#Myanmar_Online_News
Unicode
ဖားကန့် မြေပြိုကျမှုမှာ အသက်လုပြေးနေကြတဲ့(ရုပ်သံ)
ဖားကန့် မြေပြိုကျမှုမှာ အသက်လုပြေးနေကြတဲ့(ရုပ်သံ)
ဖားကန့်မြို့နယ်၊ ဝေခါ‌ကျေးရွာမှာ ဒီနေ့ဇူလိုင်(၂)ရက်၊ မနက်(၇)နာရီဝန်းကျင်က မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာသူ (၂၀၀)ဝန်းကျင်နစ်မြုပ်သွားတယ်လို့
ကျေးရွာတာဝန်ခံနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
“လှိုင်းခတ်ပြီးတော့ ဒီဘက်က ကျောက်ရှာသူတွေ နစ်မြုပ်သွားတာ။ အခုအယောက်(၆၀)ကျော်ပြန်တွေ့ပြီ။” ဝေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းက O Media ကို ပြောပါတယ်။
အဲဒီမြေစာပုံပြိုကျတဲ့နေရာကို ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်‌ရေး တွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“နည်းနည်းတော့များတယ်။ ဖော်လို့မရတဲ့လူတွေတော်တော်များတယ်။ “လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်)တာဝန်ခံ ကိုကြက်က O Media ကို ပြောပါတယ်။
ဝေခါကျေးရွာက ဝေခါမှော် စွန့်ပစ်မြေစာကမ်းပါးပြိုကျသွားတာဖြစ်တယ်လို့ သိရပါတယ်။
#Myanmar_Online_News
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်