြကလည္း ခ်ီးျမႇင့္ကူညီၾကမယ္။ ေငြေၾကးလာဘ္လာဘ ႐ႊင္လန္းၿပီး ရလဒ္ေကာင္းေတြ ရရွိမယ္။
က်န္းမာေရး – ေခါင္းကိုက္တာ၊ ေခါင္းအုံတာမ်ိဳး၊ အေအးပတ္တာမ်ိဳး ျဖစ္တတ္တယ္။ ခဏပဲ ညံ့မယ္။
လူမႈအိမ္ေထာင္ – ဒီအပတ္မွာ အခ်စ္ေရး၊ အိမ္ေထာင္ေရးကံေတြ ေကာင္းေနမယ္။ ခ်စ္သူစုံတြဲ၊ အိမ္ေထာင္ရွင္ စတဲ့ လက္တြဲေဖာ္ရွိသူတိုင္း ေပ်ာ္႐ႊင္ေအးခ်မ္းတဲ့ကာလကို ရရွိမယ္။ ပ်ိဳ႐ြယ္သူေတြလည္း စန္းပြင့္လာလိမ့္မယ္။ လူမႈေရးက႑မွာလည္း ကိုယ့္အေပၚ နားလည္ကူညီေဖးမမယ့္သူေတြ ေပၚလာမယ္။ အကူအညီေတြ ရရွိမယ္။
ကံေကာင္းေစတဲ့ အေရာင္ – အနီရင့္၊ ၾကက္ေသြးေရာင္
ကံစမ္းႏိုင္တဲ့ ဂဏန္း – ၃ ၊ ၂
ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ ၊ အေနာက္ေျမာက္
ကံေကာင္းေစတဲ့ ေန႔ရက္ – ဗုဒၶဟူး ၊ တနလၤာ
ယၾတာ – ေမြးေန႔ (တနလၤာ) မနက္ပိုင္း အိမ္ကဘုရားမွာ ၾကာဆံသုပ္ ကပ္လႉၿပီးေတာ့ ဆုေတာင္းေပးပါ။
အဂၤါေန႔ဖြား
အလုပ္အကိုင္ – ဒီအပတ္မွာ အလုပ္အကိုင္ကံဇာတာေတြ အားေကာင္းလာမယ္။ လုပ္ေနက် မဟုတ္တာေတြနဲ႔ လုပ္႐ိုးလုပ္စဥ္ေတြမွာပါ အဆင္ေျပကံေကာင္းမႈေတြ ႀကဳံေတြ႕ရမယ္။ လုပ္ငန္းသစ္နယ္ပယ္သစ္ ခ်ဲ႕ထြင္လိုသူနဲ႔ ေဈးကြက္သစ္ ရွာေဖြသူေတြ လိုရာဆႏၵ ျပည့္မယ္။ လုပ္ခြင့္သာမယ္။ ေငြေၾကးကံလည္း ပြင့္လန္းလာလိမ့္မယ္။
က်န္းမာေရး – စိတ္ေရာလူပါ ၾကည္လင္ေနမယ္။ ေဘးအႏၲရာယ္ကင္း ေရာဂါရွင္းမယ့္ကာလျဖစ္တယ္။
လူမႈအိမ္ေထာင္ – တစ္ပတ္တာ ေမတၱာေရးမွာ ကံေတြ ေခေနတတ္တယ္။ ခ်စ္သူရည္းစား၊ အိမ္ေထာင္ရွင္ၾကား ျပႆနာေလးေတြ မၾကာခဏ ျဖစ္တတ္တယ္။ အရင္အတိတ္ကအရိပ္မည္းေတြက ျပန္ၿပီး ေပၚလာတတ္တယ္။ နားလည္မႈေတြလည္း လြဲေခ်ာ္ရတတ္တယ္။ လူမႈဆက္ဆံေရးမွာေတာ့ အလိုက္အထိုက္ဆက္ဆံေရး ရွိေနမယ္။
ကံေကာင္းေစတဲ့ အေရာင္ – စိမ္းျပာ၊ အနီရင့္
ကံစမ္းႏိုင္တဲ့ ဂဏန္း – ၃ ၊ ၄
ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေတာင္ ၊ ေတာင္
ကံေကာင္းေစတဲ့ ေန႔ရက္ – ေသာၾကာ ၊ အဂၤါ ၊ တနလၤာ
ယၾတာ – တစ္ပတ္အတြင္း အိမ္ကဘုရားမွာ ဒူးရင္းယို မၾကာခဏ ကပ္လႉၿပီး ဆုေတာင္းေပးပါ။
ဗုဒၶဟူးေန႔ဖြား
