နေ့ချင်းညချင်းအောင်မြင်ရေးအတွက်ရိုးရှင်းလွယ်ကူထိရောက်တဲ့ ဂျင်းတက်အစီအရင်…

“အောင်မြင်မှုကို ဆွတ်ခူးနိုင်မယ့် နေ့ချင်း၊ည ချင်း အစီအရင်”

တချို့တွေဘ၀မှာ အောင်မြင်သင့်သလောက်မအောင်မြင်ဘူး။ အဆင်ပြေသင့်သလောက်မပြေဘူး။ရနိုင်သလောက်မရဘူး။

ဒါ့အပြင် အလုပ်တွေကြန့်ကြာနေတာမျိုး၊ရစရာရှိတဲ့ငွေပြန်မရတာမျိုး၊ရာထူးတိုးဖို့ ကို အခုထိ မတိုးနိုင်သေးတာမျိုး၊ဘာပဲဖြစ်ဖြစ်

ကြန့်ကြာ နေတဲ့ အချိန်တွေ ချက်ချင်းဖြစ်ရမှာမဖြစ်လာဘူးဆိုရင်အခုပြောမယ့် ယတြာလေးကိုသာလုပ်ကြည့်လိုက်ကြပါ။

ဘာမှလည်းမခက်ဘူး ပိုက်ဆံလည်း မကုန်ဘူးနော်။ယတြာအတွက် လိုအပ်ပစ္စည်း_

၁.ကြွေပန်းကန် (၅+၄=၉)န၀င်း

၂.ချင်း တက်(၂+၇=၉)န၀င်း

၃.ဖယောင်းတိုင် (၅+၄=၉)န၀င်း ရယ် ရှိရင်ရပါပြီ။

န၀င်းကိုက်ဆိုသည်မှာအားလုံးပေါင်း ၉ ရတာကိုပြောချင်းဖြစ်ပါသည်။

ဘယ်လိုစီရင်မလည်း

နေ့စဉ် နေ့တခါ ၊ည တစ်ခါ ချင်းတက်ပေါ်မှာဖယောင်းတိုင်တစ်တိုင်ထွန်းညှိ ပူဇော်ရင်းကြန့်ကြာနေတဲ့ အရာကိုထည့်ဆုတောင်း

ပါနေ့ချင်း ည ချင်း အောင်မြင်ပါစေ၊ အဆင်ပြေပါစေပေါ့။

ဒါပေမဲ့ ဖယောင်းတိုင်အရောင်က စကားပြောပါသေးတယ်။

၁. အနီရောင် _ အချစ်ရေး၊ မေတ္တာရေး ၊ အိမ်ထောင်ရေး။

၂. အဝါရောင် (သို့)ရွှေရောင် – အောင်မြင်မှု ၊ အလုပ်၊ရာထူး၊ပညာရေး ။

၃.အစိမ်းရောင်_ ငွေကြေး ၊ အကြွေးကိစ္စ

၄.အနက်ရောင်_အတိုက်အခိုက်၊အန္တာရယ် စသဖြင့်ကိုယ်ဥာဏ်ရှိသလို စီရင်ပေးရမယ်။

ဖယောင်းတိုင်ထွန်းရန်အချိန် _

အားလုံး န၀င်း ဓာတ်ယူမှာမလို့ မိမိမွေးနေ့မနက် ၉နာရီ ၄၅မိနစ် တစ်ခါ ညဘက် ၉နာရီ ၄၅မိနစ်တစ်ခါ ။

တစ်နေ့ကိုနှစ်ကြိမ် ၉ရက် ၊၁၈ရက်၊၂၇ရက်၊ ၄၅ရက်စသဖြင့်အဓိဌာန်ဖြင့်ပူဇော်ပေးပါ။

အင်မတန်လွယ်ကူပြီးထိရောက်တဲ့ယတြာလေးတွေမှာ လက်တွေ့ စီရင်ကြည့်ပြီးအကျိုးထူးကို ရနိုင်ကြပါစေ။

အဆင်မပြေရင် ဆရာမကိုလာပြောပါ။အဆင်ပြေရင် ကျန်တဲ့သူတွေကိုလည်း ဝေငှပါ။

မနက် ကိုးနာရီအဆင်မပြေရင် မနက်၅နာရီ ၄၀ မိနစ် မှာလုပ်ပါ။

credit ဆရာမဆူဇန်မောင်(ကံကြမ္မာဟောပြသူ)

 

