“ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်ဖို့ အမည်စာရင်း တင်သွင်းခံရတဲ့ NUG အစိုးရနှင့် ကမ္ဘာကျော်သွားတဲ့ မြန်မာ့ အသံတိတ် သပိတ်”

နော်ဝေး အတိုက်အခံ ပါလီမန် အမတ်များမှ ဦးစီး၍ ၂၀၂၂ အတွက် အမျိုးသား ညီညွတ်ရေး အစိုးရအား ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်ရန် ယနေ့ အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်သည်။ . . . . . . .

လစ်ဘရယ် ပါတီ အမတ် Ola Elvestuen မှ NUG သည်သာ မြန်မာပြည်၏ ဒီမိုကရေစီ နှင့် အညီ တရားဝင် အစိုးရ ဖြစ်၍ ယခုလို အမည်စာရင်း တင်သွင်းလိုက်ရခြင်း ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ . . . . . . .

ထိုသို့ ဆုချီးမြှင့်မှသာ ကမ္ဘာတဝှမ်း ရှိ ဒီမိုက‌ရေစီ အင်စတီကျူးရှင်း နှင့် မူဝါဒ များ ရှင်သန် ရွေ့လျား နိုင်မည် ဖြစ်သည်ဟု ဆိုသည်။ . . . . . . .

ငြိမ်းချမ်းရေး နိုဘဲလ်ဆု အတွက် ဇန်နဝါရီ ၃၁ ကို သတ်မှတ်ထားပြီး ရွေးချယ်ခံရသူ၏ အမည်အား အောက်တို ဘာလ အစောပိုင်းတွင် ကြေညာမည် ဖြစ်သည်။ . . . . . . .

အခြား အမည်စာရင်း တင်သွင်း ထားသူများမှာ မြန်မာ၏ CDM၊ ဆွီဒင်၏ ရာသီဥတု အရေး တက်ကြွလှုပ်ရှားသူ ဂရက်တာ သွန်းဘတ်ခ်၊ ဗြိတိသျှ သဘာဝ သိပ္ပံပညာရှင် ဒေးဗစ် အက်တင်ဘိုရို၊ ပုပ်ရဟန်းမင်းကြီး နှင့် ဘဲလာရုစ် အတိုက်အခံ ခေါင်းဆောင်တို့ ဖြစ်သည်။ . . . . . . .

မြန်မာ ပြည်သူများ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကြီးက ကမ္ဘာတဝှမ်း တွင် စံနမူနာ ပြ ဖြစ် အောင် ထပ်မံ၍ ဆွဲကိုင် လှုပ်ရမ်းလိုက်ပြန်ပြီ ဖြစ်သည်။ . . . . . . .

ပြင်သစ် သတင်းဌာန ၂၄ မှ ရန်ကုန်မြို့တော်၏ လမ်းမ များပေါ်တွင် အင်္ဂါနေ့ မနက်က လူများ သည် လုပ်စရာ ရှိသည်များအတွက် အလုအယက် သွားလာလုပ်ကိုင်နေကြသည်။ . . . . . . . သို့သော် နံနက် ဆယ်နာရီ ထိုးကာနီးတွင်တော့ လမ်းများပေါ်မှ လူများ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတော့သည်ဟု ရေးသားထားသည်။ . . . . . . .

လန်ဒန်ထုတ် ဂါဒီယန်း သတင်းစာကြီးတွင်မူ မြစ်ကြီးနား၊ နမ္မတီး မှသည် တောင်ဖက်စွန်း ထားဝယ်၊ မြိတ် မြို့ များ အထိ လူသူ ကင်းမဲ့လျှက် ရှိနေသည်ဟု ဖေါ်ပြထားသည်။ . . . . . . . (သတင်းစာတွင် ဖေါ်ပြထားသော ပုံကို တွေ့နိုင်သည်)

