အနောက်နိုင်ငံတွေမှာ ဟော့ဒေါ့ အသားချောင်းတွေဟာ တန်ဖိုးအတော်အသင့်ရှိကြတယ်.. အဆီမပါတဲ့ တံဆိပ်မျိုး၊ မြက်ကိုပဲ ကျွေးပြီး မွေးထားတဲ့ အမဲသားချောင်းလိုမျိုးတွေ နာမည်ကြီးပါတယ်။
ကျနော်တို့ မြန်မာ နိုင်ငံမှာ စူပါမားကပ်တွေကအစ..အိမ်ဆိုင်လေးတွေ..စတိုးဆိုင်တွေ..ကျောင်းရှေ့တွေမှာ ဟော့ဒေါ့ အကင်စက်လေးတွေနဲ့ ရောင်းနေတဲ့ ထိုင်းကလာတာဖြစ်ဖြစ်၊ မြန်မာပြည်တွင်းဖြစ်ပဲဖြစ်ဖြစ်၊ တရုတ်ကလာတာဖြစ်ဖြစ် တစ်ချောင်းကို ၂၀၀ မှ ၅၀၀ ကျပ်ဝန်းကျင်လောက်..တရုတ်ကဝင်တဲ့ တံဆိပ်တွေ နဲ့ မိမိယုံကြည်လို့မရတဲ့ ပါဝင်ပ္စည်းတံဆိပ်တွေကို တော်တော်များများ စားသုံးနေကြတာပါ..
ကလေးတစ်ယောက်ကို ၂ရက်/၃ရက်မှ တစ်ချောင်းကျွေးဖြစ်တာပါ ဆိုရင်..တစ်ပတ်ကို ၃ ချောင်လောက်…တစ်လကို ၁၂ ချောင်းလောက် ကျွေးဖြစ်လိမ့်မယ်.. ၎င်းကလေးဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၉ % လောက်ရှိနေပါပြီ..
American Institute For Cancer Research (AICR) ရဲ့ လေ့လာတွေ့ရှိချက်အရ တစ်နေ့ကို ၅၀ ဂရမ် ဟော့ဒေါ့ တစ်ချောင်းသာ နေ့တိုင်းစားရင် အစာဟောင်းအိမ် နဲ့ အူလမ်းကြောင်းကင်ဆာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်.. ကျန်းမာရေးကိုထိခိုက်ရတဲ့ အကြောင်းအရင်းကို ကလေးငယ်တွေအတွက် မိဘတိုင်းသိထားသင့်ပါတယ်…
(၁) မည့်သည့်အသားပါဝင်နေသလဲ
စျေးသက်သာတဲ့ ဟော့ဒေါ့ အသားချောင်းမှာ တန်ဖိုးကြီးအသားပါဝင်ဖို့ လုံးဝ မဖြစ်နိုင်ပါ။ အတိအကျ အမည်မဖော်ပြနိုင်တဲ့ အသေကောင်ရဲ့ တန်ဖိုးအနည်းဆုံး အသားအစအနတွေ၊ အဆီတွေ၊ အရေခွံတွေ၊ ကလီစာတွေ၊ အရွတ်တွေ၊ ခြေထောက်၊ခေါင်း၊ အရိုးစများကို ကြိတ်ထားခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် (ကြက်၊ ဝက်၊ အမဲသား တွေ ကိုသာ အသုံးပြုလိမ့်မယ်လို့ မထင်ပါနဲ့).. ကြက်ကြော်ဆိုင်တွေမှာလည်း အသုံးပြုနေတဲ့ ဟော့ဒေါ့ကို အသားအစစ်လို့ ထင်နေရင် ကျနော့်ရှုထောင့်အနေနဲ့ကနေ No ပါပဲ..အဆီ နဲ့ အသားတိုး အကောင်များလို့ ကျနော်လက်ခံယုံကြည်တယ်..စာဖတ်မိတ်ဆွေအားလုံးကြိုက်သလို ယူဆနိုင်ပါတယ်..