အလုပ္အကိုင္ – တစ္ပတ္တာအတြင္း လုပ္ငန္းစီးပြားကံက အတက္အက်ေတြ မ်ားမယ္။ အေကာင္းေတြခ်ည္း မဟုတ္သလို အညံ့ခ်ည္းပဲလည္း မဟုတ္ဘဲ အနိမ့္အျမင့္ေတြကို ျဖတ္သန္းရမယ္။ လူယုံမလြယ္ဖို႔၊ သူမ်ားေတြ ၾကားထဲ ဝင္မပါဖို႔ သတိထားရမယ္။ ေငြေၾကးကိစၥေတြမွာ အေပးအယူ အလႊဲအေျပာင္းအားလုံး ဂ႐ုစိုက္ရမယ္။
က်န္းမာေရး – ဒီအပတ္မွာ က်န္းမာေရး ေကာင္းမယ္။ ေရာဂါေဝဒနာျဖစ္ရင္ ျပန္သက္သာလြယ္မယ္။
လူမႈအိမ္ေထာင္ – ဒီအပတ္ အခ်စ္ေရး၊အိမ္ေထာင္ေရးမွာ ဆူဆူပူပူနဲ႔ တက်က္က်က္ စကားမ်ားရန္ျဖစ္ေနမယ္။ အခ်င္းခ်င္းၾကားမွာ သည္းခံႏိုင္စြမ္း အားနည္းလာၿပီး အလြယ္တကူ အျပစ္ျမင္ေနမိတတ္တယ္။ ေဘးလူေတြက ႏွစ္ဦးၾကား ဝင္လာတတ္လို႔ သတိနဲ႔ ဆင္ျခင္ရမယ္။ လူမႈေရးမွာလည္း မေက်လည္စရာေတြ ျဖစ္လာႏိုင္တယ္။
ကံေကာင္းေစတဲ့ အေရာင္ – အစိမ္း ၊ အျဖဴ
ကံစမ္းႏိုင္တဲ့ ဂဏန္း – ၄ ၊ ၂ ၊ ၉
ကံေကာင္းေစတဲ့ အရပ္ – ေတာင္
ကံေကာင္းေစတဲ့ ေန႔ရက္ – စေန ၊ ဗုဒၶဟူး
ယၾတာ – ေမြးေန႔မနက္ေစာေစာ အိမ္ကဘုရားမွာ လမုန႔္ ၅ ခုနဲ႔ လက္ဖက္ရည္ ကပ္လႉၿပီး ဆုေတာင္းပါ။
ရာဟုဖြား
အလုပ္အကိုင္ – အလုပ္ေတြက ေရွ႕မေရာက္ဘဲ ေနာက္ျပန္ဆြဲသလို ျဖစ္လာမယ္။ အရင္က လက္စမသတ္ခဲ့တဲ့ အလုပ္ေတြကို ဒီအပတ္မွာ ျပန္လုပ္ေပးရတတ္တယ္။ ျပႆနာေဟာင္းေတြ၊ အႂကြင္းအက်န္ကိစၥေတြကို ျပန္ၿပီး ရွင္းလင္းရလိမ့္မယ္။ ေငြေၾကးျပႆနာေဟာင္းေတြလည္း ျပန္ေပၚလာတတ္တယ္။ ေငြရွာေဖြရ ခက္ခဲလာမယ္။
က်န္းမာေရး – တစ္ပတ္လုံးမွာ က်န္းမာေရး ဆိုးဆိုးဝါးဝါး အညံ့ မရွိပါ။ ေဘးကင္းက်န္းမာမယ္။
လူမႈအိမ္ေထာင္ – ေမတၱာေရးမွာ ကိုယ့္အလိုဆႏၵထက္ တစ္ဖက္သားရဲ႕ခံစားခ်က္ကို ပိုအေလးထားရလိမ့္မယ္။ ကိုယ့္ဘက္ခ်ည္းပဲ ၾကည့္ေနမိလို႔ မေျပမလည္ေတြ ျဖစ္ရတတ္တယ္။ အခ်င္းခ်င္း နားလည္မႈေတြ ပိုလိုလာမယ္။ လူမႈေရးမွာေတာ့ ကိုယ့္အေပၚေကာင္းတဲ့မိတ္ေဆြအသိုင္းအဝိုင္း ရွိမယ္။ အကူအညီေတြလည္း ရရွိတတ္တယ္။
ကံေကာင္းေစတဲ့ အေရာင္ – အညိဳ ၊ စိမ္းပုပ္ေရာင္
ကံစမ္းႏိုင္တဲ့ ဂဏန္း – ၈ ၊ ၄ ၊ ၃
ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေတာင္ ၊ အေနာက္ေျမာက္
ကံေကာင္းေစတဲ့ ေန႔ရက္ – စေန မြန္းလြဲေနာက္ပိုင္း
ယၾတာ – ဗုဒၶဟူးေန႔ညေနပိုင္း ေစတီတစ္ဆူရဲ႕ရာဟုေထာင့္မွာ ေ႐ႊျပား ၄ ျပား ကပ္လႉၿပီး ဆုေတာင္းပါ။
