ခ်စ္စရာေကာင္းတဲ့ အသံခ်ိဳခ်ိဳေလးကို ပိုင္ဆိုင္ထားတဲ့ မိန္းကေလး ေနာ္မာသထူးဝါးကို ပရိသတ္ႀကီးအားလုံးသိၿပီးသားျဖစ္မွာပါ။ စစ္ေဘးေရွာင္စခန္းကေနတဆင့္ ကိုရီးယားနိုင္ငံကိုေရာက္ရွိသြားခဲ့တဲ့ ေနာ္မာသထူးဝါးဟာ ကိုရီးယားနိုင္ငံမွာပဲ အဆိုေတာ္တစ္ေယာက္အျဖစ္ ရပ္တည္ေနသူေလးတစ္ေယာက္ပါပဲ။ ဒီကေန႔မွာေတာ့ ေနာ္မာသထူးဝါးရဲ့ ဆရာျဖစ္တဲ့ ေတးေရးစံပီးက သူ႔ရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ေနာ္မာသထူးဝါးမိခင္ရဲ့ စိုးရိမ္ဖြယ္ရာက်န္းမာေရးအေျခအေနအေၾကာင္းကို ပရိသတ္ေတြဆီ ေျပာျပလာ ခဲ့ပါတယ္။
စံပီးက “အထူးဆုေတာင္းခံခ်က္ တင္ျပျခင္း.. ကာယကံရွင္ရဲ့ ဆႏၵကို အရင္ေမးၿပီးမွ တင္ျခင္းျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ ခ်စ္ရတဲ့ သမီးေလး ေနာ္မာသထူးဝါး @ဖိုးမူႀကီး ရဲ့ မိခင္ မမိုင္ ဟာလြန္ခဲ့တဲ့ ႏွစ္အေတာ္ၾကာကတည္းက ကင္ဆာ ေဝဒနာ ခံစားခဲ့ရၿပီး ျပန္လည္သက္သာခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္မွာ ေဝဒနာျပန္လည္ခံစားေနရတဲ့အတြက္ လူ႔အေနနဲ႔ေတာ့ ေတာ္ေတာ္ေလး စိုးရိမ္ရတဲ့အေျခေနမွာ ရွိေနၿပီး ဆရာဝန္မ်ားကလည္း အေကာင္းဆုံး ႀကိဳးစားကုသေပးေနၾကပါတယ္။ ကၽြန္ေတာ္တို႔အားလုံး စိတ္သေဘာ တူညီစြာ ႏွလုံးသားမ်ားေပါင္းစည္းၿပီး အထူးဆုေတာင္းေပးၾကဖို႔ ေမတၱာရပ္ခံလိုပါတယ္။
ဖိုးမူႀကီးနဲ႔ ေမာင္ေလး ၂ ေယာက္အတြက္လည္း သတိရဆုေတာင္းေပးၾကရေအာင္ေနာ္။ အေနာေရ….အားတင္းထားေနာ္…ဘုရားတတ္နိုင္တယ္ေနာ္။ အျမန္ဆုံးက်န္းမာပါေစ…” ဆိုၿပီး သူ႔ရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အသိေပးလာခဲ့တာပဲျဖစ္ပါတယ္။ေနာ္မာသထူးဝါးကလည္း မိသားစုရဲ့သမီးႀကီးတစ္ေယာက္ပီပီ မိခင္ႀကီးက်န္းမာေရးအတြက္ အထူးစိုးရိမ္ေနလ်က္ရွိတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း ဖိုးမူႀကီးရဲ့ေမေမ အျမန္ဆုံးေနေကာင္းက်န္းမာလာေစဖို႔ ဆုေတာင္းေပးၾကပါဦးေနာ္။
Source: Sangpi ‘s fb
Credit ; Myanmar Celebrities
Unicode
ချစ်စရာကောင်းတဲ့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေး နော်မာသထူးဝါးကို ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ စစ်ဘေးရှောင်စခန်းကနေတဆင့် ကိုရီးယားနိုင်ငံကိုရောက်ရှိသွားခဲ့တဲ့ နော်မာသထူးဝါးဟာ ကိုရီးယားနိုင်ငံမှာပဲ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေသူလေးတစ်ယောက်ပါပဲ။ ဒီကနေ့မှာတော့ နော်မာသထူးဝါးရဲ့ ဆရာဖြစ်တဲ့ တေးရေးစံပီးက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ နော်မာသထူးဝါးမိခင်ရဲ့ စိုးရိမ်ဖွယ်ရာကျန်းမာရေးအခြေအနေအကြောင်းကို ပရိသတ်တွေဆီ ပြောပြလာ ခဲ့ပါတယ်။
စံပီးက “အထူးဆုတောင်းခံချက် တင်ပြခြင်း.. ကာယကံရှင်ရဲ့ ဆန္ဒကို အရင်မေးပြီးမှ တင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ချစ်ရတဲ့ သမီးလေး နော်မာသထူးဝါး @ဖိုးမူကြီး ရဲ့ မိခင် မမိုင် ဟာလွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက ကင်ဆာ ဝေဒနာ ခံစားခဲ့ရပြီး ပြန်လည်သက်သာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ ဝေဒနာပြန်လည်ခံစားနေရတဲ့အတွက် လူ့အနေနဲ့တော့ တော်တော်လေး စိုးရိမ်ရတဲ့အခြေနေမှာ ရှိနေပြီး ဆရာဝန်များကလည်း အကောင်းဆုံး ကြိုးစားကုသပေးနေကြပါတယ်။ ကျွန်တော်တို့အားလုံး စိတ်သဘော တူညီစွာ နှလုံးသားများပေါင်းစည်းပြီး အထူးဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
ဖိုးမူကြီးနဲ့ မောင်လေး ၂ ယောက်အတွက်လည်း သတိရဆုတောင်းပေးကြရအောင်နော်။ အနောရေ….အားတင်းထားနော်…ဘုရားတတ်နိုင်တယ်နော်။ အမြန်ဆုံးကျန်းမာပါစေ…” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။နော်မာသထူးဝါးကလည်း မိသားစုရဲ့သမီးကြီးတစ်ယောက်ပီပီ မိခင်ကြီးကျန်းမာရေးအတွက် အထူးစိုးရိမ်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဖိုးမူကြီးရဲ့မေမေ အမြန်ဆုံးနေကောင်းကျန်းမာလာစေဖို့ ဆုတောင်းပေးကြပါဦးနော်။
Source: Sangpi ‘s fb
Credit ; Myanmar Celebrities