Omicron (အိုမီခရွန်) အတွက် သိကိုသိရမယ့် အချက် 17 ချက်….
ခုလက်ရှိ တကမ္ဘာလုံး ကြောက်ရွံ့နေကြတဲ့ ရောဂါဟာ Omicron (အိုမီခရွန်) လို့ခေါ်တဲ့ Covid သန္ဓေပြောင်း မျိုးစိတ်အသစ်ပဲဖြစ်ပါတယ်
Omicron (အိုမီခရွန်) ရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့-
၁။ လည်ချောင်းနာမယ်
၂။ နှာရည်ယိုမယ်
၃။ ချောင်းဆိုးမယ်
၄။ ကြွက်သားနာမယ်/ ခါးနာမယ်
၅။ အရမ်းနုံးမယ်
၆။ ခေါင်းကိုက်မယ်
ထူးခြားတာက အရင် Covid တွေလို အနံ့ပျောက်/ အရသာပျောက် ခြင်း သိပ်မရှိပါ။ ဖြစ်တော့ဖြစ်တယ် အလွန်ရှားပါတယ်။
Omicron (အိုမီခရွန်) Virus ဟာ ကူးစက်မှု အရမ်းမြန်ပါတယ်။ လက်ရှိချိန်ထိ ကမ္ဘာပေါ်မှာ သမိုင်းတလျှောက် ကူးစက်မှု အမြန်ဆုံး သန္ဓေပြောင်း Virus အသစ်ဖြစ်ပါတယ်။
ဒါပေမယ့် Omicron (အိုမီခရွန်) ရဲ့ အဆိုးထဲက အကောင်းကတော့ ရောဂါကြောင့် သေဆုံးနှုန်း က အရင် Covid မျိုးစိတ်တွေထက် လွန်စွာနည်းတာကိုတော့ တွေ့ရှိရပါတယ်။
COVID-19 ဟာ မာယာအရမ်းများတာကြောင့် ကျနော် ဒေါက်တာထက်ဝင်း အနေနဲ့ မှာကြားချင်တာကတော့ Omicron (အိုမီခရွန်) ကိုလည်း လုံးဝ မပေါ့ပါနဲ့ လို့ မှာကြားချင်ပါတယ်။
ကျနော် ဒေါက်တာထက်ဝင်း အနေနဲ့ Omicron (အိုမီခရွန်) အကြောင်း သိကိုသိရမယ့် အချက် (17) ချက်ကိုပြောပြပေးပါ့မယ်။
1. အပြင်သွားတိုင်း Mask တပ်ပါ။ Face shield ကာထားပါ။
2. လက်ကို မကြာခဏ စနစ်တကျ စက္ကန့် ၂၀ ကြာ သေချာစွာဆေးပါ။
3. လူစုလူဝေးနေရာများကို လုံးဝရှောင်ရှားပါ။
4. COVID ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ်ထိုးကိုထိုးပါ။ Booster dose လို့ခေါ်တဲ့ ၃ ကြိမ်မြောက် ထိုးရင် ပိုကောင်းပါတယ်။
5. မိမိအိမ်ကို လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားပါ။
6. အစားအသောက်ကို အာဟာရပြည့်ဝစွာစားပါ။
7. နေ့စဉ် နာရီဝက်ခန့် လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
8. တစ်နေ့ကို Vitamin C 500 mg သောက်ပါ။
9. တစ်နေ့ကို ရေ ၂ လီတာ အနည်းဆုံးသောက်ပါ။
10. တစ်နေ့ကို ၈ နာရီ အနည်းဆုံး အိပ်ဆက်ပါ။
