ယုန္ေလးရဲ႕ MTV အမွန္တကယ္ ရည္ရြယ္ခ်က္က ဒီလိုပါ…

ယုန္ေလးရဲ႕ MTV အမွန္တကယ္ ရည္ရြယ္ခ်က္က ဒီလိုပါ…

ယုန္ေလးရဲ႕ MTV အမွန္တကယ္ရည္ရြယ္ခ်က္က ဒီလိုပါေနာ္ …။

1- ျပည္သူေတြစားဝတ္ေနေရးခက္ခဲတဲ့အဆင့္မေရာက္ေသးဘူး။ ခန္းမထဲမွာ အျငင္းပြားေဆြးေႏြးေနတဲ့အထိပဲရွိေသးတယ္ ။ ဒါဟာ လႊတ္ေတာ္ထဲမွာ ေရွ႕မေရာက္ ေနာက္မဆုတ္ျဖစ္ေနတဲ့ လက္ရွိကာလကို ေထာက္ျပေနတာ ။

2- ေဒၚစုကို လုပ္ႀကံေစခ်င္လို႔ လမ္းျပတာလား ဆိုတာက ကာယကံရွင္ရဲ့ အျမင္နဲ႔ပဲဆိုင္မယ္ ။ ဘာေၾကာင့္လဲဆို ခန္းမထဲမွာ ေဒၚစုတစ္ေယာက္ထဲရွိေနတာမဟုတ္လို့ပဲ ။ ဒါဟာ ႏြားကြဲရင္ က်ားဆြဲနိုင္တယ္ စည္းလုံးမွုမရွိတဲ့အခ်ိန္မွာ အေမွာင္ပေယာဂ အခ်ိန္မေရြး ဝင္လာနိုင္တယ္ဆိုလိုတာ …။

3- ေဒၚစုလုပ္ႀကံခံရရင္ စစ္တပ္ကပဲကယ္ရမွာဆိုတာထက္ ေဒၚစုမရွိရင္ NLDမွာ ေဒၚစုလို ဘယ္သူေျခစြမ္းထက္လဲ? အဲ့ဒါစဥ္းစား? NLDမွာ ေျခစြမ္းလက္စြမ္းရွိတာ ေဒၚေအာင္ဆန္းစုၾကည္အျပင္တစ္ျခားလူမရွိတာ ခင္ဗ်ားတို႔ က်ဳပ္တို႔ပိုသိတယ္။ တစ္ဦးတစ္ေယာက္ေကာင္းနဲ႔သြားေနတဲ့ခရီးဟာ ေရရွည္မတည္ျမဲဘူးဆိုတာ နားလည္ဖို ့လိုမယ္။ ဆိုလိုခ်င္တာက ေဒၚစုလို လူေတာ္မ်ိဳး ခင္ဗ်ားတို႔ ထပ္ၿပီးရွိေနဖို႔လိုတယ္။ အဲ့အခ်က္ကို ေထာက္ျပေနတာ …။

4- စစ္ေထာက္လွမ္းေရးနဲ႔ ရဲေထာက္လွမ္းေရးကေရာ ဒီေခတ္ကာလမွာ အစြမ္းအစရွိေနလို႔လား? သူေထာက္ျပတာ မွားေနလို့လား? က်ဳပ္မွီသေလာက္ေျပာျပမယ္ ။ ဦးခင္ညြန္႔လက္ထက္ စစစ ေလာက္ ခုေခတ္ စရဖေတြ လက္မသြက္ဘူး ။ ေထာက္လွမ္းေရး အရည္အေသြးေတြက်လာတာ အကုန္သိၾကတယ္ …။

