မႏၲေလးတြင္ ဓားရွည္ကိုင္ လုယက္ခိုးယူမႈမ်ား အတင့္ရဲလာ
မႏၲေလးၿမိဳ႕တြင္ ယခုရက္ပိုင္း ဓားရွည္မ်ားကိုင္ေဆာင္ၿပီး လုယက္ခိုးယူမႈမ်ားအတင့္ရဲစြာလုပ္ေနသည့္လူတစ္စုေၾကာင့္ ၿမိဳ႕လူထုအထိတ္တလန႔္ျဖစ္ေနၾကရသည္။ “အခု ခိုးဆိုးႏႈိက္ေတြက အတင့္ရဲရဲလုပ္လာၾကတာေတြ႕ရတယ္၊ သူတို႔ကအုပ္စုနဲ႔လႈပ္ရွားၾကတာပါ၊ ဓားရွည္ေတြပါတယ္၊ ေလးခြေတြဓားေျမႇာင္ေတြပါတယ္၊ ထူးဆန္းတာက သူတို႔က လိုင္စင္ရသူခိုးဓားျပေတြလိုပဲ၊ မူး႐ူးၿပီးလုပ္တာလည္းမဟုတ္ဘူး၊ ေဆးေၾကာင္ေနတာေတြလည္းမဟုတ္ဘူး၊ အရင္တုန္းကလူအလစ္အငိုက္ၾကည့္ၿပီးခိုးတယ္၊ အခုသူခိုးေတြက လူျမင္ ကြင္းမွာဓားကိုင္ၿခိမ္းေျခာက္ၿပီးခိုးတာ” ဟု မႏၲေလးၿမိဳ႕ခံတစ္ဦးျဖစ္သည့္ဦးတင္ေအာင္ေဆြက ေျပာသည္။
လတ္တေလာျဖစ္စဥ္အေနႏွင့္ စတိုးဆိုင္ေရွ႕ရပ္ထားသည့္ဆိုင္ကယ္ကို လူတစ္ဦးကေသာ့ျဖဳတ္ခိုးယူေနၿပီး ၎ႏွင့္တစ္ဖြဲ႕တည္းျဖစ္သည့္ က်န္တစ္ဦးက ဓားရွည္လြယ္ထားၿပီးေစာင့္ၾကည့္ေပးေနသည္ကို လူမႈကြန္ရက္ေပၚတြင္ျပန႔္ႏွံ႔လာေသာ CCTV မွတ္တမ္းတစ္ခုတြင္ ေတြ႕ရသည္။
ဒီျဖစ္စဥ္တြင္ ၿမိဳ႕ခံတစ္ဦး၏ဆိုင္ကယ္ခိုးယူခံလိုက္ရၿပီး၊ ယခုလိုျဖစ္စဥ္မ်ိဳး ေန႔စဥ္လိုလိုျဖစ္ေနေၾကာင္း လုံၿခဳံေရးအရအမည္မေဖာ္ျပလိုသူတစ္ဦးကေျပာသည္။“ကြၽန္ေတာ္တို႔အလုပ္မွာလည္း အဲဒီလိုအခိုးခံရတာေတြရွိတယ္၊ ဆိုင္ကယ္ကိုဆြဲထုတ္ေနခ်ိန္ဝိုင္းေအာ္ၾကလို႔ ကံေကာင္းလို႔ပါမသြားတာ၊ ဓားေတြတရမ္းရမ္းနဲ႔ခပ္ရင့္ရင့္ပဲလာခိုးၾကတာ၊ သူတို႔ကအုပ္စုနဲ႔လာတာဗ်၊ ေလးငါးေယာက္ေလာက္ရွိမယ္ထင္တယ္၊ တစ္ေယာက္ကဆိုင္ကယ္ေသာ့ျဖဳတ္ခိုးေနရင္ တျခားေကာင္ေတြက ဓားေတြကိုင္ၿပီးေစာင့္ေပးေနတာ မႏၲေလးက မင္းမဲ့တိုင္းျပည္လိုျဖစ္ေနၿပီ” ဟု ၎ကဆိုသည္။
