“မောင်ဘုန်း” ဇာတ်ကောင်ဟာ အဓိပ္ပာယ်တွေရှိခဲ့ပြီး ဘဝရဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ ဇာတ်ကောင်တစ်ခုပါဆိုတဲ့ မင်းဘုန်းမြတ်

တက်သစ်စ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းဘုန်းမြတ်ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ဖူးသူဆိုပေမယ့် “မာယာလှည့်ကွက်”

ဇာတ်လမ်းတွဲမှာတော့ ခေါင်းဆောင်မင်းသားအဖြစ် ပထမဦးဆုံးအကြိမ် ပါဝင်သရုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။ မင်းဘုန်းမြတ်ကတော့ ဝါနုသေးတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့်

သူ့ရဲ့ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုကြောင့် ပရိသတ်ချီးကျူးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းဘုန်းမြတ်ဟာ လက်ရှိပြသနေတဲ့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲနဲ့လည်း လူကြိုက်များအောင်မြင်နေသူတစ်ယောက်ဆိုလည်းမမှားပါဘူး။

မနေ့က ဖေဖော်ဝါရီလ (၂) ရက်နေ့မှာတော့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲဟာ ဇာတ်သိမ်းခဲ့ပြီဖြစ်ပြီး မင်းဘုန်းမြတ်ကလည်း “စေတလုံးမောင်ဘုန်း”

ဇာတ်လမ်းတွဲကို အားပေးတဲ့ ပရိသတ်တွေကို “ဇာတ်လမ်းတွဲလေး ဒီနေ့ ပြီးပါပြီ။ မောင်ဘုန်းဇာတ်ကောင်က ကျနော့်ဘဝအတွက် အဓိပ္ပာယ်တွေရှိခဲ့တဲ့ ဇာတ်ကောင်တစ်ခုပါ။

ဒီဇာတ်ကောင်မှာကြိုးစားခွင့်ပေးတဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်။ အားပေးချစ်ခင်ပေးကြတဲ့ကြည့်ရှုသူအားလုံးကိုလည်းရင်ထဲကနေကျေးဇူးအထူးတင်ပါတယ်။ အားလုံး အချစ်တွေနဲ့လွမ်းစေ 🤍” ဆိုပြီး နှုတ်ဆက်စကားဆိုခဲ့ပါတယ်။

မင်းဘုန်းမြတ်ကတော့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲထက် “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲမှာ လူကြိုက်များပြီး ပိုအောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပရိသတ်ကြီးကလည်း မင်းဘုန်းမြတ်ရဲ့ နောက်ထပ်ရိုက်မယ့် ဇာတ်လမ်းတွဲတွေကို စောင့်ကြည့်ပြီး အားပေးကြပါဦးနော်။

crd

 

Zawgyi








crd