ၾကာသပေတးေန႔ဖြား
အလုပ္အကိုင္ – ဒီအပတ္မွာ အလုပ္ေတြက စမ္းတဝါးဝါး ျဖစ္ေနမယ္။ ေရွ႕တိုးရေကာင္းမလား၊ ေနာက္ျပန္ဆုတ္ လွည့္ရမလား ေဝခြဲမရေအာင္ ျဖစ္မယ္။ အလုပ္ကိုလည္း စိတ္ပါဝင္စားမႈ ေလ်ာ့နည္းတတ္တယ္။ အက်ိဳးအျမတ္ မသဲကြဲဘဲ ျဖစ္သလိုေတြ လုပ္ေနရတတ္တယ္။ ေငြေၾကးကိစၥမွာလည္း ရလိုက္ကုန္လိုက္နဲ႔ လည္ပတ္ေနမယ္။
က်န္းမာေရး – တစ္ပတ္တာ က်န္းမာေရးမွာ အညံ့မရွိေပမယ့္ ကိုယ့္စိတ္ထဲ မသိုးမသန႔္ ခံစားရတတ္တယ္။
လူမႈအိမ္ေထာင္ – ေမတၱာေရးမွာ ကံဇာတာတက္လာမယ္။ ခ်စ္သူရည္းစား၊အိမ္ေထာင္ရွင္ေတြဆို အျပန္အလွန္ ေဖးမကူညီႏိုင္မယ္။ ဦးေဆာင္ကူညီခြင့္ေတြ ရလာမယ္။ ခ်စ္သူဆီက သတင္းေကာင္း ၾကားရမယ္။ ပ်ိဳ႐ြယ္သူဆို လက္တြဲေဖာ္နဲ႔ အဆင္ေျပသြားတတ္တယ္။ လူမႈေရးမွာေတာ့ ကိုယ့္ကို ဒုကၡေပးသူေတြနဲ႔ ႀကဳံရဆုံရတတ္တယ္။
ကံေကာင္းေစတဲ့ အေရာင္ – အျဖဴ ၊ အနီရင့္ရင့္
ကံစမ္းႏိုင္တဲ့ ဂဏန္း – ၂ ၊ ၃
ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ ၊ အေရွ႕ေတာင္
ကံေကာင္းေစတဲ့ ေန႔ရက္ – စေန
ယၾတာ – တစ္ပတ္အတြင္း အသက္လြတ္ၾကာဆံေၾကာ္ကို မၾကာခဏ ဘုရားမွာ ကပ္လႉၿပီး ဆုေတာင္းပါ။
ေသာၾကာေန႔ဖြား
အလုပ္အကိုင္ – ေငြေၾကး လာဘ္လာဘေတြ ဝင္လာတတ္တဲ့၊ ေငြေၾကးကံေတြ တက္လာမယ့္ သီတင္းပတ္မ်ိဳး ျဖစ္တယ္။ အလုပ္ေတြကလည္း ကိုယ္က သိပ္အားမစိုက္ရဘဲ အဆင္ေျပသြားတတ္တယ္။ ဒါေပမယ့္ ကိုယ္က စိတ္မ်ား၊ အာ႐ုံမ်ားတတ္လို႔ ရသင့္သေလာက္မရတာမ်ိဳး ျဖစ္တတ္တယ္။ ေသခ်ာႀကိဳးစားရင္ ထူးျခားလိမ့္မယ္။
က်န္းမာေရး – ဒီအပတ္မွာ ပုံမွန္ထက္ က်န္းမာေရး က်ဆင္းတတ္တယ္။ တစ္ခုခုဆို ေသခ်ာကုသရမယ္။
လူမႈအိမ္ေထာင္ – အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အျဖဴနဲ႔အမည္းလို ဆန႔္က်င္ကြဲလြဲစရာေတြက မ်ားလာတတ္ၿပီး အခ်င္းခ်င္း ညႇိမရ ရွင္းမရနဲ႔ ပိုဆိုးတတ္တယ္။ ဒီအပတ္မွာ တတ္ႏိုင္သမွ် ထိပ္တိုက္မေတြ႕ေအာင္ ေရွာင္တာက ပိုေကာင္းမယ္။ ပ်ိဳ႐ြယ္သူေတြ ႏွလုံးသားေရးမွာ အလြဲ မ်ားမယ္။ လူမႈေရးမွာေတာ့ စိတ္ေက်နပ္စရာေတြရွိမယ္။
ကံေကာင္းေစတဲ့ အေရာင္ – အနီရင့္ ၊ အနက္
ကံစမ္းႏိုင္တဲ့ ဂဏန္း – ၃ ၊ ၇ ၊ ၀
ကံေကာင္းေစတဲ့ အရပ္ – အေနာက္ေတာင္ ၊ ေတာင္
