အသက် ၃၀ – ၄၀ ပတ်ချာလည်တွေကို
ချက်ချင်းဖမ်းပြီးရည်းစားတော်သင့်တဲ့ အချက် ၁၃ ချက်… ၁- ဒီအရွယ်တန်းတွေဆိုတာက အနေတော်မှာချလိုက်တဲ့ ကုလားပဲအိုးလိုပဲ၊
မာဆတ်ဆတ်ကြီးလည်းဖြစ်မနေဘူး၊ ပြဲလည်း မပြဲသလို၊ တူးလည်း မတူးဘူး၊ပြောရရင် နူးပြီး အိနေကြပြီပေါ့၊ အဆင်သင့်ခူးခပ်စားရုံ…
၂- နောက်ပြီး ဒီအရွယ်တွေကရည်းစားနဲ့ ဖုန်းပြောဖို့အရေး ဖုန်းဘေလ်ပြေးစစ်ရတဲ့အထဲမှာ မပါဘူး၊ သူတို့က အလုပ်နဲ့ အကိုင်နဲ့ အထုပ်နဲ့ အထည်နဲ့ ဖြစ်နေကြပြီ…
၃- နောက်တစ်ချက်က သူတို့ဟာ ချက်ဆို နားကွက်ကမီးဟုန်းဟုန်းတောက်နေကြပြီ၊ အရိပ်ပြရုံနဲ့တင် အကောင် တင်မကဘဲ အသွေးရော အသားပါ ထိုးဖောက်ပြီးကွက်ကျော်မြင်တတ်နေကြပြီ…
၄- အရေးကြီးတဲ့တစ်ချက်က သူတို့ဟာ ဆိုးလို့ ဝနေကြပြီ၊မလုပ်ဘူးတာမရှိ၊ မစမ်းဘူးတာမရှိ၊ မကလိဘူးတာမရှိ၊ဒီတော့ ဒီတစ်ချီသာ ပွပေါက်တိုးလို့ကတော့ ဒီတစ်သက်လိမ္မာပြီကွာဆိုတဲ့ အတွေးကို ရင်ဝယ်ပိုက်လာကြပြီ…
၅- နောက်တစ်ခုက ဒီအရွယ်တန်းတဟာ လူပါးတော်တော်ဝနေကြပြီ၊ သူတို့က တော်ရုံတန်ရုံ ကြုံရမယ့်လောကဓံလောက်ဆို နည်းနည်းလေးမှ မဖြုံတော့ဘူး…
၆- နောက်ပြီးသူတို့ဟာ လိုရင်းကို တိုတိုရှင်းရှင်းပဲလုပ်ချင်ကိုင်ချင်နေကြပြီ၊ ဝှေ့မနေတော့ဘူး၊ ဒဲ့ပဲ၊အီစီကလီတွေ၊ မူလဂျီတွန်တီတွေကို စိတ်မဝင်စားဘူး…၇- သူတို့ဟာ နေရာတကာမှာ ဆရာကျနေကြပြီဖြစ်လို့သူတို့လက်ထဲကို သင့်ဘဝကြီး ဝကွက်အပ်လို့ ရနေပြီ၊ဆိုလိုတာက မြင်ရုံနဲ့တင် အားကိုးချင်စရာကြီးတွေပေါ့…
၈- ကိုကိုခေါ်ရင် “ဗျာ”တန်းထူးတာ၊ “မောင်”ဆိုတာနဲ့ငေါက်ကနဲ ထထိုင်တာ ဒီအရွယ်တန်းတွေပါပဲ၊ သူတို့ဟာ ဂျစ်ကန်ကန်တွေ မဟုတ်ဘူး၊မိုက်ကန်းကန်း မလုပ်ဘူး…
၉- သင်ဆိုးချင်တိုင်ဆိုး၊ ကောက်ချင်တိုင်းကောက်၊ချွဲချင်တိုင်းချွဲ၊ နွဲ့ချင်တိုင်းနွဲ့တာတွေကို သည်းခံနိုင်တဲ့ နေရာမှာ သူတို့အရွယ်တွေက နိုးတူးပါပဲ၊ သူတို့ဟာသင်ကျင့်သမျှ (အနိုင်) ကို သွေးအေးအေးနဲ့ ရင်ဆိုင်မယ့်အာဂတွေပါပဲ…
