နွေမုန်တိုင်းရဲ့ အန္တရာယ်ရှိတဲ့ ဧရိယာကို ပြောပြလိုက်တဲ့ ပြည်သူ့အချစ်တော် ဆရာမလေး စုစုစံ
နွေမုန်တိုင်းရဲ့ အန္တရာယ်ရှိတဲ့ ဧရိယာကို ပြောပြလိုက်တဲ့ ပြည်သူ့အချစ်တော် ဆရာမလေး စုစုစံ
၂၀၂၂ဖေဖော်ဝါရီလ ၁၇ရက် ၁၈ရက်နေ့တွေမှာ အက်ဒမန်ပင်လယ် တောင်ပိုင်း ကပ္ပလီပင်လယ်ပြင်တွင် low pressure cell တွေ စုဖွဲ့အားအလွန်ကောင်းနိုင်းပြီး တနင်္သာရီတိုင်းတွင်မိုးကြီး နိုင်ပြီး မွန်ပြည်နယ် ကရင်ပြည်နယ် ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းတွေအထိပါရေငွေ့သယ်ဆောင်ရာ အထက်လေစီးမိပြီး မိုးတွေရွာလာမှာဖြစ်ပါတယ်
ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေကြသူအားလုံး ပျက်စီးမှုမရှိအောင်စိမံဆောင်ရွက်ထားကြပါ အဆိုပါရက်တွေအတွင်း တနင်္သာရီတိုင်းအနောက်ဖက်ကပ္ပလီပင်လယ်ပြင်အတွင်းသို့ ငါးဖမ်းခြင်း အပျော်ခရီးထွက်ခြင်း မလုပ်သင့်ပါဘူး အန္တရာယ်ရှိပါတယ်
အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေ အချိန့်ပြည့်နီးပါးစောင့်ကြည့်ထောက်လှမ်းပြီး မိုးလေဝသခန့်မှန်းချက်များကိုခန့်မှန်းပေးနေပါမယ် (ခန့်မှန်းချိန် ၁၁-၂-၂၀၂၂ နေ့လည် ၂ နာရီ ၅၇ မိနစ်) တနင်္သာရီတိုင်းအနောက်ဖက် ကပ္ပလီပင်လယ်ပြင်အတွင်း ပင်လယ်နှင့် ပတ်သက်၍ လုပ်ငန်းလုပ်ဆောင်နေသူအားလုံး ၂၀၂၂ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ အဝါရောင် အန္တရာယ်ဧရိယာအတွင်းသွားရောက်ခြင်း မပြုလုပ်ကြပါနဲ့
ယခုရောက်ရှိနေရင်လည်း ၁၆ရက်နေ့မတိုင်မီ ဘေးကင်းလုံခြုံရာနေရာကမ်းဆီသို့ သွားရောက်ကြပါလို့ အကြံပြုလိုက်ပါတယ်နော် (ခန့်မှန်းချိန် ၁၂-၂-၂၀၂၂ ညနေ ၄ နာရီ ၂၈ မိနစ်) ၁၉-၂-၂၀၂၂ ရက်နေ့ မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာ မိုးတွေရွာမယ်နော် (ခန့်မှန်းချိန် ၁၂-၂-၂၀၂၂ မနက် ၇ နာရီ ၃၆ မိနစ်) တနင်္သာရီတိုင်းကြီးရေ၊ ၂၀၂၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ တောင်မိုးတွေ ရွာနိုင်ပါတယ်။
ကပ္ပလီပင်လယ်ပြင်ကို နာဆာမှ အနီအောက်ရောင်ခြည်သုံးပြီး ရိုက်ကူးထားတဲ့ပုံတော့ မပြသတော့ပါဘူး။ စျေးကြီးပါတယ် လိုအပ်ချိန်ဝယ်ယူသုံးစွဲပါတယ် ကိုယ်တိုင်အသုံးပြုနိုင်ပြီးအခြားမျှဝေခွင့်မရှိလို့ပါ မိုးရွာနိုင်တာကိုပဲ ခန့်မှန်းပေးလိုက်ပါတယ် (ခန့်မှန်းချိန် ၁၂-၂-၂၀၂၂ နေ့လည် ၁ နာရီ ၅၄ မိနစ်)