ကလေးနာမည် ပေးနည်းနှင့် ဆောင်ရန်/ရှောင်ရန်များ

‘ကလေးနာမည်ပေး”

တချို့တွေက ကလေးတွေရဲ့နာမည်ကို အလွယ်ပေးတပ်ကျတယ် ကျွန်နော်ကတော့ အဲလို အလွယ်မပေးစေချင်ဘူး ဘာဖြစ်လို့လဲဆိုတော့ ကံနည်းတဲ့သူမှာ ညဏ်လေးနည်းနည်းပိုစိုက်လိုက်ရင် သူဘဝရှေ့ရေးအတွက် ပိုကောင်းသွားစေချင်လို့ပါ ကံရှိတဲ့သူကတော့ ညဏ်သိပ်

မထည့်လဲကံကောင်းနေတော့ သုဟာနဲ့သူ အံဝင်ဂွင်ကျဖြစ်တယ်လို့ထင်တယ်နာမည်ပေးနည်းလေးကတော့ အလွန်မတန်မှကောင်းတဲ့နည်းလေးပါ ဆရာကြီး အဘမင်းသိင်္ခ လဲ ဒီနည်းအတိုင်ပဲပေးတာများပါတယ်

ကုန်ဘောင်ခေတ်မှာ အလွန်ကျော်ကြားတဲ့ အတုလ ဆရာတော် ခင်ကြီးဖျော်ရဲ့ နည်းပါ။

( တနင်္ဂနွေသားသမီးများ အတွက် ပုံစံ (၅ – ၆ – ၂)

(ကြာသပတေး အက္ခရာဖြင့် စပါ၊ သောကြာအက္ခရာကို အလယ်မှာ ထားပါ။ တနင်္လာ အက္ခရာကို အဆုံးတွင်ထားပါ)ဥပမာ – မိုးဟေကို ၊ မေသုခ ၊ ပြည်သိန်းကျော်) စသည်ဖြင့် ပေးရပါသည်။

တနင်္လာသားသမီးများအတွက် ပုံစံ (၆ – ၀ – ၃)

( သောကြာ အက္ခရာဖြင့် စပါ၊ စနေ အက္ခရာကို အလယ်မှာ ထားပါ။ အင်္ဂါ အက္ခရာကို အဆုံးတွင် ထားပါ)ဥပမာ – သူထူးစံ ၊ သွန်းနဒီစံ ၊ သက်နှင်းစံ ၊ သော်တာစိုးစံ၊ စသည်ဖြင့် ပေးနိုင်ပါသည်။

အင်္ဂါသားသမီးများအတွက် ပုံစံ (၀ – ၁ – ၄)

( စနေ အက္ခရာဖြင့် စပါ၊ တနင်္ဂနွေ အက္ခရာကို အလယ်မှာ ထားပါ။ ဗုဒ္ဓဟူး အက္ခရာကို အဆုံးတွင် ထားပါ)ဥပမာ – နှင်းအိလွင် ၊ ထူးအယ်လင်း၊ ထွန်းအောင်လူ ၊ နဒီအေးလွင် စသည်ဖြင့် ပေးနိုင်ပါသည်။

ဗုဒ္ဓဟူးသားသမီးများအတွက် ပုံစံ (၁ – ၂ – ၅)( တနင်္ဂနွေ အက္ခရာဖြင့် စပါ၊ တနင်္လာ အက္ခရာကို အလယ်မှာ ထားပါ။ ကြာသပတေး အက္ခရာကို အဆုံးတွင်ထားပါ)

ဥပမာ – အေးချမ်းမေ ၊ အိချမ်းမြေ့ ၊ အောင်ခေတ်ပိုင် ၊ အိချောပို စသည်ဖြင့် မှည့်နိုင်ပါသည်။

ကြာသပတေးသားသမီးများအတွက် ပုံစံ (၂ – ၃ – ၆)

( တနင်္လာအက္ခရာဖြင့် စပါ၊ အင်္ဂါ အက္ခရာကို အလယ်မှာ ထားပါ။ သောကြာ အက္ခရာကို အဆုံးတွင် ထားပါ)ဥပမာ – ခန့်စည်သူ ၊ ချောဇင်သန့် ၊ ကောင်းစည်သူ ၊ ငြိမ်းစုဟေသီ စသည်ဖြင့် မှည့်နိုင်ပါသည်။

ဒါကတော့ သောကြာသားသမီးများအတွက် ပုံစံ ( ၃ – ၄ – ၀ )

( အင်္ဂါ အက္ခရာဖြင့် စပါ၊ ဗုဒ္ဓဟူး အက္ခရာကို အလယ်မှာ ထားပါ။ စနေ အက္ခရာကို အဆုံးတွင်ထားပါ)ဥပမာ – ဇော်ရဲထက် ၊ စုလှိုင်နှင်း ၊ ဇူလိုင်နှင်း ၊ စောယုနွယ် ၊ ဇေယျာနိုင် ၊ ဇင်ယော်နီ စသည်ဖြင့် မှည့်နိုင်သည်။