11. အိမ်တိုင်းမှာ သွေးတွင်း အောက်ဆီဂျင် တိုင်းစက် (Pulse Oximeter) နဲ့ အပူချိန်တိုင်း ကိရိယာ (Thermometer) ဆောင်ထားပါ။(SPO2 သွေးတွင်း အောက်ဆီဂျင် ရာခိုင်နှုန်း 95% အထက်ဆိုပုံမှန်ပါပဲ) (Covid-19 အဖျားသည် များသောအားဖြင့် 100F မှ 104F ထိတက် တတ်ပါတယ်)
12. SPO2 90% အောက်ဆို Oxygen ရှူဖို့လိုအပ်ပါတယ်။
13. ကိုယ့်အိမ်ကလူတစ်ယောက် လည်ချောင်းနာခြင်း၊ နှာရေယိုခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်းဖြစ်ရင် အိမ်မှာ နှာခေါင်းတို့ဘက် (Nasal Swab Test/ RDT) စစ်ဆေးပါ။ အခန်းခွဲနေပါ။
14. နှာခေါင်းတို့ဘက်အဖြေဟာ Negative (ရောဂါမရှိ) ကြောင်းပြနေရင်လည်း အခန်းခွဲနေပါ။ တချို့သူတွေ အဖြေမပေါ်ဘဲ ရောဂါရှိတဲ့သူများရှိပါတယ်။
ရောဂါ အဖြေကလည်း လက္ခဏာပြပြီး ၃ ရက်လောက်မှ ပေါ်တတ်ပါတယ်။ သတိထားပါ။ သူကိုင်တွယ်ထားတဲ့ အသုံးအဆောင်များကို ပိုးသတ်ပါ။
15. ဖျားလျှင် Paracetamol 500 mg ကို ဖျားတိုင်း ၄ နာရီခြားသောက်လို့ရပါတယ်။ ဖျားတဲ့ ရက်ထိ သောက်လို့ရပါတယ်။
16. အိမ်မှာ ရှိတဲ့ ကလေးငယ်များ၊ အသက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါဝေသနာရှင်များ၊ ကိုယ်ခံအား ကျဆင်းနေသူများကို အပြင်ကို လုံးဝ လုံးဝ မထွက်ခိုင်းပါနဲ့။
17. နှာခေါင်းတို့ဘက်မှာ Positive (ရောဂါရှိသည်) ဟုပြသပါက တတ်ကျွမ်းတဲ့ ဆရာဝန်နှင့် သေသေချာချာ ပြသပြီး ချက်ချင်းကုသမှုခံယူပါ။
ယခုအခါ ဆေးရုံဆေးခန်းသွားပြစရာမလိုဘဲ Online နဲ့ပါ ပြသလို့ရလို့ ဘယ်နေရာမဆို အလွယ်တကူပြသနိုင်ပါတယ်။ ဒီလောက်လွယ်ကူနေတဲ့ခေတ်မှာ ဆေးခန်းမပြဘဲ ကြိတ်ကုတာ လုံးဝလုံးဝ မပြုလုပ်ပါနဲ့။
ဒီ အပေါ်ကအချက် (17) ချက်ကို သေချာ လိုက်နာခြင်းဖြင့် Omicron(အိုမီခရွန်) မျိုးစိတ်အသစ်ကို ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်း ကာကွယ်နိုင်ကြပါစေလို့ ကျနော် ဒေါက်တာထက်ဝင်းမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
မေတ္တာဖြင့်
ဒေါက်တာထက်ဝင်း 🙏
Crd#
Zawgyi
Omicron (အိုမီခ႐ြန္) အတြက္ သိကိုသိရမယ့္ အခ်က္ 17 ခ်က္….