5- သက္ေတာ္ေစာင့္လုံျခဳံေရးေတြက အၾကမ္းဘက္ေလာက္အဆင့္မရွိဘူးလို့ေျပာတာၾကည့္႐ုံနဲ႔ စစ္သေဘာတရားကိုနားမလည္မွန္းသိပါတယ္ ။ သက္ေတာင္ေစာင့္နဲ႔လုံျခဳံေရးဆိုတာ ေမၽွာ္လင့္မထားတဲ့အရာကို အာ႐ုံျဖန္႔ၿပီးေစာင့္ေနရတာ ဥပမာ အခိုင္အမာစခန္းကုန္းစ္ခုလိုေပါ့ (တစ္ကယ္က အခိုင္အမာစခန္းကုန္းအဆင့္ကိုမမွီတာပါ ) ။ ရန္သူဆိုတာက အစီအစဥ္တက် ဘက္ေပါင္းစုံကေနတြက္ခ်က္ၿပီး Targetတစ္ခုထဲကို အာ႐ုံထားၿပီး Attackလုပ္တာ ။ အဲ့မွာတင္ စစ္ကစားမွုစြမ္းရည္ကြာလာတယ္ ။လက္ရွိဗ်ာ ခ်ယ္ရီထက္ရဲ့ စြမ္းေဆာင္ရည္ဟာ ဘယ္ေလာက္ရွိမလဲ? သူလိုလူမ်ိဳးဟာ က်န္ေက်ာင္းလို ႏွစ္100မွ တစ္ေယာက္ထဲေပၚထြန္းတဲ့လူလို့ ထင္ေနတာလား? ဒါဟာ ခ်ယ္ရီထက္ရဲ႕ စြမ္းေဆာင္ရည္ကို ရွုံ႔ခ်တာမဟုတ္ဘူး ။ လူတိုင္းမွာ စြမ္းေဆာင္ ရည္ကန္႔သတ္ခ်က္ရွိၾကတယ္ဗ် ။ မီးလက္ဝါး အကြက္ဆိုတာ videoထဲမွာပဲရွိတယ္ ။ ဆိုလိုခ်င္တာက ေဒၚစုေဘးနားက လုံျခဳံေရးဆိုတာ ရာႏႈန္းအျပည္႔ၾကီးေတာ႔ စိတ္မခ်ရဘူး က်ိဳးေပါက္နိုင္တယ္ သတိေပးေနတာ …။

6- ေဒၚေအာင္ဆန္းစုၾကည္ကို အသက္ေပးကာကြယ္တဲ့ ပင္နီဝတ္ေတြလို့ျမင္ေနတာလား?အဲ့ဒါဆိုအရမ္းမွားသြားၿပီ ။ NLDမွာ ဘာကိစၥပဲရွိရွိ အေမအေမဆိုၿပီး အပူကပ္ေနတဲ့ ဦးမေဆာင္နိုင္တဲ့လူတစ္ခ်ိဳ႕ကို ေထာက္ျပေနတာ …။

7- အေလးျပဳရျခင္းရဲ့ ရည္ရြယ္ခ်က္5ခ်က္ရွိပါတယ္ ။ ေလ့လာပါ ။ ေနာက္ဆုံးမွာ ဦးညြတ္အေလးျပဳတာကို ျပန္ၾကည့္ပါ ။

8- တပ္ဘက္မွာ ကာခ်ဳပ္ NlDမွာ ေဒၚစု USDPမွာ ဦးသန္းေဌး အကုန္လုံးသူ႔နည္းသူ႔ဟန္နဲ႔လူလုံးျပၿပီး ႀကိဳးစားေနၾကတယ္ ။ သမၼတႀကီးကို အေလးျပဳဖို့ဆိုတာက သူထြက္လာမွ အေလးျပဳလို့ရမွာေလ ။ နိုင္ငံမွာ သူေပ်ာက္ေနတယ္ သူ႔လုပ္ေဆာင္ခက္နည္းေနတယ္ဆိုတာကို ေထာက္ျပေနတာ ။ ဒါေလာက္ေတာင္မရိပ္မိဘူးလားဗ်ာ ။

ဒီသုံးသပ္ခ်က္ေတြဟာ ဘယ္သူ႔ဟာမွမဟုတ္ဘူး ။ က်ဳပ္စိတ္ထဲက အတၱအစြဲေတြကိုဖယ္ၿပီး gravityအျပင္ဘက္ကေနၾကည့္ၿပီး သုံးသပ္ခဲ့တာပါ ။ ။ က်ိမ္ရဲတာတစ္ခုက က်ဳပ္ကိုယ္တိုင္ေတာင္ ဘယ္ေကာင္ကို မဲေပးရမလဲစဥ္းစားရက်ပ္ေနတာ ။အားသာခ်က္ အားနည္းခ်က္ကိုယ္စီ နဲ႔ပါပဲ …။

