အကြွေးကိုဘယ်လောက်ဆပ်ဆပ် မကျေသောသူ၊ငွေအရမ်းလိုနေသောသူတို့အတွက် ယတြာ
ငွေကြေးကိစ္စ အခက်အခဲဖြစ်နေသောအခါငွေလိုနေသောအခါ၊အကြွေး ကိစ္စအရေးကြီးနေရသောအခါ၊ငွေကို လိမ်ခံရသောအခါ ဒီယတြာကိုလုပ်ပေးကြခြင်းဖြင့် အဆင်ပြေကြပါစေ
ကြေးလင်ဗန်း ထဲကို ထုံးနှင့် ငါးထောင့်ကြယ်ဆွဲ၊ဖယောင်းတိုင်ကို (၅)တိုင်စိုက်၊ အလယ်တည့်တည့်မှာဖန်ခွက် တစ်ခွက်ကိုတင် ရေတစ်ဝက်ခန့်ထည့်
ကွမ်းရွက်(2)ရွက်ကို ထည့်မယ်၊ကွမ်းရွက်ထည့်ရင်အရိုးကို အောက်က ထားကြပါ၊ ပြီးလျှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ကပ်ပြီး ငွေကြေးပြဿနာအမြန်ဆုံးအဆင်ပြေ ချောမွေ့သွားအောင် ဆုတောင်းပါ။
ဘယ်နေ့နံ မဆိုလုပ်ရမယ့်နေ့ က“တနင်္လာ “နေ့ဖြစ်တယ်အချိန် ၉နာရီ ၄၅ မိနစ် တိတိ မှာ စတင်လုပ်ဆောင်ပါ။
ရွတ်ဆိုရန် ဂါထာမှာ “ဒိဝါတပ္ပတိ ”ဂါထာဖြစ်ပါသည် (၂၇)ခေါက်ရွတ်ဖတ် ပူဇော်ခြင်းဖြင့် အရာအားလုံး အဆင်ပြေကြပါစေ ။စေတနာ၊မေတ္တာများစွာဖြင့်
Zawgyi