ဖုန္းအသံုးမ်ားတဲ့သူတိုင္းလုပ္ေပးသင့္တဲ့ မ်က္စိအားေကာင္းေစတဲ့ေလ့က်င့္ခန္းမ်ား
အခုေခတ္မွာ လူတိုင္းလိုလို ဖုန္း၊ကြန္ပ်ူတာအသံုးျပဳၾကျပီး မ်က္စိကိုတစ္ခ်ိန္လံုးအနားမရေအာင္ ၾကည့္ေနၾကပါတယ္။ screen အလင္းေရာင္ကို ေတာက္ေလွ်ာက္ၾကည့္ေနတဲ့အခါ ေရရွည္မွာ မ်က္စိကိုထိခိုက္လာေစပါတယ္။ screen အလင္းေရာင္အၾကည့္မ်ားလို႕ ပင္ပန္းျပီးအားနည္းေနတဲ့ မ်က္လံုးေတြကို ေသြးလွည့္ပတ္မႈေကာင္းေစျပီး အျမင္ၾကည္လင္ေစဖို႕ ေန႕စဉ္လုပ္ေပးသင့္တဲ့ မ်က္လံုးေလ့က်င့္ခန္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) နွစ္မိနစ္မ်က္ေတာင္ခတ္ျခင္း
screen ကိုၾကည့္တာမ်ားတဲ့အခါ မ်က္ေတာင္ခတ္တဲ့အၾကိမ္အေရအတြက္နည္းျပီး မ်က္လံုးေျခာက္ေသြ႕ျခင္းကို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဖုန္း၊ ကြန္ပ်ူတာကိုဆက္တိုက္ၾကည့္ျပီးတဲ့အခါ နွစ္မိနစ္ေလာက္မ်က္ေတာင္ခတ္ေပးပါ။ မ်က္လံုးေညာင္းညာေနတာကိုေျပေစျပီး အျမင္ၾကည္လင္ေစပါတယ္။
(၂) မ်က္နွာက်က္ကိုေမာ့ၾကည့္ျပီး ဦးေခါင္းဘယ္ညာလွည့္ျခင္း
ေခါင္းကိုေမာ့ျပီးမ်က္နွာက်က္ကိုၾကည့္ကာ ဦးေခါင္းကိုဘယ္ညာလွည့္ေပးပါ။ အဲ့ဒါကို နွစ္မိနစ္ခန္႕လုပ္ေပးပါ။
(၃) ငါးမိနစ္ေလာက္မ်က္စိမွိတ္ထားျခင္း
ဖုန္း ၊ ကြန္ပ်ူတာကိုၾကည့္တာၾကာလာတဲ့အခါ မ်က္စိကိုမွိတ္ထားျပီး ငါးမိနစ္ေလာက္ေနေပးပါ။ အဲ့ဒါက မ်က္စိကိုအနားရေစျပီး မ်က္စိအားနည္းျခင္းမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။
(၄) စကၠန္႕အနည္းငယ္ေလာက္မ်က္စိကိုတင္းတင္းမွိတ္ထားျခင္း
မ်က္စိအရမ္းေညာင္းျပီး တင္းၾကပ္ေနတဲ့အခါ မ်က္လံုးကို ၂ စကၠန္႕၊ ၃စကၠန္႕ေလာက္ တင္းတင္းမွိတ္ထားျပီး ျပန္ဖြင့္လိုက္ပါ။ ဒါက မ်က္လံုးကို အနားရေစပါတယ္။
(၅) မ်က္ခံုးတေလွ်ာက္နွိပ္နယ္ေပးျခင္း
screen ကိုၾကည့္တာမ်ားျပီး မ်က္လံုးကပင္ပန္းလာတဲ့အခါ မ်က္စိကိုခဏမွိတ္ထားျပီး မ်က္ခံုးတေလွ်ာက္ကို လက္ေခ်ာင္းထိပ္ေလးေတြနဲ႕ နွိပ္နယ္ေပးလိုက္ပါ။ မ်က္လံုးကိုေသြးလွည့္ပတ္မႈေကာင္းေစပါတယ္။
(၆) အနီး၊အေဝးတလွည့္စီၾကည့္ျခင္း
လက္ကိုဆန္႕လိုက္ျပီး လက္မကိုေထာင္ထားကာ မ်က္စိက အဲ့ဒီလက္မကို ၅ စကၠန္႕ေလာက္စိုက္ၾကည့္ပါ။ ျပီးတာနဲ႕ အေဝးကသစ္ပင္ ဒါမွမဟုတ္ အရာဝတၳုဆီကို အၾကည့္လြဲလိုက္ျပီး အဲ့ဒီအရာကိုလည္း ၅ စကၠန္႕ေလာက္စိုက္ၾကည့္ပါ။ ဒီလိုမ်ိဳး အနီး၊အေဝးတလွည့္စီၾကည့္ေပးျခင္းက မ်က္မွန္သမားေတြကို ပါဝါေလ်ာ့ေအာင္ကူညီေပးနိုင္ပါတယ္။
