႐ုပ္ရွင္႐ိုက္ကြင္းတစ္ခုမွာ
မင္းသမီးကို ကားတိုက္ၿပီး ေသရမယ့္
ဇာတ္ဝင္ခန္း႐ိုက္ဖို႔အတြက္ ရႉတင္မန္ေနဂ်ာက
အငွါးကား လိုက္ရွာရသတဲ့ ……..
႐ုပ္ရွင္႐ိုက္တာဆိုေတာ့ ဒါ႐ိုက္တာ
စိတ္တိုင္းမက်မခ်င္းအထပ္ထပ္ျပန္႐ိုက္ရမွာမို႔
အခ်ိန္ကုန္၊ရမယ့္ေငြက မစို႔မပို႔ဆိုေတာ့
taxi သမားေတြက သိပ္မလိုက္ခ်င္ၾကဘူး …
ရႉတင္မန္ေနဂ်ာလည္း မင္းသမီးကို
တိုက္မယ့္ကားရဖို႔ အခ်ိန္
အေတာ္ၾကာေအာင္ ရွာရင္း တိုင္ပတ္ေနတာေပါ့ …
အဲဒီထဲမွာ ႐ုပ္ရွင္ပိုးရွိတဲ့ ကားသမားတစ္ေယာက္က
ေက်ေက်နပ္နပ္လက္ခံၿပီး လိုက္လာသတဲ့။
သူပါရမယ့္ ဇာတ္ဝင္ခန္းက
ဘယ္လိုပုံစံလဲ ေမးေတာ့
မင္းသမီးကို ကားနဲ႔တိုက္မိတဲ့အခန္း ျဖစ္ေၾကာင္း
ရႉတင္မန္ေနဂ်ာက ေျပာျပတယ္။
ကားသမားက အဲဒါဆို သူလည္း ပါရမွာေပါ့ ….
သူ အေကာင္းဆုံး သ႐ုပ္ေဆာင္
ေပးပါ့မယ္ ဘာညာေျပာလာေတာ့ ရႉတင္မန္ေနဂ်ာ စိတ္ညစ္ရပါေရာ။
ဟုတ္တယ္ေလ၊ကားနဲ႔ မင္းသမီးကို တိုက္၊
မင္းသမီးက ေသြးအိုင္ထဲ လဲက်၊
မင္းသားေရာက္လာၿပီး ေပြ႕ထူ၊ စကားေတြေျပာ၊
ေဘးက လူေတြဝိုင္းအုံၾကည့္ၾကတယ့္ ဇာတ္ဝင္ခန္း
တစ္ခုမွာ ကားသမားရဲ႕ မ်က္ႏွာ ဘယ္ပါပါ့မလဲ ???
ဘယ္လိုလုပ္ၿပီး သ႐ုပ္ေဆာင္ဖို႔ အခြင့္အေရးရပါ့မလဲ?
တကယ္လိုအပ္တာက ကားပဲေလ …..
ရႉတင္မန္ေနဂ်ာကလည္း
သ႐ုပ္ေဆာင္ဖို႔ တက္ႂကြေနရွာတဲ့
ကားဆရာကို အားနာတာတစ္ေၾကာင္း၊
အငွါးကားေနာက္ထပ္ ထပ္ရွာဖို႔
မလြယ္တာကတစ္ေၾကာင္းမို႔
ကားဆရာကို ….