ခုလက္ရွိ တကမာၻလုံး ေၾကာက္႐ြံ႕ေနၾကတဲ့ ေရာဂါဟာ Omicron (အိုမီခ႐ြန္) လို႔ေခၚတဲ့ Covid သေႏၶေျပာင္း မ်ိဳးစိတ္အသစ္ပဲျဖစ္ပါတယ္
Omicron (အိုမီခ႐ြန္) ရဲ႕ အျဖစ္အမ်ားဆုံး လကၡဏာေတြကေတာ့-
၁။ လည္ေခ်ာင္းနာမယ္
၂။ ႏွာရည္ယိုမယ္
၃။ ေခ်ာင္းဆိုးမယ္
၄။ ႂကြက္သားနာမယ္/ ခါးနာမယ္
၅။ အရမ္းႏုံးမယ္
၆။ ေခါင္းကိုက္မယ္
ထူးျခားတာက အရင္ Covid ေတြလို အနံ႔ေပ်ာက္/ အရသာေပ်ာက္ ျခင္း သိပ္မရွိပါ။ ျဖစ္ေတာ့ျဖစ္တယ္ အလြန္ရွားပါတယ္။
Omicron (အိုမီခ႐ြန္) Virus ဟာ ကူးစက္မႈ အရမ္းျမန္ပါတယ္။ လက္ရွိခ်ိန္ထိ ကမာၻေပၚမွာ သမိုင္းတေလွ်ာက္ ကူးစက္မႈ အျမန္ဆုံး သေႏၶေျပာင္း Virus အသစ္ျဖစ္ပါတယ္။
ဒါေပမယ့္ Omicron (အိုမီခ႐ြန္) ရဲ႕ အဆိုးထဲက အေကာင္းကေတာ့ ေရာဂါေၾကာင့္ ေသဆုံးႏႈန္း က အရင္ Covid မ်ိဳးစိတ္ေတြထက္ လြန္စြာနည္းတာကိုေတာ့ ေတြ႕ရွိရပါတယ္။
COVID-19 ဟာ မာယာအရမ္းမ်ားတာေၾကာင့္ က်ေနာ္ ေဒါက္တာထက္ဝင္း အေနနဲ႔ မွာၾကားခ်င္တာကေတာ့ Omicron (အိုမီခ႐ြန္) ကိုလည္း လုံးဝ မေပါ့ပါနဲ႔ လို႔ မွာၾကားခ်င္ပါတယ္။
က်ေနာ္ ေဒါက္တာထက္ဝင္း အေနနဲ႔ Omicron (အိုမီခ႐ြန္) အေၾကာင္း သိကိုသိရမယ့္ အခ်က္ (17) ခ်က္ကိုေျပာျပေပးပါ့မယ္။
1. အျပင္သြားတိုင္း Mask တပ္ပါ။ Face shield ကာထားပါ။
2. လက္ကို မၾကာခဏ စနစ္တက် စကၠန္႔ ၂၀ ၾကာ ေသခ်ာစြာေဆးပါ။
3. လူစုလူေဝးေနရာမ်ားကို လုံးဝေရွာင္ရွားပါ။
4. COVID ကာကြယ္ေဆး အနည္းဆုံး ၂ ႀကိမ္ထိုးကိုထိုးပါ။ Booster dose လို႔ေခၚတဲ့ ၃ ႀကိမ္ေျမာက္ ထိုးရင္ ပိုေကာင္းပါတယ္။
5. မိမိအိမ္ကို ေလဝင္ေလထြက္ေကာင္းေအာင္ျပဳလုပ္ထားပါ။
6. အစားအေသာက္ကို အာဟာရျပည့္ဝစြာစားပါ။
7. ေန႔စဥ္ နာရီဝက္ခန္႔ ေလ့က်င့္ခန္းပုံမွန္လုပ္ပါ။
8. တစ္ေန႔ကို Vitamin C 500 mg ေသာက္ပါ။
9. တစ္ေန႔ကို ေရ ၂ လီတာ အနည္းဆုံးေသာက္ပါ။
10. တစ္ေန႔ကို ၈ နာရီ အနည္းဆုံး အိပ္ဆက္ပါ။