ဤသည်မှာ စစ်တပ်သည် ရွေးကောက်ပွဲ မသမာမှုများ ရှိသည်ဟု ဆိုကာ လူထု လက်မှ အာဏာကို သေနတ်ပြပြီး သိမ်းယူခဲ့သည့် တနှစ်မြောက်နေ့တွင် ၎င်းတို့၏ မတရား အနိုင်ကျင့်သည့် လုပ်ရပ်အပေါ် ဒေါသအမျက် ချောင်း ချောင်း ထွက်နေကြဆဲ ဆိုသည်ကို တတိယ အကြိမ်မြောက် တနိုင်ငံလုံး လမ်းပေါ် မထွက်ဘဲ ပြသခဲ့ကြခြင်း ကြောင့်ပင် ဖြစ်သည်။ . . . . . . .

ပြည်သူတို့၏ ထိုကဲ့သို့ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်ကို တကမ္ဘာလုံး က စောင့်ကြည့် နေခဲ့ ကြပြီး ဆိုရှယ် မီဒီယာများမှာ တွေ့ရသော ဓါတ်ပုံများအရ လမ်းများပေါ်တွင် မနက် ဆယ်နာရီ မှ ညနေ လေး နာရီအတွင်း လူသွားလူလာ မရှိသလောက် ဖြစ်နေသည်ဟု နိုင်ငံတကာ မီဒီယာများက တညီတညွတ်တည်း ရေးသားလာကြသည်။ . . . . . . .

တတိယ အကြိမ်သည် အထူး အရေးပါသော အောင်ပွဲတရပ်လည်း ဖြစ်သည်။ . . . . . . . အသံတိတ် သပိတ်ကို ဖြိုခွဲရန် စစ်အာဏာသိမ်း အဖွဲ့မှ အကျပ်ကိုင် ခြိမ်းခြောက်သည့် ဥပဒေ မျိုးစုံ ထုတ်ပြန်ထားသည့်ကြားမှ ပြည်သူ တရပ်လုံး စည်းလုံးညီညွတ်စွာ တွန်းလှန် နိုင်ခဲ့သည့် သမိုင်းဝင်နေ့ကြီး တနေ့ အဖြစ် တွင်ကျန် ရစ်ခဲ့ပြီ ဖြစ်သည်။ . . . . . . . ထိုကဲ့သို့ အမှန်တရားဖက်မှ ရပ်တည်ရန် ငြင်းဆန်ခဲ့သူများ အဖို့ သမိုင်း၏ ဒဏ်ခတ်ခြင်းကို မလွဲမသွေ ခံကြ ရပေဦးတော့မည်။ . . . . . . .

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်သည် မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့လုပ်ရပ်များကို နောက် ပြန် ဆုတ်ရန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် နှင့် အဓိပ္ပါယ် ပြည့်ဝသည့် ဆွေးနွေးမှုများဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားကြရန် ကြေညာချက် ထုတ်ပြီး တောင်းဆိုလိုက်သည်။ . . . . . . .

ရန်ကုန်၊ ပဲခူး နှင့် မြစ်ကြီးနား မြို့ကြီးများတွင် နေရာအနှံ့ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူနှစ်ဦးခန့် သေဆုံးသွားကြောင်း တရုတ်သတင်းဌာန CGTN က ဖေါ်ပြလာခဲ့ပြန်သည်။ . . . . . . . ဧရာဝတီ သတင်းအရ တာချီလိတ် မြို့ တပ်ထောက်ခံ ပွဲ ပြုလုပ်သည် ရှမ်းရိုးမကွင်းတွင် ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲ ခဲ့သည့်အတွက် ထိခိုက် ဒဏ်ရာရ သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။ . . . . . . .

