မင်းပြောင်းမင်းလွဲ အတွက် တဘောင်ကြီး ၅ ခု
မြန်မာ့သမိုင်းတလျောက်မှာ မင်းလောင်းပေါ်ခါနီးလျှင် ထင်ရှား ပေါ်ပေါက်ခဲ့သော တဘောင်ကြီး =၅=ခုတဘောင် ပေါ်သည့် အတိုင်းလည်း ထွက်ပေါ်ခဲ့ကြသည့် မင်းများမှာ
၁။ ပုဂံခေတ် = စီးချင်းထိုးလျက် မျိုးမင်းထွက် ပြည်တော် သာလိမ့်မယ်။= ထိုတဘောင် ပေါ်ပြီးနောက် အနော်ရထာ မင်းလောင်းသည် ဦးရီးတော် စုက္ကတေးမင်းနှင့် စီးချင်းထိုးခဲ့သည်။
စုက္ကတေးမင်းအား အနိူင် တိုက်ခိုက်ပြီးနောက် အနော်ရထာသည် ပုဂံပြည့်ရှင် ဖြစ်လာခဲ့သည်။ ထိုမင်းလက်ထက်တွင် သာသနာရောင်ဝါ ထွန်းလင်းပြီး ဆန်ရေစပါး ပေါများ ကာ ချမ်းသာကြွယ်ဝခဲ့သည်။
၂။ အင်းဝခေတ် =အင်းအိုင်ထဲက လူတစ်ယောက် မီးတောက်ကလေး ကိုင်လို့ပေါက်= ထို တဘောင် ပေါ်ပြီးနောက် သတိုးမင်းဖျားသည် ရှင်ဘုရင်ဖြစ်လာကာ
နန်းတော်ကို အင်းဝမြို့၌ တည်ခဲ့ သည်။ ထိုမင်းသည် လည်း နယ်ပယ် အများအပြားကို သိမ်းပိုက်ကာ ဘုန်းမီးနေလ တောက်ပ ခဲ့သည်။
၃။တောင်ငူခေတ်=အိုဘယ့်အမောင်ဆံရွေဆောင်နောက်လိုက်ဘုန်းခေါင် ပြောင်လိမ့်မယ်။=ထို တဘောင် ပေါ်ပြီးကြာသော် တောင်ငူမြို့တွင် မင်းကြီးညို မှ သားတော်တပါးမွေးဖွား လာလေသည်။ထိုသားတော်၏ ဦး ခေါင်းတွင် ရွေရောင်ဆံပင် တစ်မွေး ပါလာလေသည်။
နောင်သော်ထိုမင်းသားသည်တပင်ရွေထီးဟု၍ တောင် ငူဘုရင် ဖြစ်လာလေသည်။သို့သော်လည်း သက်တော်မရှည်ပဲ သူ၏ ယောက်ဖတော် ဘုရင့်နောင်က ထီးနန်းကို ဆက်ခံလေသည်။ ဘုရင့်နောင်လက်ထက်ရောက်သော် မြန်မာပြည်ကြီး ဘုန်းမီးနေလတောက်ပလေသည်။
၄။ ကုန်းဘောင်ခေတ် =ဖိုသုံးဖို တစ်ဖိုတောက်မည်= ထို တဘောင် ပေါ်ပြီး နောက် မုဆိုးဖို ရွာသူကြီးဦး အောင်ဇေယျသည် ပျက်ပြားနေသော မြန်မာပြည်ကြီးအားလ က်ရုံးရည် နှလုံးရည်ဖြင့် ပြန်လည် စုစည်းပြီးနောက် အ လောင်းမင်းတရားဘွဲ့ဖြင့်ဘိသိတ်ခံနန်းတက်လသည်။
၅။ ယခုခေတ် =ပေါ်မလာသေး၍ စောင့်ကြည့်ရမည်= ၂၆၀၀ သာသနာ ဗုဒ္ဓရာဇာပေါ်လာမှာ စည်တော်ကြီးလည်း ဟီးလိမ့်မယ်။ထို တဘောင်သည် ဗုဒ္ဓ သာသနာအား ကမ္ဘာတစ်ခွင် ဖြန့်ကျက် ထွန်းလင်းစေပြီး မြန်မာပြည်အားလည်း သာသနာတော်ကို နေတစ်ဆူ လတစ်ဆူလို ထင်ရှားစေမည့်သာသနာပြုမင်း ပေါ် မည်ဖြစ် သည်။
ထိုမင်းလက်ထက်တွင် တိုင်းပြည်သည် တိုးတက်ချမ်း သာကြွယ်ဝ လွန်းအားကြီးမည်။စည်ပင် သာယာလှပသော တိုင်းပြည်ဖြစ်မည်။
