အရှက်တရားနဲ့ နောင်တ

တခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ သူ့မြင်းကိုအလွန်မြတ်နိုးသည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားသော ဒုတိယကုန်သည်တစ်ဦးက အပြေး သန်သောထိုမြင်းကို မျက်စိကျခဲ့သည်။တစ်နေ့တွင် ဒုတိယ ကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လဲလှယ်ရန် စကား ကမ်း လှမ်း ခဲ့သည်။ မြင်းပိုင်ရှင်က ငြင်း ဆန် ခဲ့သည်။ ကုန်သည်က ဤမြင်းအား ရှိသမျှစည်းစိမ်နှင့် လဲမည် ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘဝအတွက် အကောင်းဆုံး အဖော်မွန်၊ မိမိ အသက်ရှင်နေသရွေ့ မြင်းအား ဘယ်အရာနှင့် မျှမလဲနိုင်ဟု ငြင်းဆို ပြန် သည်။ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိသဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုးအကြံထုတ်လေတော့ သည်။တစ်နေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာ လမ်းတစ်နေရာတွင် ဖျားနာချင်ဟန်ဆောင်ပြီး လဲနေခဲ့သည်။ မြင်းပိုင် ရှင်ကတွေ့သောအခါ မြင်းပေါ်မှ အလျင်အမြန်ဆင်းပြီး ဖျားနေသော သူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်းပကတိဖြစ်သွားပြီး မြင်းပိုင် ရှင်အား “ ဒီမြင်းကို ပိုင်ဆိုင်ရဖို
ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့လဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။

အခုကျွန်တော် မြင်းပေါ်ရောက်နေပြီ… ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ” ဟု ပြောလေ သည်။မြင်းပိုင် ရှင်က “ ကောင်းပြီလေ… မြင်းကို ခင် ဗျားပိုင်သွားပါပြီ… ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ”“ မြင်းကို ကျွန်တော်ပိုင်ပြီပဲ… တစ်ခွန်းမက ဘူး..ခင် ဗျားကြိုက်သလောက် ပြောလို့ရတယ်”“ တကယ်လို့ လူတွေက ဒီမြင်းကို ခင် ဗျားဘယ်လိုရခဲ့သလဲလို့ မေးလာရင် အဖြစ် မှန်ကို မပြောပါနဲ့..ဒီစကားကို မှတ်ထားပေးပါ”“ဘာလို့လဲ…”“ဒီမြင်းကို ဘယ်လိုရခဲ့တယ်ဆိုတဲ့အကြောင်းအ မှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူက ကယ် ရဲတော့ မလဲဗျာ” မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံအသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့အားနာစွာနှင့် မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေ သည်။“ရမ္မက်လော ဘနဲ့ လိုချင် တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင်လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင် တ တွေ ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ… ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ”

Credit: မူရင်းရေးသားသူ

 

Zawgyi

တခါက အာရပ္ကုန္သည္ တစ္ဦးတြင္ သန္မာလွပေသာ ျမင္းတစ္ေကာင္ရွိသည္။ ထိုျမင္းသည္ တစ္ေန႔အတြင္း မိုင္ေပါင္းမ်ားစြာခရီးတြင္ႏိုင္ေသာေၾကာင့္ ကုန္သည္မွာ သူ႔ျမင္းကိုအလြန္ျမတ္ႏိုးသည္။ ကုလားအုတ္တစ္ေကာင္ ပိုင္ဆိုင္ထားေသာ ဒုတိယကုန္သည္တစ္ဦးက အေျပး သန္ေသာထိုျမင္းကို မ်က္စိက်ခဲ့သည္။တစ္ေန႔တြင္ ဒုတိယ ကုန္သည္မွာ ျမင္းပိုင္ရွင္အား ကုလားအုတ္ႏွင့္ျမင္း လဲလွယ္ရန္ စကား ကမ္း လွမ္း ခဲ့သည္။ ျမင္းပိုင္ရွင္က ျငင္း ဆန္ ခဲ့သည္။ ကုန္သည္က ဤျမင္းအား ရွိသမွ်စည္းစိမ္ႏွင့္ လဲမည္ ဟု ေတာင္းဆိုျပန္သည္။ ျမင္းပိုင္ရွင္က ဤျမင္းသည္ မိမိဘဝအတြက္ အေကာင္းဆုံး အေဖာ္မြန္၊ မိမိ အသက္ရွင္ေနသေ႐ြ႕ ျမင္းအား ဘယ္အရာႏွင့္ မွ်မလဲႏိုင္ဟု ျငင္းဆို ျပန္ သည္။ကုလားအုတ္ပိုင္ရွင္က ျမင္းကို အလြန္ႏွစ္သက္မိသျဖင့္ ပိုင္ဆိုင္ႏိုင္ရန္ အမ်ိဳးမ်ိဳးအႀကံထုတ္ေလေတာ့ သည္။တစ္ေန႔တြင္ သူသည္ အဝတ္အစား စုတ္စုတ္ျပတ္ျပတ္ဝတ္ဆင္လွ်က္ ျမင္းပိုင္ရွင္လာရာ လမ္းတစ္ေနရာတြင္ ဖ်ားနာခ်င္ဟန္ေဆာင္ၿပီး လဲေနခဲ့သည္။ ျမင္းပိုင္ ရွင္ကေတြ႕ေသာအခါ ျမင္းေပၚမွ အလ်င္အျမန္ဆင္းၿပီး ဖ်ားေနေသာ သူ႔အား ျမင္းေပၚသို႔ ေပြ႕တင္လိုက္သည္။ ျမင္းေပၚေရာက္သည္ႏွင့္ သူသည္ လူေကာင္းပကတိျဖစ္သြားၿပီး ျမင္းပိုင္ ရွင္အား “ ဒီျမင္းကို ပိုင္ဆိုင္ရဖို
ကြၽန္ေတာ္ အႀကံအမ်ိဳးမ်ိဳး ထုတ္ခဲ့တယ္။ တန္ဖိုးရွိတဲ့ ပစၥည္းေတြနဲ႔လဲခဲ့တယ္။ ခင္ဗ်ား လက္မခံခဲ့ဘူး။

