လက္ရွိ MRTV 4 ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသေနတဲ့ “မေၾကးစည္” ဇာတ္လမ္းတြဲကေတာ့ ပရိသတ္ေတြရဲ့ အားေပးမႈကို အမ်ားအျပားရရွိေနတာပဲျဖစ္ပါတယ္။ ဒါရိုက္တာရဲ့ ရိုက္ကူးတင္ဆက္မႈ၊ ဇာတ္လမ္းဇာတ္အိမ္ ေတာင့္တင္းခိုင္မာမႈတို႔ကလည္း ၿပီးျပည့္စုံသလို ပါဝင္ၾကတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ခ်င္းစီတိုင္းကလည္း အေကာင္းဆုံးႀကိဳးစားၾကတာေၾကာင့္ ရလဒ္ေကာင္းတစ္ခုကို ပိုင္ဆိုင္နိုင္ခဲ့တယ္လို႔ ဆိုနိုင္ပါတယ္။ “မေၾကးစည္” ဇာတ္လမ္းတြဲမွာ ကိုမင္းနိုင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ လင္းျမတ္ကလည္း သူေသဆုံးသြားခဲ့တဲ့ နာေရးဇာတ္ဝင္ခန္းရိုက္ကူးခဲ့စဥ္မွာပဲ ဘဝနဲ႔ခ်ီတဲ့ အသိတရားတစ္ခုကို ရရွိသြားခဲ့ေၾကာင္း အခုလိုပဲေျပာျပလာပါတယ္။
“လင္းျမတ္ဆက္အသက္ရွင္ဖို႔အတြက္ မင္းနိုင္ကေသေပးလိုက္တာပါ။ အဲ့လိုနာေရးအခန္းမ်ိဳးရိုက္ရမယ္ဆိုက်ေနာ္ေၾကာက္ပါတယ္ မေကာင္းတဲ့ေဘးပေယာဂကိုေၾကာက္တာေတာ့မဟုတ္ အဲ့လိုမလႈပ္ရပဲၿငိမ္ၿငိမ္အၾကာႀကီးေနရတာကိုေၾကာက္တာ က်ေနာ္ကအဲ့လိုမလႈပ္ရရင္တစ္ကိုယ္လုံးကေညာင္းကိုက္လာတတ္လို႔ 🤣 အဲ့လိုအခန္းရိုက္ရမယ္ၾကားေတာ့အစက လူတစ္ကယ္ထည့္မရိုက္ေလာက္ဘူးပဲထင္တာ ဒါေပမယ့္ဆရာကမရဘူး လူထည့္ကိုထည့္ရိုက္မယ္ဆိုေတာ့ မရိုက္ဖို႔အေရး production manager မသဇင္နဲ႔ညႇိၾကေသးတယ္ မသဇင္ကလည္းေျပာေပးရွာတယ္ ဒါေပမယ့္မရပါဘူး 😂 ဒါနဲ႔မထူးပါဘူး ငါေသၾကည့္တာေပါ့ဆိုၿပီးရိုက္မယ္လုပ္တယ္။ မရိုက္ခင္ေတာ့ သရဏဂုံတင္တာေပါ့ ပထမတစ္ရက္ ရိုက္မယ္ ဆိုေတာ့ မရိုက္ျဖစ္ဘူး ဆရာကအျပင္အဆင္စိတ္တိုင္းမက်လို႔ ေနာက္တစ္ရက္ေတာ့ရိုက္တယ္ေပါ့။
နည္းနည္းေတာ့ရွိန္တာေပါ့ ပတ္ဝန္းက်င္အေနအထားအရေကာဘာေကာ ညေနေစာင္းဆိုေတာ့ေကာ… အဲ့လိုနဲ႔ ေန႔လယ္ ၂နာရီထဲက ေမာင္ေလးေရလာလွဲေပးပါေတာ့ဆိုၿပီးအဲ့ကုတင္မွာ အသုဘပုံျပင္ဆင္ၾကရတယ္အေစာႀကီး ဟိုအုပ္ဒီဖုံးျပင္ၿပီးေတာ့ နင္မလႈပ္နဲ႔ေတာ့ေနာ္ ဆိုၿပီးေျပာေတာ့ ငါေတာ့သြားၿပီ ေညာင္းၿပီးေသရခ်ီရဲ့ဆိုၿပီး စိတ္ေတာ္ေတာ္ညစ္သြားတယ္။”“အဲ့လိုနဲ႔ရိုက္ဖို႔ reharsal လုပ္ lighting