ပိုက္ဆံတစ္ရာ ႏွစ္ရာမွသည္ တစ္သိန္း ႏွစ္သိန္းအထိပိုက္ဆံဟာ ပိုက္ဆံပါပဲ။
အေခ်းခံရတဲ့သူက ဘာမွမရွိလို႔ျပန္မေတာင္းရင္ ဒါမွမဟုတ္ မသိခ်င္ေယာင္ေဆာင္ေနရင္ေတာင္ ေခ်းတဲ့သူက အလိုက္တသိနဲ႔ ေသခ်ာျပန္ေပးရပါမယ္။
ျဖစ္ႏိုင္ရင္ေတာ့ ဘယ္သူမွ ေခ်းရတာေရာ၊ေခ်းေပးတာေရာကို မလုပ္ခ်င္ၾကပါဘူး။
ေခ်းလာတဲ့သူရွိလို႔သာ အားနာၿပီး ေခ်းေပးၾကရတာျဖစ္တဲ့အတြက္ ဒီကိစၥမွာလုံးလုံးလ်ားလ်ားတာဝန္ရွိသူဟာ လာေခ်းသူပါပဲ။ပိုက္ဆံေခ်းၿပီတဲ့အခါ ေပါက္ကရေလးဆယ္ေတြကိုေလွ်ာက္မေျပာပါနဲ႔။
ေခ်းထားမယ့္ကာလေက်ာ္ၿပီးျပန္ဆပ္မယ့္အခ်ိန္နဲ႔ျပန္ဆပ္ရမယ့္အခ်ိန္ၾကရင္လူလိုသိတက္ပါအေရးႀကီးဆုံးအခ်က္ပါ။ ေသခ်ာျပန္ဆပ္ရပါမယ္။
ကိုယ္ကတိေပးထားတဲ့အခ်ိန္မွာ ေသခ်ာေပါက္ကို ျပန္ဆပ္ရပါမယ္။ အေၾကာင္းတစ္ခုခုေၾကာင့္ ၾကန႔္ၾကာေနရင္ေတာင္ ကိုယ္ကဦးေအာင္ ဆက္သြယ္ၿပီးရွင္းျပရပါမယ္။
ျပန္ဆပ္မယ့္အခ်ိန္ကို ထပ္ေျပာရပါမယ္။ေခ်းတုန္းကေခ်းၿပီး ျပန္ဆပ္ခ်ိန္ေရာက္မွ အတိတ္ေမ့သလို ေ႐ႊေပ်ာက္သလို အူေၾကာင္ေၾကာင္လုပ္တာဟာ
ပိုက္ဆံေခ်းေပးမိတဲ့သူရဲ႕ ေနာင္တတရားနဲ႔ လူသတ္ခ်င္စိတ္ကို ဒြန္တြဲၿပီး ျဖစ္ေပၚေစပါတယ္။ လုံးဝမလုပ္ပါနဲ႔။
ေခ်းတုန္းကေတာင္ သတိတရနဲ႔ ေသေတာ့မတတ္ဖုန္းဆက္ၿပီး ေခ်းေသးရင္ ျပန္ဆပ္ရမယ့္အခါလည္း ေမ့မေနပါနဲ႔။
႐ူးခ်င္ေယာင္ေဆာင္ၿပီး ဖုန္းပိတ္တာေတြ၊ မကိုင္တာေတြ၊ seen ျဖစ္ၿပီး reply မလာတာေတြဟာအင္မတန္မွကို လူဝါးဝရာက်ပါတယ္။
အဆိုးဆုံးက ကိုယ္မွာပိုက္ဆံရွိလည္းမရွိေသးလို႔ အဆင္မေျပးလို႔ ဆိုၿပီးကိုယ္တြက္ပဲၾကည့္တက္သူကိုယ့္ပိုက္ဆံကိုယ္ျပန္ေတာင္းတဲ့သူကိုရန္သူလိုသေဘာထားၿပီး
ရင့္ရင့္သီးသီးဆက္ဆံတာနဲ႔မ်က္ရည္ခံထိုးၿပီး ျပန္ေတာင္းတဲ့သူကို ခ်စ္တီးလို႔တစ္ေလာကလုံးကထင္ေအာင္ ဇာတ္နာျပတာမ်ိဳးေငြးကိုေခ်းစက္ခ်ၿပီးေပးတါမ်ိဳးပဲ
သူျပန္ေတာင္းတဲ့အထိ ေစာင့္မေနပါနဲ႔။ ကိုယ္ေပးတဲ့ထားတဲ့ကတိထက္ ပိုေစာၿပီး ဆပ္ႏိုင္ေလ ေကာင္းေလပါပဲ။ ျမန္ျမန္ရရင္ ျမန္ျမန္ဆပ္ပါ။သူေမးလာတဲ့အထိ ေစာင့္မေနပါနဲ႔။
တခါေတလ သူတို႔က ေမမ့ပါဘူး။ ကိုယ့္ျမင္ကတည္းက သူတို႔ပိုက္ဆံကို တန္းသတိရပါတယ္။
သူတို႔မွာလည္းသူတို႔အခက္ခဲအျဖစ္ခံၿပီးကူညီထားတယ္ဆိုမေမ့ပါနဲ႔အားနာလို႔သာေမ့ခ်င္ေယာင္ေဆာင္ေနၾကတာပါ။
ပိုက္ဆံေခ်းၿပီး ျပန္မဆပ္ခ်င္ၾကတဲ့သူေတြရဲ႕အက်င့္ဆိုးတစ္ခုကေတာ့ ေခ်းမိတဲ့သူရဲ႕ အားနာတတ္တဲ့စိတ္ကို ခ်နင္းတာပါပဲ။
ေတာ္ေတာ္ယုတ္ညံ့တဲ့စိတ္ပါ။တကယ္ေတာ့ ကိုယ့္ကို ပိုက္ဆံေခ်းေပးတဲ့သူဆိုတာအိမ္ဦးခန္းမွာထားၿပီး ေ႐ႊခ်ထားရမယ့္သူမ်ိဳးေတြပါ။
အဲ့လိုလူမ်ိဳး ကမာၻေပၚမွာ သိပ္မ်ားမ်ားစာစား မရွိပါဘူး။ကိုယ့္ကိုတကယ္ခင္လို႔၊ စာနာလို႔၊ အားနာလို႔၊ ခ်စ္လို႔သူ႔ရဲ႕ရွိစုမဲ့စုေလး ထုတ္ၿပီး ေခ်းေပးတာျဖစ္ပါတယ္။
ကတိတည္ရပါမယ္။ မဟုတ္ရင္ တစ္ခါပဲရပါမယ္။ကတိတည္လိုက္ရင္ ေနာင္လည္း လိုတဲ့အခါ ရႏိုင္ပါမယ္။
မဟုတ္ရင္ေတာ့ ကမာၻေပၚက အေကာင္းဆုံးေသာမိတ္ေဆြတစ္ေယာက္ကို ကိုယ္တိုင္ဖ်က္ဆီးလိုက္သလိုျဖစ္သြားပါလိမ့္မယ္။ အရမ္းႏွေျမာဖို႔ေကာင္းပါတယ္ဆိုေတာ့ ပိုက္ဆံေခ်းၿပီးရင္ အေသအခ်ာ ျပန္ဆပ္ၾကပါ။
Credit
ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိပိုက်ဆံဟာ ပိုက်ဆံပါပဲ။
အချေးခံရတဲ့သူက ဘာမှမရှိလို့ပြန်မတောင်းရင် ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်။
ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။
ချေးလာတဲ့သူရှိလို့သာ အားနာပြီး ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာ လာချေးသူပါပဲ။ပိုက်ဆံချေးပြီတဲ့အခါ ပေါက်ကရလေးဆယ်တွေကိုလျှောက်မပြောပါနဲ့။
ချေးထားမယ့်ကာလကျော်ပြီးပြန်ဆပ်မယ့်အချိန်နဲ့ပြန်ဆပ်ရမယ့်အချိန်ကြရင်လူလိုသိတက်ပါအရေးကြီးဆုံးအချက်ပါ။ သေချာပြန်ဆပ်ရပါမယ်။
ကိုယ်ကတိပေးထားတဲ့အချိန်မှာ သေချာပေါက်ကို ပြန်ဆပ်ရပါမယ်။ အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင် ကိုယ်ကဦးအောင် ဆက်သွယ်ပြီးရှင်းပြရပါမယ်။
ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင်လုပ်တာဟာ
ပိုက်ဆံချေးပေးမိတဲ့သူရဲ့ နောင်တတရားနဲ့ လူသတ်ချင်စိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။
ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ်ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်း မေ့မနေပါနဲ့။
ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊ မကိုင်တာတွေ၊ seen ဖြစ်ပြီး reply မလာတာတွေဟာအင်မတန်မှကို လူဝါးဝရာကျပါတယ်။
အဆိုးဆုံးက ကိုယ်မှာပိုက်ဆံရှိလည်းမရှိသေးလို့ အဆင်မပြေးလို့ ဆိုပြီးကိုယ်တွက်ပဲကြည့်တက်သူကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီး
ရင့်ရင့်သီးသီးဆက်ဆံတာနဲ့မျက်ရည်ခံထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာမျိုးငွေးကိုချေးစက်ချပြီးပေးတါမျိုးပဲ
သူပြန်တောင်းတဲ့အထိ စောင့်မနေပါနဲ့။ ကိုယ်ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီး ဆပ်နိုင်လေ ကောင်းလေပါပဲ။ မြန်မြန်ရရင် မြန်မြန်ဆပ်ပါ။သူမေးလာတဲ့အထိ စောင့်မနေပါနဲ့။
တခါတေလ သူတို့က မေမ့ပါဘူး။ ကိုယ့်မြင်ကတည်းက သူတို့ပိုက်ဆံကို တန်းသတိရပါတယ်။
သူတို့မှာလည်းသူတို့အခက်ခဲအဖြစ်ခံပြီးကူညီထားတယ်ဆိုမမေ့ပါနဲ့အားနာလို့သာမေ့ချင်ယောင်ဆောင်နေကြတာပါ။
ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့ ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့စိတ်ကို ချနင်းတာပါပဲ။
တော်တော်ယုတ်ညံ့တဲ့စိတ်ပါ။တကယ်တော့ ကိုယ့်ကို ပိုက်ဆံချေးပေးတဲ့သူဆိုတာအိမ်ဦးခန်းမှာထားပြီး ရွှေချထားရမယ့်သူမျိုးတွေပါ။
အဲ့လိုလူမျိုး ကမ္ဘာပေါ်မှာ သိပ်များများစာစား မရှိပါဘူး။ကိုယ့်ကိုတကယ်ခင်လို့၊ စာနာလို့၊ အားနာလို့၊ ချစ်လို့သူ့ရဲ့ရှိစုမဲ့စုလေး ထုတ်ပြီး ချေးပေးတာဖြစ်ပါတယ်။
ကတိတည်ရပါမယ်။ မဟုတ်ရင် တစ်ခါပဲရပါမယ်။ကတိတည်လိုက်ရင် နောင်လည်း လိုတဲ့အခါ ရနိုင်ပါမယ်။
မဟုတ်ရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကို ကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ အရမ်းနှမြောဖို့ကောင်းပါတယ်ဆိုတော့ ပိုက်ဆံချေးပြီးရင် အသေအချာ ပြန်ဆပ်ကြပါ။