ကံေကာင္းေစတဲ့ ေန႔ရက္ – တနလၤာ
ယၾတာ – တစ္ပတ္အတြင္း အိမ္ကဘုရားမွာ သရက္သီးသနပ္နဲ႔ မၾကာခဏ ဆြမ္းကပ္လႉေပးရမယ္။
စေနေန႔ဖြား
အလုပ္အကိုင္ – ဒီအပတ္မွာ လုပ္ငန္းလည္ပတ္မႈ ေႏွးေကြးၿပီး စိတ္မရွည္ခ်င္စရာေတြ မ်ားမယ္။ လက္ရွိေနရာနဲ႔ ယွဥ္ရင္ ရပ္ေဝးေျမျခား၊ ျပည္ပအလုပ္မ်ိဳးေတြ၊ အေဝးက အဆက္အသြယ္ေတြက ပိုအက်ိဳးေပးထက္သန္မယ္။ အလုပ္မွာ ေစာင့္ရတာ၊ ပင္ပန္းခံရတာေတြ မ်ားလာတတ္တယ္။ ေငြေၾကးကိစၥလည္း သည္းခံေပးရတတ္တယ္။
က်န္းမာေရး – သာမန္ထက္ က်န္းမာေရး နည္းနည္း ညံ့လာႏိုင္တယ္။ ဒါေပမယ့္ စိတ္ပူစရာေတာ့ မရွိပါ။
လူမႈအိမ္ေထာင္ – ဒီအပတ္မွာလည္း ေမတၱာေရးက အေကာင္းထက္ အညံ့ ပိုမ်ားႏိုင္ေသးတယ္။ ျပႆနာေတြ အကင္းမေသေသးဘဲ တေငြ႕ေငြ႕ ဆက္က်န္ေနတတ္တယ္။ စကားအမွားေတြ၊ ၾကားလူေတြက ဝင္ေမႊတာေတြ ရွိတတ္တယ္။ တစ္ခုခုဆို ႏွစ္ဦးသား ထိပ္တိုက္ရွင္းတာ ေကာင္းမယ္။ လူမႈေရးမွာေတာ့ အကူအညီေတြရမယ္။
ကံေကာင္းေစတဲ့ အေရာင္ – အစိမ္း၊ အနက္
ကံစမ္းႏိုင္တဲ့ ဂဏန္း – ၄ ၊ ၇
ကံေကာင္းေစတဲ့ အရပ္ – အေနာက္ေတာင္ ၊ အေရွ႕
ကံေကာင္းေစတဲ့ ေန႔ရက္ – စေန ၊ အဂၤါ
ယၾတာ – ဘာသာေရးကို ပိုလုပ္ေပးပါ။ ဘုရားေစတီေတြမွာ ေရသပၸါယ္တဲ့ကုသိုလ္မ်ိဳး မၾကာခဏ လုပ္ပါ။
credit to lotaya_horoscope
Unicode
(၁၃.၂.၂၀၂၂ မှ ၁၉.၂.၂၀၂၂ အထိ) (၇)ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း
တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် – ဒီအပတ် လုပ်ငန်းကိစ္စတွေမှာ အတော်လေး ခက်ခက်ခဲခဲ လုပ်ယူရလိမ့်မယ်။ လုပ်ငန်းခွင်မှာပါ စိတ်အနှောင့်အယှက် ဖြစ်စရာ များမယ်။ အပြိုင်အဆိုင်တွေ၊အတိုက်အခိုက်တွေလည်း ပေါ်ပေါက်လာလိမ့်မယ်။ အစိုးရ၊ အာဏာပိုင်နဲ့ပတ်သက်တဲ့အလုပ်တွေမှာ ပိုဂရုစိုက်ရမယ်။ ငွေကြေးကိစ္စမှာ စိတ်သောက များလိမ့်မယ်။
ကျန်းမာရေး – တစ်ပတ်တာ ကျန်းမာရေး ချူချာအားနည်းတတ်တယ်။ ရောဂါဝေဒနာဟောင်း ပြန်ထမယ်။
လူမှုအိမ်ထောင် – မေတ္တာရေးမှာ အကောင်းအဆိုးလေးတွေ ယှဉ်တွဲနေမယ်။ အခုပဲ စိတ်ကောက်၊ တအောင့်နေ ပျော်ရွှင်လိုက်နဲ့ ဖြစ်နေတတ်တယ်။ ချစ်သူစုံတွဲတွေကြားမှာ တတိယလူ ပေါ်လာတတ်တယ်။ အချင်းချင်းကြား သံသယတွေ ပွားမိတတ်တယ်။ လူမှုဆက်ဆံရေးမှာတော့ ဒီအပတ်မှာ စိတ်ပျက်စရာတွေ မကြာခဏ ဖြစ်မယ်။