လုယက္ခိုးယူမႈျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ စစ္ေကာင္စီကမၾကာခဏခိုးဆိုးႏႈိက္မ်ားအား ေထာင္ကလႊတ္ေပးေနျခင္းေၾကာင့္ျဖစ္ႏိုင္ေၾကာင္း ၿမိဳ႕ခံမ်ားကသုံးသပ္ေျပာဆိုေနၿပီး၊ တခ်ိဳ႕ ကေတာ့ စစ္ေကာင္စီလက္နက္ကိုင္တပ္ဖြဲ႕ဝင္မ်ား သို႔မဟုတ္ ၎တို႔ႏွင့္နီးစပ္သည့္အဖြဲ႕အစည္းတစ္ခုခုၾက ဖစ္ႏိုင္ေၾကာင္းေဝဖန္သုံးသပ္ၾကသည္။
“ဘာလို႔ဒီလိုေျပာလဲဆိုေတာ့ ေဈးခ်ိဳေဖာက္ခံရတဲ့ေန႔က ဘဏ္(၂)အနီးတဝိုက္မွာလည္း ကားမီးလုံးအစုံလိုက္ျဖဳတ္ခံရတာရွိတယ္၊ အိမ္တစ္အိမ္ကဆိုရင္ အိမ္ေရွ႕မွာထားရ တဲ့မီးစက္အႀကီးႀကီးခိုးခံရတယ္၊ အဲဒီဘဏ္(၂)မွာေရာ ေအာက္ဘက္ကအင္းဝဘဏ္(နာရီစင္အနီး)မွာေရာ စစ္သားအေစာင့္ေတြရွိတယ္၊ ဒါမ်ိဳး ျမရည္နႏၵာ(အိမ္ရာ)ဘက္မွာလည္း အခုရက္ပိုင္းအတြင္း မၾကာခဏျဖစ္ေနတာေတြ႕ရတယ္၊ ဘယ္ေလာက္ငတ္လို႔ခိုးတဲ့သူခိုးမွ ဒီေလာက္အထိအတင့္မရဲဘူး၊ အေၾကာက္တရားေတာ့ရွိတယ္၊ အခုဟာေတြက ေၾကာက္စိတ္မရွိဘဲ ခြင့္ျပဳမိန႔္နဲ႔ခိုးဆိုးလုယက္ေနၾကသလိုမ်ိဳး” ဟု ဦးတင္ေအာင္ေဆြကေျပာသည္။
မန္တလေးတွင် ဓားရှည်ကိုင် လုယက်ခိုးယူမှုများ အတင့်ရဲလာ
မန္တလေးမြို့တွင် ယခုရက်ပိုင်း ဓားရှည်များကိုင်ဆောင်ပြီး လုယက်ခိုးယူမှုများအတင့်ရဲစွာလုပ်နေသည့်လူတစ်စုကြောင့် မြို့လူထုအထိတ်တလန့်ဖြစ်နေကြရသည်။ “အခု ခိုးဆိုးနှိုက်တွေက အတင့်ရဲရဲလုပ်လာကြတာတွေ့ရတယ်၊ သူတို့ကအုပ်စုနဲ့လှုပ်ရှားကြတာပါ၊ ဓားရှည်တွေပါတယ်၊ လေးခွတွေဓားမြှောင်တွေပါတယ်၊ ထူးဆန်းတာက သူတို့က လိုင်စင်ရသူခိုးဓားပြတွေလိုပဲ၊ မူးရူးပြီးလုပ်တာလည်းမဟုတ်ဘူး၊ ဆေးကြောင်နေတာတွေလည်းမဟုတ်ဘူး၊ အရင်တုန်းကလူအလစ်အငိုက်ကြည့်ပြီးခိုးတယ်၊ အခုသူခိုးတွေက လူမြင် ကွင်းမှာဓားကိုင်ခြိမ်းခြောက်ပြီးခိုးတာ” ဟု မန္တလေးမြို့ခံတစ်ဦးဖြစ်သည့်ဦးတင်အောင်ဆွေက ပြောသည်။
လတ်တလောဖြစ်စဉ်အနေနှင့် စတိုးဆိုင်ရှေ့ရပ်ထားသည့်ဆိုင်ကယ်ကို လူတစ်ဦးကသော့ဖြုတ်ခိုးယူနေပြီး ၎င်းနှင့်တစ်ဖွဲ့တည်းဖြစ်သည့် ကျန်တစ်ဦးက ဓားရှည်လွယ်ထားပြီးစောင့်ကြည့်ပေးနေသည်ကို လူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့လာသော CCTV မှတ်တမ်းတစ်ခုတွင် တွေ့ရသည်။