အခုကြၽန္ေတာ္ ျမင္းေပၚေရာက္ေနၿပီ… ဒီျမင္းကို ကြၽန္ေတာ္ ပိုင္သြားၿပီ” ဟု ေျပာေလ သည္။ျမင္းပိုင္ ရွင္က “ ေကာင္းၿပီေလ… ျမင္းကို ခင္ ဗ်ားပိုင္သြားပါၿပီ… ဒါေပမယ့္ ခင္ဗ်ားထြက္ မသြားခင္ ကြၽန္ေတာ္စကားတစ္ခြန္း ေျပာခ်င္ေသးတယ္။ ဒီစကားကို ခင္ဗ်ား ေသခ်ာမွတ္ထားေပးပါ”“ ျမင္းကို ကြၽန္ေတာ္ပိုင္ၿပီပဲ… တစ္ခြန္းမက ဘူး..ခင္ ဗ်ားႀကိဳက္သေလာက္ ေျပာလို႔ရတယ္”“ တကယ္လို႔ လူေတြက ဒီျမင္းကို ခင္ ဗ်ားဘယ္လိုရခဲ့သလဲလို႔ ေမးလာရင္ အျဖစ္ မွန္ကို မေျပာပါနဲ႔..ဒီစကားကို မွတ္ထားေပးပါ”“ဘာလို႔လဲ…”“ဒီျမင္းကို ဘယ္လိုရခဲ့တယ္ဆိုတဲ့အေၾကာင္းအ မွန္ကို ခင္ဗ်ားေျပာခဲ့ရင္ ေနာင္တစ္ခ်ိန္ လမ္းေဘးမွာ ဖ်ားလို႔လဲေနတဲ့ လူေတြကိုေတြ႕ရင္ ဘယ္သူက ကယ္ ရဲေတာ့ မလဲဗ်ာ” ျမင္းပိုင္ရွင္၏ ထိုစကားကို ၾကားေသာအခါ ဒုတိယကုန္သည္မွာ တခဏမွ် ဆြံအသြားခဲ့သည္။ ထို႔ေနာက္ ရွက္႐ြံ႕အားနာစြာႏွင့္ ျမင္းေပၚမွ ခ်က္ခ်င္းဆင္းကာ ျမင္းပိုင္ရွင္အား ေတာင္းပန္ေလ သည္။“ရမၼက္ေလာ ဘနဲ႔ လိုခ်င္ တပ္မက္တဲ့ စိတ္က ကြၽန္ေတာ္ရဲ႕ဂုဏ္သိကၡာနဲ႔ ႐ိုးသားမႈကို ပုံပ်က္ေအာင္လုပ္ခဲ့မိတယ္။ အရွက္တရားနဲ႔ ေနာင္ တ ေတြ ရလိုက္ပါတယ္။ ခင္ဗ်ားရဲ႕ ျမင္းကို ျပန္ယူပါ… ကြၽန္ေတာ့္ကို ခြင့္လႊတ္ပါဗ်ာ”

Credit: မူရင္းေရးသားသူ