ခ်ိန္နဲ႔ ၄နာရီေက်ာ္ၿပီ မရိုက္ရေသး ၾကာခ်ိန္၂နာရီရွိၿပီ က်ေနာ္လည္းလႈပ္လို႔မရ လူလည္းေတာ္ေတာ္ေညာင္းကိုက္ခဲေနၿပီ ရိုက္လည္းရိုက္ေတာ့ အရမ္းသတိထားရပါတယ္ စရိုက္ေတာ့ မ်က္ခြံမလႈပ္ေအာင္ အသက္႐ူရင္ဗိုက္အပိန္အေဖာင္းမျဖစ္ေအာင္ အသက္အၾကာႀကီးေအာင့္ထားရတာေတြပါနဲ႔သတိႀကီးႀကီ းထားရတယ္ ေသတဲ့အခန္းရိုက္လို႔ အိပ္ေနရင္ၿပီးေရာမရဘူး (မ်က္လုံးပြင့္ၿပီးေသတဲ့မသာအခန္းရိုက္ရရင္ပိုဆိုးပါတယ္ 🤣) ပင္ပန္းပါတယ္။”
“ထူးဆန္းတာကရိုက္ရင္းနဲ႔ကိုယ့္ဟာကိုယ္ေသလူလို႔လုံးဝသတ္မွတ္လိုက္တယ္ ၿပီးေတာ့တရားမွတ္ေနလိုက္တယ္ ဘယ္သူဘာလုပ္လုပ္ဘာေျပာေျပာ responseျပန္လုပ္ေပးစရာမွမလိုေတာ့တာ ငါေသေနၿပီပဲဆိုၿပီး၊ အဲ့အခ်ိန္မွာပဲ ခ်က္ခ်င္းႀကီးက်ေနာ့္တစ္ကိုယ္လုံးဘာေဝဒနာမွစမခံစားရေတာ့သလိုပဲ ေညာင္းကိုက္တာေတြ ေဝဒနာေတြ ေျခေထာက္က်ဥ္လာတာေတြတစ္ခုမွမရွိေတာ့ဘူးေဘးက ညီမက အစ္ကိုအစ္ကိုဆိုၿပီးလာဆြဲလႈပ္တာလည္းနည္းနည္းပဲသိေတာ့တယ္ ထိရင္ထိတယ္ ၾကားရင္ၾကားတယ္ပဲမွတ္ေနမိတယ္ ေတာ္ေတာ္ႀကီးကို relax အျဖစ္ဆုံးအခ်ိန္ပါ။ ဘယ္အခ်ိန္မွာပဲထဆဲမိလည္းဆိုေတာ့ အသုဘခ်ဖို႔ကုတင္မလိုက္တဲ့အခ်ိန္ကုတင္ႀကီးေစာင္းသြားၿပီးက်ေနာ္ေဘးတိုက္ေလၽွာသြားမွျပဳတ္က်ေတာ့မယ္ဆိုၿပီး ထေယာင္တာ 😁 လက္ထဲေဘးကို လွမ္းကုတ္တာျမန္လို႔ မဟုတ္ရင္ကိုယ္တစ္ပိုင္းျပဳတ္က်ေလာက္တယ္ 🤣🤣🤣
ေနာက္ဆုံးအားလုံးရိုက္အၿပီးထလို႔ရၿပီဆိုလို႔ထေတာ့ ေညာင္းတာကိုက္တာနည္းနည္းမွမျဖစ္တဲ့အျပင္ လူကေပါ့ပါးလန္းဆန္းေနတာပဲ အားအျပည့္နဲ႔ စိတ္ကလည္းအေတာ္ေအးခ်မ္းေနတာ၊ ရိုက္တဲ့လူေတြကေတာ့မ်က္ရည္ေတြနဲ႔ … ရိုက္ၿပီးတဲ့အခ်ိန္မွာေတာ့ ညေန ၅နာရီခြဲနီးပါးျဖစ္ေတာ့မယ္ထင္တယ္။ အဲ့ေန႔ကစၿပီးတရားမွတ္ရတဲ့အရသာကိုသိသြားၿပီးဆက္တိုက္လုပ္ျဖစ္တာ၊ ဒါေပမယ့္လည္း မႏွစ္ကစၿပီးဆဲစရာကိစၥေတြကေတာက္ေလၽွာက္ေပၚလာတာပဲ ၾကာၾကာထိန္းမရလိုက္ပါဘူး အရာအားလုံး အတြက္ဆရာဦးသီ (ေဆးဆရာႀကီးအဘသီ) နဲ႔ ဆရာေအာင္ဗပါဝါကိုေက်းဇူးတင္ရွိခိုးကန္ေတာ့ပါတယ္။ ” ဆိုၿပီး သူ႔ရဲ့အေတြ႕အၾကဳံကို ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။
Source: Lynn Myat ‘s fb