Zawgyi
မင္းေျပာင္းမင္းလြဲ အတြက္ တေဘာင္ႀကီး ၅ ခု
ျမန္မာ့သမိုင္းတေလ်ာက္မွာ မင္းေလာင္းေပၚခါနီးလၽွင္ ထင္ရွား ေပၚေပါက္ခဲ့ေသာ တေဘာင္ႀကီး =၅=ခုတေဘာင္ ေပၚသည့္ အတိုင္းလည္း ထြက္ေပၚခဲ့ၾကသည့္ မင္းမ်ားမွာ
၁။ ပုဂံေခတ္ = စီးခ်င္းထိုးလ်က္ မ်ိဳးမင္းထြက္ ျပည္ေတာ္ သာလိမ့္မယ္။= ထိုတေဘာင္ ေပၚၿပီးေနာက္ အေနာ္ရထာ မင္းေလာင္းသည္ ဦးရီးေတာ္ စုကၠေတးမင္းႏွင့္ စီးခ်င္းထိုးခဲ့သည္။
စုကၠေတးမင္းအား အနိူင္ တိုက္ခိုက္ၿပီးေနာက္ အေနာ္ရထာသည္ ပုဂံျပည့္ရွင္ ျဖစ္လာခဲ့သည္။ ထိုမင္းလက္ထက္တြင္ သာသနာေရာင္ဝါ ထြန္းလင္းၿပီး ဆန္ေရစပါး ေပါမ်ား ကာ ခ်မ္းသာႂကြယ္ဝခဲ့သည္။
၂။ အင္းဝေခတ္ =အင္းအိုင္ထဲက လူတစ္ေယာက္ မီးေတာက္ကေလး ကိုင္လို႔ေပါက္= ထို တေဘာင္ ေပၚၿပီးေနာက္ သတိုးမင္းဖ်ားသည္ ရွင္ဘုရင္ျဖစ္လာကာ
နန္းေတာ္ကို အင္းဝၿမိဳ႕၌ တည္ခဲ့ သည္။ ထိုမင္းသည္ လည္း နယ္ပယ္ အမ်ားအျပားကို သိမ္းပိုက္ကာ ဘုန္းမီးေနလ ေတာက္ပ ခဲ့သည္။
၃။ေတာင္ငူေခတ္=အိုဘယ့္အေမာင္ဆံေရြေဆာင္ေနာက္လိုက္ဘုန္းေခါင္ ေျပာင္လိမ့္မယ္။=ထို တေဘာင္ ေပၚၿပီးၾကာေသာ္ ေတာင္ငူၿမိဳ႕တြင္ မင္းႀကီးညိဳ မွ သားေတာ္တပါးေမြးဖြား လာေလသည္။ထိုသားေတာ္၏ ဦး ေခါင္းတြင္ ေရြေရာင္ဆံပင္ တစ္ေမြး ပါလာေလသည္။
ေနာင္ေသာ္ထိုမင္းသားသည္တပင္ေရြထီးဟု၍ ေတာင္ ငူဘုရင္ ျဖစ္လာေလသည္။သို႔ေသာ္လည္း သက္ေတာ္မရွည္ပဲ သူ၏ ေယာက္ဖေတာ္ ဘုရင့္ေနာင္က ထီးနန္းကို ဆက္ခံေလသည္။ ဘုရင့္ေနာင္လက္ထက္ေရာက္ေသာ္ ျမန္မာျပည္ႀကီး ဘုန္းမီးေနလေတာက္ပေလသည္။
၄။ ကုန္းေဘာင္ေခတ္ =ဖိုသုံးဖို တစ္ဖိုေတာက္မည္= ထို တေဘာင္ ေပၚၿပီး ေနာက္ မုဆိုးဖို ရြာသူႀကီးဦး ေအာင္ေဇယ်သည္ ပ်က္ျပားေနေသာ ျမန္မာျပည္ႀကီးအားလ က္႐ုံးရည္ ႏွလုံးရည္ျဖင့္ ျပန္လည္ စုစည္းၿပီးေနာက္ အ ေလာင္းမင္းတရားဘြဲ႕ျဖင့္ဘိသိတ္ခံနန္းတက္လသည္။
၅။ ယခုေခတ္ =ေပၚမလာေသး၍ ေစာင့္ၾကည့္ရမည္= ၂၆၀၀ သာသနာ ဗုဒၶရာဇာေပၚလာမွာ စည္ေတာ္ႀကီးလည္း ဟီးလိမ့္မယ္။ထို တေဘာင္သည္ ဗုဒၶ သာသနာအား ကမၻာတစ္ခြင္ ျဖန႔္က်က္ ထြန္းလင္းေစၿပီး ျမန္မာျပည္အားလည္း သာသနာေတာ္ကို ေနတစ္ဆူ လတစ္ဆူလို ထင္ရွားေစမည့္သာသနာျပဳမင္း ေပၚ မည္ျဖစ္ သည္။
ထိုမင္းလက္ထက္တြင္ တိုင္းျပည္သည္ တိုးတက္ခ်မ္း သာႂကြယ္ဝ လြန္းအားႀကီးမည္။စည္ပင္ သာယာလွပေသာ တိုင္းျပည္ျဖစ္မည္။