ထိုနေ့မှာပင် ကမ္ဘာထိပ်တန်း စစ်တမ်း ကောက်ယူသည့် Gallup Poll မှ စက်တင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂ ရက် အကြား ကောက်ယူခဲ့သော စစ်တမ်းကို ထုတ်ပြန်ခဲ့ရာ အစိုးရ အပေါ် ယုံကြည်မှုသည် ၂၈% သာ ရှိ တော့သည်ဟု သိရသည်။ . . . . . . . အာဏာမသိမ်းမီ ၈၀% ရှိခဲ့ရာမှ ယခုလို ၆၀% အထိ ထိုးဆင်းသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ . . . . . . .

ရွေးကောက်ပွဲနှင် ပတ်သက်၍ ယခင် Gallup စစ်တမ်းများအရ ၈၂% သည် ရွေးကောက်ပွဲ ရလဒ်ကို အပြည့်အဝ ယုံကြည်ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ကြကြောင်းလည်း ဖေါ်ပြထားသည်။ . . . . . . .

မင်းအောင်လှိုင် အဖို့ ၎င်း လုံးဝ မျှော်လင့်မထားသည့် ပြည်တွင်း စစ်ကြီး နှင့် ရှေ့တိုး နောက်ဆုတ် မရတော့ သဖြင့် နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်လာနေရပြီ ဖြစ်၍ ရွေးကောက်ပွဲ မသမာမှု ကြောင့်ဟု ထပ်တလဲလဲ ပြောဆိုနေ ရပြီ ဖြစ်သည်၊ ထိုအကြောင်းပြချက် ကို မည်သူကမျှ လက်ခံ ကြခြင်း မရှိ၊ တပြည်လုံး က ဆန့်ကျင်နေကြမှန်း ကောင်းစွာ သိပြီး ဖြစ်သော်လည်း

သစ္စာခံ တပ်များအကြား စိတ်ဓါတ် ပျက်ပြားလာနိုင်သည့် အရေးကြောင့် နိုင်ငံတဝှမ်း ထောက်ခံကြလေဟန် လုပ်ဇာတ်အမျိုးမျိုးခင်းကာ လူများကို လမ်းပေါ် သို့ အတင်းစေလွှတ်ခြင်း၊ ဈေးဆိုင်များ ဖွင့်ခိုင်းခြင်း၊ လူထု ထောက်ခံပွဲများ ဖန်တီးခြင်း အစရှိသည့် နည်းမျိုးစုံ ဖြင့် အတင်း အဓမ္မ ကြိုးစားနေကြရသည်။ . . . . . . .

၎င်းတို့ သက်ဆိုး ရှည်ရန် အတွက် ထိုသို့ ဂျပိုးကို လိပ်ဖြစ်အောင် လူထုကို လိမ်ညာ လှည့်စား ဝါဒ ဖြန့်ချီသည့် နည်းလမ်းမျိုးကိုသာ အမြဲတစေ ရှာကြံ လုပ်ဆောင်ကြရပေတော့မည်။ . . . . . . .

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soe Wai

 

Zawgyi

ေနာ္ေဝး အတိုက္အခံ ပါလီမန္ အမတ္မ်ားမွ ဦးစီး၍ ၂၀၂၂ အတြက္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရအား ၿငိမ္းခ်မ္းေရး ႏိုဘဲလ္ဆု ခ်ီးျမႇင့္ရန္ ယေန႔ အမည္စာရင္း တင္သြင္းလိုက္ၿပီ ျဖစ္သည္။ . . . . . . .

လစ္ဘရယ္ ပါတီ အမတ္ Ola Elvestuen မွ NUG သည္သာ ျမန္မာျပည္၏ ဒီမိုကေရစီ ႏွင့္ အညီ တရားဝင္ အစိုးရ ျဖစ္၍ ယခုလို အမည္စာရင္း တင္သြင္းလိုက္ရျခင္း ျဖစ္သည္ဟု ထုတ္ေဖၚေျပာဆိုခဲ့သည္။ . . . . . . .

