ကမ္ဘာပေါ်တွင်မြင်တွေ့ရန်ခက်ခဲလွန်းလှသော အမွေးမပါသည့်အပြင် သန့်သန့်ရှင်းရှင်းလေးမှနေချင်သည့် ကြက်ကလေးကိုလူတိုင်းကအံ့သြနေကြ


 


 


Shoon (Cele Daily)

 

Unicode

ကမ္ဘာပေါ်ကထူးခြားဆန်းပြာမှုတွေကိုတစ်နေ့တစ်မျိုးမရိုးရအောင်ပင်မြင်တွေ့နေကြရတာဖြစ်ပါတယ်။ယခုတွင်လည်းဗီယက်နမ်နိုင်ငံ CanThoနေထိုင်သော Mr.Phongမွေးမြူထားသည့်ကြက်ကလေးကို မြင်တွေ့သူတိုင်းက သံသယစိတ်ဝင်နေ့ကြပါတယ်။

 

အကြောင်းကတော့ထိုကြက်ကလေးဟာအမွှေးအမျှင်တွေလုံးဝမရှိဘဲအရေးပြားများသာရှိသောကြောင့်ဖြစ်ပါတယ်။ကြက်ကလေးကိုအမျိုးသားကတစ်နေ့သုံးကြိမ်အစာပုံမှန်ကျွေးပြီးသန့်ရှင်းသန့်ရပ်စွာဖြင့်မွေးမြူထားတာဖြစ်ပါတယ်။

 

အမျိုးသားဟာကြက်လေးကို ပီရူးနိုင်ငံသို့ရောက်ရှိစဉ်ကတွေ့ရှိခဲ့ပြီး ဝယ်ယူလာကာဗီယက်နမ်နိုင်ငံသို့သယ်လာပြီးမွေးမြူထားခဲ့တာဖြစ်ပါတယ်။ကြက်ကလေးသည်တစ်ခါတစ်ရံတွင်လင်ဗန်းလေးပေါ်တွင်အိပ်နေတတ်သေးသည့်အပြင် သခင်ဖြစ်သူကလဲအပြင်ထွက်သည့်အချိန်မျိုးတွင် ရွှေဆွဲကြိုးဝတ်ပြေးပြီးခေါ်သွားတတ်ပါတယ်။

 

 

Shoon (Cele Daily)