written by PP
ဖုန်းအသုံးများတဲ့သူတိုင်းလုပ်ပေးသင့်တဲ့ မျက်စိအားကောင်းစေတဲ့လေ့ကျင့်ခန်းများ
အခုခေတ်မှာ လူတိုင်းလိုလို ဖုန်း၊ကွန်ပျူတာအသုံးပြုကြပြီး မျက်စိကိုတစ်ချိန်လုံးအနားမရအောင် ကြည့်နေကြပါတယ်။ screen အလင်းရောင်ကို တောက်လျှောက်ကြည့်နေတဲ့အခါ ရေရှည်မှာ မျက်စိကိုထိခိုက်လာစေပါတယ်။ screen အလင်းရောင်အကြည့်များလို့ ပင်ပန်းပြီးအားနည်းနေတဲ့ မျက်လုံးတွေကို သွေးလှည့်ပတ်မှုကောင်းစေပြီး အမြင်ကြည်လင်စေဖို့ နေ့စဉ်လုပ်ပေးသင့်တဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) နှစ်မိနစ်မျက်တောင်ခတ်ခြင်း
screen ကိုကြည့်တာများတဲ့အခါ မျက်တောင်ခတ်တဲ့အကြိမ်အရေအတွက်နည်းပြီး မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်း၊ ကွန်ပျူတာကိုဆက်တိုက်ကြည့်ပြီးတဲ့အခါ နှစ်မိနစ်လောက်မျက်တောင်ခတ်ပေးပါ။ မျက်လုံးညောင်းညာနေတာကိုပြေစေပြီး အမြင်ကြည်လင်စေပါတယ်။
(၂) မျက်နှာကျက်ကိုမော့ကြည့်ပြီး ဦးခေါင်းဘယ်ညာလှည့်ခြင်း
ခေါင်းကိုမော့ပြီးမျက်နှာကျက်ကိုကြည့်ကာ ဦးခေါင်းကိုဘယ်ညာလှည့်ပေးပါ။ အဲ့ဒါကို နှစ်မိနစ်ခန့်လုပ်ပေးပါ။
(၃) ငါးမိနစ်လောက်မျက်စိမှိတ်ထားခြင်း
ဖုန်း ၊ ကွန်ပျူတာကိုကြည့်တာကြာလာတဲ့အခါ မျက်စိကိုမှိတ်ထားပြီး ငါးမိနစ်လောက်နေပေးပါ။ အဲ့ဒါက မျက်စိကိုအနားရစေပြီး မျက်စိအားနည်းခြင်းမဖြစ်အောင်ကာကွယ်ပေးပါတယ်။
(၄) စက္ကန့်အနည်းငယ်လောက်မျက်စိကိုတင်းတင်းမှိတ်ထားခြင်း
မျက်စိအရမ်းညောင်းပြီး တင်းကြပ်နေတဲ့အခါ မျက်လုံးကို ၂ စက္ကန့်၊ ၃စက္ကန့်လောက် တင်းတင်းမှိတ်ထားပြီး ပြန်ဖွင့်လိုက်ပါ။ ဒါက မျက်လုံးကို အနားရစေပါတယ်။
(၅) မျက်ခုံးတလျှောက်နှိပ်နယ်ပေးခြင်း
screen ကိုကြည့်တာများပြီး မျက်လုံးကပင်ပန်းလာတဲ့အခါ မျက်စိကိုခဏမှိတ်ထားပြီး မျက်ခုံးတလျှောက်ကို လက်ချောင်းထိပ်လေးတွေနဲ့ နှိပ်နယ်ပေးလိုက်ပါ။ မျက်လုံးကိုသွေးလှည့်ပတ်မှုကောင်းစေပါတယ်။
(၆) အနီး၊အဝေးတလှည့်စီကြည့်ခြင်း
လက်ကိုဆန့်လိုက်ပြီး လက်မကိုထောင်ထားကာ မျက်စိက အဲ့ဒီလက်မကို ၅ စက္ကန့်လောက်စိုက်ကြည့်ပါ။ ပြီးတာနဲ့ အဝေးကသစ်ပင် ဒါမှမဟုတ် အရာဝတ္ထုဆီကို အကြည့်လွဲလိုက်ပြီး အဲ့ဒီအရာကိုလည်း ၅ စက္ကန့်လောက်စိုက်ကြည့်ပါ။ ဒီလိုမျိုး အနီး၊အဝေးတလှည့်စီကြည့်ပေးခြင်းက မျက်မှန်သမားတွေကို ပါဝါလျော့အောင်ကူညီပေးနိုင်ပါတယ်။
written by PP