စႏၵာ (၂၂ မတ္ ၁၉၄၉–၂၃ ဒီဇင္ဘာ ၂၀၀၆) သည္ ျမန္မာ အမ်ိဳးသမီး ႐ုပ္ရွင္သ႐ုပ္ေဆာင္ တစ္ဦး ျဖစ္သည္။
စႏၵာကို ၂၂ မတ္ ၁၉၄၉ တြင္ ရန္ကုန္ၿမိဳ႕၌ ဦးျမေမာင္၊ ေဒၚမာလာျမင့္တို႔က ဖြားျမင္ၿပီး၊ ငယ္မည္ စာဥ ျဖစ္ၿပီး ေမြးခ်င္းမ်ားအနက္ စတုတၳေျမာက္ ျဖစ္သည္။
ေဒၚခင္ဦးေမာ္၊ ေဒၚဝင္းမာ၊ တိုးၫြန႔္ (ေ႐ႊေဂါင္းေျပာင္)၊ စႏၵာႏွင့္ ဦးျမေဇာ္(ဖူဂ်ီ)တို႔သည္ ေမြးခ်င္းမ်ား ျဖစ္သည္။
မိခင္ေက်ာင္း – စိန႔္ဖလိုမီနာေက်ာင္း
အလုပ္အကိုင္ – ႐ုပ္ရွင္သ႐ုပ္ေဆာင္
မိဘ(မ်ား) – ဦးျမေမာင္၊ ေဒၚမာလာျမင့္
ရရွိသည့္ဆုမ်ား – အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ေဆာင္ဆု (၁၉၆၇)
အႏုပညာလႈပ္ရွားမႈ
ငယ္စဥ္ကပင္ ႐ုပ္ရွင္ဇာတ္ကားအခ်ိဳ႕၌ ပါဝင္သ႐ုပ္ေဆာင္သည္။ ရတနာပုံ (၁၉၅၃)၊ ဖိုးၿပဳံးခ်ိဳ (၁၉၅၅) စသည့္ ဇာတ္ကားမ်ားတြင္ အစ္မျဖစ္သူ ဝင္းမာ၏ ငယ္ဘဝ သ႐ုပ္ေဆာင္သည္။
ေနာက္ အေက်ာ္အေမာ္၊ ေႏွာင္းသစၥာ၊ စြဲတဲ့ ေမတၱာ၊ ေမတၱာေ႐ႊရည္၊ မင္းထင္ေ႐ႊမွန္ စသည့္ ဇာတ္ကားမ်ားတြင္ ကေလး သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့သည္။
ထိုစဥ္က စိန႔္ဖလိုမီနာ (အ.ထ.က(၂)စမ္းေခ်ာင္း) တြင္ ပညာသင္ယူရင္း သ႐ုပ္ေဆာင္အလုပ္ တဖက္ လုပ္ေဆာင္ျခင္း ျဖစ္သည္။
၁၉၆၇ တြင္ ဒါ႐ိုက္တာ ဦးတင္ေမာင္၏ ျမေဇာ္ဖလင္းအတြက္ ႐ိုက္ကူးသည့္ ႏွစ္မႊာအသည္း ဇာတ္ကား၌ စႏၵာအမည္ျဖင့္ အဓိကဇာတ္ေဆာင္ေနရာမွ ႏွစ္ကိုယ္ခြဲအသြင္ ပါဝင္ရၿပီး အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရသည္။
ႏွစ္မႊာအသည္းသည္ ဒါ႐ိုက္တာဆုႏွင့္ ဓာတ္ပုံဆုမ်ားလည္း ရသည္။ ယင္းဇာတ္ကားတြင္ စႏၵာက ဆံပင္တိုျဖင့္ ေယာက္်ားေလးပုံစံအတိုင္း သ႐ုပ္ေဆာင္မႈမ်ား ရွိရာ ထိုေခတ္ကာလ မိန္းကေလးငယ္မ်ား စႏၵာဆံပင္ လိုက္ထားၾကသည္အထိ လႊမ္းမိုးသည္။
ေမတၱာ ဇာတ္လမ္းမွ စ၍ သ႐ုပ္ေဆာင္ ေက်ာ္ဟိန္းႏွင့္ တြဲဖက္ သ႐ုပ္ေဆာင္ၿပီး ေမတၱာမွ် အေၾကာင္းပါသည္။
တခ်က္ခုတ္ ႏွစ္ခ်က္ျပတ္၊ ဖူးစာလမ္းဆုံ၊ အ႐ြယ္႐ိုင္း စသည့္ ဇာတ္ကားအမ်ားအျပားတြင္ ပါဝင္သ႐ုပ္ေဆာင္သည္။
ေက်ာ္ဟိန္းႏွင့္ အိမ္ေထာင္ေရး အဆင္မေျပ ျဖစ္ၿပီးေနာက္ လမ္းခြဲခဲ့ရာ ေနာက္ပိုင္းတြင္ ႐ုပ္ရွင္ဇာတ္ကားမ်ား၌ ပါဝင္မႈ နည္းသြားသည္။
