ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ အသံုးျပဳမည့္ ေဖ့စ္ဘြတ္စာမ်က္ႏွာသစ္ စတင္ထြက္ေပၚ…

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ အသံုးျပဳမည့္ ေဖ့စ္ဘြတ္စာမ်က္ႏွာသစ္ စတင္ထြက္ေပၚ…

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အသံုးျပဳမည့္ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာသည္ ၾသဂုတ္လ ၅ ရက္ေန႔တြင္

စတင္ႏႈတ္ဆက္သည့္ ပို႔စ္ႏွင့္ အတူ စတင္ထြက္ေပၚလာခဲ့ေၾကာင္း သိရပါတယ္ …။

“Chair NLD Facebook စာမ်က္ႏွာအဖြင့္အေနနဲ႔ ေက်းဇူးတင္စကားနဲ႔ စခ်င္ပါတယ္ ……

မေန႔က သန္လ်င္ခရိုင္အုပ္ခ်ဳပ္ေရး႐ုံးကို သြားၿပီး ေကာ့မႉးအတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကိုယ္စားလွယ္ေလာင္းအျဖစ္ နာမည္သြားသြင္းခဲ့ပါတယ္…

႐ုံးအဝင္ဝမွာ အဖြဲ႕ခ်ဳပ္ကိုေထာက္ခံတဲ့ ျပည္သူေတြက ကၽြန္မကို “က်န္းမာပါေစ” လို႔ ဆုေတာင္းၿပီး ေထာက္ခံအားေပးပါတယ္ “က်န္းမာပါေစ” ဆိုတဲ့

စကားေလး(၄)လုံးအတြက္ ေက်းဇူးတင္ေၾကာင္းေျပာခ်င္တာပါ။ တစ္ခ်ိန္တည္းမွာပဲ ျပည္သူေတြ က်န္းမာေအာင္ေနပါလို႔ ေမတၱာရပ္ခံခ်င္ပါတယ္…

လူစုလူေဝးလိုပုံျဖစ္ရင္ ကၽြန္မက စိုးရိမ္မိတယ္။ ကၽြန္မတို႔ျပည္သူေတြ က်န္းမာမွ ႏိုင္ငံေတာင့္တင္းမွာပါ” ဟု ႏိုင္ငံေတာ္ ၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေရးသားထားပါတယ္ …။

က်န္းမာပါေစ ဆိုေသာ စကားေလးမ်ား မိမိအတြက္ အဘယ့္ေၾကာင့္ အဓိပၸာယ္ ေလးနက္သည္ ဆိုျခင္းကို မနက္ျဖန္ ေျပာမည္ ျဖစ္ေၾကာင္း၊ ယေန႔ အတြက္ က်န္းမာရန္ ႀကိဳးစားေနေၾကာင္း …၊

ဆုေတာင္း ေမတၱာ ပို႔ေပးေသာ ျပည္သူမ်ားကလည္း က်န္းမာေအာင္ ေနၾကရန္ ေမတၱာ တံု႕ျပန္ရင္း တိုက္တြန္းလိုက္ေၾကာင္း ထည့္သြင္းေရးသားထားပါတယ္ …။

ယခုလဆန္းက စ၍ ေရြးေကာက္ပြဲဆိုင္ရာ စည္းမ်ဥ္း ဥပေဒမ်ား အရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ တာဝန္မ်ားကို ျပန္လည္ ထမ္းေဆာင္ေနၿပီ ျဖစ္ေၾကာင္း

ထို႔ေၾကာင့္ Facebook page တစ္ခု ဖြင့္ရန္ စီစဥ္ေနေၾကာင္း

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဇူလိုင္လ ၂၄ ရက္ တြင္ Aung San Suu Kyi အေကာင့္၌ အသိေပးခဲ့ပါတယ္ …။ ။

ထက္ေအာင္ၿဖိဳး

Credit ျပည္ျမန္မာ

Unicode

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အသုံးပြုမည့် ဖေ့စ်ဘွတ်စာမျက်နှာသစ် စတင်ထွက်ပေါ်…

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုမည့် လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာသည် သြဂုတ်လ ၅ ရက်နေ့တွင်

စတင်နှုတ်ဆက်သည့် ပို့စ်နှင့် အတူ စတင်ထွက်ပေါ်လာခဲ့ကြောင်း သိရပါတယ် …။

“Chair NLD Facebook စာမျက်နှာအဖွင့်အနေနဲ့ ကျေးဇူးတင်စကားနဲ့ စချင်ပါတယ် ……

မနေ့က သန်လျင်ခရိုင်အုပ်ချုပ်ရေးရုံးကို သွားပြီး ကော့မှူးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းအဖြစ် နာမည်သွားသွင်းခဲ့ပါတယ်…

ရုံးအဝင်ဝမှာ အဖွဲ့ချုပ်ကိုထောက်ခံတဲ့ ပြည်သူတွေက ကျွန်မကို “ကျန်းမာပါစေ” လို့ ဆုတောင်းပြီး ထောက်ခံအားပေးပါတယ် “ကျန်းမာပါစေ” ဆိုတဲ့

စကားလေး(၄)လုံးအတွက် ကျေးဇူးတင်ကြောင်းပြောချင်တာပါ။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေ ကျန်းမာအောင်နေပါလို့ မေတ္တာရပ်ခံချင်ပါတယ်…

လူစုလူဝေးလိုပုံဖြစ်ရင် ကျွန်မက စိုးရိမ်မိတယ်။ ကျွန်မတို့ပြည်သူတွေ ကျန်းမာမှ နိုင်ငံတောင့်တင်းမှာပါ” ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပါတယ် …။

ကျန်းမာပါစေ ဆိုသော စကားလေးများ မိမိအတွက် အဘယ့်ကြောင့် အဓိပ္ပာယ် လေးနက်သည် ဆိုခြင်းကို မနက်ဖြန် ပြောမည် ဖြစ်ကြောင်း၊ ယနေ့ အတွက် ကျန်းမာရန် ကြိုးစားနေကြောင်း …၊

ဆုတောင်း မေတ္တာ ပို့ပေးသော ပြည်သူများကလည်း ကျန်းမာအောင် နေကြရန် မေတ္တာ တုံ့ပြန်ရင်း တိုက်တွန်းလိုက်ကြောင်း ထည့်သွင်းရေးသားထားပါတယ် …။

ယခုလဆန်းက စ၍ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေများ အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်များကို ပြန်လည် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း

ထို့ကြောင့် Facebook page တစ်ခု ဖွင့်ရန် စီစဉ်နေကြောင်း

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၂၄ ရက် တွင် Aung San Suu Kyi အကောင့်၌ အသိပေးခဲ့ပါတယ် …။ ။

ထက်အောင်ဖြိုး

Credit ပြည်မြန်မာ