Credit
Unicode
စာလေးဘာလေးလည်းဖတ်ကြဦး..နိုက်ကလပ်ကြီးပဲ တက်မနေကြနဲ့ ဆိုတဲ့ ဦးညီညီထွန်းလွင်(ရုပ်သံ)
အဆိုတော် ယုန်လေး နဲ့ အတူ သရုပ်ဆောင် မြင့်မြတ်၊ Kညီ တို့က ဒီကနေ့ ၊ သြဂုတ်လ (၆) ရက်နေ့တွင် “စည်းလုံးသင့်ပြီ မြန်မာပြည်” သီချင်းဗီဒီယို ရိုက်ကူး ထုတ်လုပ်ခဲ့မှု နဲ့ ပတ်သက်ပြီး ရုပ်ရှင် အစည်းအရုံးသို့ သွားရောက် ရှင်းပြခဲ့ပါတယ် …။
“ရုပ်ရှင် အစည်းအရုံးက ယုန်လေး ကို အရေးယူတယ် ဆိုတာ ကောလာဟလ တွေပါ…ယုန်လေး က ရုပ်ရှင် အစည်းအရုံးဝင် ကို မဟုတ်သေးပါဘူး…
1988 အရေးအခင်းတုန်း က သူက (၃) နှစ်သား ပဲ ရှိသေးလို့ အဲဒီ အကြောင်းတွေ ဘာမှ နားမလည်လိုက်ဘူး .. သူမသိဘူး…ထူးခြားမယ် ထင်လို့ သူ ရိုက်ခဲ့တယ်လို့ ပြောတယ်…
သူက စည်းလုံးစေချင်တဲ့ စေတနာနဲ့ ရိုက်ကူးခဲ့တယ် ဆိုပေမယ့် ဦးညီ တို့ အသက်အရွယ်၊ အတွေ့အကြုံ နဲ့ ဆိုရင် ဘယ်လိုမှ သူ့ စေတနာတွေ၊ ဘာတွေကို အသိအမှတ်ပြုလို့ မရပါဘူး။
နောက်ထပ် ဒါမျိုး ပုံဖော်ချင်တဲ့ သူမျိုး ရှိရင်တော့ ယုန်လေး ကိုသာ စံနမူနာ ကြည့်ထားလို့ ပြောရမှာပါ” လို့ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင် က ပြောခဲ့ပါတယ် …။ ။
Credit
အောက်ဆုံးတွင်ရုပ်သံကြည့်ရန်