စနေသားသမီးများအတွက် ပုံစံ ( ၄ – ၅ – ၁)

( ဗုဒ္ဓဟူး အက္ခရာဖြင့် စပါ၊ ကြာသပတေး အက္ခရာကို အလယ်မှာ ထားပါ။ တနင်္ဂနွေ အက္ခရာကို အဆုံး တွင် ထားပါ)ဥပမာ – ယဉ်မင်းဦး ၊ ရွှေယမင်းဦး ၊ ၀င့်ဝါမိုးဦး ၊ ရဲမာန်ဦး ၊ လူမင်းဦး ၊ လွင်မိုးအောင် စသည်ဖြင့် မှည့်နိုင်ပါသည်။

နောက်ဆုံးအနေနှင့် တစ်ခုပြောချင်တာက လူတစ်ယောက်ကို နာမည်ပေးတဲ့ အခါမှာ ဗေဒင်နှင့် ကိုက်အောင် ချဉ်းပဲလဲ မှည့်လို့ မဖြစ်ဘူး။ ဗေဒင်ကို လုံးလုံး မစဉ်းစားပဲနဲ့လည်း မှည့်လို့မဖြစ်ဘူး။ အဲဒီတော့ ဗေဒင်သဘောလဲ ပါပါစေ။ ခေါ်လို့ ကောင်းအောင်လည်း ဖြစ်ပါ

စေ၊ ခေတ်ကာလနဲ့လည်း လိုက်လျော ညီထွေ ဖြစ်ပါစေ။

မှတ်ချက် – မည်သူမဆို မိမိတို့၏ သားသမီး ရင်သွေးရတနာ များကို အမည်ပေးရန် အတွက်ပဲ ဖြစ်ဖြစ် ၊ အနုပညာ လုပ်ငန်းနှင့် အခြားသော လုပ်ငန်း ဆောင်တာများတွင် အသုံးပြုရန် ဖြစ်စေ အမည်ပေးလိုပါက အထက်ပါ နည်းအတိုင်း စိတ်ချ ယုံကြည်စွာ ပေးနိုင်ပါသည်။

 

Zawgyi

‘ကေလးနာမည္ေပး”

တခ်ိဳ႕ေတြက ကေလးေတြရဲ႕နာမည္ကို အလြယ္ေပးတပ္က်တယ္ ကြၽန္ေနာ္ကေတာ့ အဲလို အလြယ္မေပးေစခ်င္ဘူး ဘာျဖစ္လို႔လဲဆိုေတာ့ ကံနည္းတဲ့သူမွာ ညဏ္ေလးနည္းနည္းပိုစိုက္လိုက္ရင္ သူဘဝေရွ႕ေရးအတြက္ ပိုေကာင္းသြားေစခ်င္လို႔ပါ ကံရွိတဲ့သူကေတာ့ ညဏ္သိပ္

မထည့္လဲကံေကာင္းေနေတာ့ သုဟာနဲ႔သူ အံဝင္ဂြင္က်ျဖစ္တယ္လို႔ထင္တယ္နာမည္ေပးနည္းေလးကေတာ့ အလြန္မတန္မွေကာင္းတဲ့နည္းေလးပါ ဆရာႀကီး အဘမင္းသိခၤ လဲ ဒီနည္းအတိုင္ပဲေပးတာမ်ားပါတယ္

ကုန္ေဘာင္ေခတ္မွာ အလြန္ေက်ာ္ၾကားတဲ့ အတုလ ဆရာေတာ္ ခင္ႀကီးေဖ်ာ္ရဲ႕ နည္းပါ။

( တနဂၤေႏြသားသမီးမ်ား အတြက္ ပုံစံ (၅ – ၆ – ၂)

(ၾကာသပေတး အကၡရာျဖင့္ စပါ၊ ေသာၾကာအကၡရာကို အလယ္မွာ ထားပါ။ တနလၤာ အကၡရာကို အဆုံးတြင္ထားပါ)ဥပမာ – မိုးေဟကို ၊ ေမသုခ ၊ ျပည္သိန္းေက်ာ္) စသည္ျဖင့္ ေပးရပါသည္။

တနလၤာသားသမီးမ်ားအတြက္ ပုံစံ (၆ – ၀ – ၃)

( ေသာၾကာ အကၡရာျဖင့္ စပါ၊ စေန အကၡရာကို အလယ္မွာ ထားပါ။ အဂၤါ အကၡရာကို အဆုံးတြင္ ထားပါ)ဥပမာ – သူထူးစံ ၊ သြန္းနဒီစံ ၊ သက္ႏွင္းစံ ၊ ေသာ္တာစိုးစံ၊ စသည္ျဖင့္ ေပးႏိုင္ပါသည္။