၁၀- သူတို့ဟာ အံတိုနေတဲ့အမျိုး၊ အရေထူနေတဲ့အစားတွေဖြစ်လို့ စိတ်ကောက်တာတွေချေ(ဂျီ)တိုက်တာတွေ၊ရစ်တာတွေ၊ ချေတာတွေကို သိပ်မလုပ်ကြတော့ပါဘူး…
၁၁- နောက်ပြီး သူတို့ဟာ အတောင်စုံ၊ အလက်စုံပြီးအလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေကြတာမို့ ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့အိမ်တပြောင် မီးတဆောင်လောက်ကို အသာလေး”ဟချလောင်း”ဆိုပြီး လုပ်ပြနိုင်တဲ့သူတွေဖြစ်ပါတယ်…
၁၂- ဒီအရွယ်တွေဟာ သူတို့ဘဝမှာ ချီးထုပ်ပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ဖြတ်ကျော်လာကြသူချည်းဖြစ်တာမို့ ဒီတစ်ခါတော့ အပိုင်ပဲကွဆိုပြီး အားခဲထားကြသူတွေပါ…
၁၃- ဆိုတော့ သူတို့အရွယ်တွေဟာ ဘောလုံးစကားနဲ့ပြောရရင် အကောင်းဆုံးအချိန်ကို ရောက်နေကြသူတွေ ဖြစ်တာမို့ သင့်အနေနဲ့ ဒီ့ထက်ပိုပြီး နောက်မကျခင်ခပ်မြန်မြန်လေး လက်သွက်ဖို့တော့ လိုနေကြောင်းပါ…
ကဲစဉ်းစားမနေနဲ့ ၃၀ ကျော် ကိုကို မမ တွေကိုခုချက်ချင်းဖမ်းပြီး ရည်းစားတော်လိုက်တော့Credit.Original upload
Zawgyi
အသက္ ၃၀ – ၄၀ ပတ္ခ်ာလည္ေတြကို
ခ်က္ခ်င္းဖမ္းၿပီးရည္းစားေတာ္သင့္တဲ့ အခ်က္ ၁၃ ခ်က္… ၁- ဒီအ႐ြယ္တန္းေတြဆိုတာက အေနေတာ္မွာခ်လိုက္တဲ့ ကုလားပဲအိုးလိုပဲ၊
မာဆတ္ဆတ္ႀကီးလည္းျဖစ္မေနဘူး၊ ၿပဲလည္း မၿပဲသလို၊ တူးလည္း မတူးဘူး၊ေျပာရရင္ ႏူးၿပီး အိေနၾကၿပီေပါ့၊ အဆင္သင့္ခူးခပ္စား႐ုံ…
၂- ေနာက္ၿပီး ဒီအ႐ြယ္ေတြကရည္းစားနဲ႔ ဖုန္းေျပာဖို႔အေရး ဖုန္းေဘလ္ေျပးစစ္ရတဲ့အထဲမွာ မပါဘူး၊ သူတို႔က အလုပ္နဲ႔ အကိုင္နဲ႔ အထုပ္နဲ႔ အထည္နဲ႔ ျဖစ္ေနၾကၿပီ…
၃- ေနာက္တစ္ခ်က္က သူတို႔ဟာ ခ်က္ဆို နားကြက္ကမီးဟုန္းဟုန္းေတာက္ေနၾကၿပီ၊ အရိပ္ျပ႐ုံနဲ႔တင္ အေကာင္ တင္မကဘဲ အေသြးေရာ အသားပါ ထိုးေဖာက္ၿပီးကြက္ေက်ာ္ျမင္တတ္ေနၾကၿပီ…
၄- အေရးႀကီးတဲ့တစ္ခ်က္က သူတို႔ဟာ ဆိုးလို႔ ဝေနၾကၿပီ၊မလုပ္ဘူးတာမရွိ၊ မစမ္းဘူးတာမရွိ၊ မကလိဘူးတာမရွိ၊ဒီေတာ့ ဒီတစ္ခ်ီသာ ပြေပါက္တိုးလို႔ကေတာ့ ဒီတစ္သက္လိမၼာၿပီကြာဆိုတဲ့ အေတြးကို ရင္ဝယ္ပိုက္လာၾကၿပီ…
