သမီးဖြစ်သူအတွက် အိမ်ရောင်းပြီးတော့ အမေရိကန်လွှတ်လိုက်ပေမဲ့ ၁၀နှစ်ကြာတောင်ပြန်မလာတဲ့အခါ
အသက် ရ၉နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ အမျိုးသမီးကွယ်လွန်သွားပြီး ကတည်းကနေ သမီး၂ယောက်နဲ့ အတူ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့လေးမှာ နေထိုင်ခဲ့တာပါ။
ဇနီးသည်မရှိတော့တဲ့အတွက် သမီး၂ယောက်ကို အဖေတစ်သူဖြစ်ယောက်တည်းကပဲ ထိန်းကျောင်းပြီး ပညာရေးကိုလည်း လိုလားသူဖြစ်တာကြောင့်ဘဲ ပညာရေးဆုံးခမ်းတိုင်အောင်ထားပေးခဲ့တာပါ။ဘွဲ့ရပြီးတဲ့အခါမှာတော့
သမီး၂ယောက်ကို ပြည်ပတက္ကသိုလ်မှာ ပညာဆက်သင်ဖို့ အတွက် သူတို့နေတဲ့ အိမ်လေးကို ရောင်းချခဲ့ပါတယ်နော်။ အဲ့ဒီနောက် မှာ ဈေးသက်သက်သာသာနဲ့ရတဲ့ အိမ်သေးလေးတစ်လုံးဆီ ပြောင်းရွေ့နေထိုင်ခဲ့ပြီးတော့ လမ်းပေါ်မှာ
ကော်ဖီရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တာပါ။ ၂၀၀၉ခုနှစ်မှာ သမီးဖြစ်သူက အဖေဖြစ်သူကို ထားခဲ့ပြီးနောက် အမေရိကန်မှာ ကျောင်းဆက်တက်ဖို့ ထွက်လာခဲ့ပါတယ်။
အဖေဖြစ်သူရဲ့ မျှော်လင့်ချက်ကတော့ သူရဲ့ သမီးနှစ်ယောက်ဟာ ပြည်ပမှာ ပညာတွေသင်ပြီးတော့ အလုပ်အကိုင်ကောင်းကောင်းနဲ့ သူဆီကို ပြန်လာခဲ့မယ်လို့ ထင်ထားခဲ့မိပါတယ်။
အခုဆိုရင် သူ့ရဲ့ သမီးတွေဟာ ဒေါက်တာတွေ၊ ပါမောက္ခတွေ အသီးသီးဖြစ်နေပါပြီတဲ့။ ဒါပေမဲ့ ဒေါက်တာတွေ၊ ပါမောက္ခတွေဖြစ်နေတယ်ဆိုတဲ့ သတင်းကို သာကြားသိရပြီး တစ်ယောက်မှ သူ့ဆီကို ပြန်မလာခဲ့ပါဘူးတဲ့။ ဒါ့ကြောင့်
အဖေဖြစ်သူက သူ့ရဲ့ သမီးတွေရှိတဲ့ အမေရိကန် ကို လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။Duyen အဖြစ် လူသိများတဲ့ ဖိခင်ဖြစ်သူဟာ သမီးတွေဆီသွားဖို့ လေယာဉ်လက်မှတ်ဖိုး ကုန်ကျစရိတ်အတွက် လမ်းမပေါ်မှာ
ဆိုင်ကယ်တစ်စီးနဲ့ကော်ဖီရောင်းပြီး ငွေစုနေပါတယ်နော်။ သူ့ရဲ့ ဆိုင်ကယ်မှာလည်း မတ်လ ၅ရက်နေ့ကနေ ဧပြီလ ၂၁ရက်နေ့အထိ ၄၈ရက်တိတိ ဆိုင်ပိတ်တယ်ဆိုတဲ့ ဆိုင်းဘုတ်လေးကိုလည်း ဆိုင်ကယ်မှာ ချိတ်ဆွဲထားသေးတယ်တဲ့။
အမေရိကန်ကို သွားဖို့ ကြီးကြီးမားမားလက်ဆောင် တွေတော့မပါပါဘူး။ သူရောင်းနေတဲ့ ကော်ဖီစေ့ ၃ကီလိုဂရမ်တော့ ယူသွားမယ်လို့လည်းဆိုပါတယ်။Duyen ကတော့ သားသမီးတွေ ၁၀ကြာတာတောင် သူဆီပြန်မလာပေမဲ့ သူကတော့
စိတ်မဆိုးပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ သားသမီးတွေဟာ သူ့အတွက်တော့ အကြီးမားဆုံး ရတနာလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။ အခု Duyen သွားတဲ့ခရီးမှာ
သူ့ရဲ့ သားသမီးတွေက ကြည်ကြည်ဖြူဖြူနဲ့ ကြိုဆိုပြီး သားဖတွေအတူ ပေါင်းဖက်နိုင်ပါစေလို့ Duyen ရဲ့ ကော်ဖီကို အားပေးတဲ့ ဖောက်သည်တွေက ဆန္ဒပြုပေးကြပါတယ်နော်