Zawgyi

“ေအာင္ျမင္မႈကို ဆြတ္ခူးႏိုင္မယ့္ ေန႔ခ်င္း၊ည ခ်င္း အစီအရင္”

တခ်ိဳ႕ေတြဘ၀မွာ ေအာင္ျမင္သင့္သေလာက္မေအာင္ျမင္ဘူး။ အဆင္ေျပသင့္သေလာက္မေျပဘူး။ရႏိုင္သေလာက္မရဘူး။

ဒါ့အျပင္ အလုပ္ေတြၾကန္႔ၾကာေနတာမ်ိဳး၊ရစရာရွိတဲ့ေငြျပန္မရတာမ်ိဳး၊ရာထူးတိုးဖို႔ ကို အခုထိ မတိုးႏိုင္ေသးတာမ်ိဳး၊ဘာပဲျဖစ္ျဖစ္

ၾကန္႔ၾကာ ေနတဲ့ အခ်ိန္ေတြ ခ်က္ခ်င္းျဖစ္ရမွာမျဖစ္လာဘူးဆိုရင္အခုေျပာမယ့္ ယၾတာေလးကိုသာလုပ္ၾကည့္လိုက္ၾကပါ။

ဘာမွလည္းမခက္ဘူး ပိုက္ဆံလည္း မကုန္ဘူးေနာ္။ယၾတာအတြက္ လိုအပ္ပစၥည္း_

၁.ေႂကြပန္းကန္ (၅+၄=၉)န၀င္း

၂.ခ်င္း တက္(၂+၇=၉)န၀င္း

၃.ဖေယာင္းတိုင္ (၅+၄=၉)န၀င္း ရယ္ ရွိရင္ရပါၿပီ။

န၀င္းကိုက္ဆိုသည္မွာအားလုံးေပါင္း ၉ ရတာကိုေျပာခ်င္းျဖစ္ပါသည္။

ဘယ္လိုစီရင္မလည္း

ေန႔စဥ္ ေန႔တခါ ၊ည တစ္ခါ ခ်င္းတက္ေပၚမွာဖေယာင္းတိုင္တစ္တိုင္ထြန္းညႇိ ပူေဇာ္ရင္းၾကန္႔ၾကာေနတဲ့ အရာကိုထည့္ဆုေတာင္း

ပါေန႔ခ်င္း ည ခ်င္း ေအာင္ျမင္ပါေစ၊ အဆင္ေျပပါေစေပါ့။

ဒါေပမဲ့ ဖေယာင္းတိုင္အေရာင္က စကားေျပာပါေသးတယ္။

၁. အနီေရာင္ _ အခ်စ္ေရး၊ ေမတၱာေရး ၊ အိမ္ေထာင္ေရး။

၂. အဝါေရာင္ (သို႔)ေ႐ႊေရာင္ – ေအာင္ျမင္မႈ ၊ အလုပ္၊ရာထူး၊ပညာေရး ။

၃.အစိမ္းေရာင္_ ေငြေၾကး ၊ အေႂကြးကိစၥ

၄.အနက္ေရာင္_အတိုက္အခိုက္၊အႏၲာရယ္ စသျဖင့္ကိုယ္ဥာဏ္ရွိသလို စီရင္ေပးရမယ္။

ဖေယာင္းတိုင္ထြန္းရန္အခ်ိန္ _

အားလုံး န၀င္း ဓာတ္ယူမွာမလို႔ မိမိေမြးေန႔မနက္ ၉နာရီ ၄၅မိနစ္ တစ္ခါ ညဘက္ ၉နာရီ ၄၅မိနစ္တစ္ခါ ။

တစ္ေန႔ကိုႏွစ္ႀကိမ္ ၉ရက္ ၊၁၈ရက္၊၂၇ရက္၊ ၄၅ရက္စသျဖင့္အဓိဌာန္ျဖင့္ပူေဇာ္ေပးပါ။

အင္မတန္လြယ္ကူၿပီးထိေရာက္တဲ့ယၾတာေလးေတြမွာ လက္ေတြ႕ စီရင္ၾကည့္ၿပီးအက်ိဳးထူးကို ရႏိုင္ၾကပါေစ။

အဆင္မေျပရင္ ဆရာမကိုလာေျပာပါ။အဆင္ေျပရင္ က်န္တဲ့သူေတြကိုလည္း ေဝငွပါ။

မနက္ ကိုးနာရီအဆင္မေျပရင္ မနက္၅နာရီ ၄၀ မိနစ္ မွာလုပ္ပါ။

credit ဆရာမဆူဇန္ေမာင္(ကံၾကမၼာေဟာျပသူ)