ကံကောင်းစေတဲ့ အရောင် – အဖြူ
ကံစမ်းနိုင်တဲ့ ဂဏန်း – ၉ ၊ ၂
ကံကောင်းစေတဲ့ အရပ် – အနောက်တောင်
ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး
ယတြာ – ဘုန်းကြီးကျောင်း၊စေတီစတဲ့ ဘာသာရေးအဆောက်အဦမှာ လျှပ်စစ်မီးလုံး၊ မီးချောင်း လှူပေးပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် – အလုပ်များပြီး လူရောစိတ်ပါ မနားမနေ လုပ်စရာတွေ တန်းစီလာမယ်။ အလုပ်များသလောက် အကျိုးအမြတ်ကလည်း ကောင်းလာမယ်။ လုပ်ငန်းခွင်မှာ ကံကောင်းမှုတွေ ဆက်တိုက် ကြုံရမယ်။ အကြီးအကဲ အုပ်ချုပ်သူတွေကလည်း ချီးမြှင့်ကူညီကြမယ်။ ငွေကြေးလာဘ်လာဘ ရွှင်လန်းပြီး ရလဒ်ကောင်းတွေ ရရှိမယ်။
ကျန်းမာရေး – ခေါင်းကိုက်တာ၊ ခေါင်းအုံတာမျိုး၊ အအေးပတ်တာမျိုး ဖြစ်တတ်တယ်။ ခဏပဲ ညံ့မယ်။
လူမှုအိမ်ထောင် – ဒီအပတ်မှာ အချစ်ရေး၊ အိမ်ထောင်ရေးကံတွေ ကောင်းနေမယ်။ ချစ်သူစုံတွဲ၊ အိမ်ထောင်ရှင် စတဲ့ လက်တွဲဖော်ရှိသူတိုင်း ပျော်ရွှင်အေးချမ်းတဲ့ကာလကို ရရှိမယ်။ ပျိုရွယ်သူတွေလည်း စန်းပွင့်လာလိမ့်မယ်။ လူမှုရေးကဏ္ဍမှာလည်း ကိုယ့်အပေါ် နားလည်ကူညီဖေးမမယ့်သူတွေ ပေါ်လာမယ်။ အကူအညီတွေ ရရှိမယ်။
ကံကောင်းစေတဲ့ အရောင် – အနီရင့်၊ ကြက်သွေးရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း – ၃ ၊ ၂
ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ အနောက်မြောက်
ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး ၊ တနင်္လာ
ယတြာ – မွေးနေ့ (တနင်္လာ) မနက်ပိုင်း အိမ်ကဘုရားမှာ ကြာဆံသုပ် ကပ်လှူပြီးတော့ ဆုတောင်းပေးပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်အကိုင်ကံဇာတာတွေ အားကောင်းလာမယ်။ လုပ်နေကျ မဟုတ်တာတွေနဲ့ လုပ်ရိုးလုပ်စဉ်တွေမှာပါ အဆင်ပြေကံကောင်းမှုတွေ ကြုံတွေ့ရမယ်။ လုပ်ငန်းသစ်နယ်ပယ်သစ် ချဲ့ထွင်လိုသူနဲ့ ဈေးကွက်သစ် ရှာဖွေသူတွေ လိုရာဆန္ဒ ပြည့်မယ်။ လုပ်ခွင့်သာမယ်။ ငွေကြေးကံလည်း ပွင့်လန်းလာလိမ့်မယ်။
ကျန်းမာရေး – စိတ်ရောလူပါ ကြည်လင်နေမယ်။ ဘေးအန္တရာယ်ကင်း ရောဂါရှင်းမယ့်ကာလဖြစ်တယ်။