Credit; Myanmar Celebrities
Unicode
လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “မကြေးစည်” ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိနေတာပဲဖြစ်ပါတယ်။ ဒါရိုက်တာရဲ့ ရိုက်ကူးတင်ဆက်မှု၊ ဇာတ်လမ်းဇာတ်အိမ် တောင့်တင်းခိုင်မာမှုတို့ကလည်း ပြီးပြည့်စုံသလို ပါဝင်ကြတဲ့ သရုပ်ဆောင်တစ်ယောက်ချင်းစီတိုင်းကလည်း အကောင်းဆုံးကြိုးစားကြတာကြောင့် ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ “မကြေးစည်” ဇာတ်လမ်းတွဲမှာ ကိုမင်းနိုင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် လင်းမြတ်ကလည်း သူသေဆုံးသွားခဲ့တဲ့ နာရေးဇာတ်ဝင်ခန်းရိုက်ကူးခဲ့စဉ်မှာပဲ ဘဝနဲ့ချီတဲ့ အသိတရားတစ်ခုကို ရရှိသွားခဲ့ကြောင်း အခုလိုပဲပြောပြလာပါတယ်။
“လင်းမြတ်ဆက်အသက်ရှင်ဖို့အတွက် မင်းနိုင်ကသေပေးလိုက်တာပါ။ အဲ့လိုနာရေးအခန်းမျိုးရိုက်ရမယ်ဆိုကျနော်ကြောက်ပါတယ် မကောင်းတဲ့ဘေးပယောဂကိုကြောက်တာတော့မဟုတ် အဲ့လိုမလှုပ်ရပဲငြိမ်ငြိမ်အကြာကြီးနေရတာကိုကြောက်တာ ကျနော်ကအဲ့လိုမလှုပ်ရရင်တစ်ကိုယ်လုံးကညောင်းကိုက်လာတတ်လို့ 🤣 အဲ့လိုအခန်းရိုက်ရမယ်ကြားတော့အစက လူတစ်ကယ်ထည့်မရိုက်လောက်ဘူးပဲထင်တာ ဒါပေမယ့်ဆရာကမရဘူး လူထည့်ကိုထည့်ရိုက်မယ်ဆိုတော့ မရိုက်ဖို့အရေး production manager မသဇင်နဲ့ညှိကြသေးတယ် မသဇင်ကလည်းပြောပေးရှာတယ် ဒါပေမယ့်မရပါဘူး 😂 ဒါနဲ့မထူးပါဘူး ငါသေကြည့်တာပေါ့ဆိုပြီးရိုက်မယ်လုပ်တယ်။ မရိုက်ခင်တော့ သရဏဂုံတင်တာပေါ့ ပထမတစ်ရက် ရိုက်မယ် ဆိုတော့ မရိုက်ဖြစ်ဘူး ဆရာကအပြင်အဆင်စိတ်တိုင်းမကျလို့ နောက်တစ်ရက်တော့ရိုက်တယ်ပေါ့။
နည်းနည်းတော့ရှိန်တာပေါ့ ပတ်ဝန်းကျင်အနေအထားအရကောဘာကော ညနေစောင်းဆိုတော့ကော… အဲ့လိုနဲ့ နေ့လယ် ၂နာရီထဲက မောင်လေးရေလာလှဲပေးပါတော့ဆိုပြီးအဲ့ကုတင်မှာ အသုဘပုံပြင်ဆင်ကြရတယ်အစောကြီး ဟိုအုပ်ဒီဖုံးပြင်ပြီးတော့ နင်မလှုပ်နဲ့တော့နော် ဆိုပြီးပြောတော့ ငါတော့သွားပြီ ညောင်းပြီးသေရချီရဲ့ဆိုပြီး စိတ်တော်တော်ညစ်သွားတယ်။”“အဲ့လိုနဲ့ရိုက်ဖို့ reharsal လုပ် lighting ချိန်နဲ့ ၄နာရီကျော်ပြီ မရိုက်ရသေး ကြာချိန်၂နာရီရှိပြီ ကျနော်လည်းလှုပ်လို့မရ လူလည်းတော်တော်ညောင်းကိုက်ခဲနေပြီ ရိုက်လည်းရိုက်တော့ အရမ်းသတိထားရပါတယ် စရိုက်တော့ မျက်ခွံမလှုပ်အောင် အသက်ရူရင်ဗိုက်အပိန်အဖောင်းမဖြစ်အောင် အသက်အကြာကြီးအောင့်ထားရတာတွေပါနဲ့သတိကြီးကြီ းထားရတယ် သေတဲ့အခန်းရိုက်လို့ အိပ်နေရင်ပြီးရောမရဘူး (မျက်လုံးပွင့်ပြီးသေတဲ့မသာအခန်းရိုက်ရရင်ပိုဆိုးပါတယ် 🤣) ပင်ပန်းပါတယ်။”
“ထူးဆန်းတာကရိုက်ရင်းနဲ့ကိုယ့်ဟာကိုယ်သေလူလို့လုံးဝသတ်မှတ်လိုက်တယ် ပြီးတော့တရားမှတ်နေလိုက်တယ် ဘယ်သူဘာလုပ်လုပ်ဘာပြောပြော responseပြန်လုပ်ပေးစရာမှမလိုတော့တာ ငါသေနေပြီပဲဆိုပြီး၊ အဲ့အချိန်မှာပဲ ချက်ချင်းကြီးကျနော့်တစ်ကိုယ်လုံးဘာဝေဒနာမှစမခံစားရတော့သလိုပဲ ညောင်းကိုက်တာတွေ ဝေဒနာတွေ ခြေထောက်ကျဉ်လာတာတွေတစ်ခုမှမရှိတော့ဘူးဘေးက ညီမက အစ်ကိုအစ်ကိုဆိုပြီးလာဆွဲလှုပ်တာလည်းနည်းနည်းပဲသိတော့တယ် ထိရင်ထိတယ် ကြားရင်ကြားတယ်ပဲမှတ်နေမိတယ် တော်တော်ကြီးကို relax အဖြစ်ဆုံးအချိန်ပါ။ ဘယ်အချိန်မှာပဲထဆဲမိလည်းဆိုတော့ အသုဘချဖို့ကုတင်မလိုက်တဲ့အချိန်ကုတင်ကြီးစောင်းသွားပြီးကျနော်ဘေးတိုက်လျှောသွားမှပြုတ်ကျတော့မယ်ဆိုပြီး ထယောင်တာ 😁 လက်ထဲဘေးကို လှမ်းကုတ်တာမြန်လို့ မဟုတ်ရင်ကိုယ်တစ်ပိုင်းပြုတ်ကျလောက်တယ် 🤣🤣🤣
နောက်ဆုံးအားလုံးရိုက်အပြီးထလို့ရပြီဆိုလို့ထတော့ ညောင်းတာကိုက်တာနည်းနည်းမှမဖြစ်တဲ့အပြင် လူကပေါ့ပါးလန်းဆန်းနေတာပဲ အားအပြည့်နဲ့ စိတ်ကလည်းအတော်အေးချမ်းနေတာ၊ ရိုက်တဲ့လူတွေကတော့မျက်ရည်တွေနဲ့ … ရိုက်ပြီးတဲ့အချိန်မှာတော့ ညနေ ၅နာရီခွဲနီးပါးဖြစ်တော့မယ်ထင်တယ်။ အဲ့နေ့ကစပြီးတရားမှတ်ရတဲ့အရသာကိုသိသွားပြီးဆက်တိုက်လုပ်ဖြစ်တာ၊ ဒါပေမယ့်လည်း မနှစ်ကစပြီးဆဲစရာကိစ္စတွေကတောက်လျှောက်ပေါ်လာတာပဲ ကြာကြာထိန်းမရလိုက်ပါဘူး အရာအားလုံး အတွက်ဆရာဦးသီ (ဆေးဆရာကြီးအဘသီ) နဲ့ ဆရာအောင်ဗပါဝါကိုကျေးဇူးတင်ရှိခိုးကန်တော့ပါတယ်။ ” ဆိုပြီး သူ့ရဲ့အတွေ့အကြုံကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။
Source: Lynn Myat ‘s fb
Credit; Myanmar Celebrities