ပျားရည်ကို ရေနွေးနဲ့ဖျော်ပြီး မနက်တိုင်းသောက်ရင်

ပျားရည်ကို ရေနွေးနွေးနဲ့ သောက်ပေးတာက အထူးအဆန်းကြီးမဖြစ်နေပါဘူး။ ဒီအကြောင်းကို သိထားတာကြာလောက်ပြီထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျားရည်နဲ့ ရေနွေးနွေးတွဲသောက်တာက ဝိတ်ကျစေနိုင်တယ်ဆိုပြီး သိထားခဲ့ကြပါတယ်။

သိထားတဲ့ အချက်တွေ အမှန်ပဲလား ၊ မနက်တိုင်း ပျားရည်ကို ရေနွေးနွေးထဲ ထည့်သောက်ရင် ခန္ဓာကိုယ့်အတွင်းမှာဘာတွေဖြစ်လာနိုင်လဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) အစာချေစနစ်ကို ကောင်းမွန်စွာထောက်ပံ့ပေးနိုင်တယ်

ပျားရည်ရဲ့ ကောင်းကျိုးကတော့ ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးပြီး အစားချေစနစ်ကို ကျန်းမာစေပြီး ညီမျှစေပါတယ်။ သကြားအစားထိုး ပျားရည်သုံးပေးတာက ဆိုးရွားတွေ အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၂) ဝိတ်ကျစေနိုင်တယ်

ပျားရည် သောက်ပေးတာက ဝိတ်ကျစေပါတယ်။ ပျားရည်က အဆိပ်အတောက်တွေကို ဖျော်ချပေးပြီး အဆီတွေ ပျော်သွားစေပါတယ်။ ပျားရည်ကိုသောက်ပေးတာက ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်လို့ သင့်တော်ရုံ ပမာဏလောက်ကိုပဲ သောက်ပေးပါ။

(၃) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တယ်

ပျားရည်က ကလေး ၊ လူကြီးတွေရဲ့ အိပ်ပျော်စေနိုင်နှုန်းကို မြင့်တင်ပေးပါတယ်။ ချောင်းဆိုးလို့ အိပ်မပျော်ဖြစ်တာတွေကိုလည်း လျော့ချပေးပါတယ်။

(၄) ချောင်းဆိုးပျောက်စေတယ်

ပျားရည်က ကလေးတွေနဲ့ လူကြီးတွေမှာဖြစ်တတ်တဲ့ ချောင်းဆိုးတာတွေကို လျော့ကျစေပါတယ်။ အသက် (၁) နှစ်အထက်ကလေးငယ်ကို (၂.၅) ml လောက်ပဲသောက်ပေးနိုင်ပါတယ်။ အသက် ( ၁) နှစ်အောက်ငယ်တဲ့ ကလေးတွေကိုတော့ မတိုက်သင့်ပါဘူး။

Aunty may

 

Zawgyi





(၂) ၀ိတ်ကျစေနိုင်တယ်






Aunty may