၇၆ ဂရမ် ဟော့ဒေါ့ တစ်ချောင်းမှာ စုစုပေါင်း အဆီပါဝင်မှု ၁၈ ဂရမ် (တနေ့တာ အဆီလိုအပ်ချက်ရဲ့ ၂၃% ရှိနေပါပြီ) ပြည့်ဝဆီ ပါဝင်မှု ၇ ဂရမ် (တနေ့တာ လိုအပ်ချက်ရဲ့ ၄၄%) ဆား နဲ့ MSG ဟင်းခတ်မှုန့်၊ အချိုမှုန့် ပါဝင်မှု ၆၂၀ မီလီဂရမ် နှင့်အထက် (တနေ့တာ လိုအပ်ချက်ရဲ့ ၄၁%)
(၂) ကင်ဆာဖြစ်စေသော တာရှည်ခံပစ္စည်းများ
Potassium lactate, Sodium Phosphate, Sodium diacetate, Sodium erythorbate, Sodium Nitrate, Sodium Nitrite တို့ပါဝင်နေတယ်..
၎င်းတို့အနက် Nitrite နဲ့ Nitate တွေဟာ လူလုပ်ထားတဲ့ တာရှည်ခံပစ္စည်းတွေဖြစ်တာကြောင့် ဟော့ဒေါ့ကို ပန်းရောင် သန်းစေတယ်…အပူနဲ့ ထိတွေ့လိုက်တဲ့အခါ..အသားထဲက amine နဲ့ပေါင်းပြီး ကင်ဆာဖြစ်စေတဲ့ Nitrosamines အဖြစ်ပြောင်းလဲသွားတယ်..
US ကထုတ်တဲ့ အသင့်ချက် အသားတံဆိပ်တိုင်းမှာ ascorbic acid (Vitamin C) 550ppm ပါဝင်ရတယ်..ဘာလို့လဲဆိုတော့ Nitrosamines ရဲ့ ဆဲလ်ပျက်စီးစေမှုကို တားမြစ်ပေးနိုင်ဖို့ပါပဲ…
ကျနော်တို့ စားနေတဲ့ Hot dog မှာတော့ Ascorbic acid လည်း မပါရှိနိုင်ပါ..ဒါ့ကြောင့် မိမိဘာသာ သံပုရာရည်သောက်တာပဲဖြစ်ဖြစ်..သံပုရာသီးညှစ်စားပေးတာမျိုးဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်..
(၃) Fillers ဖြည့်စွက်ပစ္စည်း
High Fructose Corn Syrup (HFCS) ဆိုတာ ပြောင်းဖူးကစီဓာတ်ကနေထုတ်ပြီး Fructose သကြားအဖြစ်သို့ ပြောင်းလဲထားတဲ့ စက်ရုံထုတ် ပြောင်းဖူးသကြားဆီ ပါ။ HFCS ထည့်ထားရင် ဟော့ဒေါ့ ပိုကြာရှည်ခံတယ်
ဟော့ဒေါ့ရဲ့ မျက်နှာပြင်တင်းတင်းလေးနဲ့ စားလိုက်ရင် ဇက်တောက်ဇက်တောက် ဖြစ်စေတယ်..နောက်ပြီး စိတ်ကိုလည်း စွဲလမ်းစေတယ်…Mercury level ပါဝင်မှုကလည်း ၅၀% အထက်ဖြစ်တာမို့ အထူးသဖြင့် ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပါတယ်..
HFCS ကြောင့် အဝလွန်ခြင်း၊ ဆီးချိုအမျိုးအစား ၂ ဖြစ်စေခြင်း၊မကောင်းတဲ့ ကိုလက်စထရောများတက်ခြင်း၊ သွေးတိုး နဲ့ အခြား အသည်း၊ကျောက်ကပ်၊ဆီးအိမ်တို့ကို ပျက်စီးစေပါတယ်…
(၄) အရမ်းငယ်လွန်းတဲ့ ကလေးငယ်တွေမှာ ဟော့ဒေါ့ကြောင့် သီးပြီးတစ်ဆို့ သေဆုံးမှု လည်း တစ်နှစ်ကို အယောက် ၈၀ လောက်အထိ တွေ့ရပါတယ်..