ထိုသို႔ ဆုခ်ီးျမႇင့္မွသာ ကမာၻတဝွမ္း ရွိ ဒီမိုက‌ေရစီ အင္စတီက်ဴးရွင္း ႏွင့္ မူဝါဒ မ်ား ရွင္သန္ ေ႐ြ႕လ်ား ႏိုင္မည္ ျဖစ္သည္ဟု ဆိုသည္။ . . . . . . .

ၿငိမ္းခ်မ္းေရး ႏိုဘဲလ္ဆု အတြက္ ဇန္နဝါရီ ၃၁ ကို သတ္မွတ္ထားၿပီး ေ႐ြးခ်ယ္ခံရသူ၏ အမည္အား ေအာက္တို ဘာလ အေစာပိုင္းတြင္ ေၾကညာမည္ ျဖစ္သည္။ . . . . . . .

အျခား အမည္စာရင္း တင္သြင္း ထားသူမ်ားမွာ ျမန္မာ၏ CDM၊ ဆြီဒင္၏ ရာသီဥတု အေရး တက္ႂကြလႈပ္ရွားသူ ဂရက္တာ သြန္းဘတ္ခ္၊ ၿဗိတိသွ် သဘာဝ သိပၸံပညာရွင္ ေဒးဗစ္ အက္တင္ဘို႐ို၊ ပုပ္ရဟန္းမင္းႀကီး ႏွင့္ ဘဲလာ႐ုစ္ အတိုက္အခံ ေခါင္းေဆာင္တို႔ ျဖစ္သည္။ . . . . . . .

ျမန္မာ ျပည္သူမ်ား၏ အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားမႈႀကီးက ကမာၻတဝွမ္း တြင္ စံနမူနာ ျပ ျဖစ္ ေအာင္ ထပ္မံ၍ ဆြဲကိုင္ လႈပ္ရမ္းလိုက္ျပန္ၿပီ ျဖစ္သည္။ . . . . . . .

ျပင္သစ္ သတင္းဌာန ၂၄ မွ ရန္ကုန္ၿမိဳ႕ေတာ္၏ လမ္းမ မ်ားေပၚတြင္ အဂၤါေန႔ မနက္က လူမ်ား သည္ လုပ္စရာ ရွိသည္မ်ားအတြက္ အလုအယက္ သြားလာလုပ္ကိုင္ေနၾကသည္။ . . . . . . . သို႔ေသာ္ နံနက္ ဆယ္နာရီ ထိုးကာနီးတြင္ေတာ့ လမ္းမ်ားေပၚမွ လူမ်ား ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ေပ်ာက္ကုန္ၾကေတာ့သည္ဟု ေရးသားထားသည္။ . . . . . . .

လန္ဒန္ထုတ္ ဂါဒီယန္း သတင္းစာႀကီးတြင္မူ ျမစ္ႀကီးနား၊ နမၼတီး မွသည္ ေတာင္ဖက္စြန္း ထားဝယ္၊ ၿမိတ္ ၿမိဳ႕ မ်ား အထိ လူသူ ကင္းမဲ့လွ်က္ ရွိေနသည္ဟု ေဖၚျပထားသည္။ . . . . . . . (သတင္းစာတြင္ ေဖၚျပထားေသာ ပုံကို ေတြ႕ႏိုင္သည္)

ဤသည္မွာ စစ္တပ္သည္ ေ႐ြးေကာက္ပြဲ မသမာမႈမ်ား ရွိသည္ဟု ဆိုကာ လူထု လက္မွ အာဏာကို ေသနတ္ျပၿပီး သိမ္းယူခဲ့သည့္ တႏွစ္ေျမာက္ေန႔တြင္ ၎တို႔၏ မတရား အႏိုင္က်င့္သည့္ လုပ္ရပ္အေပၚ ေဒါသအမ်က္ ေခ်ာင္း ေခ်ာင္း ထြက္ေနၾကဆဲ ဆိုသည္ကို တတိယ အႀကိမ္ေျမာက္ တႏိုင္ငံလုံး လမ္းေပၚ မထြက္ဘဲ ျပသခဲ့ၾကျခင္း ေၾကာင့္ပင္ ျဖစ္သည္။ . . . . . . .

