ရုပ်ရှင်မင်းသား နေတိုးနှင့် မသဲစုမြတ်ရွှေတို့ ယနေ့ မင်္ဂလာဆွမ်းကျွေး ကျင်းပ

ရုပ်ရှင်မင်းသား နေတိုးနှင့် မသဲစုမြတ်ရွှေတို့ ယနေ့ မင်္ဂလာဆွမ်းကျွေး ကျင်းပ

ရုပ်ရှင်မင်းသား နေတိုး(ခ)ကိုနေလင်းအောင်နှင့် မသဲစုမြတ်ရွှေတို့၏ မင်္ဂလာလက်မှတ်ရေးထိုးပွဲနှင့် မင်္ဂလာဆွမ်းကျွေးကို

ဖေဖော်ဝါရီ၅ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မြခွာညိုအိမ်ရာရှိ နေအိမ်တွင် ရခိုင်ရိုးရာအပြင်အဆင်များဖြင့် ကျင်းပသွားသည်။

 

အဆိုပါပွဲသို့ အနုပညာရှင်အချို့နှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

ရခိုင်လူမျိုး မင်းသားနေတိုး၏ ဇနီးဖြစ်သူ မသဲစုမြတ်ရွှေသည်လည်း ရခိုင်ပြည်နယ် မာန်အောင်မြို့ဇာတိဖြစ်သည်။

ဓာတ်ပုံ မောင်မောင်ကြီး

 

 

 

Zawgyi



 

 

 




 
