“တနင်္ဂနွေ တနင်္လာ စတဲ့ နေ့ရက်(၇)မျိုးရဲ့ အခေါ်အဝေါ် အဓိပ္ပါယ်အပြည့်အစုံ”
ငယ်ငယ်တုန်းကကျွန်ုပ်တို့ လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ “တနင်္ဂနွေ ကိုဘာလို့ တနင်္ဂနွေလို့ခေါ်ရတာလဲ..။ စနေကို ဘာလို့စနေလို့ ခေါ်ရတာလဲ..” စသည်ဖြင့်ပါ။အကြောင်းအရင်းတော့ရှိရမှာပေါ့နောက်ပိုင်း ကျောင်းဆရာဘဝနဲ့ မြန်မာစာပေ၊ မြန်မာ့သမိုင်းကိုလေ့လာကြည့်တဲ့စကားပညာရှင် ဆရာကြီး ဖိုးလတ်ရဲ့ “မြန်မာအစ” ဆိုတဲ့စာပေတွေမှာ နေ့ရက်တွေရဲ့အမည်တွေကို ရေးသားထားတာတွေ့လို့ ပြန်လည်မျှဝေပေးလို
တနင်္ဂနွေ
မြန်မာအယူအဆမှာ တနင်္ဂနွေဟာ နေမင်းကြီးကိုကိုယ်စားပြုတဲ့နေ့ပါပဲ..။ ပုဂံကျောက်စာများမှာ.. “တန်နှင်ကုနုယ်၊တန်နှင်ကုနွေ၊၊တန်နှင်ကနွေ” ဟုပါရှိတယ်လို့မှတ်သားရပါတယ်။“တန်နှင်” ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်းဖြစ်ပြီး ဘာသာစကားတို့နှင့်ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ “နေ့” ဟု အဓိပ္ပါယ်ရပါတယ်။ “ကုနုယ်၊ ကုနွေ၊ ကနွေ”ဟူသည်ကား”နေ” ကိုဟောခြင်းဖြစ်ပါတယ်။ ထို့ကြောင့် “တန်နှင်ကုနုယ်” မှာ “နေနေ့” ဟု အဓိပ္ပါယ် ရပါတယ်။
တနင်္လာ
တနင်္လာဟူသောဝေါဟာရမှာ ပုဂံရှေးရေး “တန်နှင်လာ” မှလာသည်လို့ဆိုပါတယ်။ “လာ” ဟူသောပုဒ်မှာ အလွန်ရှေးကျသော “လ” ဟောပုဒ်ဖြစ်သည်။ထို့ကြောင့် “တနင်္လာ” ဆိုသည်မှာ “နေ့လ” သို့မဟုတ် “လမင်းနေ့” ဖြစ်သည်။ လမင်းကိုအစွဲပြု၍ခေါ်သောနေ့ပင်ဖြစ်ပါတယ်တနင်္ဂနွေ၊ တနင်္လာမှအပ ကျန်နေ့များ၏အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲသက္ကတဘာသာမှဆင်းသက်လာကြောင်း ဦးဖိုးလတ်ကဝန်ခံပါတယ ။ထို့ကြောင့်”အင်္ဂါ” ဆိုသည်မှာ “မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်” ဟု အဓိပ္ပါယ်ရပါတယ်။အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟုဖြစ်ပေါ်လာရသည်ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့
ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် “ဗုဒ္ဓဒိန” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓဝါရ” ဟူ၍လည်းကောင်းခေါ်ဆိုကြပါတယ်။ဗုဒ္ဓ၏ အနက်မှာ “နိုးကြားခြင်း၊ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သောလမင်း၏သား” ဟူ၍ဖြစ်၏။ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ်(လမင်း) မိဖုရားတာရာဒေဝီတွင် ဖွားမြင်သောသားဟု ဖော်ပြသည်။ “ဒိန” နှင့် “ဝါရ” တို့၏အနက်မှာနေ့ဖြစ် သည်။ကျောက်စာတို့၌ “ပုတ္တ” ဟုတွေ့ရသဖြင့် ရှေးမြန်မာတို့သည်ဗုဒ္ဓကို အမည်လွှဲပြီး “ပုတ္တ” ဟုရေးကြသည်ဟု သိနိုင် ပါသည်။ထို့ကြောင့် “ပုတ္တ” မှာ “ဗုဒ္ဓ” ပင်ဖြစ်သည်။ “ဟူ” သည်ပင့်ခေါ်ခြင်းအနက်ရှိသည်ဟုဆို၏။ ထို့ကြောင့် “ပုတ္တဟူ” “ဗုဒ္ဓဟူး” သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟုအဓိပ္ပါယ်ကောက်လို့ရပါတယ်
ကြာသပတေး
ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေးသည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ “ကျာသပတေး” ကို အစွဲပြု၍ခေါ်သည်ဟုဆို၏။ပုဂံကျောက်စာတို့၌ “ကြာသပတိယ်” နှင့်ဆင်တူအရေးအသားကိုတွေ့ရသည်။ယင်းပုဒ်သည် “ဗြိဟသွတိ” မှသော်လည်းကောင်း၊ ယင်းနှင့်အနက်တူ “ဝစသံပတိ (သို့) ဝကျသံပတိ” မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်ကဆိုပါတယ်။၎င်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ “ဝစသာ = စကား + ပတိ = အရှင်” = စကား၏အရှင် ဖြစ်သည်။ မြန်မာကျောက်စာ၌ရေးသော “ပတိယ်”သည် ခေတ်အရေးအသားနှင့်ဆိုသော် “ပတိ” နှင့်အတူတူပင်ဖြစ်သည်။
သောကြ
တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှဖွားမြင်သော “သောကြာ”ကိုအစွဲပြု၍ “သောကြာ” ဟုခေါ်ကြောင်း ရာဇမတ္တဏ်ကျမ်းတွင်ပြဆိုသည်။“သုကြာ” ဟူသောအရေးအသားကို ပုဂံကျောက်စာများတွင်တွေ့ရသည် ။ “သုကြာ” ဟူသောပုဒ်မှာသက္ကတဘာသာ“သုကြ” မှ ဆင်းသက်လာသောပုဒ်ဖြစ်သည်ကိုမငြင်းသာချေ“သုကြာ” မှသောကြာဖြစ်လာပုံကိုဦးဖိုးလတ်ကအဆင့်ဆင့်ရှင်းပြထားသည်။သုကြာ၏အဓိပ္ပါယ်မှာ “ဖြူစင်တောက်ထွန်းခြင်း”ဖြစ်၏
စနေ
ရာဇမတ္တဏ်ကျမ်း၌ “စနေ” ကို “သနေ”ဟုပြသည်။သောရဌတိုင်း၊ကာရအနွယ်၊တနင်္ဂနွေဂြိုဟ်မင်း၏မယား၊ယသိဆာယာတွင်ဖွားမြင်သောသား “ဇပ္ပ”ကို အစွဲပြု၍ခေါ်ကြောင်းလည်းဆိုသည်။ပုဂံကျောက်စာတို့၌စနေကို “စနိဟ်”ဟုရေးသည်။ယင်းမှာသက္ကတဘာသာ”ဂနိ” (ရှနိ ဟုဖတ်ပါ)မှဆင်းသက်လာသည် ဟုဦးဖိုးလတ်ကရှင်းပြသည်။အဓိပ္ပါယ်မှာ “ဖြည်း ညင်းစွာသွားခြင်း” ဖြစ်၏။ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ “သနေ စရ” ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်။