လူတိုင္းဟာ မ်က္မျမင္ပု႑ားေတြပါ ။ ဘယ္လိုမ်ိဳးပဲ ရွုေထာင့္အမ်ိဳးမ်ိဳးကျမင္ၾကပါေစ ေသခ်ာတာတစ္ခုကေတာ့ ဘယ္အရာမဆို သုံးတတ္ရင္ေဆးဆိုတာပါပဲ ။ ရွုေထာင့္မတူလို့ အျမင္မတူတာ မွားတယ္လို့သြားေျပာလို့မရဘူးေလ ။ လူနဲ႔ တိရစၧာန္ ကြာျခားခ်က္က ဥ္းစားေတြးေခၚမွုပါပဲ ။ ဘဝင္မက် ထပ္တူမက်တာနဲ႔ ေလၽွာက္တိုက္ခိုက္ေနရင္ က်ေတာ္တို့ေတြ ကို့ကိုယ္ကို လူလို့ေခၚဆိုနိုင္မလား။အဲ့လိုမဟုတ္ဘူး ဘာျဖစ္တယ္ ညာျဖစ္တယ္ဆိုရင္လဲ က်ေတာ္ကခံျငင္းေနမွာမဟုတ္ပါဘူး ။ ထပ္ေျပာျပခ်င္ပါတယ္ ။ဘယ္အရာမဆို သုံးတတ္ရင္ေဆးဆိုတာပါပဲ ။ ဇာတ္လမ္းေကာင္းျခင္းမေကာင္းျခင္းဆိုတာထက္ က်ေတာ့္အျမင္ကို ခ်ျပထားတာပါ ။ ကၽြန္ေတာ္က ဇာတ္လမ္းေတြ မႀကိဳက္တတ္ဘူးဗ်ာ …။

ငါနဲ႕မတူ ငါ့ရန္သူဆိုပီး စည္းလံုးမႈေတြ ျပိဳကြဲေနမယ့္အစား စုေပါင္းညီညာစြာျဖင့္ တိုင္းျပည္အက်ိဳးကို အားတက္သေရာ ေဆာင္ရြက္ေစခ်င္ပါတယ္ …။ ။

ေလးစားစြာျဖင့္ #ေပသီး#

Unicode

ယုန်လေးရဲ့ MTV အမှန်တကယ် ရည်ရွယ်ချက်က ဒီလိုပါ…

ယုန်လေးရဲ့ MTV အမှန်တကယ်ရည်ရွယ်ချက်က ဒီလိုပါနော် …။

1- ပြည်သူတွေစားဝတ်နေရေးခက်ခဲတဲ့အဆင့်မရောက်သေးဘူး။ ခန်းမထဲမှာ အငြင်းပွားဆွေးနွေးနေတဲ့အထိပဲရှိသေးတယ် ။ ဒါဟာ လွှတ်တော်ထဲမှာ ရှေ့မရောက် နောက်မဆုတ်ဖြစ်နေတဲ့ လက်ရှိကာလကို ထောက်ပြနေတာ ။

2- ဒေါ်စုကို လုပ်ကြံစေချင်လို့ လမ်းပြတာလား ဆိုတာက ကာယကံရှင်ရဲ့ အမြင်နဲ့ပဲဆိုင်မယ် ။ ဘာကြောင့်လဲဆို ခန်းမထဲမှာ ဒေါ်စုတစ်ယောက်ထဲရှိနေတာမဟုတ်လို့ပဲ ။ ဒါဟာ နွားကွဲရင် ကျားဆွဲနိုင်တယ် စည်းလုံးမှုမရှိတဲ့အချိန်မှာ အမှောင်ပယောဂ အချိန်မရွေး ဝင်လာနိုင်တယ်ဆိုလိုတာ …။