ျပည္သူတို႔၏ ထိုကဲ့သို႔ ဆႏၵထုတ္ေဖၚခဲ့ၾကသည္ကို တကမာၻလုံး က ေစာင့္ၾကည့္ ေနခဲ့ ၾကၿပီး ဆိုရွယ္ မီဒီယာမ်ားမွာ ေတြ႕ရေသာ ဓါတ္ပုံမ်ားအရ လမ္းမ်ားေပၚတြင္ မနက္ ဆယ္နာရီ မွ ညေန ေလး နာရီအတြင္း လူသြားလူလာ မရွိသေလာက္ ျဖစ္ေနသည္ဟု ႏိုင္ငံတကာ မီဒီယာမ်ားက တညီတၫြတ္တည္း ေရးသားလာၾကသည္။ . . . . . . .

တတိယ အႀကိမ္သည္ အထူး အေရးပါေသာ ေအာင္ပြဲတရပ္လည္း ျဖစ္သည္။ . . . . . . . အသံတိတ္ သပိတ္ကို ၿဖိဳခြဲရန္ စစ္အာဏာသိမ္း အဖြဲ႕မွ အက်ပ္ကိုင္ ၿခိမ္းေျခာက္သည့္ ဥပေဒ မ်ိဳးစုံ ထုတ္ျပန္ထားသည့္ၾကားမွ ျပည္သူ တရပ္လုံး စည္းလုံးညီၫြတ္စြာ တြန္းလွန္ ႏိုင္ခဲ့သည့္ သမိုင္းဝင္ေန႔ႀကီး တေန႔ အျဖစ္ တြင္က်န္ ရစ္ခဲ့ၿပီ ျဖစ္သည္။ . . . . . . . ထိုကဲ့သို႔ အမွန္တရားဖက္မွ ရပ္တည္ရန္ ျငင္းဆန္ခဲ့သူမ်ား အဖို႔ သမိုင္း၏ ဒဏ္ခတ္ျခင္းကို မလြဲမေသြ ခံၾက ရေပဦးေတာ့မည္။ . . . . . . .

အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒင္သည္ ျမန္မာ စစ္ေခါင္းေဆာင္မ်ား အေနျဖင့္ ၎တို႔လုပ္ရပ္မ်ားကို ေနာက္ ျပန္ ဆုတ္ရန္၊ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ဖမ္းဆီးထားသူမ်ားအား ျပန္လႊတ္ေပးရန္ ႏွင့္ အဓိပၸါယ္ ျပည့္ဝသည့္ ေဆြးေႏြးမႈမ်ားျဖင့္ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္သြားၾကရန္ ေၾကညာခ်က္ ထုတ္ၿပီး ေတာင္းဆိုလိုက္သည္။ . . . . . . .

ရန္ကုန္၊ ပဲခူး ႏွင့္ ျမစ္ႀကီးနား ၿမိဳ႕ႀကီးမ်ားတြင္ ေနရာအႏွံ႔ ဗုံးေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူႏွစ္ဦးခန႔္ ေသဆုံးသြားေၾကာင္း တ႐ုတ္သတင္းဌာန CGTN က ေဖၚျပလာခဲ့ျပန္သည္။ . . . . . . . ဧရာဝတီ သတင္းအရ တာခ်ီလိတ္ ၿမိဳ႕ တပ္ေထာက္ခံ ပြဲ ျပဳလုပ္သည္ ရွမ္း႐ိုးမကြင္းတြင္ ဗုံးႏွစ္လုံး ဆက္တိုက္ေပါက္ကြဲ ခဲ့သည့္အတြက္ ထိခိုက္ ဒဏ္ရာရ ေသဆုံးမႈမ်ား ရွိေနသည္ဟု သိရသည္။ . . . . . . .

