မြေခွန်ပြေစာ ပြပြီး မြေအရောင်းအဝယ် လုပ်နေသူများ ဂျင်းမမိစေဖို့နှင့် အရှုပ်အရှင်း ကင်းအောင်
မြေခွန်ပြေစာ ပြပြီး မြေအရောင်းအဝယ် လုပ်နေသူများ ဂျင်းမမိစေဖို့နှင့် နောင်တချိန် အရှုပ်အရှင်း ကင်းအောင်..
မြေခွန်ပြေစာပြပြီး မြေအရောင်းအဝယ် ပြုနေသူများ သတိပြုနိုင်ဖို့ တင်ပြချင်ပါတယ်။ အွန်လိုင်းမှာ မြေခွန်ပြေစာပြ ရောင်းဝယ် နေတာတောင် တွေ့နေရပါတယ်။ မစိစစ်ပဲ ဝယ်မိလို့ အရှုပ်အရှင်း ဖြစ်လာရင်တော့ ရှင်းကြ၊ ဆုံးရှုံးကြ၊ တရားရင်ဆိုင် ကြရမှာပါ။ မြေခွန်ပြေစာတွေမှာ အသုံးများတာ နှစ်မျိုးလောက်ပဲ ရှိပါတယ်။
လယ်ယာမြေ မြေခွန်ပြေစာနဲ့ မြို့မြေ မြေခွန်ပြေစာတို့ ဖြစ်ပါတယ်။ လယ်ယာမြေ အတွက် အများအခေါ် (ပုံစံ ၈)၊ မြို့မြေ အတွက် (ပုံစံ ၁) တို့ဖြစ်ပါတယ်။
ရောင်းဝယ်ရင် မြေခွန်ပြေစာ တွေထဲက ဘယ်ပြေစာကိုပဲ ပြပြ၊ မြေခွန် ပြေစာလေးကြည့်ပြီး မဝယ်ပါနဲ့၊ ပြေစာပြရင် ပိုင်ဆိုင်မှု ပြခိုင်းရပါမယ်၊ ဒါက ဝယ်ယူသူရဲ့ အခွင့်အရေးပဲ၊ လယ်ယာမြေဆိုရင် (ပုံစံ ၇) ရှိရပါမယ်၊ (ပုံစံ ၇) ရှိမှ ရောင်း ဝယ်ခွင့် ရှိတယ်လို့ ဥပဒေမှာ အတိအလင်း ပြောထား ပါတယ်၊ ဝယ်ရင် လယ်ယာမြေတည်ရှိတဲ့ ကျေးရွာ လယ်စီရှေ့မှောက်မှာ စာချုပ် ချုပ်ဆိုပါ၊ ချုပ်ဆိုထားတဲ့ စာချုပ်ကို သက်ဆိုင်ရာ မြို့နယ် မြေစာရင်းဦးစီး ဌာနမှူးရုံးမှာ တင်ပြပြီး မှတ်ပုံတင်ပြုလုပ်ပါ (အဲလိုချုပ်ဖို့ တင်ပြဖို့က ကို့တာဝန်၊ တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ကိစ္စ သူတို့တာဝန်)။
(ပုံစံ ၇) ရအောင် လျောက်ထား ရယူဖို့ကလည်း မူလပိုင်ရှင်ရဲ့ တာဝန်ပဲ။ ၂၀၁၂ လယ်ယာမြေ ဥပဒေပြဌာန်းပြီး နောက်ပိုင်း (ပုံစံ ၇) တွေထုတ်ပေးခဲ့ပါတယ်၊ ဒီ (၆) နှစ်အတွင်း (ပုံစံ ၇) ရနေရမှာကို ခုချိန်ထိမရှိသေးဘူး ဆိုရင် စဉ်းစားပေါ့။ အကြောင်းအမျိုးမျိုး ရှိနိုင်ပေမဲ့ ဌာနတွေကလည်း ရှင်းရှင်းလင်းလင်းရှိတဲ့ လယ်ယာမြေကို (ပုံစံ ၇) မပေးပဲ မနေပါဘူး။ ရှိခဲ့ရင်တောင် အနည်းစုပဲ ဖြစ်ပါမယ်၊ (ပုံစံ ၇) မရသေးဘူး ဆိုထဲက အကြောင်းတော့ ရှိနေပြီပေါ့။ ဒီအချက်နဲ့တင် ဝယ်ယူမယ့်သူက စုံစမ်းစစ်ဆေးဖို့ လိုနေပါပြီ။
