အိုမင်းမစွမ်းဖြစ်နေတဲ့ အဖေအိုကြီးကို သားဖြစ်သူက နာမည်ကြီးစားသောက်ဆိုင်တစ်ခုကို ခေါ်သွားလိုက်မိသောအခါ…

အိုမင္းမစြမ္း ျဖစ္ေနတဲ့ အေဖကို သားျဖစ္သူက စားေသာက္ဆိုင္တစ္ခုကို ေခၚသြားတယ္ အေဖျဖစ္သူဟာ အိုမင္းမစြမ္း ျဖစ္ေနတာေၾကာင့္

စားေသာက္တဲ့အခါအစားအစာေတြဟာေဘးကိုဖိတ္စင္ကုန္တယ္ အေဖရဲ႕ေဘာင္းဘီနဲ႔အက်ႌေတြေပၚမွာလဲေပက်ံလို႔ေနခဲ့ပါတယ္

တျခားဝိုင္းက လူေတြဟာအေဖျဖစ္သူကို႐ြံရွာတဲ့အျမင္နဲ႔ၾကည့္လို႔ေနေပမယ့္ သားျဖစ္သူကေတာ့ ေအးေအးေဆးေဆးပါပဲ

အေဖစားလို႔ေသာက္လို႔အၿပီးမွာေတာ့ သူ႔အေဖခုလိုျဖစ္ေနတာကို

လုံးဝမရွက္မိတဲ့ သားဟာထိုင္ခုံကထလို႔အေဖ့ကို တြဲကာသန႔္စင္ခန္းေခၚသြားပါတယ္

သန႔္စင္ခန္းထဲမွာေပက်ံေနတာေတြကို ေသခ်ာသုတ္တယ္

အက်ႌကိုသပ္သပ္ရပ္ရပ္ျဖစ္ေအာင္ျပန္ တည့္ေပးတယ္။ ဆံပင္ကိုညီေနေအာင္ေသခ်ာဂ႐ုစိုက္ လို႔ ၿဖီးေပးတယ္

မ်က္မွန္ကိုသုတ္ၿပီးတည့္တည့္ျဖစ္ေအာင္ ျပန္တပ္ေပးတယ္

သူတို႔ ၂ ေယာက္သန႔္စင္ခန္းထဲကျပန္ ထြက္လာတဲ့အခါမွာေတာ့စားေသာက္ဆိုင္တစ္ခုလုံးကလူေတြဟာ

ေျပာမျပတတ္ေအာင္သူတို႔ကိုယ္သူတို႔အႀကီးအက်ယ္ရွက္မိလို႔ ၿငိမ္သက္ေနခဲ့တယ္

သားျဖစ္သူဟာက်သင့္ေငြကိုရွင္းၿပီး ျပန္ဖို႔အတြက္သူ႔အေဖကို လွမ္းတြဲလိုက္တဲ့အခ်ိန္မွာ

ေဘးဝိုင္းကအဘိုးအိုတစ္ေယာက္ဟာသားျဖစ္သူကိုလွမ္းေအာ္ေျပာလိုက္ပါတယ္

သားေရ… တစ္ခုခုမ်ားက်န္ခဲ့တယ္လို႔ မထင္ဘူးလားကြယ့္ မက်န္ခဲ့ပါဘူးခင္ဗ် လို႔

သားျဖစ္သူလူငယ္က ေျဖတယ္ အဘိုးအိုက က်န္ခဲ့တာေပါ့ကြယ္

ဒီစားေသာက္ဆိုင္ထဲမွာရွိေနတဲ့ သားတိုင္းအတြက္သင္ခန္းစာက်န္ခဲ့သလို

အေဖတိုင္းအတြက္ေမွ်ာ္လင့္ခ်က္ေတြ တပုံႀကီးကိုက်န္ခဲ့ပါတယ္ကြယ္…။

စားေသာက္ဆိုင္တစ္ခုလုံးဟာေစာေစာကထက္ကိုပိုၿငိမ္သက္သြားခဲ့တယ္…။

#crd

 

Unicode

အိုမင်းမစွမ်း ဖြစ်နေတဲ့ အဖေကို သားဖြစ်သူက စားသောက်ဆိုင်တစ်ခုကို ခေါ်သွားတယ် အဖေဖြစ်သူဟာ အိုမင်းမစွမ်း ဖြစ်နေတာကြောင့်

စားသောက်တဲ့အခါအစားအစာတွေဟာဘေးကိုဖိတ်စင်ကုန်တယ် အဖေရဲ့ဘောင်းဘီနဲ့အင်္ကျီတွေပေါ်မှာလဲပေကျံလို့နေခဲ့ပါတယ်

တခြားဝိုင်းက လူတွေဟာအဖေဖြစ်သူကိုရွံရှာတဲ့အမြင်နဲ့ကြည့်လို့နေပေမယ့် သားဖြစ်သူကတော့ အေးအေးဆေးဆေးပါပဲ

အဖေစားလို့သောက်လို့အပြီးမှာတော့ သူ့အဖေခုလိုဖြစ်နေတာကို

လုံးဝမရှက်မိတဲ့ သားဟာထိုင်ခုံကထလို့အဖေ့ကို တွဲကာသန့်စင်ခန်းခေါ်သွားပါတယ်

သန့်စင်ခန်းထဲမှာပေကျံနေတာတွေကို သေချာသုတ်တယ်

အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန် တည့်ပေးတယ်။ ဆံပင်ကိုညီနေအောင်သေချာဂရုစိုက် လို့ ဖြီးပေးတယ်

မျက်မှန်ကိုသုတ်ပြီးတည့်တည့်ဖြစ်အောင် ပြန်တပ်ပေးတယ်

သူတို့ ၂ ယောက်သန့်စင်ခန်းထဲကပြန် ထွက်လာတဲ့အခါမှာတော့စားသောက်ဆိုင်တစ်ခုလုံးကလူတွေဟာ

ပြောမပြတတ်အောင်သူတို့ကိုယ်သူတို့အကြီးအကျယ်ရှက်မိလို့ ငြိမ်သက်နေခဲ့တယ်

သားဖြစ်သူဟာကျသင့်ငွေကိုရှင်းပြီး ပြန်ဖို့အတွက်သူ့အဖေကို လှမ်းတွဲလိုက်တဲ့အချိန်မှာ

ဘေးဝိုင်းကအဘိုးအိုတစ်ယောက်ဟာသားဖြစ်သူကိုလှမ်းအော်ပြောလိုက်ပါတယ်

သားရေ… တစ်ခုခုများကျန်ခဲ့တယ်လို့ မထင်ဘူးလားကွယ့် မကျန်ခဲ့ပါဘူးခင်ဗျ လို့

သားဖြစ်သူလူငယ်က ဖြေတယ် အဘိုးအိုက ကျန်ခဲ့တာပေါ့ကွယ်

ဒီစားသောက်ဆိုင်ထဲမှာရှိနေတဲ့ သားတိုင်းအတွက်သင်ခန်းစာကျန်ခဲ့သလို

အဖေတိုင်းအတွက်မျှော်လင့်ချက်တွေ တပုံကြီးကိုကျန်ခဲ့ပါတယ်ကွယ်…။

စားသောက်ဆိုင်တစ်ခုလုံးဟာစောစောကထက်ကိုပိုငြိမ်သက်သွားခဲ့တယ်…။

#crd