ကိုယ့္အနားမွာ မေနခ်င္လို႔ ထြက္သြားတဲ့သူကို လြမ္းမေနသင့္တဲ့ အေၾကာင္းရင္း(၅)ခ်က္

ကိုယ့္အနားမွာ မေနခ်င္လို႔ ထြက္သြားတဲ့သူကို လြမ္းမေနသင့္တဲ့ အေၾကာင္းရင္း(၅)ခ်က္

ေလာကမွာ ကိုယ့္ဆီကုိလာတဲ့သူနဲ႔ ကိုယ့္ဆီကေနထြက္သြားတဲ့သူႏွစ္မ်ိဳးရွိပါတယ္။ ကိုယ့္အနားမွာ မေနခ်င္ေတာ့လို႔ ထြက္သြားတဲ့သူကို လြမ္းမေနသင့္ေတာ့ပါဘူး။ ကုိယ့္ဖက္က ဘယ္ေလာက္ပဲ ခ်စ္ေနပါေစ၊ ကုိယ့္အနားမွာမေနခ်င္ေတာ့လို႔ ထြက္သြားျပီဆိုရင္ေတာ့ ဒီအေၾကာင္းရင္းေတြေၾကာင့္ မလြမ္းသင့္ေတာ့တာပါေနာ္ …။

(၁) ကိုယ့္ကို မလိုအပ္ဘူး”

သင့္ကိုလိုအပ္တဲ့သူတစ္ေယာက္ဟာ သင့္အနားကေန အေဝးကိုထြက္သြားမွာမဟုတ္ပါဘူး။ သင့္အနားကေနထြက္သြားျပီ ဆိုကတည္းကိုက သင့္ကိုမလိုအပ္လို႔ဆိုတာကို သိထားသင့္ပါတယ္။ သင့္ကိုမလိုအပ္တဲ့သူရဲ႕ ဘဝထဲကို သင္လည္း မရွိခ်င္သင့္ပါဘူး …။

(၂) လုပ္စရာေတြ ရွိေသးတယ္”

လူတစ္ေယာက္ကိုယ့္ဘဝထဲက ထြက္သြားတာေၾကာင့္ ကိုယ့္ရဲ႕ဘဝတစ္ခုလံုးကို ေၾကကြဲဆို႕နင့္စြာ ျဖတ္သန္းစရာ မလိုပါဘူး။ ကုိယ့္ရဲ႕ဘဝမွာ လုပ္စရာေတြ၊ သင္ယူစရာေတြ၊ ေတြ႕ဆံုစရာလူေတြ အမ်ားၾကီးရွိေနပါေသးတယ္။ ဒါေၾကာင့္ကိုယ့္အနားမွာမေနခ်င္ေတာ့လို႔ ထြက္သြားတဲ့သူကို လြမ္းေနတာထက္ တျခားအရာေတြကို အာရံုစိုက္လိုက္တာ ပိုေကာင္းပါတယ္ …။

(၃) ကိုယ္ပိုင္မာနရွိတယ္”

လူတစ္ေယာက္ကိုယ့္ဘဝထဲကထြက္သြားတဲ့အခါ လြမး္မေနသင့္ေတာ့သလို၊ ဆြဲလည္းမထားသင့္ေတာ့ပါဘူး။ ကိုယ့္ရဲ႕ ကိုယ္ပိုင္မာန၊ ကိုယ္ပိုင္ဘဝကို တန္ဖိုးထားဖို႔လိုပါတယ္။ ေသြးပူေနတုန္းလုပ္လိုက္တဲ့အရာတစ္ခုဟာ ေနာင္တစ္ခ်ိန္မွာ ရွက္စရာ၊ သိကၡာက်စရာျဖစ္သြားႏိုင္လုိ႔ပါပဲ …။

(၄) ကိုယ့္အနားမွာရွိတဲ့သူကို ခ်စ္ပါ”

လူေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္အနားမွာမရွိေတာ့တဲ့သူ၊ ကိုယ့္အနားကေနထြက္သြားတဲ့သူေတြကို လြမး္ေဆြးေနၾကတာေၾကာင့္ ကိုယ့္အနားမွာရွိေနတဲ့သူေတြကို ခ်စ္ရေကာင္းမွန္း၊ တန္ဖိုးထားရေကာင္းမွန္း ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ တကယ္ေတာ့ ကိုယ့္အနားမွာမေနခ်င္လို႔ ထြက္သြားတဲ့သူေတြထက္၊ ကိုယ့္ကိုေရြးခ်ယ္ျပီးကိုယ့္အနားမွာ ရွိေနတဲ့သူေတြကို ပိုျပီးတန္ဖိုးထား၊ ခ်စ္ေပး သင့္ပါတယ္ …။

(၅) အသစ္ေတြကို ေနရာေပးလိုက္ပါ”