၅- ေနာက္တစ္ခုက ဒီအ႐ြယ္တန္းတဟာ လူပါးေတာ္ေတာ္ဝေနၾကၿပီ၊ သူတို႔က ေတာ္႐ုံတန္႐ုံ ႀကဳံရမယ့္ေလာကဓံေလာက္ဆို နည္းနည္းေလးမွ မၿဖဳံေတာ့ဘူး…
၆- ေနာက္ၿပီးသူတို႔ဟာ လိုရင္းကို တိုတိုရွင္းရွင္းပဲလုပ္ခ်င္ကိုင္ခ်င္ေနၾကၿပီ၊ ေဝွ႔မေနေတာ့ဘူး၊ ဒဲ့ပဲ၊အီစီကလီေတြ၊ မူလဂ်ီတြန္တီေတြကို စိတ္မဝင္စားဘူး…၇- သူတို႔ဟာ ေနရာတကာမွာ ဆရာက်ေနၾကၿပီျဖစ္လို႔သူတို႔လက္ထဲကို သင့္ဘဝႀကီး ဝကြက္အပ္လို႔ ရေနၿပီ၊ဆိုလိုတာက ျမင္႐ုံနဲ႔တင္ အားကိုးခ်င္စရာႀကီးေတြေပါ့…
၈- ကိုကိုေခၚရင္ “ဗ်ာ”တန္းထူးတာ၊ “ေမာင္”ဆိုတာနဲ႔ေငါက္ကနဲ ထထိုင္တာ ဒီအ႐ြယ္တန္းေတြပါပဲ၊ သူတို႔ဟာ ဂ်စ္ကန္ကန္ေတြ မဟုတ္ဘူး၊မိုက္ကန္းကန္း မလုပ္ဘူး…
၉- သင္ဆိုးခ်င္တိုင္ဆိုး၊ ေကာက္ခ်င္တိုင္းေကာက္၊ခြၽဲခ်င္တိုင္းခြၽဲ၊ ႏြဲ႕ခ်င္တိုင္းႏြဲ႕တာေတြကို သည္းခံႏိုင္တဲ့ ေနရာမွာ သူတို႔အ႐ြယ္ေတြက ႏိုးတူးပါပဲ၊ သူတို႔ဟာသင္က်င့္သမွ် (အႏိုင္) ကို ေသြးေအးေအးနဲ႔ ရင္ဆိုင္မယ့္အာဂေတြပါပဲ…
၁၀- သူတို႔ဟာ အံတိုေနတဲ့အမ်ိဳး၊ အေရထူေနတဲ့အစားေတြျဖစ္လို႔ စိတ္ေကာက္တာေတြေခ်(ဂ်ီ)တိုက္တာေတြ၊ရစ္တာေတြ၊ ေခ်တာေတြကို သိပ္မလုပ္ၾကေတာ့ပါဘူး…
၁၁- ေနာက္ၿပီး သူတို႔ဟာ အေတာင္စုံ၊ အလက္စုံၿပီးအလုပ္နဲ႔ အကိုင္နဲ႔ ျဖစ္ေနၾကတာမို႔ ေ႐ႊတြဲလဲ၊ ေငြတြဲလဲနဲ႔အိမ္တေျပာင္ မီးတေဆာင္ေလာက္ကို အသာေလး”ဟခ်ေလာင္း”ဆိုၿပီး လုပ္ျပႏိုင္တဲ့သူေတြျဖစ္ပါတယ္…
၁၂- ဒီအ႐ြယ္ေတြဟာ သူတို႔ဘဝမွာ ခ်ီးထုပ္ေပါင္းမ်ားစြာကို ရင္ဆိုင္ႀကဳံေတြ႕ျဖတ္ေက်ာ္လာၾကသူခ်ည္းျဖစ္တာမို႔ ဒီတစ္ခါေတာ့ အပိုင္ပဲကြဆိုၿပီး အားခဲထားၾကသူေတြပါ…
၁၃- ဆိုေတာ့ သူတို႔အ႐ြယ္ေတြဟာ ေဘာလုံးစကားနဲ႔ေျပာရရင္ အေကာင္းဆုံးအခ်ိန္ကို ေရာက္ေနၾကသူေတြ ျဖစ္တာမို႔ သင့္အေနနဲ႔ ဒီ့ထက္ပိုၿပီး ေနာက္မက်ခင္ခပ္ျမန္ျမန္ေလး လက္သြက္ဖို႔ေတာ့ လိုေနေၾကာင္းပါ…
ကဲစဥ္းစားမေနနဲ႔ ၃၀ ေက်ာ္ ကိုကို မမ ေတြကိုခုခ်က္ခ်င္းဖမ္းၿပီး ရည္းစားေတာ္လိုက္ေတာ့Credit.Original upload