ဒါ့ကြောင့် အတတ်နိုင်ဆုံး ရှောင်စားကြပါ..စားဖြစ်ရင်လည်း သုံရာရည်သောက်တာမျိုးလုပ်ပေးပါ… အချိုမှုန့် ပါဝင်မှုများလို့ ရေများများ ပြန်သောက်ပေးကြပါ..တံဆိပ်အကောင်းစားတွေ စားဖို့ကတော့ ငွေကြေးတတ်နိုင်သော်လည်း မြန်မာပြည်မှာ တင်သွင်းထားခြင်းမရှိသေးပါဘူး…မိဘအားလုံး ဟော့ဒေါ့ အကြောင်းတစေ့တစောင်းသိသွားရင် ဒီဆောင်းပါးရေးရကျိုးနပ်ပါပြီ..
ကျေးဇူးတင်ပါတယ်။
Hello Dr.Diet
Crd
zawgyi
အေနာက္ႏိုင္ငံေတြမွာ ေဟာ့ေဒါ့ အသားေခ်ာင္းေတြဟာ တန္ဖိုးအေတာ္အသင့္ရွိၾကတယ္.. အဆီမပါတဲ့ တံဆိပ္မ်ိဳး၊ ျမက္ကိုပဲ ေကြၽးၿပီး ေမြးထားတဲ့ အမဲသားေခ်ာင္းလိုမ်ိဳးေတြ နာမည္ႀကီးပါတယ္။
က်ေနာ္တို႔ ျမန္မာ ႏိုင္ငံမွာ စူပါမားကပ္ေတြကအစ..အိမ္ဆိုင္ေလးေတြ..စတိုးဆိုင္ေတြ..ေက်ာင္းေရွ႕ေတြမွာ ေဟာ့ေဒါ့ အကင္စက္ေလးေတြနဲ႔ ေရာင္းေနတဲ့ ထိုင္းကလာတာျဖစ္ျဖစ္၊ ျမန္မာျပည္တြင္းျဖစ္ပဲျဖစ္ျဖစ္၊ တ႐ုတ္ကလာတာျဖစ္ျဖစ္ တစ္ေခ်ာင္းကို ၂၀၀ မွ ၅၀၀ က်ပ္ဝန္းက်င္ေလာက္..တ႐ုတ္ကဝင္တဲ့ တံဆိပ္ေတြ နဲ႔ မိမိယုံၾကည္လို႔မရတဲ့ ပါဝင္ပၥည္းတံဆိပ္ေတြကို ေတာ္ေတာ္မ်ားမ်ား စားသုံးေနၾကတာပါ..
ကေလးတစ္ေယာက္ကို ၂ရက္/၃ရက္မွ တစ္ေခ်ာင္းေကြၽးျဖစ္တာပါ ဆိုရင္..တစ္ပတ္ကို ၃ ေခ်ာင္ေလာက္…တစ္လကို ၁၂ ေခ်ာင္းေလာက္ ေကြၽးျဖစ္လိမ့္မယ္.. ၎ကေလးဟာ ေသြးကင္ဆာ ျဖစ္ႏိုင္ေျခ ၉ % ေလာက္ရွိေနပါၿပီ..