ဒီဖြစ်စဉ်တွင် မြို့ခံတစ်ဦး၏ဆိုင်ကယ်ခိုးယူခံလိုက်ရပြီး၊ ယခုလိုဖြစ်စဉ်မျိုး နေ့စဉ်လိုလိုဖြစ်နေကြောင်း လုံခြုံရေးအရအမည်မဖော်ပြလိုသူတစ်ဦးကပြောသည်။“ကျွန်တော်တို့အလုပ်မှာလည်း အဲဒီလိုအခိုးခံရတာတွေရှိတယ်၊ ဆိုင်ကယ်ကိုဆွဲထုတ်နေချိန်ဝိုင်းအော်ကြလို့ ကံကောင်းလို့ပါမသွားတာ၊ ဓားတွေတရမ်းရမ်းနဲ့ခပ်ရင့်ရင့်ပဲလာခိုးကြတာ၊ သူတို့ကအုပ်စုနဲ့လာတာဗျ၊ လေးငါးယောက်လောက်ရှိမယ်ထင်တယ်၊ တစ်ယောက်ကဆိုင်ကယ်သော့ဖြုတ်ခိုးနေရင် တခြားကောင်တွေက ဓားတွေကိုင်ပြီးစောင့်ပေးနေတာ မန္တလေးက မင်းမဲ့တိုင်းပြည်လိုဖြစ်နေပြီ” ဟု ၎င်းကဆိုသည်။
လုယက်ခိုးယူမှုဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ကောင်စီကမကြာခဏခိုးဆိုးနှိုက်များအား ထောင်ကလွှတ်ပေးနေခြင်းကြောင့်ဖြစ်နိုင်ကြောင်း မြို့ခံများကသုံးသပ်ပြောဆိုနေပြီး၊ တချို့ ကတော့ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များ သို့မဟုတ် ၎င်းတို့နှင့်နီးစပ်သည့်အဖွဲ့အစည်းတစ်ခုခုကြ ဖစ်နိုင်ကြောင်းဝေဖန်သုံးသပ်ကြသည်။
“ဘာလို့ဒီလိုပြောလဲဆိုတော့ ဈေးချိုဖောက်ခံရတဲ့နေ့က ဘဏ်(၂)အနီးတဝိုက်မှာလည်း ကားမီးလုံးအစုံလိုက်ဖြုတ်ခံရတာရှိတယ်၊ အိမ်တစ်အိမ်ကဆိုရင် အိမ်ရှေ့မှာထားရ တဲ့မီးစက်အကြီးကြီးခိုးခံရတယ်၊ အဲဒီဘဏ်(၂)မှာရော အောက်ဘက်ကအင်းဝဘဏ်(နာရီစင်အနီး)မှာရော စစ်သားအစောင့်တွေရှိတယ်၊ ဒါမျိုး မြရည်နန္ဒာ(အိမ်ရာ)ဘက်မှာလည်း အခုရက်ပိုင်းအတွင်း မကြာခဏဖြစ်နေတာတွေ့ရတယ်၊ ဘယ်လောက်ငတ်လို့ခိုးတဲ့သူခိုးမှ ဒီလောက်အထိအတင့်မရဲဘူး၊ အကြောက်တရားတော့ရှိတယ်၊ အခုဟာတွေက ကြောက်စိတ်မရှိဘဲ ခွင့်ပြုမိန့်နဲ့ခိုးဆိုးလုယက်နေကြသလိုမျိုး” ဟု ဦးတင်အောင်ဆွေကပြောသည်။