ကလေးတွေကို အိပ်မက်မြင်မက်ရခြင်းနောက်ကွယ်က အဓိပ္ပာယ်များ

ကလေးနဲ့ပတ်သက်တဲ့ အိပ်မက်ဟာ လူတော်တော်များများ မက်တတ်တဲ့ အိပ်မက်ဖြစ်ပါတယ်။ ကလေးကို မြင်မက်ရခြင်းအဓိပ္ပါယ်ကတော့ အစီအစဉ်တွေ၊ မျှော်လင့်ချက်တွေကို ဖော်ညွှန်းနေတာဖြစ်ပါတယ်။

ကလေးတွေကို မြင်မက်ပုံချင်းက ကွဲပြားနေနိုင်တဲ့အတွက် ဘယ်လိုမက်ရင် ဘာအဓိပ္ပါယ်လဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကလေးကိုချီထားတယ်လို့ မက်ရင် သင့်ဘဝအတွက် အရေးကြီးတဲ့အရာတစ်ခုကို မကြာခင်မှာ ရရှိလာမယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။

(၂) ကလေးလေးကို ပြုံးရွှင်ရယ်မောပြီး တွေ့တယ်ဆိုရင်တော့ သင့်ရဲ့ လူမှုရေးအခြေအနေကောင်းမွန်လာမှာဖြစ်ပြီး လူချစ်လူခင်ပေါများလာမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

(၃) ကလေးငိုနေတယ်လို့ အိပ်မက်မက်ရင်တော့ သင့်ရဲ့ လက်ရှိအခြေအနေကြောင့် သင်စိတ်ဓာတ်ကျနေပြီး စိတ်ထဲရှိတဲ့အတိုင်း ဖြေရှင်းသင့်တဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

(၄) ကလေးဖျားနာနေတယ်လို့ အိပ်မက်မက်ရင်တော့ သင့်ရဲ့အလုပ်မှာ ဒါမှမဟုတ် အချစ်ရေးမှာ အခုလက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်လာမယ့် အဓိပ္ပါယ်ပါ။ (ဥပမာ ပျော်ရွှင်နေရင် ဝမ်းနည်းရမယ်၊ ဝမ်းနည်းနေရင် ပျော်ရွှင်ရမယ်)

(၅) ကလေးသေဆုံးသွားတယ်လို့ အိပ်မက်မက်ရင်တော့ သင့်ရဲ့ အစီအစဉ်တွေ ပျက်သွားမယ်။ သင့်ဘဝရဲ့အရေးကြီးတဲ့အရာတွေ ဒါမှမဟုတ် မျှော်လင့်ချက်တွေ ပျက်စီးသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

(၆) ကလေးစကားပြောနေတယ်လို့ မက်ရင် မကြာခင် သင်ဒုက္ခရောက်တော့မယ်၊ ချောက်တွန်းခံရမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

(၇) ကလေးကို သွားလေးတွေနဲ့ တွေ့ရင်တော့ သင့်ရဲ့ အစီအစဉ်တွေ အောင်မြင်ပြီး သင့်ကို ကူညီစောင်မပေးမယ့် လူကောင်းတွေနဲ့ တွေ့ရမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

(၈) အရမ်းချစ်စရာကောင်းပြီး ချောမောတဲ့ကလေးလေးကိုတွေ့ရင် သင့်ဆီကို ကံကောင်းမှုတွေ ရောက်လာမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

(၉) ရုပ်ဆိုးတဲ့ ကလေးကိုတွေ့ရင်တော့ သင်ယုံကြည်ရတဲ့သူက သင့်ကို သစ္စာဖောက်မယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။

(၁၀) ကလေး (မွေးကင်းစ) လေးက လမ်းလျှောက်တယ်လို့ မက်ရင်တော့ သင့်ရဲ့အလုပ်အကိုင် တိုးတက်ပြီး ကောင်းသတင်းနဲ့ ကျော်စောမယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။

Em Em

 

Zawgyi

ကေလးနဲ႔ပတ္သက္တဲ့ အိပ္မက္ဟာ လူေတာ္ေတာ္မ်ားမ်ား မက္တတ္တဲ့ အိပ္မက္ျဖစ္ပါတယ္။ ကေလးကုိ ျမင္မက္ရျခငး္အဓိပၸါယ္ကေတာ့ အစီအစဥ္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြကို ေဖာ္ညႊန္းေနတာျဖစ္ပါတယ္။

