သီလကို အသက်နဲ့လဲသွားခြင်း

သီလကို အသက်နဲ့လဲသွားခြင်း

ညနေစာစားမှ အာဟာရသုံးဆောင်မှရိုးတွင်းခြင်ဆီလဲရမှာလို့ ဒေါက်တာကပြောပေမဲ့ အသက်ပဲအသေခံမယ် ညနေစာမစားဘူးဆိုပြီးသီလကို အသက်နဲ့လဲပြီး စောင့်ထိန်းသွားတဲ့ စစ်ကိုင်းတိပိဋကဆရာတော်

Credit

ရဟန်း မယ်တော်ခံစားချက်•••သားတော် စစ်ကိုင်းတိပိဋကဆရာတော်၏ ရုပ်ကလပ်တော်အား လာရောက်ကြည့်ရှူသည့် မယ်တော်ကြီး-ဆရာတော်ဘုရား၏ မယ်တော်ဖြစ်သူ ဒကာမကြီးဒေါ်ညွှန့်ခင်မှ သားဖြစ်သူ ဆရာတော်ဘုရားထံ လာရောက်ဖူးမျှော်

Photo -C#36myanmarchannel

အမေတေဟာသားယောကျာ်းတေပိုလိမ်မာရင်ပိုချစ်ကြပါတယ်.

ရဟန်း(၃)ပါးရဲ့ မယ်တော်ဆိုတာအမေ သိပါတယ် သားရယ်..ဒါပေမဲ့ ဒီအဖြစ်ပျက်ဆိုးကြီးကိုအမေ ဘယ်လိုမှ လက်မခံနိုင် မဖြေနိုင်ဘူး သားသမီးငယ်နဲ့ ငါ့သား ချဉ်ဆီတူတယ်လို့သတင်းကြားတော့ အမေဖြစ် ဝမ်းသာလိုက်တာ ခေတ်မှီဆေးဝါးဓာတ်စာတွေနဲ့ ကုသလို့ပျောက်ကင်းကျမ္မာပြီး အမေ့ဆီကိုပြုံးပြုံးကြီးနဲ့ လေယာဉ်ကြီးစီးလို့ပြန်လာတော့မှာပဲလို့ တွေးပြီးပျော်လိုက်တာဖြစ်မပြောပါနဲ့ သားရယ်ငါ့သားက ပြန်လာပါတယ်

 

ဒါပေမဲ့ ငါ့သား ပြန်လာတာက အမေတို့ဆီကို ဘယ်တော့မှ ပြန်မလာခြင်းမျို့နဲ့ပြန်လာတာလေ •••ဖြစ်နိုင်ရင် လောကကြီးကို•••အမေ တရားစွဲချင်တယ် သားဖြစ်ခဲ့သမျှ တနေ့ပျက်ရမယ်ဆိုတာငါ့သားတို့ ဟောပြဆုံးမထားလို့အမေ ကောင်းကောင်းကြီးသဘောပေါက် နားလည်ခဲ့ပါတယ်

သားဒါပေမဲ့ အကြွေစောခဲ့တယ်လို့ တွေးလိုက်တိုင်းအမေ ဘယ်လိုမှ မဖြေဆည်းနိုင်ဘူး သားပွင့်ချပ်တဝေဝေ ဝတ်ဆံတသင်းသင်းနဲ့လောကအလယ်မှာ လှပနေတဲ့ ငါ့သားကိုမှ သေမင်းက ခူးဆွတ်လို့အသုံးတော် ခံချင်သလားကွယ်မတရားလိုက်တာ

ဖြစ်နိုင်ရင် ငါ့သားနဲ့ အမေနေရာချင် လဲလိုက်ချင်တာအို…မရဏသေမင်းသင့် မျက်စိတွေ မှုန်နေသလား ဝါးနေသလားပါဝါလေးတပ်ပြီးသေချာကြည့်ပါဦး

အခု သင်ခေါ်လိုက်တဲ့ သူကသာသနာရဲ့ ပိဋကပ်တိုက်ကြီးလောကကြီးရဲ့ လမင်းကြီးမိသားစုနဲ့တစ်နိုင်ငံလုံးရဲ့သည်းဦးညှာခိုင်ကြီးဆိုတာသင် မသိရော့လေသလားမတတ်နိုင် သည်းဆိုင် နွှမ်းလျှပေါ့

သောကလှိုင်းဒဏ်ကို အမေခံစားရင်းလက်မှိုင်ချကာ နှုတ်ဆက်လိုက်မယ်သွားနှင့်ပေတော့ အမေ့ သားတော်ဆုတောင်းကာ ပေးလိုက်မယ်ကွယ်နောက်ဝယ်ဘဝ ရှိပါကဒီလိုရောဂါဝေဒနာဆိုးမျိုးနဲ့ မကြုံတွေ့ပါစေနဲ့အမေ့သားတော်ရေ

ထပ်တူကြေကွဲဝမ်းနည်းနှမြောတသဖြစ်ကြရပါတယ်ဘုရား..ကောင်းရာသုဂတိရောက်ပါစေအရှင်ဘုရားအလွန့်အလွန်နှမြောတသယူကြုံးမရဖြစ်ရပါသည်အရှင်ဘုရားDar Li



Credit





 