ခင္ဗ်ား သ႐ုပ္ေဆာင္ရမွာပါလို႔ လိမ္ေျပာလိုက္တယ္။
ဘယ္လိုလိမ္ေျပာသလဲဆိုေတာ့
မင္းသမီးကို ခင္ဗ်ားကားနဲ႔ တိုက္ၿပီးရင္
ကားတံခါးကိုဖြင့္ၿပီး
ေနာက္ကိုမၾကည့္စတမ္း ေျပးေပေတာ့ …
ခင္ဗ်ားေနာက္က လူအုပ္ႀကီးက
ဝိုင္း႐ိုက္ဖို႔ လိုက္လာမွာလို႔ၿဖီးလိုက္တယ္။
ကားသမားကေတာ့ စိတ္ခ် ဆရာ၊
သဘာဝ က်ေအာင္ ေျပးျပမယ္ဆိုၿပီး တက္ႂကြေနတယ္။
႐ိုက္ကြင္းေရာက္ေတာ့
ရီဟာဇယ္ခဏလုပ္ၿပီး ႐ုပ္ရွင္႐ိုက္ပါေလေရာ။
ကားသမားက သင္ထားတဲ့အတိုင္း
သူ႔ကားကိုမွန္မွန္ေလးေမာင္းလာ၊
ေျပးထြက္လာတဲ့ မင္းသမီးကို တိုက္၊
မင္းသမီးလဲက်သြားတာနဲ႔
ကားဆရာက တံခါးကို ဝုန္းကနဲဖြင့္ဆင္းၿပီး
ဖိနပ္ပါကြၽတ္က်န္ေအာင္
သုတ္ေျခတင္ေျပးေတာ့တာပဲ ….
အေၾကာင္းအရင္းမသိတဲ့ ႐ုပ္ရွင္အဖြဲ႕သားေတြက
အားလုံးေၾကာင္ၾကည့္ေနၾကတယ္ …..
ကားဆရာက အိုက္တင္မပီျပင္မွာစိုးလို႔
ေနာက္ကို လွည့္မၾကည့္ဘဲ
တန္းေနေအာင္ ေျပးခ်သြားလိုက္တာ
သူတို႔မၠၥိတစၧဳံးအထိပဲတဲ့ …..
သူ႔စိတ္ထဲမွာေတာ့ ေနာက္က ကင္မရာနဲ႔
လိုက္႐ိုက္ေနတယ္ ထင္ရွာမွာေပါ့။
ရႉတင္မန္ေနဂ်ာက
အက်ိဳးအေၾကာင္း ေျပာျပလိုက္ေတာ့မွ
ဒါ႐ိုက္တာအပါအဝင္ အဖြဲ႕သားအားလုံး
တဝါးဝါး ပြဲက်ေအာင္ ရယ္ၾကသတဲ့။
အေတာ္ေလးၾကာမွ ေခြၽးသံ႐ႊဲ႐ႊဲနဲ႔ ကားသမား
ျပန္ေရာက္လာၿပီး
(ဘယ့္ႏွယ္လဲ ဆရာတို႔၊ ကြၽန္ေတာ္ ေျပးတဲ့
အိုက္တင္ ပီျပင္လား၊ အဆင္ေျပလား)ေမးသတဲ့။
ကားဆရာကို သနားလည္းသနား၊
အားလည္းနာသြားတဲ့ ဒါ႐ိုက္တာက
(ခင္ဗ်ား အိုက္တင္ အရမ္းေကာင္းတယ္)
ဘာညာနဲ႔ ႏွစ္သိမ့္ အားေပးလိုက္ရသတဲ့။
ဇာတ္လမ္းက ဒီအထိေတာ့ ၿပဳံးစရာပါပဲ။
ေနာက္ဆုံးပိတ္စာေၾကာင္းေလးကို ဖတ္ရမွ
စာဖတ္သူကြၽန္ေတာ္လည္း ၿပဳံးရာကေန
ငိုင္ေတြသြားမိေတာ့တယ္။
(ကြၽန္ေတာ္တို႔ေရာ ဘဝမွာ
ကိုယ္မပါတဲ့အခန္းအတြက္
ဘယ္ေလာက္မ်ား ေျပးခဲ့ၾကၿပီးၿပီလဲ)…..တဲ့။
ကိုယ့္ကို ”အေပ်ာ္ေပးေဆာ့တဲ့” လူေတြအတြက္၊
” ထမင္းသိုး ဟင္းသိုး” လို႔ သေဘာထားၾကတဲ့
ပတ္ဝန္းက်င္အတြက္ …..
ကိုယ့္ရဲ႕ ပါဝင္ႀကိဳးပမ္းမႈကို အသိအမွတ္
မျပဳၾကတဲ့ အသိုင္းအဝိုင္းအတြက္
ကြၽန္ေတာ္တို႔ ဘယ္ႏွႀကိမ္ကစားေပးခဲ့ရၿပီလဲ ???