လူမှုအိမ်ထောင် – တစ်ပတ်တာ မေတ္တာရေးမှာ ကံတွေ ခေနေတတ်တယ်။ ချစ်သူရည်းစား၊ အိမ်ထောင်ရှင်ကြား ပြဿနာလေးတွေ မကြာခဏ ဖြစ်တတ်တယ်။ အရင်အတိတ်ကအရိပ်မည်းတွေက ပြန်ပြီး ပေါ်လာတတ်တယ်။ နားလည်မှုတွေလည်း လွဲချော်ရတတ်တယ်။ လူမှုဆက်ဆံရေးမှာတော့ အလိုက်အထိုက်ဆက်ဆံရေး ရှိနေမယ်။
ကံကောင်းစေတဲ့ အရောင် – စိမ်းပြာ၊ အနီရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း – ၃ ၊ ၄
ကံကောင်းစေတဲ့ အရပ် – အရှေ့တောင် ၊ တောင်
ကံကောင်းစေတဲ့ နေ့ရက် – သောကြာ ၊ အင်္ဂါ ၊ တနင်္လာ
ယတြာ – တစ်ပတ်အတွင်း အိမ်ကဘုရားမှာ ဒူးရင်းယို မကြာခဏ ကပ်လှူပြီး ဆုတောင်းပေးပါ။
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် – တစ်ပတ်တာအတွင်း လုပ်ငန်းစီးပွားကံက အတက်အကျတွေ များမယ်။ အကောင်းတွေချည်း မဟုတ်သလို အညံ့ချည်းပဲလည်း မဟုတ်ဘဲ အနိမ့်အမြင့်တွေကို ဖြတ်သန်းရမယ်။ လူယုံမလွယ်ဖို့၊ သူများတွေ ကြားထဲ ဝင်မပါဖို့ သတိထားရမယ်။ ငွေကြေးကိစ္စတွေမှာ အပေးအယူ အလွှဲအပြောင်းအားလုံး ဂရုစိုက်ရမယ်။
ကျန်းမာရေး – ဒီအပတ်မှာ ကျန်းမာရေး ကောင်းမယ်။ ရောဂါဝေဒနာဖြစ်ရင် ပြန်သက်သာလွယ်မယ်။
လူမှုအိမ်ထောင် – ဒီအပတ် အချစ်ရေး၊အိမ်ထောင်ရေးမှာ ဆူဆူပူပူနဲ့ တကျက်ကျက် စကားများရန်ဖြစ်နေမယ်။ အချင်းချင်းကြားမှာ သည်းခံနိုင်စွမ်း အားနည်းလာပြီး အလွယ်တကူ အပြစ်မြင်နေမိတတ်တယ်။ ဘေးလူတွေက နှစ်ဦးကြား ဝင်လာတတ်လို့ သတိနဲ့ ဆင်ခြင်ရမယ်။ လူမှုရေးမှာလည်း မကျေလည်စရာတွေ ဖြစ်လာနိုင်တယ်။
ကံကောင်းစေတဲ့ အရောင် – အစိမ်း ၊ အဖြူ
ကံစမ်းနိုင်တဲ့ ဂဏန်း – ၄ ၊ ၂ ၊ ၉
ကံကောင်းစေတဲ့ အရပ် – တောင်
ကံကောင်းစေတဲ့ နေ့ရက် – စနေ ၊ ဗုဒ္ဓဟူး
ယတြာ – မွေးနေ့မနက်စောစော အိမ်ကဘုရားမှာ လမုန့် ၅ ခုနဲ့ လက်ဖက်ရည် ကပ်လှူပြီး ဆုတောင်းပါ။
ရာဟုဖွား
အလုပ်အကိုင် – အလုပ်တွေက ရှေ့မရောက်ဘဲ နောက်ပြန်ဆွဲသလို ဖြစ်လာမယ်။ အရင်က လက်စမသတ်ခဲ့တဲ့ အလုပ်တွေကို ဒီအပတ်မှာ ပြန်လုပ်ပေးရတတ်တယ်။ ပြဿနာဟောင်းတွေ၊ အကြွင်းအကျန်ကိစ္စတွေကို ပြန်ပြီး ရှင်းလင်းရလိမ့်မယ်။ ငွေကြေးပြဿနာဟောင်းတွေလည်း ပြန်ပေါ်လာတတ်တယ်။ ငွေရှာဖွေရ ခက်ခဲလာမယ်။
