ကင်မရာထဲမှာ ထူးဆန်းစွာ ပေါ်လာတဲ့ တရားထိုင်ရဟန်းတော် တပါးရဲ့ ပုံရိပ်
စစ်ကိုင်တိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဥမင်ရွာ၊ ဥမင်လှိုင် ဘုန်းကြီးကျောင်းမှာ ထူးဆန်းတဲ့ အဖြစ်အပျက် တခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်တွေ သီတင်းသုံးနေတဲ့ လိုဏ်ဂူတွေကို ဓာတ်ပုံ လှည့်လည်ရိုက်ကြစဉ်မှာ ကနဦး ရိုက်တဲ့ ကင်မရာထဲမှာ မည်သည့်အရာမျှ မပေါ်ဘဲ ခရီးသွား ရဟန်း နှစ်ပါး ရိုက်ကူးတဲ့ ဓာတ်ပုံထဲမှာ ဆရာတော် တပါး တရားထိုင်နေတဲ့ပုံကို ထူးဆန်းစွာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ဓာတ်ပုံ ရိုက်ရိုက်ချင်းမှာ မပေါ်ဘဲ ပုံတွေ ပြန်ကြည့်တဲ့အချိန်မှာ ထူးဆန်းစွာ ပေါ်နေတာလို့ သိရပါတယ်။
ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တင်ထားတဲ့ ပို့စ်ကို ပြန်လည်ဖော်ပြ လိုက်ပါတယ်- စစ်ကိုင်းတိုင်း ၊ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဥမင်ရွာ ၊ ဥမင်လှိုဏ် ဘုန်းကြီးကျောင်းပါဗျ။ ဖူးမြော်ထိုက်လို့ ဖူးမြော်ခွင့်ရတယ်.. တရားထိုင်နေတဲ့ကိုယ်တော်ဟာ ကျနော့်တို့အဖွဲ့ရဲ့ ကင်မရာမှာ မပေါ်ပဲ ခရီးသွား ရဟန်းသံဃာနှစ်ပါးရဲ့ ကင်မရာကနေရခဲ့တာပါ။
Edit ထားတာလုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့ ကင်မရာမှာ မပေါ်ဘူး ဥူးဇင်းတွေကလည်း မသိဘူး ပုံပြန်ကြည့်တဲ့ အချိန်ရောက်မှ ပေါ်လာလို့ ဥူးဇင်းတွေက ကြက်သီးထနေလေရဲ့။ (Thi Ha Tun) အထက်ပါ အဖြစ်အပျက်ကို ဓာတ်ပုံ ကျွမ်းကျင်ပညာရှင်များကတော့ ဖိုတိုရှော့နဲ့ အတုပြုလုပ်ထားတယ်လို့ သုံးသပ်နေကြပါတယ်။ ထိလွယ် ရှလွယ်တဲ့ ဘာသာရေးအကြောင်း ပို့စ်တင်တဲ့အခါ အသေအချာ စိစစ်ပြီးမှ တင်သင့်ကြောင်းလည်း မှတ်ချက်ပေးနေကြပါတယ်။
ယခုလို ကင်မရာထဲမှာ ရဟန်းပုံ ပေါ်လာတာကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်းဟာ စာဖတ်သူတွေရဲ့ တဦးချင်းအပေါ် မူတည်ပါတယ်။ ပြောချင်တဲ့ အကြောင်းအရာများကိုလည်း မှတ်ချက် ပေးသွားနိုင်ပါတယ်။
ကင္မရာထဲမွာ ထူးဆန္းစြာ ေပၚလာတဲ့ တရားထိုင္ရဟန္းေတာ္ တပါးရဲ့ ပုံရိပ္
စစ္ကိုင္တိုင္း၊ ကသာခရိုင္၊ ဗန္းေမာက္ၿမိဳ႕နယ္၊ ဥမင္ရြာ၊ ဥမင္လွိုင္ ဘုန္းႀကီးေက်ာင္းမွာ ထူးဆန္းတဲ့ အျဖစ္အပ်က္ တခု ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဆရာေတာ္ေတြ သီတင္းသုံးေနတဲ့ လိုဏ္ဂူေတြကို ဓာတ္ပုံ လွည့္လည္ရိုက္ၾကစဥ္မွာ ကနဦး ရိုက္တဲ့ ကင္မရာထဲမွာ မည္သည့္အရာမၽွ မေပၚဘဲ ခရီးသြား ရဟန္း ႏွစ္ပါး ရိုက္ကူးတဲ့ ဓာတ္ပုံထဲမွာ ဆရာေတာ္ တပါး တရားထိုင္ေနတဲ့ပုံကို ထူးဆန္းစြာ ေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။ ဓာတ္ပုံ ရိုက္ရိုက္ခ်င္းမွာ မေပၚဘဲ ပုံေတြ ျပန္ၾကည့္တဲ့အခ်ိန္မွာ ထူးဆန္းစြာ ေပၚေနတာလို႔ သိရပါတယ္။
ကိုယ္တိုင္ ၾကဳံေတြ႕ခဲ့ရသူ တင္ထားတဲ့ ပို႔စ္ကို ျပန္လည္ေဖာ္ၿပ လိုက္ပါတယ္- စစ္ကိုင္းတိုင္း ၊ကသာခရိုင္၊ ဗန္းေမာက္ၿမိဳ႕နယ္၊ ဥမင္ရြာ ၊ ဥမင္လွိုဏ္ ဘုန္းႀကီးေက်ာင္းပါဗ်။ ဖူးေျမာ္ထိုက္လို႔ ဖူးေျမာ္ခြင့္ရတယ္.. တရားထိုင္ေနတဲ့ကိုယ္ေတာ္ဟာ က်ေနာ့္တို႔အဖြဲ႕ရဲ့ ကင္မရာမွာ မေပၚပဲ ခရီးသြား ရဟန္းသံဃာႏွစ္ပါးရဲ့ ကင္မရာကေနရခဲ့တာပါ။
Edit ထားတာလုံးဝမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ကင္မရာမွာ မေပၚဘူး ဥဴးဇင္းေတြကလည္း မသိဘူး ပုံျပန္ၾကည့္တဲ့ အခ်ိန္ေရာက္မွ ေပၚလာလို႔ ဥဴးဇင္းေတြက ၾကက္သီးထေနေလရဲ့။ (Thi Ha Tun) အထက္ပါ အျဖစ္အပ်က္ကို ဓာတ္ပုံ ကၽြမ္းက်င္ပညာရွင္မ်ားကေတာ့ ဖိုတိုေရွာ့နဲ႔ အတုျပဳလုပ္ထားတယ္လို႔ သုံးသပ္ေနၾကပါတယ္။ ထိလြယ္ ရွလြယ္တဲ့ ဘာသာေရးအေၾကာင္း ပို႔စ္တင္တဲ့အခါ အေသအခ်ာ စိစစ္ၿပီးမွ တင္သင့္ေၾကာင္းလည္း မွတ္ခ်က္ေပးေနၾကပါတယ္။
ယခုလို ကင္မရာထဲမွာ ရဟန္းပုံ ေပၚလာတာကို ယုံၾကည္ျခင္း၊ မယုံၾကည္ျခင္းဟာ စာဖတ္သူေတြရဲ့ တဦးခ်င္းအေပၚ မူတည္ပါတယ္။ ေျပာခ်င္တဲ့ အေၾကာင္းအရာမ်ားကိုလည္း မွတ္ခ်က္ ေပးသြားနိုင္ပါတယ္။