နောက်တစ်ခုက မြို့မြေဆိုရင် ဂရန် ရှိရပါမယ်၊ ပိုင်ဆိုင်မှု အထောက်အထား တစ်ခုခုကို ဆိုလိုတာပါ။ ဂရန်မရှိရင်လည်း အရှုပ်အရှင်း ရှိမရှိ စစ်ဆေး ရပါမယ်။ မြို့မြေ၊ လယ်ယာမြေ မြေခွန်ပြေစာရှိလို့ အခွန်ဆောင်တယ် ဆိုရင် အဲဒီအခွန်ကို ဆောင်ရတဲ့ အကြောင်းအရင်း ရှိနေပြီပေါ့။ သူအဲဒီမြေခွန်ပြေစာ ဘယ်လိုရသလဲ၊ ဘယ်လိုပိုင်လို့လဲ၊ ဌာနက ဘာလို့ အခွန်စည်းကြပ်သလဲ၊ ဌာနမှာ ဘယ်လို စာရင်းဝင်နေသလဲ၊ ဒါတွေစစ်ဆေး ကြည့်ပါ။ ဌာနတွေမှာ သွားရောက် မေးမြန်း စုံစမ်းကြည့်ပါ။
ဘာလို့လဲ ဆိုတော့ ဝယ်ရင် ငွေပေးရတော့မယ်လေ၊ အလကား ငွေအဆုံးအရှုံးမခံချင်ရင် ဝယ်မည့်သူက ဒီလောက်တော့ အားစိုက် မေးမြန်းစုံစမ်း ရတော့မှာပေါ့။ (မြေခွန်ပြေစာ ပုံစံ ၈) ဟာ လယ်ယာ စိုက်ပျိုးမြေအပေါ် စည်းကြပ် ကောက်ခံတဲ့ မြေခွန်ပြေစာ ဖြစ်ပါတယ်။ အဲဒီလယ်ယာမြေပြေစာရဲ့ မူရင်း သတ်မှတ်ပုံစံ အပြည့်အစုံကို မြန်မာ အင်္ဂလိပ်ပုံစံနဲ့ ပူးတွဲတင်ပြထားပါတယ်။
ပြေစာမှာ ကြော်ငြာစာကို သတိပြုပါ “ဤဖြတ်ပိုင်းသည် အခွန်တော်ပြေစာသာ ဖြစ်သည်။ မြေပိုင်ရှင်ဖြစ်ကြောင်း သက်သေခံ လက်မှတ် မဟုတ်။” လို့ အတိအလင်းပါရှိနေတာကို သတိပြုပါ။ ခုခေတ် လယ်ယာမြေပြေစာ ကျောဘက်မှာ အဲဒီလို ရေးထားပါတယ်။ မြေကို ပိုင်ပိုင် မပိုင်ပိုင် သုံးနေရင် မြေခွန်ကောက်တယ်၊ ဒါကြောင့် ကျူးကျော်ခွန်ဆိုတာ ရှိတာပေါ့။
မြေကို ဥပဒေအရ ပိုင်ဆိုင်လို့ အခွန် ကောက်တာ ရှိသလို ကျူးကျော်နေလို့ အခွန်ကောက်တာလဲ ရှိကြတာပဲ။ စားကျက်မြေမှာ ကျူးကျော် စိုက်နေရင် အခွန်ကောက်သလိုပေါ့။ ဥပမာ စားကျက်မြေကို စားကျက် မြေအဖြစ်က ဥပဒေအရ ပယ်ဖျက်ခွင့် မရမချင်း ကျူးကျော်သူက ဘယ်လိုနည်းနဲ့မှ မပိုင်နိုင်ပါဘူး။
Myo Min Htun
ေျမခြန္ေျပစာ ျပၿပီး ေျမအေရာင္းအဝယ္ လုပ္ေနသူမ်ား ဂ်င္းမမိေစဖို႔ႏွင့္ အရႈပ္အရွင္း ကင္းေအာင္
ေျမခြန္ေျပစာ ျပၿပီး ေျမအေရာင္းအဝယ္ လုပ္ေနသူမ်ား ဂ်င္းမမိေစဖို႔ႏွင့္ ေနာင္တခ်ိန္ အရႈပ္အရွင္း ကင္းေအာင္..
