မနက်မျက်နှာလေးသစ်ရင် သရဏဂုံအမြဲရွတ်ပါ..မျက်နှာအကြည်ဓာတ်လေးရစေပါတယ်..
သွားတိုက်ရင် ဘုရားဂုဏ်တော်ပွားပါ..
ကိုယ်ရဲ့ကောင်းတဲ့အကြံအစည်အပြောအဆိုတိုင်းသူတပါးအား အောင်စေပါတယ်..
သတိရရင်ရသလို မေတ္တာသုတ်ရွတ်ပါ..
မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့ လုံခြုံနွေးထွေးစေပါတယ်..
တနေ့ ၂ ကြိမ် အနည်းဆုံး သောက်တော်ရေချမ်းကပ်လှူပါ…ခုနစ်ရက်သားသမီးအေးချမ်းစေသလို မိမိကိုယ်တိုင်အရင်ဆုံးအေးချမ်းစေပါတယ်..
တနေ့တကြိမ် မဟာသမယသုတ် ရွတ်ဖြစ်အောင်ရွတ်ပါ..နတ်တို့ချစ်ခင်စောင်မပါတယ်တနေ့တကြိမ် ပဠာန်းရွတ်ဖတ်ပူဇော်ပါ..အကျိုးကျေးဇူး ဧကန်ထူးပါတယ်..
တနေ့တကြိမ် ခင်ပွန်းကြီးဆယ်ပါး ဝန်ချတောင်းပန်ရှိခိုးပါ..အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ်..ငါးပါးသီလ လုံအောင် အတတ်နိူင်ဆုံးစောင့်ထိန်းပါ..သီလအကျိုးကြောင့် လူ့တန်ဖိုးတက်ပါတယ်..
မိဘကျေးဇူးအထူးသိတတ်ပါ..ရောက်ရာအရပ်လူချစ်လူခင်ပေါပြီး ကူညီစောင်မသူတွေနဲ့ တွေ့ရတတ်ပါတယ်..
နေ့စဉ်စိတ်ကောင်းရှိဖို့ ပထမဆုံးဆုံးဖြတ်ပါ..
စိတ်နောက် ဘဝကလိုက်ပါတယ်..နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက တစ်ခုရှာပါ..
လူဖြစ်တဲ့အခိုက်အတန့် လူဖြစ်ရကျိုးနပ်စေပါတယ်..
တကယ့်စစ်မှန်သော အေးချမ်းသော ပြည့်စုံသောဘဝတွေပိုင်ဆိုင်နိုင်ဖို့ ဝိပ္ပသာနာတရားအားထုတ်ဖြစ်အောင် အားထုတ်ရင်း သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ..
တနေ့တကြိမ် ခင်ပွန်းကြီးဆယ်ပါး ဝန်ချတောင်းပန်ရှိခိုးပါ..အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ်..ငါးပါးသီလ လုံအောင် အတတ်နိုင်ဆုံးစောင့်ထိန်းပါ..သီလအကျိုးကြောင့် လူ့တန်ဖိုးတက်ပါတယ်..