3- ဒေါ်စုလုပ်ကြံခံရရင် စစ်တပ်ကပဲကယ်ရမှာဆိုတာထက် ဒေါ်စုမရှိရင် NLDမှာ ဒေါ်စုလို ဘယ်သူခြေစွမ်းထက်လဲ? အဲ့ဒါစဉ်းစား? NLDမှာ ခြေစွမ်းလက်စွမ်းရှိတာ ဒေါ်အောင်ဆန်းစုကြည်အပြင်တစ်ခြားလူမရှိတာ ခင်ဗျားတို့ ကျုပ်တို့ပိုသိတယ်။ တစ်ဦးတစ်ယောက်ကောင်းနဲ့သွားနေတဲ့ခရီးဟာ ရေရှည်မတည်မြဲဘူးဆိုတာ နားလည်ဖို့လိုမယ်။ ဆိုလိုချင်တာက ဒေါ်စုလို လူတော်မျိုး ခင်ဗျားတို့ ထပ်ပြီးရှိနေဖို့လိုတယ်။ အဲ့အချက်ကို ထောက်ပြနေတာ …။

4- စစ်ထောက်လှမ်းရေးနဲ့ ရဲထောက်လှမ်းရေးကရော ဒီခေတ်ကာလမှာ အစွမ်းအစရှိနေလို့လား? သူထောက်ပြတာ မှားနေလို့လား? ကျုပ်မှီသလောက်ပြောပြမယ် ။ ဦးခင်ညွန့်လက်ထက် စစစ လောက် ခုခေတ် စရဖတွေ လက်မသွက်ဘူး ။ ထောက်လှမ်းရေး အရည်အသွေးတွေကျလာတာ အကုန်သိကြတယ် …။

5- သက်တော်စောင့်လုံခြုံရေးတွေက အကြမ်းဘက်လောက်အဆင့်မရှိဘူးလို့ပြောတာကြည့်ရုံနဲ့ စစ်သဘောတရားကိုနားမလည်မှန်းသိပါတယ် ။ သက်တောင်စောင့်နဲ့လုံခြုံရေးဆိုတာ မျှော်လင့်မထားတဲ့အရာကို အာရုံဖြန့်ပြီးစောင့်နေရတာ ဥပမာ အခိုင်အမာစခန်းကုန်းစ်ခုလိုပေါ့ (တစ်ကယ်က အခိုင်အမာစခန်းကုန်းအဆင့်ကိုမမှီတာပါ ) ။ ရန်သူဆိုတာက အစီအစဉ်တကျ ဘက်ပေါင်းစုံကနေတွက်ချက်ပြီး Targetတစ်ခုထဲကို အာရုံထားပြီး Attackလုပ်တာ ။ အဲ့မှာတင် စစ်ကစားမှုစွမ်းရည်ကွာလာတယ် ။လက်ရှိဗျာ ချယ်ရီထက်ရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်လောက်ရှိမလဲ? သူလိုလူမျိုးဟာ ကျန်ကျောင်းလို နှစ်100မှ တစ်ယောက်ထဲပေါ်ထွန်းတဲ့လူလို့ ထင်နေတာလား? ဒါဟာ ချယ်ရီထက်ရဲ့ စွမ်းဆောင်ရည်ကို ရှုံ့ချတာမဟုတ်ဘူး ။ လူတိုင်းမှာ စွမ်းဆောင် ရည်ကန့်သတ်ချက်ရှိကြတယ်ဗျ ။ မီးလက်ဝါး အကွက်ဆိုတာ videoထဲမှာပဲရှိတယ် ။ ဆိုလိုချင်တာက ဒေါ်စုဘေးနားက လုံခြုံရေးဆိုတာ ရာနှုန်းအပြည့်ကြီးတော့ စိတ်မချရဘူး ကျိုးပေါက်နိုင်တယ် သတိပေးနေတာ …။

