သိၾကားမင္းနဲ႔ သိန္း ၅၀ ရသြားတဲ့ သူေတာင္းစား ပုံျပင္ (ခံယူခ်က္ဆိုတာ အေရးႀကီးဆုံးပါပဲ)
တခါတုန္းကေပါ့။ ၿမိဳ႕တစ္ၿမိဳ႕မွာ သူေတာင္းစား တစ္ေယာက္ရွိတယ္။ ဆင္းဆင္းရဲရဲ ေတာင္းစားေနရတာကို မၾကည့္ရက္လို႔
သိၾကားမင္းက လူျပည္ဆင္းလာၿပီး” အသင္ လူသား ငါသင့္ကို ကူညီမယ္၊ ဒါေပမဲ့ သင္ဘယ္လို လုပ္မလဲ ဆိုတာကိုေတာ့ အမွန္အတိုင္းေျပာပါ။”
“ေကာင္းပါၿပီ သိၾကားမင္း ” ” ငါ နင့္ကို ပိုက္ဆံ ငါးသိန္းေပးရင္ သင္ဘာလုပ္မလဲ” ဆိုေတာ့ သူေတာင္းစားက စဥ္းစားၿပီး ဖုန္းဝယ္မယ္။
သိၾကားမင္းက” ဖုန္းဝယ္ၿပီး ဘာလုပ္မလို႔လဲ”ဆိုေတာ့ သူေတာင္းစားသူငယ္ခ်င္းေတြကို ဖုန္းဆက္ၿပီး …
“ဘယ္ေနရာ ေတာင္းေကာင္းလဲေမးၿပီး အဲဒီ ဒီေနရာ သြားေတာင္းမယ္” တဲ့၊
သိၾကားမင္းက အင္း ဒီေငြေလာက္နဲ႔ သူ႔ဘဝမေျပာင္း ဘူးဆိုၿပီး” ဒါဆို သိန္းငါးဆယ္ေပးမယ္ ဘာလုပ္မလဲ” ဆိုေတာ့
သူေတာင္းစားက တခ်က္ထပ္ေတြးလိုက္ၿပီး ေျပာလိုက္တယ္။
” ဆိုင္ကယ္တစ္စီးဝယ္ၿပီး ေတာင္းလို႔ ေကာင္းတဲ့ ေနရာေတြကို ျမန္ျမန္သြားေတာင္းလိုက္မွာေပါ့ ” တဲ့။ သိၾကားမင္းက မျဖစ္ေသးပါဘူး ဆိုၿပီး …”
သိန္း တစ္ရာေပးမယ္ကြာ.. ဘာလုပ္မလဲ “ေမးေတာ့ သူေတာင္းစားက … “ကားဝယ္ၿပီး တစ္ၿမိဳ႕လုံး လိုက္ေတာင္းမယ္” တဲ့။
သိၾကားမင္းက မျဖစ္ပါဘူး …” ေနာက္ဆုံးအေနနဲ႔သိန္းငါးရာေပးမယ္ဘာလုပ္မလဲ ” ဆိုေတာ့ … သူေတာင္းစားက ေပ်ာ္ၿပီး
“ဟာ တစ္ၿမိဳ႕လုံးမွာရွိတဲ့ သူေတာင္းစားေတြကို ပိုက္ဆံေပး ႏွင္ထုတ္ၿပီး တစ္ၿမိဳ႕လုံးကို သူတစ္ေယာက္တည္း ေတာင္းစားမွာေပါ့” တဲ့…။
သင့္ရဲ့ အေတြးအေခၚေဟာင္းခံယူခ်က္ အေဟာင္းေတြမစြန႔္နိုင္သေရြ႕ သူေတာင္းစားဘဝက လြတ္မွာမဟုတ္ဘူး။
မူရင္းေရးသားသူအား ေလးစားမႈျဖင့္
Unicode
သိကြားမင်းနဲ့ သိန်း ၅၀ ရသွားတဲ့ သူတောင်းစား ပုံပြင် (ခံယူချက်ဆိုတာ အရေးကြီးဆုံးပါပဲ)
တခါတုန်းကပေါ့။ မြို့တစ်မြို့မှာ သူတောင်းစား တစ်ယောက်ရှိတယ်။ ဆင်းဆင်းရဲရဲ တောင်းစားနေရတာကို မကြည့်ရက်လို့
သိကြားမင်းက လူပြည်ဆင်းလာပြီး” အသင် လူသား ငါသင့်ကို ကူညီမယ်၊ ဒါပေမဲ့ သင်ဘယ်လို လုပ်မလဲ ဆိုတာကိုတော့ အမှန်အတိုင်းပြောပါ။”
“ကောင်းပါပြီ သိကြားမင်း ” ” ငါ နင့်ကို ပိုက်ဆံ ငါးသိန်းပေးရင် သင်ဘာလုပ်မလဲ” ဆိုတော့ သူတောင်းစားက စဉ်းစားပြီး ဖုန်းဝယ်မယ်။
သိကြားမင်းက” ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲ”ဆိုတော့ သူတောင်းစားသူငယ်ချင်းတွေကို ဖုန်းဆက်ပြီး …
“ဘယ်နေရာ တောင်းကောင်းလဲမေးပြီး အဲဒီ ဒီနေရာ သွားတောင်းမယ်” တဲ့၊
သိကြားမင်းက အင်း ဒီငွေလောက်နဲ့ သူ့ဘဝမပြောင်း ဘူးဆိုပြီး” ဒါဆို သိန်းငါးဆယ်ပေးမယ် ဘာလုပ်မလဲ” ဆိုတော့
သူတောင်းစားက တချက်ထပ်တွေးလိုက်ပြီး ပြောလိုက်တယ်။
” ဆိုင်ကယ်တစ်စီးဝယ်ပြီး တောင်းလို့ ကောင်းတဲ့ နေရာတွေကို မြန်မြန်သွားတောင်းလိုက်မှာပေါ့ ” တဲ့။ သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး …”
သိန်း တစ်ရာပေးမယ်ကွာ.. ဘာလုပ်မလဲ “မေးတော့ သူတောင်းစားက … “ကားဝယ်ပြီး တစ်မြို့လုံး လိုက်တောင်းမယ်” တဲ့။
သိကြားမင်းက မဖြစ်ပါဘူး …” နောက်ဆုံးအနေနဲ့သိန်းငါးရာပေးမယ်ဘာလုပ်မလဲ ” ဆိုတော့ … သူတောင်းစားက ပျော်ပြီး
“ဟာ တစ်မြို့လုံးမှာရှိတဲ့ သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုတ်ပြီး တစ်မြို့လုံးကို သူတစ်ယောက်တည်း တောင်းစားမှာပေါ့” တဲ့…။
သင့်ရဲ့ အတွေးအခေါ်ဟောင်းခံယူချက် အဟောင်းတွေမစွန့်နိုင်သရွေ့ သူတောင်းစားဘဝက လွတ်မှာမဟုတ်ဘူး။
မူရင်းရေးသားသူအား လေးစားမှုဖြင့်