႐ုပ္ရွင္ေလာကမွ အခ်ိန္ အတန္ၾကာ ေပ်ာက္ကြယ္ ၿပီးေနာက္ အစ္ကိုျဖစ္သူ တိုးၫြန႔္၏ ေ႐ႊေဂါင္းေျပာင္ ဇာတ္ကားတြင္ မင္းသား ဝင္းလႈိင္ႏွင့္ တြဲဖက္ ျပန္လည္ သ႐ုပ္ေဆာင္သည္။
႐ူပမာလာတြင္လည္း သမန္းက်ားကိုျမင့္ႏွင့္ တြဲဖက္ သ႐ုပ္ေဆာင္သည္။
ေနာက္ပိုင္း မင္းသားေဇာ္လင္းႏွင့္ အိမ္ေထာင္ျပဳၿပီး သ႐ုပ္ေဆာင္အျဖစ္မွ အနားယူသည္။ ဒါ႐ိုက္တာ ေမာင္ႏွင္းမိုး၏ မယ္သီတာလို မိန္းကေလး ေဆးေရာင္စုံ ဇာတ္ကားတြင္ ရန္ေအာင္၊ မို႔မို႔ျမင့္ေအာင္တို႔ႏွင့္အတူ အစ္မႀကီး ေနရာမွ ေနာက္ဆုံး သ႐ုပ္ေဆာင္ခဲ့သည္။
ကြယ္လြန္ျခင္း
စႏၵာအမည္ျဖင့္ ငယ္စဥ္ဘဝကပင္ ျပည္သူအမ်ား ခ်စ္ခင္ျခင္းကို ခံရေသာ ေဒၚစန္းစန္းရွင္သည္ အသက္ ၅၈ အ႐ြယ္ ၂၃ ဒီဇင္ဘာ ၂၀၀၆ တြင္ ကြယ္လြန္သည္။
ကိုးကား
တင္ႏိုင္တိုး (ေဖေဖာ္ဝါရီလ၊ ၂၀၁၃)။ ပါလီမန္ေခတ္ ထင္ေပၚေက်ာ္ၾကား ျမန္မာအမ်ိဳးသမီးမ်ား။ မဇၩိမစာေပ။
ခရက္ဒစ္…ဝီကီပီးဒီးယား
ျပန္လည္မွ်ေဝပါသည္ ။
Unicode
စန္ဒာ (၂၂ မတ် ၁၉၄၉–၂၃ ဒီဇင်ဘာ ၂၀၀၆) သည် မြန်မာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်သည်။
စန္ဒာကို ၂၂ မတ် ၁၉၄၉ တွင် ရန်ကုန်မြို့၌ ဦးမြမောင်၊ ဒေါ်မာလာမြင့်တို့က ဖွားမြင်ပြီး၊ ငယ်မည် စာဥ ဖြစ်ပြီး မွေးချင်းများအနက် စတုတ္ထမြောက် ဖြစ်သည်။
ဒေါ်ခင်ဦးမော်၊ ဒေါ်ဝင်းမာ၊ တိုးညွန့် (ရွှေဂေါင်းပြောင်)၊ စန္ဒာနှင့် ဦးမြဇော်(ဖူဂျီ)တို့သည် မွေးချင်းများ ဖြစ်သည်။
မိခင်ကျောင်း – စိန့်ဖလိုမီနာကျောင်း
အလုပ်အကိုင် – ရုပ်ရှင်သရုပ်ဆောင်
မိဘ(များ) – ဦးမြမောင်၊ ဒေါ်မာလာမြင့်
ရရှိသည့်ဆုများ – အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု (၁၉၆၇)
အနုပညာလှုပ်ရှားမှု
ငယ်စဉ်ကပင် ရုပ်ရှင်ဇာတ်ကားအချို့၌ ပါဝင်သရုပ်ဆောင်သည်။ ရတနာပုံ (၁၉၅၃)၊ ဖိုးပြုံးချို (၁၉၅၅) စသည့် ဇာတ်ကားများတွင် အစ်မဖြစ်သူ ဝင်းမာ၏ ငယ်ဘဝ သရုပ်ဆောင်သည်။
နောက် အကျော်အမော်၊ နှောင်းသစ္စာ၊ စွဲတဲ့ မေတ္တာ၊ မေတ္တာရွှေရည်၊ မင်းထင်ရွှေမှန် စသည့် ဇာတ်ကားများတွင် ကလေး သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။