ကိုယ့္အနားမွာမေနခ်င္ေတာ့လို႔ ထြက္သြားတဲ့သူကို လြမး္ေနမယ့္အစား ကိုယ့္ဘဝထဲကိုဝင္လာတဲ့သူေတြကို ေနရာေပးလိုက္ပါ။ တစ္ခါတေလ အေဟာင္းေတြထြက္သြားတာဟာ သူ႔ထက္ပိုေကာင္းတဲ့ အသစ္ေတြ ဝင္လာဖို႔ျဖစ္တာေၾကာင့္ ေနရာေပးတတ္ဖို႔လည္း လိုပါတယ္ေနာ္ …။ ။

Em Em

Unicode

ကိုယ့်အနားမှာ မနေချင်လို့ ထွက်သွားတဲ့သူကို လွမ်းမနေသင့်တဲ့ အကြောင်းရင်း(၅)ချက်

လောကမှာ ကိုယ့်ဆီကိုလာတဲ့သူနဲ့ ကိုယ့်ဆီကနေထွက်သွားတဲ့သူနှစ်မျိုးရှိပါတယ်။ ကိုယ့်အနားမှာ မနေချင်တော့လို့ ထွက်သွားတဲ့သူကို လွမ်းမနေသင့်တော့ပါဘူး။ ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်နေပါစေ၊ ကိုယ့်အနားမှာမနေချင်တော့လို့ ထွက်သွားပြီဆိုရင်တော့ ဒီအကြောင်းရင်းတွေကြောင့် မလွမ်းသင့်တော့တာပါနော် …။

(၁) ကိုယ့်ကို မလိုအပ်ဘူး”

သင့်ကိုလိုအပ်တဲ့သူတစ်ယောက်ဟာ သင့်အနားကနေ အဝေးကိုထွက်သွားမှာမဟုတ်ပါဘူး။ သင့်အနားကနေထွက်သွားပြီ ဆိုကတည်းကိုက သင့်ကိုမလိုအပ်လို့ဆိုတာကို သိထားသင့်ပါတယ်။ သင့်ကိုမလိုအပ်တဲ့သူရဲ့ ဘဝထဲကို သင်လည်း မရှိချင်သင့်ပါဘူး …။

(၂) လုပ်စရာတွေ ရှိသေးတယ်”

လူတစ်ယောက်ကိုယ့်ဘဝထဲက ထွက်သွားတာကြောင့် ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို ကြေကွဲဆို့နင့်စွာ ဖြတ်သန်းစရာ မလိုပါဘူး။ ကိုယ့်ရဲ့ဘဝမှာ လုပ်စရာတွေ၊ သင်ယူစရာတွေ၊ တွေ့ဆုံစရာလူတွေ အများကြီးရှိနေပါသေးတယ်။ ဒါကြောင့်ကိုယ့်အနားမှာမနေချင်တော့လို့ ထွက်သွားတဲ့သူကို လွမ်းနေတာထက် တခြားအရာတွေကို အာရုံစိုက်လိုက်တာ ပိုကောင်းပါတယ် …။

(၃) ကိုယ်ပိုင်မာနရှိတယ်”

လူတစ်ယောက်ကိုယ့်ဘဝထဲကထွက်သွားတဲ့အခါ လွမး်မနေသင့်တော့သလို၊ ဆွဲလည်းမထားသင့်တော့ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်မာန၊ ကိုယ်ပိုင်ဘဝကို တန်ဖိုးထားဖို့လိုပါတယ်။ သွေးပူနေတုန်းလုပ်လိုက်တဲ့အရာတစ်ခုဟာ နောင်တစ်ချိန်မှာ ရှက်စရာ၊ သိက္ခာကျစရာဖြစ်သွားနိုင်လို့ပါပဲ …။

(၄) ကိုယ့်အနားမှာရှိတဲ့သူကို ချစ်ပါ”

လူတော်တော်များများဟာ ကိုယ့်အနားမှာမရှိတော့တဲ့သူ၊ ကိုယ့်အနားကနေထွက်သွားတဲ့သူတွေကို လွမး်ဆွေးနေကြတာကြောင့် ကိုယ့်အနားမှာရှိနေတဲ့သူတွေကို ချစ်ရကောင်းမှန်း၊ တန်ဖိုးထားရကောင်းမှန်း မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်အနားမှာမနေချင်လို့ ထွက်သွားတဲ့သူတွေထက်၊ ကိုယ့်ကိုရွေးချယ်ပြီးကိုယ့်အနားမှာ ရှိနေတဲ့သူတွေကို ပိုပြီးတန်ဖိုးထား၊ ချစ်ပေး သင့်ပါတယ် …။

(၅) အသစ်တွေကို နေရာပေးလိုက်ပါ”

ကိုယ့်အနားမှာမနေချင်တော့လို့ ထွက်သွားတဲ့သူကို လွမး်နေမယ့်အစား ကိုယ့်ဘဝထဲကိုဝင်လာတဲ့သူတွေကို နေရာပေးလိုက်ပါ။ တစ်ခါတလေ အဟောင်းတွေထွက်သွားတာဟာ သူ့ထက်ပိုကောင်းတဲ့ အသစ်တွေ ဝင်လာဖို့ဖြစ်တာကြောင့် နေရာပေးတတ်ဖို့လည်း လိုပါတယ်နော် …။ ။

Em Em