American Institute For Cancer Research (AICR) ရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ တစ္ေန႔ကို ၅၀ ဂရမ္ ေဟာ့ေဒါ့ တစ္ေခ်ာင္းသာ ေန႔တိုင္းစားရင္ အစာေဟာင္းအိမ္ နဲ႔ အူလမ္းေၾကာင္းကင္ဆာ ျဖစ္ႏိုင္တယ္လို႔ဆိုပါတယ္.. က်န္းမာေရးကိုထိခိုက္ရတဲ့ အေၾကာင္းအရင္းကို ကေလးငယ္ေတြအတြက္ မိဘတိုင္းသိထားသင့္ပါတယ္…
(၁) မည့္သည့္အသားပါဝင္ေနသလဲ
ေစ်းသက္သာတဲ့ ေဟာ့ေဒါ့ အသားေခ်ာင္းမွာ တန္ဖိုးႀကီးအသားပါဝင္ဖို႔ လုံးဝ မျဖစ္ႏိုင္ပါ။ အတိအက် အမည္မေဖာ္ျပႏိုင္တဲ့ အေသေကာင္ရဲ႕ တန္ဖိုးအနည္းဆုံး အသားအစအနေတြ၊ အဆီေတြ၊ အေရခြံေတြ၊ ကလီစာေတြ၊ အ႐ြတ္ေတြ၊ ေျခေထာက္၊ေခါင္း၊ အ႐ိုးစမ်ားကို ႀကိတ္ထားျခင္းျဖစ္ပါတယ္။
ဒါ့ေၾကာင့္ (ၾကက္၊ ဝက္၊ အမဲသား ေတြ ကိုသာ အသုံးျပဳလိမ့္မယ္လို႔ မထင္ပါနဲ႔).. ၾကက္ေၾကာ္ဆိုင္ေတြမွာလည္း အသုံးျပဳေနတဲ့ ေဟာ့ေဒါ့ကို အသားအစစ္လို႔ ထင္ေနရင္ က်ေနာ့္ရႈေထာင့္အေနနဲ႔ကေန No ပါပဲ..အဆီ နဲ႔ အသားတိုး အေကာင္မ်ားလို႔ က်ေနာ္လက္ခံယုံၾကည္တယ္..စာဖတ္မိတ္ေဆြအားလုံးႀကိဳက္သလို ယူဆႏိုင္ပါတယ္..
၇၆ ဂရမ္ ေဟာ့ေဒါ့ တစ္ေခ်ာင္းမွာ စုစုေပါင္း အဆီပါဝင္မႈ ၁၈ ဂရမ္ (တေန႔တာ အဆီလိုအပ္ခ်က္ရဲ႕ ၂၃% ရွိေနပါၿပီ) ျပည့္ဝဆီ ပါဝင္မႈ ၇ ဂရမ္ (တေန႔တာ လိုအပ္ခ်က္ရဲ႕ ၄၄%) ဆား နဲ႔ MSG ဟင္းခတ္မႈန႔္၊ အခ်ိဳမႈန႔္ ပါဝင္မႈ ၆၂၀ မီလီဂရမ္ ႏွင့္အထက္ (တေန႔တာ လိုအပ္ခ်က္ရဲ႕ ၄၁%)
(၂) ကင္ဆာျဖစ္ေစေသာ တာရွည္ခံပစၥည္းမ်ား
Potassium lactate, Sodium Phosphate, Sodium diacetate, Sodium erythorbate, Sodium Nitrate, Sodium Nitrite တို႔ပါဝင္ေနတယ္..
၎တို႔အနက္ Nitrite နဲ႔ Nitate ေတြဟာ လူလုပ္ထားတဲ့ တာရွည္ခံပစၥည္းေတြျဖစ္တာေၾကာင့္ ေဟာ့ေဒါ့ကို ပန္းေရာင္ သန္းေစတယ္…အပူနဲ႔ ထိေတြ႕လိုက္တဲ့အခါ..အသားထဲက amine နဲ႔ေပါင္းၿပီး ကင္ဆာျဖစ္ေစတဲ့ Nitrosamines အျဖစ္ေျပာင္းလဲသြားတယ္..