ခြန္အားေတြ၊ေခြၽးစက္ေတြ
ဘယ္ေလာက္ေတာင္မ်ား ေပးဆပ္ခဲ့ရၿပီလဲ????
ေျပးရင္း ကစားရင္း ေမာလာလို႔
ခဏနားခ်ိန္မွာ စဥ္းစားၾကည့္ၾကပါဦး။
Credit – နီကိုရဲ
Unicode
ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ
မင်းသမီးကို ကားတိုက်ပြီး သေရမယ့်
ဇာတ်ဝင်ခန်းရိုက်ဖို့အတွက် ရှူတင်မန်နေဂျာက
အငှါးကား လိုက်ရှာရသတဲ့ ……..
ရုပ်ရှင်ရိုက်တာဆိုတော့ ဒါရိုက်တာ
စိတ်တိုင်းမကျမချင်းအထပ်ထပ်ပြန်ရိုက်ရမှာမို့
အချိန်ကုန်၊ရမယ့်ငွေက မစို့မပို့ဆိုတော့
taxi သမားတွေက သိပ်မလိုက်ချင်ကြဘူး …
ရှူတင်မန်နေဂျာလည်း မင်းသမီးကို
တိုက်မယ့်ကားရဖို့ အချိန်
အတော်ကြာအောင် ရှာရင်း တိုင်ပတ်နေတာပေါ့ …
အဲဒီထဲမှာ ရုပ်ရှင်ပိုးရှိတဲ့ ကားသမားတစ်ယောက်က
ကျေကျေနပ်နပ်လက်ခံပြီး လိုက်လာသတဲ့။
သူပါရမယ့် ဇာတ်ဝင်ခန်းက
ဘယ်လိုပုံစံလဲ မေးတော့
မင်းသမီးကို ကားနဲ့တိုက်မိတဲ့အခန်း ဖြစ်ကြောင်း
ရှူတင်မန်နေဂျာက ပြောပြတယ်။
ကားသမားက အဲဒါဆို သူလည်း ပါရမှာပေါ့ ….
သူ အကောင်းဆုံး သရုပ်ဆောင်
ပေးပါ့မယ် ဘာညာပြောလာတော့ ရှူတင်မန်နေဂျာ စိတ်ညစ်ရပါရော။
ဟုတ်တယ်လေ၊ကားနဲ့ မင်းသမီးကို တိုက်၊
မင်းသမီးက သွေးအိုင်ထဲ လဲကျ၊
မင်းသားရောက်လာပြီး ပွေ့ထူ၊ စကားတွေပြော၊
ဘေးက လူတွေဝိုင်းအုံကြည့်ကြတယ့် ဇာတ်ဝင်ခန်း
တစ်ခုမှာ ကားသမားရဲ့ မျက်နှာ ဘယ်ပါပါ့မလဲ ???
ဘယ်လိုလုပ်ပြီး သရုပ်ဆောင်ဖို့ အခွင့်အရေးရပါ့မလဲ?
တကယ်လိုအပ်တာက ကားပဲလေ …..
ရှူတင်မန်နေဂျာကလည်း
သရုပ်ဆောင်ဖို့ တက်ကြွနေရှာတဲ့
ကားဆရာကို အားနာတာတစ်ကြောင်း၊
အငှါးကားနောက်ထပ် ထပ်ရှာဖို့
မလွယ်တာကတစ်ကြောင်းမို့
ကားဆရာကို ….