11. အိမ္တိုင္းမွာ ေသြးတြင္း ေအာက္ဆီဂ်င္ တိုင္းစက္ (Pulse Oximeter) နဲ႔ အပူခ်ိန္တိုင္း ကိရိယာ (Thermometer) ေဆာင္ထားပါ။(SPO2 ေသြးတြင္း ေအာက္ဆီဂ်င္ ရာခိုင္ႏႈန္း 95% အထက္ဆိုပုံမွန္ပါပဲ) (Covid-19 အဖ်ားသည္ မ်ားေသာအားျဖင့္ 100F မွ 104F ထိတက္ တတ္ပါတယ္)
12. SPO2 90% ေအာက္ဆို Oxygen ရႉဖို႔လိုအပ္ပါတယ္။
13. ကိုယ့္အိမ္ကလူတစ္ေယာက္ လည္ေခ်ာင္းနာျခင္း၊ ႏွာေရယိုျခင္း၊ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းျဖစ္ရင္ အိမ္မွာ ႏွာေခါင္းတို႔ဘက္ (Nasal Swab Test/ RDT) စစ္ေဆးပါ။ အခန္းခြဲေနပါ။
14. ႏွာေခါင္းတို႔ဘက္အေျဖဟာ Negative (ေရာဂါမရွိ) ေၾကာင္းျပေနရင္လည္း အခန္းခြဲေနပါ။ တခ်ိဳ႕သူေတြ အေျဖမေပၚဘဲ ေရာဂါရွိတဲ့သူမ်ားရွိပါတယ္။
ေရာဂါ အေျဖကလည္း လကၡဏာျပၿပီး ၃ ရက္ေလာက္မွ ေပၚတတ္ပါတယ္။ သတိထားပါ။ သူကိုင္တြယ္ထားတဲ့ အသုံးအေဆာင္မ်ားကို ပိုးသတ္ပါ။
15. ဖ်ားလွ်င္ Paracetamol 500 mg ကို ဖ်ားတိုင္း ၄ နာရီျခားေသာက္လို႔ရပါတယ္။ ဖ်ားတဲ့ ရက္ထိ ေသာက္လို႔ရပါတယ္။
16. အိမ္မွာ ရွိတဲ့ ကေလးငယ္မ်ား၊ အသက္ႀကီး႐ြယ္အိုမ်ား၊ နာတာရွည္ ေရာဂါေဝသနာရွင္မ်ား၊ ကိုယ္ခံအား က်ဆင္းေနသူမ်ားကို အျပင္ကို လုံးဝ လုံးဝ မထြက္ခိုင္းပါနဲ႔။
17. ႏွာေခါင္းတို႔ဘက္မွာ Positive (ေရာဂါရွိသည္) ဟုျပသပါက တတ္ကြၽမ္းတဲ့ ဆရာဝန္ႏွင့္ ေသေသခ်ာခ်ာ ျပသၿပီး ခ်က္ခ်င္းကုသမႈခံယူပါ။
ယခုအခါ ေဆး႐ုံေဆးခန္းသြားျပစရာမလိုဘဲ Online နဲ႔ပါ ျပသလို႔ရလို႔ ဘယ္ေနရာမဆို အလြယ္တကူျပသႏိုင္ပါတယ္။ ဒီေလာက္လြယ္ကူေနတဲ့ေခတ္မွာ ေဆးခန္းမျပဘဲ ႀကိတ္ကုတာ လုံးဝလုံးဝ မျပဳလုပ္ပါနဲ႔။
ဒီ အေပၚကအခ်က္ (17) ခ်က္ကို ေသခ်ာ လိုက္နာျခင္းျဖင့္ Omicron(အိုမီခ႐ြန္) မ်ိဳးစိတ္အသစ္ကို ကမာၻေပၚမွာရွိတဲ့ လူသားတိုင္း ကာကြယ္ႏိုင္ၾကပါေစလို႔ က်ေနာ္ ေဒါက္တာထက္ဝင္းမွ ဆုေတာင္းေမတၱာ ပို႔သအပ္ပါတယ္။
ေမတၱာျဖင့္
ေဒါက္တာထက္ဝင္း 🙏
Crd#