ကျန်းမာရေး – တစ်ပတ်လုံးမှာ ကျန်းမာရေး ဆိုးဆိုးဝါးဝါး အညံ့ မရှိပါ။ ဘေးကင်းကျန်းမာမယ်။
လူမှုအိမ်ထောင် – မေတ္တာရေးမှာ ကိုယ့်အလိုဆန္ဒထက် တစ်ဖက်သားရဲ့ခံစားချက်ကို ပိုအလေးထားရလိမ့်မယ်။ ကိုယ့်ဘက်ချည်းပဲ ကြည့်နေမိလို့ မပြေမလည်တွေ ဖြစ်ရတတ်တယ်။ အချင်းချင်း နားလည်မှုတွေ ပိုလိုလာမယ်။ လူမှုရေးမှာတော့ ကိုယ့်အပေါ်ကောင်းတဲ့မိတ်ဆွေအသိုင်းအဝိုင်း ရှိမယ်။ အကူအညီတွေလည်း ရရှိတတ်တယ်။
ကံကောင်းစေတဲ့ အရောင် – အညို ၊ စိမ်းပုပ်ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း – ၈ ၊ ၄ ၊ ၃
ကံကောင်းစေတဲ့ အရပ် – အရှေ့တောင် ၊ အနောက်မြောက်
ကံကောင်းစေတဲ့ နေ့ရက် – စနေ မွန်းလွဲနောက်ပိုင်း
ယတြာ – ဗုဒ္ဓဟူးနေ့ညနေပိုင်း စေတီတစ်ဆူရဲ့ရာဟုထောင့်မှာ ရွှေပြား ၄ ပြား ကပ်လှူပြီး ဆုတောင်းပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်တွေက စမ်းတဝါးဝါး ဖြစ်နေမယ်။ ရှေ့တိုးရကောင်းမလား၊ နောက်ပြန်ဆုတ် လှည့်ရမလား ဝေခွဲမရအောင် ဖြစ်မယ်။ အလုပ်ကိုလည်း စိတ်ပါဝင်စားမှု လျော့နည်းတတ်တယ်။ အကျိုးအမြတ် မသဲကွဲဘဲ ဖြစ်သလိုတွေ လုပ်နေရတတ်တယ်။ ငွေကြေးကိစ္စမှာလည်း ရလိုက်ကုန်လိုက်နဲ့ လည်ပတ်နေမယ်။
ကျန်းမာရေး – တစ်ပတ်တာ ကျန်းမာရေးမှာ အညံ့မရှိပေမယ့် ကိုယ့်စိတ်ထဲ မသိုးမသန့် ခံစားရတတ်တယ်။
လူမှုအိမ်ထောင် – မေတ္တာရေးမှာ ကံဇာတာတက်လာမယ်။ ချစ်သူရည်းစား၊အိမ်ထောင်ရှင်တွေဆို အပြန်အလှန် ဖေးမကူညီနိုင်မယ်။ ဦးဆောင်ကူညီခွင့်တွေ ရလာမယ်။ ချစ်သူဆီက သတင်းကောင်း ကြားရမယ်။ ပျိုရွယ်သူဆို လက်တွဲဖော်နဲ့ အဆင်ပြေသွားတတ်တယ်။ လူမှုရေးမှာတော့ ကိုယ့်ကို ဒုက္ခပေးသူတွေနဲ့ ကြုံရဆုံရတတ်တယ်။
ကံကောင်းစေတဲ့ အရောင် – အဖြူ ၊ အနီရင့်ရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၃
ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် – စနေ
ယတြာ – တစ်ပတ်အတွင်း အသက်လွတ်ကြာဆံကြော်ကို မကြာခဏ ဘုရားမှာ ကပ်လှူပြီး ဆုတောင်းပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် – ငွေကြေး လာဘ်လာဘတွေ ဝင်လာတတ်တဲ့၊ ငွေကြေးကံတွေ တက်လာမယ့် သီတင်းပတ်မျိုး ဖြစ်တယ်။ အလုပ်တွေကလည်း ကိုယ်က သိပ်အားမစိုက်ရဘဲ အဆင်ပြေသွားတတ်တယ်။ ဒါပေမယ့် ကိုယ်က စိတ်များ၊ အာရုံများတတ်လို့ ရသင့်သလောက်မရတာမျိုး ဖြစ်တတ်တယ်။ သေချာကြိုးစားရင် ထူးခြားလိမ့်မယ်။
