မိခင်ဖြစ်သူစာမေးပွဲဖြေနေတာကို အပြင်ကနေ ငြိမ်သက်စွာ ၃နာရီအကြာ ထိုင်စောင့်ပေးနေခဲ့သော ကလေးမလေး…




Rain (For Ialinks)

 

Unicode

တရုတ်နိုင်ငံ Zhejiangပြည်နယ်တွင် နေထိုင်သော အသက်၂၀ကျော်အရွယ် မိခင်တစ်ဦးသည် အသက်ငယ်ငယ်လေးနှင့် အိမ်ထောင်ကျခဲ့ပြီး ခက်ခဲသောဘဝကို ကျော်လွှားဖို့ရန်အတွက် ဘွဲ့တစ်ခုကိုရအောင် ကြိုးစားရန် ဆုံးဖြတ်ခဲ့စဉ် ၃နှစ်အရွယ် သမီးလေးတစ်ယောက်ပင် ပိုင်ဆိုင်ထားပြီဖြစ်သည်။

မိခင်ဖြစ်သူသည် တက္ကသိုလ်တစ်ခုတွင် စာမေးပွဲလာရောက်ဖြေဆိုစဉ် တနင်္ဂနွေနေ့ ဖြစ်နေတာကြောင့် မူကြိုကျောင်းက ပိတ်ထားပြီး အိမ်မှာလည်း ခင်ပွန်းဖြစ်သူက စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ရသေးတာကြောင့် ကြည့်ပေးသမားမရှိ၍ ကျောင်းသို့ခေါ်လာပြီး အခန်းအပြင်မှာ တစ်ယောက်တည်း ထားခဲ့သည်။

ကလေးမလေးသည် ထိုင်ခုံလေးပေါ်မှာ ငြိမ်သက်စွာနဲ့ အသံလည်းမထွက်ရဲပဲ မိခင်ဖြစ်သူထွက်အလာမှာကို စိတ်ရှည်ရှည်နှင့် ငိုလည်းငိုမနေပဲ ထိုင်စောင့်နေသောပုံရိပ်လေးကို မြင်တွေ့သူများမှာ ကလေးမလေးအား အလိုက်သိစွာနေထိုင်တတ်မှုကြောင့် ချီးမွမ်းခဲ့ကြသည်။

Rain (For Ialinks)