(Credit to original post)
Zawgyi
“တနဂၤေႏြ တနလၤာ စတဲ့ ေန႔ရက္(၇)မ်ိဳးရဲ႕ အေခၚအေဝၚ အဓိပၸါယ္အျပည့္အစုံ”
ငယ္ငယ္တုန္းကကြၽႏ္ုပ္တို႔ လူႀကီးေတြကို ေမးဖူးတာေလးတစ္ခုရွိပါတယ္။ “တနဂၤေႏြ ကိုဘာလို႔ တနဂၤေႏြလို႔ေခၚရတာလဲ..။ စေနကို ဘာလို႔စေနလို႔ ေခၚရတာလဲ..” စသည္ျဖင့္ပါ။အေၾကာင္းအရင္းေတာ့ရွိရမွာေပါ့ေနာက္ပိုင္း ေက်ာင္းဆရာဘဝနဲ႔ ျမန္မာစာေပ၊ ျမန္မာ့သမိုင္းကိုေလ့လာၾကည့္တဲ့စကားပညာရွင္ ဆရာႀကီး ဖိုးလတ္ရဲ႕ “ျမန္မာအစ” ဆိုတဲ့စာေပေတြမွာ ေန႔ရက္ေတြရဲ႕အမည္ေတြကို ေရးသားထားတာေတြ႕လို႔ ျပန္လည္မွ်ေဝေပးလို
တနဂၤေႏြ
ျမန္မာအယူအဆမွာ တနဂၤေႏြဟာ ေနမင္းႀကီးကိုကိုယ္စားျပဳတဲ့ေန႔ပါပဲ..။ ပုဂံေက်ာက္စာမ်ားမွာ.. “တန္ႏွင္ကုႏုယ္၊တန္ႏွင္ကုေႏြ၊၊တန္ႏွင္ကေႏြ” ဟုပါရွိတယ္လို႔မွတ္သားရပါတယ္။“တန္ႏွင္” ကို ျမန္မာဘာသာႏွင့္ ႏွီးႏြယ္ေသာ ေရာင္းရင္းျဖစ္ၿပီး ဘာသာစကားတို႔ႏွင့္ခ်င့္ခ်ိန္၍ အဓိပၸါယ္ေကာက္ေသာအခါ “ေန႔” ဟု အဓိပၸါယ္ရပါတယ္။ “ကုႏုယ္၊ ကုေႏြ၊ ကေႏြ”ဟူသည္ကား”ေန” ကိုေဟာျခင္းျဖစ္ပါတယ္။ ထို႔ေၾကာင့္ “တန္ႏွင္ကုႏုယ္” မွာ “ေနေန႔” ဟု အဓိပၸါယ္ ရပါတယ္။
တနလၤာ
တနလၤာဟူေသာေဝါဟာရမွာ ပုဂံေရွးေရး “တန္ႏွင္လာ” မွလာသည္လို႔ဆိုပါတယ္။ “လာ” ဟူေသာပုဒ္မွာ အလြန္ေရွးက်ေသာ “လ” ေဟာပုဒ္ျဖစ္သည္။ထို႔ေၾကာင့္ “တနလၤာ” ဆိုသည္မွာ “ေန႔လ” သို႔မဟုတ္ “လမင္းေန႔” ျဖစ္သည္။ လမင္းကိုအစြဲျပဳ၍ေခၚေသာေန႔ပင္ျဖစ္ပါတယ္တနဂၤေႏြ၊ တနလၤာမွအပ က်န္ေန႔မ်ား၏အမည္တို႔မွာ ျမန္မာအေခၚအေဝၚ မဟုတ္ဘဲသကၠတဘာသာမွဆင္းသက္လာေၾကာင္း ဦးဖိုးလတ္ကဝန္ခံပါတယ ။ထို႔ေၾကာင့္”အဂၤါ” ဆိုသည္မွာ “မီးက်ီးကဲ့သို႔ နီေသာအဆင္းရွိေသာၿဂိဳဟ္” ဟု အဓိပၸါယ္ရပါတယ္။အဂၤါၿဂိဳဟ္ကိုအစြဲျပဳ၍ အဂၤါေန႔ဟုျဖစ္ေပၚလာရသည္ဆိုပါတယ္။
ဗုဒၶဟူးေန႔
