


စု

 



သူဇာဝင့်လွင်

 




အိန္ဒြာကျော်ဇင်

 





Unicode

အခက်အခဲတွေကြားက နိုင်ငံတကာထိ ထိုးဖောက်အောင်မြင်ခဲ့တဲ့ အမျိုးသမီး (၃) ဦး

ပရိသတ်ကြီးရေ လက်ရှိမြန်မာပြည်မှာ နယ်ပယ်အသီးသီးကနေ နိုင်ငံတကာထိ ထိုးဖောက်အောင်မြင်နေတဲ့ အမျိုးသမီး ၃ ဦးအကြောင်းကို ဂုဏ်ယူစွာနဲ့တင်ဆက်ပေးချင်ပါတယ်။ သူမတို့ကတော့ အားလုံးသိပြီးသားဖြစ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ အိနြာကျော်ဇင်၊ မြန်မာအလှမယ် သူဇာဝင့်လွင် နဲ့ Master Chef US Season 11 မှာ ဝင်ရာက်ယှဉ်ပြိုင်ခဲ့တဲ့ စု တို့ပဲဖြစ်ပါတယ်။

စု

စု ကတော့ အသက် ၃၀အရွယ်ရှိပြီး သူမရဲ့ဇာတိကတော့ ရန်ကုန်ပါ၊ လက်ရှိမှာ အမေရိကန်မှာနေထိုင်ပါတယ်။ သူမကတော့ အမေရိကားမှာ ပြသခဲ့ရှိတဲ့ နာမည်ကြီး တီဗီရှိုးတခုဖြစ်တဲ့ Master Chef US Season 11 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။

စိန်‌ခေါ် မှုအဆင့်ပေါင်းများစွာကို ခက်ခက်ခဲခဲကျော်ဖြတ်လာခဲ့ပြီး ‌စု ဟာ Winner ဆုကို ပိုင်ဆိုင်ခွင့် မရခဲ့ပေမယ့် Masterchef ရုပ်သံအစီအစဉ်နဲ့ အမေရိကန် ရုပ်သံသမိုင်းမှာ ဖိုင်နယ်အဆင့်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး အကောင်းဆုံး အစွမ်းပြယှဉ်ပြိုင်သွားနိုင်ခဲ့တဲ့ ပထမဆုံး မြန်မာအမျိုးသမီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ နာမည်ကြီး စားဖိုမှူးကြီး ရမ်ဆီကနေပြီး မြန်မာမင်းသမီးလေးလို့ ချစ်စနိုး တင်စားခေါ်ဆိုခံခဲ့ရပါသေးတယ်။ စု ကတော့ Winner မရခဲ့ပေမဲ့ လည်း မြန်မာပြည်ရဲ့ ချစ်ခင်အားပေးမှူတွေအပြည့်အဝ ရရှိခဲ့ပါတယ်။

သူဇာဝင့်လွင်

Miss Universe Myanmar သူဇာဝင့်လွင် @ Candy ကတော့ အမေရိကန် ဖလော်ရီဒါမြို့ မှာ ကျင်းပတဲ့ ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ်ဝင်ရောက်ယျဉ်ပြိုင်ခဲ့ပါတယ်။ Miss Universe ပြိုင်ပွဲမှာ ဇကာတင်ဝင်ဖို့ဆိုတာမလွယ်ပါဘူး။

အခက်အခဲတွေကြားထဲမှ ယျဉ်ပြိုင်ခဲ့တဲ့ သူမကတော့ Global Beauties ရဲ့ ၂၀၂၀ ခုနှစ်အတွက် Miss Grand Slam ရွေးချယ်မူ့မှာ ဒုတိယအဆင့် Top 20 စာရင်းထိ ပါဝင်ခဲ့ပါတယ်။ Best In National Costume ဆုအဖြစ် မြန်မာအလှမယ် သူဇာဝင့်လွင် ရဲ့ Pray For Myanmar ချင်းရိုးရာဝတ်စုံက အကောင်းဆုံး ဝတ်စုံဆုရရှိခဲ့ပါတယ်။

သူမသည် ဒီမိုကရေစီထောက်ခံသူ တစ်ဦးဖြစ်ပြီး ၂၀၂၁ မြန်မာနိုင်ငံ အာဏာသိမ်းခံရမှုပြီးနောက် အပြစ်မဲ့အရပ်သားရာပေါင်းများစွာ သေကြေခဲ့ရမှုကြောင့် အာဏာသိမ်းစစ်အုပ်စုကို ကန့်ကွက်ရန် စင်မြင့်ထက်မှာ ကမ္ဘာကြီးကို တိုက်တွန်းခဲ့ပါတယ်။ မြန်မာ့အရေးကမ္ဘာကိုတဖက်တလမ်းကသိစေခဲ့တဲ့ သူဇာဝင့်လွင် ကိုတော့ နိုင်ငံတကာက Queen of Democracy လို့ တင်စားခေါ်ဝေါ်ခြင်းခံရသူလည်းဖြစ်ပါတယ်။ တရားသောစစ်ဟာအောင်မြင်မှာပါ။

အိန္ဒြာကျော်ဇင်

ဂျာမနီ နိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ “What happened to the wolf?” မြန်မာ ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင် အိန္ဒြာကျော်ဇင် ဟာ “Seymour Cassel Award for Best Performance” အကောင်းဆုံး သရုပ်ဆောင် ဆုကို ရရှိခဲ့ပါတယ်။

သူမ ဟာ နိုင်ငံတကာရုပ်ရှင်ထူးချွန်ဆုပေးပွဲများတွင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုဖြင့် ( ၂ ) ကြိမ်တိုင်တိုင် Nomination ဝင်တဲ့မြန်မာနိုင်ငံရဲ့ ပထမဆုံးမင်းသမီးဖြစ်ပါတယ် ။

Oldenburg International Film Festival ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ Festival Director ဖြစ်တဲ့ Torsten Neumann အပါအဝင် တာဝန်ရှိလူကြီးများက Eaindra Kyaw Zin စာတန်းပါ အကျီကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ် ။ လက်ရှိမှာ သူမကတော့စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းကိုခံထားရပေမယ့် သူမရဲ့အနုပညာက ရှင်သန်လွတ်လပ်နေဆဲပဲဖြစ်ပါတယ်။

Congratulations Ladies… နိုင်ငံတကာစင်မြင့်မှာ နိုင်ငံတကာဖန်သားပြင်မှာ ဒီနှစ်ဟာ မြန်မာကိုယ်စားပြုတွေရဲ့ အရည်အသွေးပြတဲ့နှစ်လို့ပြောရမည့်နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။ ကဲ..ပရိသတ်ကြီးရေ မြန်မာဂုဏ်ဆောင် အမျိုးသမီးတွေအတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပပါအုန်းနော်။