







 

crd-

Unicode

၂၀၂၂ ခုနှစ် မေလမှ သြဂုတ်လအတွင်း ရွာသွန်းမြဲထက် ၃ ဆ မိုး ပိုမိုရွာသွန်းနိုင်တဲ့ နေရာဒေသတွေအတွက် ကြိုတင် သတိပေးလိုက်တဲ့ မင်းဂွတ်သီးလေး စုစုစံ…..

၂၀၂၂ ခုနှစ် လာမယ့် မေလမှ သြဂုတ်လအတွင်း ရွာသွန်းမြဲထက် ၂ ဆ မိုး ပိုမိုရွာသွန်းနိုင်တဲ့ နေရာဒေသတွေအတွက် မိုးမင်းသမီးလေး စုစုစံမှ ကြိုတင်ခန့်မှန်းပေးထားချက်အတိုင်း ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ ခန့်မှန်းထုတ်ပြန်ချက်မှာ ”မင်းဂွတ်သီးလေးရဲ့ Long kickရွေဘိုဘေးကျားတွေ မိုးကောင်းမည်။ ၂၀၂၂ မိုးရာသီ မေလမှ သြဂတ်စ်လအတွင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းတွေမှာ ရွာသွန်းမြဲထက် ၂ဆ ပိုမိုရွာသွန်းနိုင်ကာ စစ်ကိုင်းတိုင်အတွင်းရှိ သဖန်းဆိပ်ဆည်အပါအဝင် ဆည်များရေပြည့်နိုင်ပြီး ဇူလိုင်လအတွင်း မူးမြစ်ရေသတိပြုရပါလိမ့်မယ် ဝန်းသို ကောလင်း ဒေါင်းမြူးချောင်းရေကြီးနိုင်ပါတယ် ကျောက်ဆည်ခရိုင် စစ်ကိုင်းခရိုင် မုံရွာခရိုင် မြင်းခြံခရိုင် ရွှေဘိုခရိုင် စဉ့်ကူး သပိတ်ကျင်း မိုးကုတ်

မိုးမိတ် မတ္တရာ မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် ကျောက်မဲခရိုင် တွေမှာလည်း မိုးမခေါင်နိုင်တော့ပဲ မိုးတွေရရှိကာ စိုက်ပျိုးဖြစ်ထွန်းပါလိမ့်မယ် တောင်သူလယ်သမားများစိုက်ပျိုးရေးသမားများအတွက် ကြိုတင်စီမံခန့်ခွဲလုပ်ဆောင်နိုင်ကြစေရန်အတွက် လအဝေးကြီး ကြိုတင်ခန့်မှန်းပေးရခြင်းဖြစ်ပါတယ် save share လုပ်ထားကြပါ။ ၂၀၂၂ မေလဆန်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို

လေဖိအားနည်းလေဝဲတစ်ခုဝင်ရောက်နိုင်ပြီးရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတွေမှာ မိုးဦး စောစီးစွာရရှိစေနိုင်ပါတယ်။ မကွေးတိုင်းအနောက်ပိုင်း နှင့် ဧရာဝတီတိုင်းအတွင်းရှိဆည်များရေဝင်အားကောင်းစေနိုင်ပါတယ်။ မုတ္တမပင်လယ်ကွေ့သတိနော်။ ၂၀၂၂ မေလ တွင် မုတ်သုန်လေ စောစီးစွာဝင်ရောက်လာနိုင်ပြီးဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းနေပြည်တော်တို့တွင်

ရွာသွန်းမြဲထက် ၂ဆ ပိုမိုရွာသွန်းနိုင်ကာ မုတ္တမပင်လယ်ကွေ့ဒေသများဖြစ်တဲ့ မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်းပင်လယ်ကမ်း‌ခြေဒေသတွေနဲ့ ပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာ ရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်သဖြင့် မိုးကြီးရေလျှံ အထူးသတိပြုရမည့်ကာလဖြစ်ပါကြောင်း လဝေး ခန့်မှန်းပေးလိုက်ပါတယ်။ ၂၀၂၂ ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းအနောက်

ပိုင်းဧရာဝတီတိုင်းမြောက်ပိုင်း မိုးရွာနိုင်ပြီး ပဲခူးတိုင်း အရှေ့ပိုင်း ညောင်လေးပင်ခရိုင် တောင်ငူခရိုင် နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာ ရွာသွန်းမြဲထက် ၂ဆ ပိုမိုရွာနိုင်ပါတယ်။ စိုက်ပျိုးရေးသမားများအထူးသတိထားရမည့် မိုးပါပဲ ရက်ဝေး ရက်နီး အထူးခန့်မှန်းချက်တွေလည်း ခန့်မှန်းပေးနေမှာဖြစ်ပါတယ်နော်” ဆိုပြီး ကြိုတင်ခန့်မှန်း သတိပေးထားတာဖြစ်ပါတ်။

crd-