သွေးတိုးလာရင်၂မိနစ်အတွင်းအမြန်ဆုံးသက်သာစေမည့် နည်းလမ်းများ…

သွေးတိုးရောဂါရှိတဲ့သူတွေဟာသွေးတိုးတဲ့ဝေဒနာကိုအချိန်နေရာမရွေးခံစားရတတ်ပါတယ်အကြောင်းကြောင်းကြောင့်ရုတ်တရက်သွေးတိုးလာပြီးသောက်နေကျဆေးလည်းအနား

မှာမရှိ၊ကုသမှုခံယူဖို့လည်းမလွယ်ကူတဲ့အခြေအနေမျိုးမှာ သွေးတိုးဝေဒနာကိုတစ်မိနစ်အတွင်းသက်သာပျောက်ကင်းစေမယ့်အရေးပေါ်နည်းလမ်းလေးကိုဝေမျှလိုက်ရပါတယ်။

တစ်ကယ်တော့သွေးတိုးနေလားမတိုးဘူးလားဆိုတာလွယ်လွယ်နဲ့သိနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။အချို့လူတွေဆိုရင်ကိုယ့်မှာသွေးတိုးရောဂါရှိနေတယ်ဆိုတာတောင်သတိမထားမိတာမျိုးတွေရှိပါတယ်။

ဒါကြောင့်မို့ ဆရာဝန်တွေကသွေးတိုးရောဂါကိုတိတ်တဆိတ်လူသတ်သမားလို့နာမည်ပေးထားကြတာပါ။သွေးတို့ရောဂါရဲ့သက်ရောက်မှုကတစ်ကယ်စိုးရိမ်စရာကောင်းပါတယ်။

ဒီရောဂါဟာချက်ခြင်းကြီးဝုန်းဒိုင်းဆိုပြီးပေါ်လာတာမျိုးမဟုတ်ပဲတစ်ဖြည်းဖြည်းချင်းဖွဲ့စည်းဖြစ်တည်လာတာဖြစ်ပါတယ်သွေးတိုးရောဂါရဲ့လက္ခဏာရပ်တွကလည်းအမျိုးမျိုးရှိပါတယ်သိသာထင်ရှားတာတွေကတော့ခေါင်းအုံခေါင်းကိုက်တာ၊အမြင်အာရုံမကြည်မလင်တာ၊နားတွေအူ၊ရင်ဘတ်တွေနာသလိုဖြစ်လာတာတွေဖြစ်ပါတယ်။

သွေးတိုးရာကနေလေဖြတ်၊နှလုံးဖောက်ပြန်ခြင်းနဲ့ဦးနှောက်ကိုပါထိခိုက်ပြီးအသက်ဆုံးရှုံးတဲ့ထိဖြစ်တတ်ပါတယ်ဒါကြောင်မို့ သွေးတိုးရှိနေတယ်လို့သံသယရှိရင်ဆာရာဝန်နဲ့စစ်ဆေးပြီးသွေးပေါင်ချိန်မကြာခဏတိုင်းပါအောက်ဖော်ပြပါဇယားကတော့ လူတစ်ယောက်မှာရှိသင့်တဲ့သွေးပေါင်ချိန်၊သွေးတိုးတာနဲ့သွေးကျတာတို့ကိုဖော်ပြပေးထားပါတယ်။

အသက်အရွယ်နဲ့အမျိုးသား၊အမျိုးသမီးလိင်ကွဲပြားမှုတို့အပေါ်မူတည်ပြီးတစ်ယောက်နဲ့တစ်ယောက်အနည်းငယ်ကွဲလွဲမှုရှိပါတယ်သွေးတိုးနေချိန်မှာတစ်မိနစ်အတွင်းသက်သာစေမယ့်ဖော်ပြပါနည်းလမ်းကအရေးပေါ်ရှေးဦးသူနာပြုနည်းလမ်းသာဖြစ်ပြီးကုသနည်းမဟုတ်ပါကြောင်းကြိုတင်အသိပေးပါရစေနည်းလမ်း၁သွေးတိုးဝေဒနာခံစားနေရချိန်မှာလက်ဖဝါးတစ်ဖက်ဖြန့်ပြီးပုံတွင်ပြထားသည့်အတိုင်းလက်ခလယ်ရဲ့ထိပ်ပိုင်းနေရာကိုဘောပင်ထိပ်နဲ့ တစ်မိနစ်ခန့်ဖိထောက်ထားပါပြန်လည်သက်သာလာတာကိုခံစားရပါလိမ့်မယ်။

နည်းလမ်း(၂)ခြေဖျားကိုဆန့်တန်းလိုက်ပြီး ခြေမနဲ့ခြေညိုးကြာထဲကနေရာကိုလက်ညိုးနဲ့ထောက်ပြီးအောက်ကိုဖိဆွဲချပါ။ကြွက်သားဆုံးသွားပြီးအရိုးကိုစမ်းမိတဲ့နေရာကိုဘောပင်ထိပ်ဖျားလေးနဲ့၃စက္ကန့်ကြာဖိထောက်ထားပါ၊အဲဒီနောက်ပြန်လွှတ်ပြီး၅စက္ကန့်နားပါ၊ဒီလိုဖိလိုက်နားလိုက်လုပ်ငန်းစဉ်နှစ်ခုကို၂မိနစ်ခန့်လုပ်ပေးရင်လည်းသက်သာစေပါတယ်

ထပ်မံ၍သတိပေးပါရစေဖော်ပြပါနည်းဟာ သက်သာလျော့ပါးစေသောနည်းလမ်းသာဖြစ်ပြီးသွေးတိုးရောဂါကုသတဲ့နည်းလမ်းမဟုတ်ပါ။

Credit

zawgyi










Credit