ထိုစဉ်က စိန့်ဖလိုမီနာ (အ.ထ.က(၂)စမ်းချောင်း) တွင် ပညာသင်ယူရင်း သရုပ်ဆောင်အလုပ် တဖက် လုပ်ဆောင်ခြင်း ဖြစ်သည်။
၁၉၆၇ တွင် ဒါရိုက်တာ ဦးတင်မောင်၏ မြဇော်ဖလင်းအတွက် ရိုက်ကူးသည့် နှစ်မွှာအသည်း ဇာတ်ကား၌ စန္ဒာအမည်ဖြင့် အဓိကဇာတ်ဆောင်နေရာမှ နှစ်ကိုယ်ခွဲအသွင် ပါဝင်ရပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရသည်။
နှစ်မွှာအသည်းသည် ဒါရိုက်တာဆုနှင့် ဓာတ်ပုံဆုများလည်း ရသည်။ ယင်းဇာတ်ကားတွင် စန္ဒာက ဆံပင်တိုဖြင့် ယောက်ျားလေးပုံစံအတိုင်း သရုပ်ဆောင်မှုများ ရှိရာ ထိုခေတ်ကာလ မိန်းကလေးငယ်များ စန္ဒာဆံပင် လိုက်ထားကြသည်အထိ လွှမ်းမိုးသည်။
မေတ္တာ ဇာတ်လမ်းမှ စ၍ သရုပ်ဆောင် ကျော်ဟိန်းနှင့် တွဲဖက် သရုပ်ဆောင်ပြီး မေတ္တာမျှ အကြောင်းပါသည်။
တချက်ခုတ် နှစ်ချက်ပြတ်၊ ဖူးစာလမ်းဆုံ၊ အရွယ်ရိုင်း စသည့် ဇာတ်ကားအများအပြားတွင် ပါဝင်သရုပ်ဆောင်သည်။
ကျော်ဟိန်းနှင့် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ပြီးနောက် လမ်းခွဲခဲ့ရာ နောက်ပိုင်းတွင် ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်မှု နည်းသွားသည်။
ရုပ်ရှင်လောကမှ အချိန် အတန်ကြာ ပျောက်ကွယ် ပြီးနောက် အစ်ကိုဖြစ်သူ တိုးညွန့်၏ ရွှေဂေါင်းပြောင် ဇာတ်ကားတွင် မင်းသား ဝင်းလှိုင်နှင့် တွဲဖက် ပြန်လည် သရုပ်ဆောင်သည်။
ရူပမာလာတွင်လည်း သမန်းကျားကိုမြင့်နှင့် တွဲဖက် သရုပ်ဆောင်သည်။
နောက်ပိုင်း မင်းသားဇော်လင်းနှင့် အိမ်ထောင်ပြုပြီး သရုပ်ဆောင်အဖြစ်မှ အနားယူသည်။ ဒါရိုက်တာ မောင်နှင်းမိုး၏ မယ်သီတာလို မိန်းကလေး ဆေးရောင်စုံ ဇာတ်ကားတွင် ရန်အောင်၊ မို့မို့မြင့်အောင်တို့နှင့်အတူ အစ်မကြီး နေရာမှ နောက်ဆုံး သရုပ်ဆောင်ခဲ့သည်။
ကွယ်လွန်ခြင်း
စန္ဒာအမည်ဖြင့် ငယ်စဉ်ဘဝကပင် ပြည်သူအများ ချစ်ခင်ခြင်းကို ခံရသော ဒေါ်စန်းစန်းရှင်သည် အသက် ၅၈ အရွယ် ၂၃ ဒီဇင်ဘာ ၂၀၀၆ တွင် ကွယ်လွန်သည်။
ကိုးကား
တင်နိုင်တိုး (ဖေဖော်ဝါရီလ၊ ၂၀၁၃)။ ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ။ မဇ္ဈိမစာပေ။
ခရက်ဒစ်…ဝီကီပီးဒီးယား
ပြန်လည်မျှဝေပါသည် ။