ခင်ဗျား သရုပ်ဆောင်ရမှာပါလို့ လိမ်ပြောလိုက်တယ်။
ဘယ်လိုလိမ်ပြောသလဲဆိုတော့
မင်းသမီးကို ခင်ဗျားကားနဲ့ တိုက်ပြီးရင်
ကားတံခါးကိုဖွင့်ပြီး
နောက်ကိုမကြည့်စတမ်း ပြေးပေတော့ …
ခင်ဗျားနောက်က လူအုပ်ကြီးက
ဝိုင်းရိုက်ဖို့ လိုက်လာမှာလို့ဖြီးလိုက်တယ်။
ကားသမားကတော့ စိတ်ချ ဆရာ၊
သဘာဝ ကျအောင် ပြေးပြမယ်ဆိုပြီး တက်ကြွနေတယ်။
ရိုက်ကွင်းရောက်တော့
ရီဟာဇယ်ခဏလုပ်ပြီး ရုပ်ရှင်ရိုက်ပါလေရော။
ကားသမားက သင်ထားတဲ့အတိုင်း
သူ့ကားကိုမှန်မှန်လေးမောင်းလာ၊
ပြေးထွက်လာတဲ့ မင်းသမီးကို တိုက်၊
မင်းသမီးလဲကျသွားတာနဲ့
ကားဆရာက တံခါးကို ဝုန်းကနဲဖွင့်ဆင်းပြီး
ဖိနပ်ပါကျွတ်ကျန်အောင်
သုတ်ခြေတင်ပြေးတော့တာပဲ ….
အကြောင်းအရင်းမသိတဲ့ ရုပ်ရှင်အဖွဲ့သားတွေက
အားလုံးကြောင်ကြည့်နေကြတယ် …..
ကားဆရာက အိုက်တင်မပီပြင်မှာစိုးလို့
နောက်ကို လှည့်မကြည့်ဘဲ
တန်းနေအောင် ပြေးချသွားလိုက်တာ
သူတို့မ္က္စိတစ္ဆုံးအထိပဲတဲ့ …..
သူ့စိတ်ထဲမှာတော့ နောက်က ကင်မရာနဲ့
လိုက်ရိုက်နေတယ် ထင်ရှာမှာပေါ့။
ရှူတင်မန်နေဂျာက
အကျိုးအကြောင်း ပြောပြလိုက်တော့မှ
ဒါရိုက်တာအပါအဝင် အဖွဲ့သားအားလုံး
တဝါးဝါး ပွဲကျအောင် ရယ်ကြသတဲ့။
အတော်လေးကြာမှ ချွေးသံရွှဲရွှဲနဲ့ ကားသမား
ပြန်ရောက်လာပြီး
(ဘယ့်နှယ်လဲ ဆရာတို့၊ ကျွန်တော် ပြေးတဲ့
အိုက်တင် ပီပြင်လား၊ အဆင်ပြေလား)မေးသတဲ့။
ကားဆရာကို သနားလည်းသနား၊
အားလည်းနာသွားတဲ့ ဒါရိုက်တာက
(ခင်ဗျား အိုက်တင် အရမ်းကောင်းတယ်)
ဘာညာနဲ့ နှစ်သိမ့် အားပေးလိုက်ရသတဲ့။
ဇာတ်လမ်းက ဒီအထိတော့ ပြုံးစရာပါပဲ။
နောက်ဆုံးပိတ်စာကြောင်းလေးကို ဖတ်ရမှ
စာဖတ်သူကျွန်တော်လည်း ပြုံးရာကနေ
ငိုင်တွေသွားမိတော့တယ်။
(ကျွန်တော်တို့ရော ဘဝမှာ
ကိုယ်မပါတဲ့အခန်းအတွက်
ဘယ်လောက်များ ပြေးခဲ့ကြပြီးပြီလဲ)…..တဲ့။
ကိုယ့်ကို ”အပျော်ပေးဆော့တဲ့” လူတွေအတွက်၊
” ထမင်းသိုး ဟင်းသိုး” လို့ သဘောထားကြတဲ့
ပတ်ဝန်းကျင်အတွက် …..
ကိုယ့်ရဲ့ ပါဝင်ကြိုးပမ်းမှုကို အသိအမှတ်
မပြုကြတဲ့ အသိုင်းအဝိုင်းအတွက်
ကျွန်တော်တို့ ဘယ်နှကြိမ်ကစားပေးခဲ့ရပြီလဲ ???
ခွန်အားတွေ၊ချွေးစက်တွေ
ဘယ်လောက်တောင်များ ပေးဆပ်ခဲ့ရပြီလဲ????
ပြေးရင်း ကစားရင်း မောလာလို့
ခဏနားချိန်မှာ စဉ်းစားကြည့်ကြပါဦး။
Credit – နီကိုရဲ