ကျန်းမာရေး – ဒီအပတ်မှာ ပုံမှန်ထက် ကျန်းမာရေး ကျဆင်းတတ်တယ်။ တစ်ခုခုဆို သေချာကုသရမယ်။
လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဖြူနဲ့အမည်းလို ဆန့်ကျင်ကွဲလွဲစရာတွေက များလာတတ်ပြီး အချင်းချင်း ညှိမရ ရှင်းမရနဲ့ ပိုဆိုးတတ်တယ်။ ဒီအပတ်မှာ တတ်နိုင်သမျှ ထိပ်တိုက်မတွေ့အောင် ရှောင်တာက ပိုကောင်းမယ်။ ပျိုရွယ်သူတွေ နှလုံးသားရေးမှာ အလွဲ များမယ်။ လူမှုရေးမှာတော့ စိတ်ကျေနပ်စရာတွေရှိမယ်။
ကံကောင်းစေတဲ့ အရောင် – အနီရင့် ၊ အနက်
ကံစမ်းနိုင်တဲ့ ဂဏန်း – ၃ ၊ ၇ ၊ ဝ
ကံကောင်းစေတဲ့ အရပ် – အနောက်တောင် ၊ တောင်
ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ
ယတြာ – တစ်ပတ်အတွင်း အိမ်ကဘုရားမှာ သရက်သီးသနပ်နဲ့ မကြာခဏ ဆွမ်းကပ်လှူပေးရမယ်။
စနေနေ့ဖွား
အလုပ်အကိုင် – ဒီအပတ်မှာ လုပ်ငန်းလည်ပတ်မှု နှေးကွေးပြီး စိတ်မရှည်ချင်စရာတွေ များမယ်။ လက်ရှိနေရာနဲ့ ယှဉ်ရင် ရပ်ဝေးမြေခြား၊ ပြည်ပအလုပ်မျိုးတွေ၊ အဝေးက အဆက်အသွယ်တွေက ပိုအကျိုးပေးထက်သန်မယ်။ အလုပ်မှာ စောင့်ရတာ၊ ပင်ပန်းခံရတာတွေ များလာတတ်တယ်။ ငွေကြေးကိစ္စလည်း သည်းခံပေးရတတ်တယ်။
ကျန်းမာရေး – သာမန်ထက် ကျန်းမာရေး နည်းနည်း ညံ့လာနိုင်တယ်။ ဒါပေမယ့် စိတ်ပူစရာတော့ မရှိပါ။
လူမှုအိမ်ထောင် – ဒီအပတ်မှာလည်း မေတ္တာရေးက အကောင်းထက် အညံ့ ပိုများနိုင်သေးတယ်။ ပြဿနာတွေ အကင်းမသေသေးဘဲ တငွေ့ငွေ့ ဆက်ကျန်နေတတ်တယ်။ စကားအမှားတွေ၊ ကြားလူတွေက ဝင်မွှေတာတွေ ရှိတတ်တယ်။ တစ်ခုခုဆို နှစ်ဦးသား ထိပ်တိုက်ရှင်းတာ ကောင်းမယ်။ လူမှုရေးမှာတော့ အကူအညီတွေရမယ်။
ကံကောင်းစေတဲ့ အရောင် – အစိမ်း၊ အနက်
ကံစမ်းနိုင်တဲ့ ဂဏန်း – ၄ ၊ ၇
ကံကောင်းစေတဲ့ အရပ် – အနောက်တောင် ၊ အရှေ့
ကံကောင်းစေတဲ့ နေ့ရက် – စနေ ၊ အင်္ဂါ
ယတြာ – ဘာသာရေးကို ပိုလုပ်ပေးပါ။ ဘုရားစေတီတွေမှာ ရေသပ္ပါယ်တဲ့ကုသိုလ်မျိုး မကြာခဏ လုပ်ပါ။
credit to lotaya_horoscope