ညသန်းခေါင်ယံအချိန်ထိ မီးလေးထွန်းပြီး သူ့အသားလုံးဆိုင်မှာထိုင်ရင်း ဖောက်သည်တွေကို စောင့်ဆိုင်းနေခဲ့တဲ့ အဘိုးတစ်ဦး
ထိုင်းနိုင်ငံ ရှိ Saharat Yean အမည်ရှိ netizen တစ်ဦးဟာ နေ့တစ်နေ့ရဲ့ညသန်းခေါင်ယံအချိန်မှာ Ubon Ratchathan မြို့ရှိ Wat Bua ဘုရားကျောင်းအနီးသို့ ဖြတ်သွားနေစဉ် အဘိုးအိုတစ်ဦးက တွန်းလှည်းဖြင့် မီးများဖွင့်ထားပြီး ဈေးရောင်းနေတာကို သတိပြုမိသွားခဲ့ပါတယ်။အဘိုးအိုရဲ့ဆိုင်မှ ဝယ်ရန် ဝန်းရံသူအနည်းငယ်သာရှိနေတာကိုလည်း သူ သတိထားမိသွားခဲ့ပါတယ်။
အရမ်းနောက်ကျနေတဲ့အချိန်မှာ အဘိုးအိုက ဘာလို့ဈေးရောင်းနေသေးတာလဲဆိုတာ စပ်စုရန် Saharat က သူ့ကားကိုရပ်ပြီး ၎င်းဆိုင်သို့သွားခဲ့ပါတယ်။“ Wat Bua ဘုရားကျောင်းရဲ့အမှောင်ကျတဲ့ထောင့်နားမှာရှိနေတဲ့ဆိုင်တစ်ဆိုင်ရဲ့အလင်းရောင်ကို ကျွန်တော်မြင်ခဲ့ရတယ်၊ အဲ့ဒီမှာ တွန်းလှည်းကိုရပ်ထားတဲ့ အသက်ကြီးကြီးအဘိုးတစ်ဦးက သူ့အသားလုံးဆိုင်နားမှာထိုင်နေပြီး သူ့ပစ္စည်းတွေကို ရောင်းဖို့စောင့်နေခဲ့တယ်၊ အဲ့ဒါနဲ့ ကျွန်တော်က အဘိုးဆီကို လမ်းလျှောက်သွားခဲ့တယ်” လို့ Saharat က သူ့ရဲ့ Facebook account မှာ ဝေမျှခဲ့ပါတယ်။
Saharat က အဆိုပါအဘိုးအား ဘာကြောင့် ဆိုင်ကိုအခုချိန်ထိဖွင့်နေသေးတာလဲလို့ မေးလိုက်တော့ အဘိုးက သူ့ဆိုင်က ရောင်းမကောင်းတာကြောင့် စားစရာအချို့ကျန်နေသေးနေတာကြောင့် ဖြစ်ကြောင်း ထို့ကဲ့သို့ဝန်ခံခဲ့ပါတယ်။Saharat က“ ကျွန်တော် ဝယ်စားဖို့ ဘာရှိသေးလဲ ” လို့မေးတဲ့အခါ အဘိုးက “ အသားလုံးနဲ့ရေနွေးငွေ့ပြည်ကြီးငါးတွေ ကျန်သေးတယ် ”လို့ ပြန်ဖြေခဲ့ပါတယ်။သို့ပေမယ့် အဘိုးက သူ့အိုးကိုဖွင့်လိုက်တဲ့အခါမှာ အိုးထဲမှာစားစရာတွေအပြည့်နီးပါးရှိနေသေးတာကိုမြင်တော့ Saharat က အံ့ဩသွားခဲ့ပါတယ်။
ထို့ကြောင့် အဘိုးက ညဉ့်နက်တဲ့အထိ သူ့ရဲ့ဖောက်သည်တွေကို စောင့်နေဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပုံရပါတယ်။အဘိုးက အသားလုံးတစ်ထုပ်ကို ဘတ် ၂၀ (ဝ.၆၆ ဒေါ်လာ) ဖြင့် ရောင်းခဲ့ပေမဲ့ စေတနာရှိတဲ့ Saharat က အသားလုံးကို ဘတ် ၂၀၀ (ဒေါ်လာ ၆.၆၀) ဖိုးအထိ ဝယ်ယူပေးခဲ့ပါတယ်။
Zawgyi
များကြီးတော့ မစားနိုင်ပေမဲ့လည်း သူ့ရဲ့လုပ်ရပ်က အဘိုးအတွက်တော့ ကြီးမားတဲ့အကူအညီတစ်ခုကိုရသွားလိုက်သလိုပါဘဲ။ထို့နောက် Saharat ရဲ့ကောင်းမှုကြောင့် netizen များစွာက အဆိုပါအဘိုးကို အကူအညီများစွာပေးနိုင်ရန်အတွက် အဘိုးရဲ့ဆိုင်ကို ဘယ်မှာရှာနိုင်မလဲလို့ဆိုကာ မေးမြန်းလာခဲ့ကြပါတယ်။