ဗုဒၶဟူးေန႔ကို သကၠတဘာသာျဖင့္ “ဗုဒၶဒိန” ဟူ၍လည္းေကာင္း၊ “ဗုဒၶဝါရ” ဟူ၍လည္းေကာင္းေခၚဆိုၾကပါတယ္။ဗုဒၶ၏ အနက္မွာ “ႏိုးၾကားျခင္း၊ပညာရွိျခင္း၊ ေသာမၿဂိဳဟ္ျဖစ္ေသာလမင္း၏သား” ဟူ၍ျဖစ္၏။ရာဇမတၱဏ္ စေသာက်မ္းတို႔၌ တနလၤာၿဂိဳဟ္(လမင္း) မိဖုရားတာရာေဒဝီတြင္ ဖြားျမင္ေသာသားဟု ေဖာ္ျပသည္။ “ဒိန” ႏွင့္ “ဝါရ” တို႔၏အနက္မွာေန႔ျဖစ္ သည္။ေက်ာက္စာတို႔၌ “ပုတၱ” ဟုေတြ႕ရသျဖင့္ ေရွးျမန္မာတို႔သည္ဗုဒၶကို အမည္လႊဲၿပီး “ပုတၱ” ဟုေရးၾကသည္ဟု သိႏိုင္ ပါသည္။ထို႔ေၾကာင့္ “ပုတၱ” မွာ “ဗုဒၶ” ပင္ျဖစ္သည္။ “ဟူ” သည္ပင့္ေခၚျခင္းအနက္ရွိသည္ဟုဆို၏။ ထို႔ေၾကာင့္ “ပုတၱဟူ” “ဗုဒၶဟူး” သည္ ဘုရားရွင္ကိုပင့္ေခၚေသာေန႔ဟုအဓိပၸါယ္ေကာက္လို႔ရပါတယ္
ၾကာသပေတး
ရာဇမတၱဏ္က်မ္းအရ ၾကာသပေတးသည္ သိဒၶတိုင္း၊ အဂႌရသအႏြယ္၊ “က်ာသပေတး” ကို အစြဲျပဳ၍ေခၚသည္ဟုဆို၏။ပုဂံေက်ာက္စာတို႔၌ “ၾကာသပတိယ္” ႏွင့္ဆင္တူအေရးအသားကိုေတြ႕ရသည္။ယင္းပုဒ္သည္ “ၿဗိဟသြတိ” မွေသာ္လည္းေကာင္း၊ ယင္းႏွင့္အနက္တူ “ဝစသံပတိ (သို႔) ဝက်သံပတိ” မွေသာ္လည္းေကာင္း လာဟန္ရွိေၾကာင္း ဦးဖိုးလတ္ကဆိုပါတယ္။၎ပုဒ္ႏွစ္ခုစလုံး၏ အနက္မွာ “ဝစသာ = စကား + ပတိ = အရွင္” = စကား၏အရွင္ ျဖစ္သည္။ ျမန္မာေက်ာက္စာ၌ေရးေသာ “ပတိယ္”သည္ ေခတ္အေရးအသားႏွင့္ဆိုေသာ္ “ပတိ” ႏွင့္အတူတူပင္ျဖစ္သည္။
ေသာၾက
ေတာဇာဂၬတိုင္းသား၊ ေသတဗ်အမ်ိဳး၊ဘဝုရေသ့၏မယားျဖစ္သူ သုဇိတာမွဖြားျမင္ေသာ “ေသာၾကာ”ကိုအစြဲျပဳ၍ “ေသာၾကာ” ဟုေခၚေၾကာင္း ရာဇမတၱဏ္က်မ္းတြင္ျပဆိုသည္။“သုၾကာ” ဟူေသာအေရးအသားကို ပုဂံေက်ာက္စာမ်ားတြင္ေတြ႕ရသည္ ။ “သုၾကာ” ဟူေသာပုဒ္မွာသကၠတဘာသာ“သုၾက” မွ ဆင္းသက္လာေသာပုဒ္ျဖစ္သည္ကိုမျငင္းသာေခ်“သုၾကာ” မွေသာၾကာျဖစ္လာပုံကိုဦးဖိုးလတ္ကအဆင့္ဆင့္ရွင္းျပထားသည္။သုၾကာ၏အဓိပၸါယ္မွာ “ျဖဴစင္ေတာက္ထြန္းျခင္း”ျဖစ္၏
စေန
ရာဇမတၱဏ္က်မ္း၌ “စေန” ကို “သေန”ဟုျပသည္။ေသာရဌတိုင္း၊ကာရအႏြယ္၊တနဂၤေႏြၿဂိဳဟ္မင္း၏မယား၊ယသိဆာယာတြင္ဖြားျမင္ေသာသား “ဇပၸ”ကို အစြဲျပဳ၍ေခၚေၾကာင္းလည္းဆိုသည္။ပုဂံေက်ာက္စာတို႔၌စေနကို “စနိဟ္”ဟုေရးသည္။ယင္းမွာသကၠတဘာသာ”ဂနိ” (ရွနိ ဟုဖတ္ပါ)မွဆင္းသက္လာသည္ ဟုဦးဖိုးလတ္ကရွင္းျပသည္။အဓိပၸါယ္မွာ “ျဖည္း ညင္းစြာသြားျခင္း” ျဖစ္၏။ေရွး႐ိုးက်မ္းဂန္တို႔၌ စေနႏွင့္စပ္လ်ဥ္း၍ “သေန စရ” ျဖည္းျဖည္းသြားသည္ဟု ဆိုၾကသည္။
(Credit to original post)