ထိုေန႔မွာပင္ ကမာၻထိပ္တန္း စစ္တမ္း ေကာက္ယူသည့္ Gallup Poll မွ စက္တင္ဘာ ၂၂ မွ ဒီဇင္ဘာ ၂ ရက္ အၾကား ေကာက္ယူခဲ့ေသာ စစ္တမ္းကို ထုတ္ျပန္ခဲ့ရာ အစိုးရ အေပၚ ယုံၾကည္မႈသည္ ၂၈% သာ ရွိ ေတာ့သည္ဟု သိရသည္။ . . . . . . . အာဏာမသိမ္းမီ ၈၀% ရွိခဲ့ရာမွ ယခုလို ၆၀% အထိ ထိုးဆင္းသြားခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။ . . . . . . .

ေ႐ြးေကာက္ပြဲႏွင္ ပတ္သက္၍ ယခင္ Gallup စစ္တမ္းမ်ားအရ ၈၂% သည္ ေ႐ြးေကာက္ပြဲ ရလဒ္ကို အျပည့္အဝ ယုံၾကည္ေၾကာင္း ထုတ္ေဖၚ ေျပာဆိုခဲ့ၾကေၾကာင္းလည္း ေဖၚျပထားသည္။ . . . . . . .

မင္းေအာင္လႈိင္ အဖို႔ ၎ လုံးဝ ေမွ်ာ္လင့္မထားသည့္ ျပည္တြင္း စစ္ႀကီး ႏွင့္ ေရွ႕တိုး ေနာက္ဆုတ္ မရေတာ့ သျဖင့္ နဖူးေတြ႕ ဒူးေတြ႕ရင္ဆိုင္လာေနရၿပီ ျဖစ္၍ ေ႐ြးေကာက္ပြဲ မသမာမႈ ေၾကာင့္ဟု ထပ္တလဲလဲ ေျပာဆိုေန ရၿပီ ျဖစ္သည္၊ ထိုအေၾကာင္းျပခ်က္ ကို မည္သူကမွ် လက္ခံ ၾကျခင္း မရွိ၊ တျပည္လုံး က ဆန႔္က်င္ေနၾကမွန္း ေကာင္းစြာ သိၿပီး ျဖစ္ေသာ္လည္း

သစၥာခံ တပ္မ်ားအၾကား စိတ္ဓါတ္ ပ်က္ျပားလာႏိုင္သည့္ အေရးေၾကာင့္ ႏိုင္ငံတဝွမ္း ေထာက္ခံၾကေလဟန္ လုပ္ဇာတ္အမ်ိဳးမ်ိဳးခင္းကာ လူမ်ားကို လမ္းေပၚ သို႔ အတင္းေစလႊတ္ျခင္း၊ ေဈးဆိုင္မ်ား ဖြင့္ခိုင္းျခင္း၊ လူထု ေထာက္ခံပြဲမ်ား ဖန္တီးျခင္း အစရွိသည့္ နည္းမ်ိဳးစုံ ျဖင့္ အတင္း အဓမၼ ႀကိဳးစားေနၾကရသည္။ . . . . . . .

၎တို႔ သက္ဆိုး ရွည္ရန္ အတြက္ ထိုသို႔ ဂ်ပိုးကို လိပ္ျဖစ္ေအာင္ လူထုကို လိမ္ညာ လွည့္စား ဝါဒ ျဖန႔္ခ်ီသည့္ နည္းလမ္းမ်ိဳးကိုသာ အၿမဲတေစ ရွာႀကံ လုပ္ေဆာင္ၾကရေပေတာ့မည္။ . . . . . . .

ေတာ္လွန္ေရးႀကီး မုခ်ေအာင္ရမည္!!!

Hla Soe Wai