US ကထုတ္တဲ့ အသင့္ခ်က္ အသားတံဆိပ္တိုင္းမွာ ascorbic acid (Vitamin C) 550ppm ပါဝင္ရတယ္..ဘာလို႔လဲဆိုေတာ့ Nitrosamines ရဲ႕ ဆဲလ္ပ်က္စီးေစမႈကို တားျမစ္ေပးႏိုင္ဖို႔ပါပဲ…
က်ေနာ္တို႔ စားေနတဲ့ Hot dog မွာေတာ့ Ascorbic acid လည္း မပါရွိႏိုင္ပါ..ဒါ့ေၾကာင့္ မိမိဘာသာ သံပုရာရည္ေသာက္တာပဲျဖစ္ျဖစ္..သံပုရာသီးညႇစ္စားေပးတာမ်ိဳးျဖစ္ျဖစ္ ျပဳလုပ္ႏိုင္ပါတယ္..
(၃) Fillers ျဖည့္စြက္ပစၥည္း
High Fructose Corn Syrup (HFCS) ဆိုတာ ေျပာင္းဖူးကစီဓာတ္ကေနထုတ္ၿပီး Fructose သၾကားအျဖစ္သို႔ ေျပာင္းလဲထားတဲ့ စက္႐ုံထုတ္ ေျပာင္းဖူးသၾကားဆီ ပါ။ HFCS ထည့္ထားရင္ ေဟာ့ေဒါ့ ပိုၾကာရွည္ခံတယ္
ေဟာ့ေဒါ့ရဲ႕ မ်က္ႏွာျပင္တင္းတင္းေလးနဲ႔ စားလိုက္ရင္ ဇက္ေတာက္ဇက္ေတာက္ ျဖစ္ေစတယ္..ေနာက္ၿပီး စိတ္ကိုလည္း စြဲလမ္းေစတယ္…Mercury level ပါဝင္မႈကလည္း ၅၀% အထက္ျဖစ္တာမို႔ အထူးသျဖင့္ ကေလးငယ္ေတြရဲ႕ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာကို ထိခိုက္ေစပါတယ္..
HFCS ေၾကာင့္ အဝလြန္ျခင္း၊ ဆီးခ်ိဳအမ်ိဳးအစား ၂ ျဖစ္ေစျခင္း၊မေကာင္းတဲ့ ကိုလက္စထေရာမ်ားတက္ျခင္း၊ ေသြးတိုး နဲ႔ အျခား အသည္း၊ေက်ာက္ကပ္၊ဆီးအိမ္တို႔ကို ပ်က္စီးေစပါတယ္…
(၄) အရမ္းငယ္လြန္းတဲ့ ကေလးငယ္ေတြမွာ ေဟာ့ေဒါ့ေၾကာင့္ သီးၿပီးတစ္ဆို႔ ေသဆုံးမႈ လည္း တစ္ႏွစ္ကို အေယာက္ ၈၀ ေလာက္အထိ ေတြ႕ရပါတယ္..
ဒါ့ေၾကာင့္ အတတ္ႏိုင္ဆုံး ေရွာင္စားၾကပါ..စားျဖစ္ရင္လည္း သုံရာရည္ေသာက္တာမ်ိဳးလုပ္ေပးပါ… အခ်ိဳမႈန႔္ ပါဝင္မႈမ်ားလို႔ ေရမ်ားမ်ား ျပန္ေသာက္ေပးၾကပါ..တံဆိပ္အေကာင္းစားေတြ စားဖို႔ကေတာ့ ေငြေၾကးတတ္ႏိုင္ေသာ္လည္း ျမန္မာျပည္မွာ တင္သြင္းထားျခင္းမရွိေသးပါဘူး…မိဘအားလုံး ေဟာ့ေဒါ့ အေၾကာင္းတေစ့တေစာင္းသိသြားရင္ ဒီေဆာင္းပါးေရးရက်ိဳးနပ္ပါၿပီ..
ေက်းဇူးတင္ပါတယ္။
Hello Dr.Diet
Crd