crd-myanmaplatform
Unicode
ကွာလာလမ်ပူ ကနေ ဆာဘား ကို ပျံသန်းတဲ့ AirAsia လေယာဉ်ပေါ်မှာ မြွေ တစ်ကောင်တွေ့ တာကြောင့် လမ်းကြောင်း ပြောင်းလဲ ပျံသန်းခဲ့ရ
ကွာလာလမ်ပူ ကနေ ဆာဘား ပြည်နယ် တာဝါအူ မြို့ ကို ကြာသပတေး နေ့ က ပျံသန်းတဲ့ AirAsia လေ ကြောင်း လိုင်း လေယာဉ် ရဲ့ ခေါင်မိုး အခန်း တစ်ခု ထဲ မှာ မြွေ တစ်ကောင်တွေ့ တာကြောင့် လမ်းကြောင်း ပြောင်းလဲ ပျံသန်း ခဲ့ရပါတယ်။ ဒီဖြစ်ရပ် ကို လေယာဉ်မှူး က
သတိပြုမိတာနဲ့ချက်ချင်း ဆာရာဝတ် ပြည်နယ် ကူချင်း မြို့ ကို ပြောင်းလဲ ပျံသန်း ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ 2.jpg မြွေတစ်ကောင်တွေ့လို့ အခုလို လမ်းကြောင်း ပြောင်းလဲ ပျံသန်းခဲ့ရတာ ဟုတ်ပါသလား လို့ မေးမြန်း ချိန်မှာ ကြိုတင် သတိထားတဲ့ အနေနဲ့ လုပ်ဆောင် ခဲ့တာ ဖြစ်တယ်လို့ AirAsia လေကြောင်းလိုင်း ကပြောကြားပါ တယ်။ ဒါက အရမ်းကြုံတောင့်ကြုံခဲ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်
လေယာဉ်မှူး ကသင့်တော် တဲ့ လုပ်ရပ် ကိုလုပ်ဆောင်ခဲ့ တာ ဖြစ်ပါတယ် ဧည့်သည်တွေ နဲ့ လေယာဉ် အမှု ထမ်းတွေ ဘေးကင်းရေး ဟာ သူတို့ ရဲ့ အမြဲတမ်း ဦးစားပေး ကိစ္စ ဖြစ်ပါတယ်လို့ AirAsia လေကြောင်းလိုင်း ဘေးအန္တရာယ်ကင်းရှင်းရေး အရာရှိကပြောကြားပါတယ်။
3.jpg လေယာဉ်အမှုထမ်းတွေနဲ့ ဧည့်သည်တွေ ဟာ ဘယ်အချိန်မှာ မဆို အန္တရာယ် ကျရောက် လို့ မဖြစ်ပါဘူး လို့ အဲဒီ အရာရှိ က ဖြည့်စွက်ပြောကြားပါတယ်။အဲဒီလေယာဉ် ဟာ ကူချင်း မြို့ ကနေ တာဝါအူ မြို့ ကို ကြာသပတေး နေ့ မှာပဲ ထွက်ခွါသွားခဲ့ပါတယ်။
crd-myanmaplatform