6- ဒေါ်အောင်ဆန်းစုကြည်ကို အသက်ပေးကာကွယ်တဲ့ ပင်နီဝတ်တွေလို့မြင်နေတာလား?အဲ့ဒါဆိုအရမ်းမှားသွားပြီ ။ NLDမှာ ဘာကိစ္စပဲရှိရှိ အမေအမေဆိုပြီး အပူကပ်နေတဲ့ ဦးမဆောင်နိုင်တဲ့လူတစ်ချို့ကို ထောက်ပြနေတာ …။

7- အလေးပြုရခြင်းရဲ့ ရည်ရွယ်ချက်5ချက်ရှိပါတယ် ။ လေ့လာပါ ။ နောက်ဆုံးမှာ ဦးညွတ်အလေးပြုတာကို ပြန်ကြည့်ပါ ။

8- တပ်ဘက်မှာ ကာချုပ် NlDမှာ ဒေါ်စု USDPမှာ ဦးသန်းဌေး အကုန်လုံးသူ့နည်းသူ့ဟန်နဲ့လူလုံးပြပြီး ကြိုးစားနေကြတယ် ။ သမ္မတကြီးကို အလေးပြုဖို့ဆိုတာက သူထွက်လာမှ အလေးပြုလို့ရမှာလေ ။ နိုင်ငံမှာ သူပျောက်နေတယ် သူ့လုပ်ဆောင်ခက်နည်းနေတယ်ဆိုတာကို ထောက်ပြနေတာ ။ ဒါလောက်တောင်မရိပ်မိဘူးလားဗျာ ။

ဒီသုံးသပ်ချက်တွေဟာ ဘယ်သူ့ဟာမှမဟုတ်ဘူး ။ ကျုပ်စိတ်ထဲက အတ္တအစွဲတွေကိုဖယ်ပြီး gravityအပြင်ဘက်ကနေကြည့်ပြီး သုံးသပ်ခဲ့တာပါ ။ ။ ကျိမ်ရဲတာတစ်ခုက ကျုပ်ကိုယ်တိုင်တောင် ဘယ်ကောင်ကို မဲပေးရမလဲစဉ်းစားရကျပ်နေတာ ။အားသာချက် အားနည်းချက်ကိုယ်စီ နဲ့ပါပဲ …။

လူတိုင်းဟာ မျက်မမြင်ပုဏ္ဍားတွေပါ ။ ဘယ်လိုမျိုးပဲ ရှုထောင့်အမျိုးမျိုးကမြင်ကြပါစေ သေချာတာတစ်ခုကတော့ ဘယ်အရာမဆို သုံးတတ်ရင်ဆေးဆိုတာပါပဲ ။ ရှုထောင့်မတူလို့ အမြင်မတူတာ မှားတယ်လို့သွားပြောလို့မရဘူးလေ ။ လူနဲ့ တိရစ္ဆာန် ကွာခြားချက်က ဉ်းစားတွေးခေါ်မှုပါပဲ ။ ဘဝင်မကျ ထပ်တူမကျတာနဲ့ လျှောက်တိုက်ခိုက်နေရင် ကျတော်တို့တွေ ကို့ကိုယ်ကို လူလို့ခေါ်ဆိုနိုင်မလား။အဲ့လိုမဟုတ်ဘူး ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုရင်လဲ ကျတော်ကခံငြင်းနေမှာမဟုတ်ပါဘူး ။ ထပ်ပြောပြချင်ပါတယ် ။ဘယ်အရာမဆို သုံးတတ်ရင်ဆေးဆိုတာပါပဲ ။ ဇာတ်လမ်းကောင်းခြင်းမကောင်းခြင်းဆိုတာထက် ကျတော့်အမြင်ကို ချပြထားတာပါ ။ ကျွန်တော်က ဇာတ်လမ်းတွေ မကြိုက်တတ်ဘူးဗျာ …။

ငါနဲ့မတူ ငါ့ရန်သူဆိုပီး စည်းလုံးမှုတွေ ပြိုကွဲနေမယ့်အစား စုပေါင်းညီညာစွာဖြင့် တိုင်းပြည်အကျိုးကို အားတက်သရော ဆောင်ရွက်စေချင်ပါတယ် …။ ။

လေးစားစွာဖြင့် #ပေသီး#