Credit
zawgyi
သမီးျဖစ္သူအတြက္ အိမ္ေရာင္းၿပီးေတာ့ အေမရိကန္လႊတ္လိုက္ေပမဲ့ ၁၀ႏွစ္ၾကာေတာင္ျပန္မလာတဲ့အခါ
အသက္ ရ၉ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကေတာ့ အမ်ိဳးသမီးကြယ္လြန္သြားၿပီး ကတည္းကေန သမီး၂ေယာက္နဲ႔ အတူ ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕ေလးမွာ ေနထိုင္ခဲ့တာပါ။
ဇနီးသည္မရွိေတာ့တဲ့အတြက္ သမီး၂ေယာက္ကို အေဖတစ္သူျဖစ္ေယာက္တည္းကပဲ ထိန္းေက်ာင္းၿပီး ပညာေရးကိုလည္း လိုလားသူျဖစ္တာေၾကာင့္ဘဲ ပညာေရးဆုံးခမ္းတိုင္ေအာင္ထားေပးခဲ့တာပါ။ဘြဲ႕ရၿပီးတဲ့အခါမွာေတာ့
သမီး၂ေယာက္ကို ျပည္ပတကၠသိုလ္မွာ ပညာဆက္သင္ဖို႔ အတြက္ သူတို႔ေနတဲ့ အိမ္ေလးကို ေရာင္းခ်ခဲ့ပါတယ္ေနာ္။ အဲ့ဒီေနာက္ မွာ ေဈးသက္သက္သာသာနဲ႔ရတဲ့ အိမ္ေသးေလးတစ္လုံးဆီ ေျပာင္းေ႐ြ႕ေနထိုင္ခဲ့ၿပီးေတာ့ လမ္းေပၚမွာ
ေကာ္ဖီေရာင္းတဲ့ အလုပ္ကို လုပ္ကိုင္ခဲ့တာပါ။ ၂၀၀၉ခုႏွစ္မွာ သမီးျဖစ္သူက အေဖျဖစ္သူကို ထားခဲ့ၿပီးေနာက္ အေမရိကန္မွာ ေက်ာင္းဆက္တက္ဖို႔ ထြက္လာခဲ့ပါတယ္။
အေဖျဖစ္သူရဲ႕ ေမွ်ာ္လင့္ခ်က္ကေတာ့ သူရဲ႕ သမီးႏွစ္ေယာက္ဟာ ျပည္ပမွာ ပညာေတြသင္ၿပီးေတာ့ အလုပ္အကိုင္ေကာင္းေကာင္းနဲ႔ သူဆီကို ျပန္လာခဲ့မယ္လို႔ ထင္ထားခဲ့မိပါတယ္။
အခုဆိုရင္ သူ႔ရဲ႕ သမီးေတြဟာ ေဒါက္တာေတြ၊ ပါေမာကၡေတြ အသီးသီးျဖစ္ေနပါၿပီတဲ့။ ဒါေပမဲ့ ေဒါက္တာေတြ၊ ပါေမာကၡေတြျဖစ္ေနတယ္ဆိုတဲ့ သတင္းကို သာၾကားသိရၿပီး တစ္ေယာက္မွ သူ႔ဆီကို ျပန္မလာခဲ့ပါဘူးတဲ့။ ဒါ့ေၾကာင့္
အေဖျဖစ္သူက သူ႔ရဲ႕ သမီးေတြရွိတဲ့ အေမရိကန္ ကို လိုက္သြားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။Duyen အျဖစ္ လူသိမ်ားတဲ့ ဖိခင္ျဖစ္သူဟာ သမီးေတြဆီသြားဖို႔ ေလယာဥ္လက္မွတ္ဖိုး ကုန္က်စရိတ္အတြက္ လမ္းမေပၚမွာ
ဆိုင္ကယ္တစ္စီးနဲ႔ေကာ္ဖီေရာင္းၿပီး ေငြစုေနပါတယ္ေနာ္။ သူ႔ရဲ႕ ဆိုင္ကယ္မွာလည္း မတ္လ ၅ရက္ေန႔ကေန ဧၿပီလ ၂၁ရက္ေန႔အထိ ၄၈ရက္တိတိ ဆိုင္ပိတ္တယ္ဆိုတဲ့ ဆိုင္းဘုတ္ေလးကိုလည္း ဆိုင္ကယ္မွာ ခ်ိတ္ဆြဲထားေသးတယ္တဲ့။
အေမရိကန္ကို သြားဖို႔ ႀကီးႀကီးမားမားလက္ေဆာင္ ေတြေတာ့မပါပါဘူး။ သူေရာင္းေနတဲ့ ေကာ္ဖီေစ့ ၃ကီလိုဂရမ္ေတာ့ ယူသြားမယ္လို႔လည္းဆိုပါတယ္။Duyen ကေတာ့ သားသမီးေတြ ၁၀ၾကာတာေတာင္ သူဆီျပန္မလာေပမဲ့ သူကေတာ့
စိတ္မဆိုးပါဘူးတဲ့။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ သားသမီးေတြဟာ သူ႔အတြက္ေတာ့ အႀကီးမားဆုံး ရတနာေလးေတြျဖစ္တယ္လို႔ ဆိုပါတယ္။ အခု Duyen သြားတဲ့ခရီးမွာ
သူ႔ရဲ႕ သားသမီးေတြက ၾကည္ၾကည္ျဖဴျဖဴနဲ႔ ႀကိဳဆိုၿပီး သားဖေတြအတူ ေပါင္းဖက္ႏိုင္ပါေစလို႔ Duyen ရဲ႕ ေကာ္ဖီကို အားေပးတဲ့ ေဖာက္သည္ေတြက ဆႏၵျပဳေပးၾကပါတယ္ေနာ္
Credit