ေျမခြန္ေျပစာျပၿပီး ေျမအေရာင္းအဝယ္ ျပဳေနသူမ်ား သတိျပဳနိုင္ဖို႔ တင္ျပခ်င္ပါတယ္။ အြန္လိုင္းမွာ ေျမခြန္ေျပစာၿပ ေရာင္းဝယ္ ေနတာေတာင္ ေတြ႕ေနရပါတယ္။ မစိစစ္ပဲ ဝယ္မိလို႔ အရႈပ္အရွင္း ျဖစ္လာရင္ေတာ့ ရွင္းၾက၊ ဆုံးရႈံးၾက၊ တရားရင္ဆိုင္ ၾကရမွာပါ။ ေျမခြန္ေျပစာေတြမွာ အသုံးမ်ားတာ ႏွစ္မ်ိဳးေလာက္ပဲ ရွိပါတယ္။
လယ္ယာေၿမ ေျမခြန္ေျပစာနဲ႔ ၿမိဳ႕ေၿမ ေျမခြန္ေျပစာတို႔ ျဖစ္ပါတယ္။ လယ္ယာေၿမ အတြက္ အမ်ားအေခၚ (ပုံစံ ၈)၊ ၿမိဳ႕ေၿမ အတြက္ (ပုံစံ ၁) တို႔ျဖစ္ပါတယ္။
ေရာင္းဝယ္ရင္ ေျမခြန္ေျပစာ ေတြထဲက ဘယ္ေျပစာကိုပဲ ျပျပ၊ ေျမခြန္ ေျပစာေလးၾကည့္ၿပီး မဝယ္ပါနဲ႔၊ ေျပစာျပရင္ ပိုင္ဆိုင္မႈ ျပခိုင္းရပါမယ္၊ ဒါက ဝယ္ယူသူရဲ့ အခြင့္အေရးပဲ၊ လယ္ယာေျမဆိုရင္ (ပုံစံ ၇) ရွိရပါမယ္၊ (ပုံစံ ၇) ရွိမွ ေရာင္း ဝယ္ခြင့္ ရွိတယ္လို႔ ဥပေဒမွာ အတိအလင္း ေျပာထား ပါတယ္၊ ဝယ္ရင္ လယ္ယာေျမတည္ရွိတဲ့ ေက်းရြာ လယ္စီေရွ႕ေမွာက္မွာ စာခ်ဳပ္ ခ်ဳပ္ဆိုပါ၊ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို သက္ဆိုင္ရာ ၿမိဳ႕နယ္ ေျမစာရင္းဦးစီး ဌာနမႉး႐ုံးမွာ တင္ျပၿပီး မွတ္ပုံတင္ျပဳလုပ္ပါ (အဲလိုခ်ဳပ္ဖို႔ တင္ျပဖို႔က ကို႔တာဝန္၊ တံဆိပ္ေခါင္းခြန္၊ မွတ္ပုံတင္ကိစၥ သူတို႔တာဝန္)။
(ပုံစံ ၇) ရေအာင္ ေလ်ာက္ထား ရယူဖို႔ကလည္း မူလပိုင္ရွင္ရဲ့ တာဝန္ပဲ။ ၂၀၁၂ လယ္ယာေၿမ ဥပေဒျပဌာန္းၿပီး ေနာက္ပိုင္း (ပုံစံ ၇) ေတြထုတ္ေပးခဲ့ပါတယ္၊ ဒီ (၆) ႏွစ္အတြင္း (ပုံစံ ၇) ရေနရမွာကို ခုခ်ိန္ထိမရွိေသးဘူး ဆိုရင္ စဥ္းစားေပါ့။ အေၾကာင္းအမ်ိဳးမ်ိဳး ရွိနိုင္ေပမဲ့ ဌာနေတြကလည္း ရွင္းရွင္းလင္းလင္းရွိတဲ့ လယ္ယာေျမကို (ပုံစံ ၇) မေပးပဲ မေနပါဘူး။ ရွိခဲ့ရင္ေတာင္ အနည္းစုပဲ ျဖစ္ပါမယ္၊ (ပုံစံ ၇) မရေသးဘူး ဆိုထဲက အေၾကာင္းေတာ့ ရွိေနၿပီေပါ့။ ဒီအခ်က္နဲ႔တင္ ဝယ္ယူမယ့္သူက စုံစမ္းစစ္ေဆးဖို႔ လိုေနပါၿပီ။