အဂၤါသားသမီးမ်ားအတြက္ ပုံစံ (၀ – ၁ – ၄)

( စေန အကၡရာျဖင့္ စပါ၊ တနဂၤေႏြ အကၡရာကို အလယ္မွာ ထားပါ။ ဗုဒၶဟူး အကၡရာကို အဆုံးတြင္ ထားပါ)ဥပမာ – ႏွင္းအိလြင္ ၊ ထူးအယ္လင္း၊ ထြန္းေအာင္လူ ၊ နဒီေအးလြင္ စသည္ျဖင့္ ေပးႏိုင္ပါသည္။

ဗုဒၶဟူးသားသမီးမ်ားအတြက္ ပုံစံ (၁ – ၂ – ၅)( တနဂၤေႏြ အကၡရာျဖင့္ စပါ၊ တနလၤာ အကၡရာကို အလယ္မွာ ထားပါ။ ၾကာသပေတး အကၡရာကို အဆုံးတြင္ထားပါ)

ဥပမာ – ေအးခ်မ္းေမ ၊ အိခ်မ္းေျမ့ ၊ ေအာင္ေခတ္ပိုင္ ၊ အိေခ်ာပို စသည္ျဖင့္ မွည့္ႏိုင္ပါသည္။

ၾကာသပေတးသားသမီးမ်ားအတြက္ ပုံစံ (၂ – ၃ – ၆)

( တနလၤာအကၡရာျဖင့္ စပါ၊ အဂၤါ အကၡရာကို အလယ္မွာ ထားပါ။ ေသာၾကာ အကၡရာကို အဆုံးတြင္ ထားပါ)ဥပမာ – ခန္႔စည္သူ ၊ ေခ်ာဇင္သန္႔ ၊ ေကာင္းစည္သူ ၊ ၿငိမ္းစုေဟသီ စသည္ျဖင့္ မွည့္ႏိုင္ပါသည္။

ဒါကေတာ့ ေသာၾကာသားသမီးမ်ားအတြက္ ပုံစံ ( ၃ – ၄ – ၀ )

( အဂၤါ အကၡရာျဖင့္ စပါ၊ ဗုဒၶဟူး အကၡရာကို အလယ္မွာ ထားပါ။ စေန အကၡရာကို အဆုံးတြင္ထားပါ)ဥပမာ – ေဇာ္ရဲထက္ ၊ စုလႈိင္ႏွင္း ၊ ဇူလိုင္ႏွင္း ၊ ေစာယုႏြယ္ ၊ ေဇယ်ာႏိုင္ ၊ ဇင္ေယာ္နီ စသည္ျဖင့္ မွည့္ႏိုင္သည္။

စေနသားသမီးမ်ားအတြက္ ပုံစံ ( ၄ – ၅ – ၁)

( ဗုဒၶဟူး အကၡရာျဖင့္ စပါ၊ ၾကာသပေတး အကၡရာကို အလယ္မွာ ထားပါ။ တနဂၤေႏြ အကၡရာကို အဆုံး တြင္ ထားပါ)ဥပမာ – ယဥ္မင္းဦး ၊ ေ႐ႊယမင္းဦး ၊ ၀င့္ဝါမိုးဦး ၊ ရဲမာန္ဦး ၊ လူမင္းဦး ၊ လြင္မိုးေအာင္ စသည္ျဖင့္ မွည့္ႏိုင္ပါသည္။

ေနာက္ဆုံးအေနႏွင့္ တစ္ခုေျပာခ်င္တာက လူတစ္ေယာက္ကို နာမည္ေပးတဲ့ အခါမွာ ေဗဒင္ႏွင့္ ကိုက္ေအာင္ ခ်ဥ္းပဲလဲ မွည့္လို႔ မျဖစ္ဘူး။ ေဗဒင္ကို လုံးလုံး မစဥ္းစားပဲနဲ႔လည္း မွည့္လို႔မျဖစ္ဘူး။ အဲဒီေတာ့ ေဗဒင္သေဘာလဲ ပါပါေစ။ ေခၚလို႔ ေကာင္းေအာင္လည္း ျဖစ္ပါ

ေစ၊ ေခတ္ကာလနဲ႔လည္း လိုက္ေလ်ာ ညီေထြ ျဖစ္ပါေစ။

မွတ္ခ်က္ – မည္သူမဆို မိမိတို႔၏ သားသမီး ရင္ေသြးရတနာ မ်ားကို အမည္ေပးရန္ အတြက္ပဲ ျဖစ္ျဖစ္ ၊ အႏုပညာ လုပ္ငန္းႏွင့္ အျခားေသာ လုပ္ငန္း ေဆာင္တာမ်ားတြင္ အသုံးျပဳရန္ ျဖစ္ေစ အမည္ေပးလိုပါက အထက္ပါ နည္းအတိုင္း စိတ္ခ် ယုံၾကည္စြာ ေပးႏိုင္ပါသည္။