ယူနီကုတ်
ညာဘက်လက် နဲ့ USD$ဒေါ်လာဆယ်သန်းရင်းပြီး စိန်ခေါ်လိုက်တဲ့ မြန်မာပြည် အနာဂတ် ဟောကိန်း ( ကျနော်ရှုံးရင် ညာလက်ဖြတ်မယ်။ ကျနော်နိုင်ရင် အမေရိကန် ဒေါ်လာ ဆယ်သန်းနဲ့ညီမျှတဲ့ ငွေ ကျနော် လိုချင်တယ်။ )
ကျနော် စိတ်ဝင်စားတာက ကမ္ဘာကြီးတစ်ခုလုံးမှာ ရှိနေတဲ့ လူသားတစ်ဦးချင်းစီ ရဲ့ Individual, specific ideas တွေက 2019-2020-2021-2022 ကာလတွေမှာ ရုတ်တရက် ဘာ့ကြောင့် ပြောင်းလဲသွားသလို ဖြစ်ရတာလဲ ဆိုတာပါ။ မြန်မာပြည်က လူတွေက ကိုဗစ်၊ စစ်အာဏာသိမ်း စသဖြင့် ဒါ့ကြောင့် လို့ ယူဆကြတယ်၊ ကျနော့်အမြင်က ဖြောင့်ဖြောင့်ကြီး
ဆန့်ကျင်တယ်။ နေစက်ဝြဠာရဲ့ ဖောက်ပြန်မှု ကို ကမ္ဘာဂြိုဟ် ခံစားနေရတယ်။အခုထိ မပြီးသေးဘူး။ အာဏာရှင်၊ပညာရှင်ဆိုတဲ့ လူတွေကိုပါ သွက်သွက်ခါ ရူးမတတ်၊ ရူးအောင် လုပ်မယ့်သဘော။ ဝမ်းနည်းစရာကောင်းတာက စကားလုံးတွေ ပလုံစီခပ်၊ လိုရင်းမရောက်ပဲ၊ ဘုရင့်အလိုတော်ကျ အသုံးတော်ခံနေတဲ့ ပညာရှင်အတုအယောင်တွေပါ။ မြန်မာပြည်က ဘာလို့ ဒီလောက်ဆိုးနေရတာလဲ
ဆိုတာ လေ့လာကြည့်တော့ သန်းခေါင်အကျော် အမိုက်ဆုံးအချိန် လို့ ဥပမာ ပေးလို့ရတယ်။ ဇွန်လမတိုင်ခင် ပြည်သူတွေနဲ့အတူ တတ်နိုင်သမျှ နေဖို့ ပညာရှင်များလုပ်ကြပါ။ 2022 ဇွန်လ နောက်ပိုင်း မြန်မာပြည်ရဲ့ ကံဇာတာက ပြန်ထပြီ။ 2022နှစ်ကုန် အာဏာရှင်စိတ်ရှိသူမှန်သမျှ ကျဆုံးပြီ။ 2023-2024 က ပြန်လည်ထူထောင်ရေး လုပ်ကြရလိမ့်မယ်။ 2025မှာ မြန်မာ့ဖက်ဒရယ်ပြည်ထောင်စုကြှီးရဲ့
foundation က အရှေ့တောင်အာရှမှာ တခမ်းတနား ပေါ်ထွက်လာလိမ့်မယ်။ ကမ္ဘာကြီး နာလံထမှာလည်း အဲဒိအချိန်ပဲ။ Astrological prediction ဆိုတာ ကမ္ဘာမှာ ရမ်းသမ်းခန့်မှန်း ဝါးချ၊ ငွေယူ၊ လွယ်ပါတယ်။ ကျနော် ဒဲ့ ဟောမယ်။ (2022-2025)အတွင်း အခုပြောသလို ဖြစ်မဖြစ်။ ဆန့်ကျင်နိုင်သူရှိရင် ညာ ဘက်လက်ဖြတ်ကြေး စိန်ခေါ်ပါတယ်။ ကျနော်ရှုံးရင်
ညာလက်ဖြတ်မယ်။ ကျနော်နိုင်ရင် အမေရိကန် ဒေါ်လာ ဆယ်သန်းနဲ့ညီမျှတဲ့ ငွေ ကျနော် လိုချင်တယ်။ ကျနော် နိုင်တဲ့ အဲဒိငွေကို အာဏာရှင်လက်အောက် နိမ့်ပါးခံစားခဲ့ရတဲ့ မိသားစုနဲ့ ကလေးလေးတွေ အကုန်လှူမယ်။ မြန်မာက အနှေးနဲ့အမြန်အမေရိကန်ပြည်ထောင်စုလို ဖြစ်ကို ဖြစ်လာလိမ့်မယ်။ အရှေ့တောင်အာရှနဲ့ အာရှတိုက် က မနာလိုလောက်အောင် ဒီပြည်ထောင်စုကြီး ဖြစ်လာလိမ့်မယ်။ အဲဒိအတိုင်းဖြစ်ကို ဖြစ်မယ်။ ဒါပဲ။
crd- မင်းဟန်(မန်းတက္ကသိုလ်)