ေနာက္တစ္ခုက ၿမိဳ႕ေျမဆိုရင္ ဂရန္ ရွိရပါမယ္၊ ပိုင္ဆိုင္မႈ အေထာက္အထား တစ္ခုခုကို ဆိုလိုတာပါ။ ဂရန္မရွိရင္လည္း အရႈပ္အရွင္း ရွိမရွိ စစ္ေဆး ရပါမယ္။ ၿမိဳ႕ေျမ၊ လယ္ယာေၿမ ေျမခြန္ေျပစာရွိလို႔ အခြန္ေဆာင္တယ္ ဆိုရင္ အဲဒီအခြန္ကို ေဆာင္ရတဲ့ အေၾကာင္းအရင္း ရွိေနၿပီေပါ့။ သူအဲဒီေျမခြန္ေျပစာ ဘယ္လိုရသလဲ၊ ဘယ္လိုပိုင္လို႔လဲ၊ ဌာနက ဘာလို႔ အခြန္စည္းၾကပ္သလဲ၊ ဌာနမွာ ဘယ္လို စာရင္းဝင္ေနသလဲ၊ ဒါေတြစစ္ေဆး ၾကည့္ပါ။ ဌာနေတြမွာ သြားေရာက္ ေမးျမန္း စုံစမ္းၾကည့္ပါ။
ဘာလို႔လဲ ဆိုေတာ့ ဝယ္ရင္ ေငြေပးရေတာ့မယ္ေလ၊ အလကား ေငြအဆုံးအရႈံးမခံခ်င္ရင္ ဝယ္မည့္သူက ဒီေလာက္ေတာ့ အားစိုက္ ေမးျမန္းစုံစမ္း ရေတာ့မွာေပါ့။ (ေျမခြန္ေျပစာ ပုံစံ ၈) ဟာ လယ္ယာ စိုက္ပ်ိဳးေျမအေပၚ စည္းၾကပ္ ေကာက္ခံတဲ့ ေျမခြန္ေျပစာ ျဖစ္ပါတယ္။ အဲဒီလယ္ယာေျမေျပစာရဲ့ မူရင္း သတ္မွတ္ပုံစံ အျပည့္အစုံကို ျမန္မာ အဂၤလိပ္ပုံစံနဲ႔ ပူးတြဲတင္ျပထားပါတယ္။
ေျပစာမွာ ေၾကာ္ျငာစာကို သတိျပဳပါ “ဤျဖတ္ပိုင္းသည္ အခြန္ေတာ္ေျပစာသာ ျဖစ္သည္။ ေျမပိုင္ရွင္ျဖစ္ေၾကာင္း သက္ေသခံ လက္မွတ္ မဟုတ္။” လို႔ အတိအလင္းပါရွိေနတာကို သတိျပဳပါ။ ခုေခတ္ လယ္ယာေျမေျပစာ ေက်ာဘက္မွာ အဲဒီလို ေရးထားပါတယ္။ ေျမကို ပိုင္ပိုင္ မပိုင္ပိုင္ သုံးေနရင္ ေျမခြန္ေကာက္တယ္၊ ဒါေၾကာင့္ က်ဴးေက်ာ္ခြန္ဆိုတာ ရွိတာေပါ့။
ေျမကို ဥပေဒအရ ပိုင္ဆိုင္လို႔ အခြန္ ေကာက္တာ ရွိသလို က်ဴးေက်ာ္ေနလို႔ အခြန္ေကာက္တာလဲ ရွိၾကတာပဲ။ စားက်က္ေျမမွာ က်ဴးေက်ာ္ စိုက္ေနရင္ အခြန္ေကာက္သလိုေပါ့။ ဥပမာ စားက်က္ေျမကို စားက်က္ ေျမအျဖစ္က ဥပေဒအရ ပယ္ဖ်က္ခြင့္ မရမခ်င္း က်ဴးေက်ာ္သူက ဘယ္လိုနည္းနဲ႔မွ မပိုင္နိုင္ပါဘူး။
Myo Min Htun