ေစ်းသြားရင္း ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနေသာ ငယ္သူငယ္ခ်င္းေလးနဲ႔ ျပန္ဆုံေတြ႕ခဲ့ရာ…

လူသားတိုင်းတွင် အခင်ရဆုံးနဲ့ အချစ်ရဆုံးသူငယ်ချင်းတစ်ယောက်လောက်တော့ ရှိဖူးမည်ဟု ထင်မိပြီး ဝေးကွာနေသည့်အခါမှာလည်း သတိတရရှိကာ ပြန်ဆုံတွေ့ရန် ကြိုးစားမိကြမည်ဟု ထင်မိသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၄၀ကျော်အရွယ် အမျိုးသမီးနှစ်ဦးသည် ငယ်စဉ်ကလေးဘဝတုန်းက အိမ်နီးနားချင်းနဲ့ ငယ်သူငယ်ချင်းတွေဖြစ်ကြရာ မိသားစုအခက်အခဲတွေကြောင့် တစ်နယ်ခြားစီ ဝေးကွာသွားခဲ့ကြရသည်။

သူတို့နှစ်ဦးမှာ အဆက်အသွယ်ပြတ်သွားခဲ့ကြပေမယ့် တစ်ယောက်ကိုတစ်ယောက် မမေ့ပဲ သတိတရတွေရှိကာ တစ်နေ့ပြန်ဆုံတွေ့ရန် မျှော်လင့်ချက်လေးတွေ ထားရှိပြီး နောက်ဆုံး အသက်၄၀ကျော်ပြီး အိမ်ထောင်တွေကျ သားသမီးတွေကိုယ်စီရချိန်မှ ပြန်ဆုံတွေ့ခဲ့ကြရသည်။

အမျိုးသမီးသည် အပြင်ထွက်ပြီး ဈေးသွားဝယ်ခိုက် လမ်းဖြတ်ကူးရာတွင် ဆိုင်ကယ်စီးလာသော သူငယ်ချင်းဟောင်းလေးကို တွေ့ရှိကာ ချက်ချင်းပဲ မှတ်မိနေပြီး နှစ်ယောက်သား ဝမ်းသာစွာနဲ့ လမ်းလယ်ခေါင်မှာ ရောက်နေတာကို သတိမထားမိတော့ပဲ အားရပါးရ စကားလက်ဆုံပြောနေခဲ့ကြသည်။

ပတ်ဝန်းကျင်ကို သတိမရတော့ပဲ လမ်းလယ်ခေါင်ကြီးမှာ စကားထိုင်ပြောနေသည့် သူတို့သူငယ်ချင်းနှစ်ယောက်ကို မြင်တွေ့သော ယာဉ်မောင်းများကသာ လမ်းတစ်ဖက်ကနေရှောင်ပြီး သွားခဲ့ကြရသည်။

Crd

zawgyi

လူသားတိုင္းတြင္ အခင္ရဆုံးနဲ႔ အခ်စ္ရဆုံးသူငယ္ခ်င္းတစ္ေယာက္ေလာက္ေတာ့ ရွိဖူးမည္ဟု ထင္မိၿပီး ေဝးကြာေနသည့္အခါမွာလည္း သတိတရရွိကာ ျပန္ဆုံေတြ႕ရန္ ႀကိဳးစားမိၾကမည္ဟု ထင္မိသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ အသက္၄၀ေက်ာ္အ႐ြယ္ အမ်ိဳးသမီးႏွစ္ဦးသည္ ငယ္စဥ္ကေလးဘဝတုန္းက အိမ္နီးနားခ်င္းနဲ႔ ငယ္သူငယ္ခ်င္းေတြျဖစ္ၾကရာ မိသားစုအခက္အခဲေတြေၾကာင့္ တစ္နယ္ျခားစီ ေဝးကြာသြားခဲ့ၾကရသည္။

သူတို႔ႏွစ္ဦးမွာ အဆက္အသြယ္ျပတ္သြားခဲ့ၾကေပမယ့္ တစ္ေယာက္ကိုတစ္ေယာက္ မေမ့ပဲ သတိတရေတြရွိကာ တစ္ေန႔ျပန္ဆုံေတြ႕ရန္ ေမွ်ာ္လင့္ခ်က္ေလးေတြ ထားရွိၿပီး ေနာက္ဆုံး အသက္၄၀ေက်ာ္ၿပီး အိမ္ေထာင္ေတြက် သားသမီးေတြကိုယ္စီရခ်ိန္မွ ျပန္ဆုံေတြ႕ခဲ့ၾကရသည္။

အမ်ိဳးသမီးသည္ အျပင္ထြက္ၿပီး ေဈးသြားဝယ္ခိုက္ လမ္းျဖတ္ကူးရာတြင္ ဆိုင္ကယ္စီးလာေသာ သူငယ္ခ်င္းေဟာင္းေလးကို ေတြ႕ရွိကာ ခ်က္ခ်င္းပဲ မွတ္မိေနၿပီး ႏွစ္ေယာက္သား ဝမ္းသာစြာနဲ႔ လမ္းလယ္ေခါင္မွာ ေရာက္ေနတာကို သတိမထားမိေတာ့ပဲ အားရပါးရ စကားလက္ဆုံေျပာေနခဲ့ၾကသည္။

ပတ္ဝန္းက်င္ကို သတိမရေတာ့ပဲ လမ္းလယ္ေခါင္ႀကီးမွာ စကားထိုင္ေျပာေနသည့္ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ကို ျမင္ေတြ႕ေသာ ယာဥ္ေမာင္းမ်ားကသာ လမ္းတစ္ဖက္ကေနေရွာင္ၿပီး သြားခဲ့ၾကရသည္။

Crd