“ဒီတစ်ကြိမ် ရိုင်နီယာနဲ့ပြန်တွေ့ရင် အရင်ပွဲတွေနဲ့ လုံးဝ တူတော့မှာ မဟုတ်ဘူး” ဆိုတဲ့ အောင်လအန်ဆန်း…

အောင်လအန်ဆန်းသည် ဝိတ်တန်းနှစ်ခု၏ ချန်ပီယံခါးပတ် နှစ်ခုကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း သူ၏ချန်ပီယံခါးပတ်များကို ရိုင်နီယာ ဆီက ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန်၊ အကောင်းဆုံး ကြိုးစားနေတာဘဲ ဖြစ်ပါသည်။

ကချင်သားကြီး အောင်လအန်ဆန်းသည် ရိုင်နီယာထံ သူ၏ ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီးေနာက်ပိုင်း ရိုင်နီယာနှင့် နောက်တစ်ကြိမ်ပြန်တွေ့ရင် အရင်ပွဲတွေကလို အဖြစ်မခံတော့ဘဲ သူ၏ချန်ပီယံခါးပတ်ကို ပြန်လည်ရယူမည်ဟု ကြုံးဝါးထားခဲ့တာဘဲ ဖြစ်ပါသည်။

‘One Championship’သည်လည်း ရိုင်နီယာကို ချန်ပီယံကာကွယ်ပွဲ မစီစဉ်ပေးသေးတာ ဖြစ်ပါသည်။ ဒါဟာ ရိုင်နီယာကို စိန်ခေါ်မည့် ဖိုက်တာမရှိတာလား။

ဒါမှ မဟုတ် ‘One Championship’ ဘက်ကဘဲ ပွဲမစီစဉ်ပေးတာလား ဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေတာဘဲ ဖြစ်ပါသည်။

ဒါ့ကြောင့်လည်း ‘One Championship’ ဘက်က ရိုင်နီယာ ဒီရိုက်ဒါကို မစ်ဒယ်ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲအဖြစ် ကီမီရင်အဘာဆော့ဗ်နှင့် ထိုးသတ်ဖို့ ပွဲတည်ပေးခဲ့တာ ဖြစ်သလို၊ အောင်လအန်ဆန်းကိုလည်း ပြိုင်ဘက်ဟောင်းကြီးဗစ်တလီဘစ်ဒက်ရှ် နှင့် ပွဲတည်ပေးခဲ့တာ ဖြစ်ပါသည်။

‘One Championship’ သည် 2021 ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ပွဲစဉ်များတွင် ကိုဗစ် စည်းမျဉ်းများကြောင့်ပရိသတ်များ မပါဝင်နိုင်ဘဲ ကျင်းပခဲ့ရသလို၊ ပရိသတ်စိတ်ဝင်စားမှုလည်း နည်းပါးနေတာ ဖြစ်ပါသည်။

ဒါ့ကြောင့် 2022 ခုနှစ်အစမှာဘဲ ပရိသတ်အကြိုက် တွဲဆိုင်းတွေကို ဖန်တီးခဲ့ပြီး၊ ပရိသတ်များ၏ အားပေးမှု၊ စိတ်ဝင်စားမှုများပြန်လည်ရရှိအောင် ပုံဖော် ကြိုးစားနေတာဘဲ ဖြစ်ပါတယ်ခင်ဗျာ။

Credit

 

Zawgyi


ကချင်သားကြီး အောင်လအန်ဆန်းသည် ရိုင်နီယာထံ သူ၏ ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း ရိုင်နီယာနှင့် နောက်တစ်ကြိမ်ပြန်တွေ့ရင် အရင်ပွဲတွေကလို အဖြစ်မခံတော့ဘဲ သူ၏ချန်ပီယံခါးပတ်ကို ပြန်လည်ရယူမည်ဟု ကြုံးဝါးထားခဲ့တာဘဲ ဖြစ်ပါသည်။






Credit