ကေလးေတြကို ျမင္မက္ပံုခ်င္းက ကြဲျပားေနႏိုင္တဲ့အတြက္ ဘယ္လိုမက္ရင္ ဘာအဓိပၸါယ္လဲဆိုတာကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ကေလးကိုခ်ီထားတယ္လို႔ မက္ရင္ သင့္ဘဝအတြက္ အေရးၾကီးတဲ့အရာတစ္ခုကို မၾကာခင္မွာ ရရွိလာမယ့္ အဓိပၸါယ္ျဖစ္ပါတယ္။

(၂) ကေလးေလးကို ျပံဳးရႊင္ရယ္ေမာျပီး ေတြ႕တယ္ဆိုရင္ေတာ့ သင့္ရဲ႕ လူမႈေရးအေျခအေနေကာင္းမြန္လာမွာျဖစ္ျပီး လူခ်စ္လူခင္ေပါမ်ားလာမယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။

(၃) ကေလးငိုေနတယ္လို႔ အိပ္မက္မက္ရင္ေတာ့ သင့္ရဲ႕ လက္ရွိအေျခအေနေၾကာင့္ သင္စိတ္ဓာတ္က်ေနျပီး စိတ္ထဲရွိတဲ့အတိုင္း ေျဖရွင္းသင့္တဲ့ အဓိပၸါယ္ျဖစ္ပါတယ္။

(၄) ကေလးဖ်ားနာေနတယ္လို႔ အိပ္မက္မက္ရင္ေတာ့ သင့္ရဲ႕အလုပ္မွာ ဒါမွမဟုတ္ အခ်စ္ေရးမွာ အခုလက္ရိွျဖစ္ေနတဲ့အေျခအေနနဲ႕ ဆန္႔က်င္ဘက္ေတြ ျဖစ္လာမယ့္ အဓိပၸါယ္ပါ။ (ဥပမာ ေပ်ာ္ရႊင္ေနရင္ ဝမး္နည္းရမယ္၊ ဝမး္နည္းေနရင္ ေပ်ာ္ရႊင္ရမယ္)

(၅) ကေလးေသဆံုးသြားတယ္လို႔ အိပ္မက္မက္ရင္ေတာ့ သင့္ရဲ႕ အစီအစဥ္ေတြ ပ်က္သြားမယ္။ သင့္ဘဝရဲ႕အေရးၾကီးတဲ့အရာေတြ ဒါမွမဟုတ္ ေမွ်ာ္လင့္ခ်က္ေတြ ပ်က္စီးသြားမယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။

(၆) ကေလးစကားေျပာေနတယ္လို႔ မက္ရင္ မၾကာခင္ သင္ဒုကၡေရာက္ေတာ့မယ္၊ ေခ်ာက္တြန္းခံရမယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။

(၇) ကေလးကို သြားေလးေတြနဲ႔ ေတြ႕ရင္ေတာ့ သင့္ရဲ႕ အစီအစဥ္ေတြ ေအာင္ျမင္ျပီး သင့္ကို ကူညီေစာင္မေပးမယ့္ လူေကာငး္ေတြနဲ႔ ေတြ႕ရမယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။

(၈) အရမး္ခ်စ္စရာေကာငး္ျပီး ေခ်ာေမာတဲ့ကေလးေလးကိုေတြ႕ရင္ သင့္ဆီကုိ ကံေကာင္းမႈေတြ ေရာက္လာမယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။

(၉) ရုပ္ဆိုးတဲ့ ကေလးကိုေတြ႔ရင္ေတာ့ သင္ယံုၾကည္ရတဲ့သူက သင့္ကို သစၥာေဖာက္မယ့္ အဓိပၸါယ္ျဖစ္ပါတယ္။

(၁၀) ကေလး (ေမြးကင္းစ) ေလးက လမ္းေလွ်ာက္တယ္လို႔ မက္ရင္ေတာ့ သင့္ရဲ႕အလုပ္အကိုင္ တိုးတက္ျပီး ေကာင္းသတင္းနဲ႔ ေက်ာ္ေစာမယ့္ အဓိပၸါယ္ျဖစ္ပါတယ္။

Em Em