အိမ်ခြံမြေ အရောင်းအဝယ် ပျက်ရင် ဖြစ်လေ့ရှိတဲ့ စရန်ငွေ အငြင်းအခုံ ကိစ္စကို ပြေလည်အောင် ဖြေရှင်းနည်း

အိမ်ခြံမြေ အရောင်းအဝယ် ပျက်ရင် ဖြစ်လေ့ရှိတဲ့ စရန်ငွေ အငြင်းအခုံ ကိစ္စကို ပြေလည်အောင် ဖြေရှင်းနည်း

စရန်ပေး အရောင်းအဝယ်စာချုပ် ပြုလိုက်တိုင်း စာချုပ်တွင် ထည့်သွင်းရေးသားချုပ်ဆိုလေ့ရှိသော အကြောင်းအရာတစ်ရပ်ကို တင်ပြပါမည်။ စရန်ပေး စာချုပ်ချုပ်ဆိုထားပြီး အရောင်းအဝယ်ကို ရောင်းသူ ( သို့မဟုတ် ) ဝယ်သူ တစ်ဖက်ဖက်က အကြောင်းအမျိုးမျိုးကြောင့် ဖျက်တတ်၊ ပျက်ကွက်တတ်ကြသည်ဖြစ်ရာ အခြားတစ်ဖက်တွင် နစ်နာမှုမဖြစ်ရလေအောင် အောက်ပါအတိုင်း ထည့်သွင်း ချုပ်ဆိုကြလေ့ရှိပါသည်။

“ရောင်းဝယ်မှုကို အပိုင်ရောင်းသူက ပျက်ကွက်ပါက စရန်၏ နှစ်ဆကို ပေးလျော်ရန်သော်လည်းကောင်း၊ အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အဆုံး ဖြစ်သည်ဆိုသော အချက်ကိုသော်လည်းကောင်း နှစ်ဦးနှစ်ဘက် လက်ခံ သဘောတူကြပါသည်။” ´ဟူသော အချက်ဖြစ်ပါသည်။ ယခု တင်ပြလိုသည်မှာ- “အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အဆုံး” ´ဟူသော အချက်နှင့်စပ်လျဉ်း၍ အငြင်းပွား ပေါ်ပေါက်တတ်သော သတိပြုစရာ အချက်တစ်ရပ်ကို တင်ပြပါမည်။

အရောင်းအဝယ်ပြုရာတွင် တစ်ကြိမ်တည်းနှင့် အရောင်းအဝယ်စာချုပ် ပြုလုပ်သည်မှာ နည်းပါးပြီး အရောင်းအဝယ်စာချုပ်ကြီး မပြုလုပ်မီ ငွေပေးငွေယူ အကြိမ်ကြိမ်ပြုလုပ်ရသည်က များပါသည်။ ပထမဆုံးအကြိမ် စရန်ပေး၍ သဘောတူစာချုပ် ချုပ်ဆိုပြီးနောက်တွင် ဒုတိယအရစ် ငွေပေးစာချုပ်၊ တတိယအရစ် ငွေပေးစာချုပ် စသည်ဖြင့် ပြုလုပ်လေ့ရှိပါသည်။

ပထမအကြိမ် ငွေငါးသောင်းကျပ်ပေး၍ သဘောတူစာချုပ် ချုပ်ပါသည်။ တစ်ပတ်ခန့်အကြာတွင် ဒုတိယအရစ် ငွေငါးသောင်းကျပ် ထပ်ပေးသည့် ငွေပေးစာချုပ် လုပ်ပါသည်။ နောက်ထပ် တစ်ပတ်အကြာတွင် တတိယအရစ် ငွေငါးသောင်းကျပ် ထပ်ပေးသည့် ငွေပေးစာချုပ် လုပ်ပါသည်။

ထို့နောက် သတ်မှတ်ထားသည့် နောက်တစ်ပတ်အကြာတွင် ကျန်ငွေများကို အပိုင်ဝယ်သူဘက်က မပေးနိုင်ဘဲရှိပါသည်။ ထိုအခါ စာချုပ်ပါ စည်းကမ်းချက်ကို အပိုင်ဝယ်သူဘက်က ဆောင်ရွက်နိုင်ခြင်း မရှိ၊ ပျက်ကွက်သည့်အတွက် အရောင်းအဝယ် သဘောတူစာချုပ်ကို ဖျက်သိမ်း၍ ရယူထားပြီးဖြစ်သော ငွေကျပ်တစ်သိန်းငါးသောင်းကို စရန်ဆုံးငွေအဖြစ် ရောင်းသူဘက်က သတ်မှတ်လိုက်ပါသည်။ ဤတွင် စရန်ငွေအဆုံး ဆိုသည့်ကိစ္စ အငြင်းပွားစရာ ပေါ်ပေါက်တတ်ပါသည်။

ဝယ်သူဘက်က တင်ပြသည်မှာ ပထမဆုံး ချုပ်ဆိုသည့် သဘောတူစာချုပ်တွင် ပေးသော ငွေကျပ်ငါးသောင်းမှာ စရန်ငွေဖြစ်ကြောင်း၊ ဒုတိယအရစ် ငွေငါးသောင်းကျပ် ပေးခြင်းသည် စရန်မဟုတ်တော့ကြောင်း၊ ကြိုတင်ပေးငွေသာဖြစ်ကြောင်း၊ တတိယအရစ်ပေးခြင်းမှာလည်း အလားတူပင်ဖြစ်ကြောင်း၊

သို့ဖြစ်ရာ စရန်ဆိုသည်မှာ ပထမဆုံးပေးသည့် ငွေကျပ်ငါးသောင်းသာဖြစ်ကြောင်း၊ ယင်းငွေအတွက်သာ စရန်အဆုံး သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ဒုတိယအရစ်၊ တတိယအရစ် ပေးငွေမှာ ကြိုတင်ပေးငွေဖြစ်၍ စရန်ဆုံးငွေတွင် ထည့်သွင်း၍ မရကြောင်း စောဒကတက်ပါသည်။ ဒုတိယနှင့် တတိယ ချုပ်ဆိုသော စာချုပ်များတွင် ဒုတိယအရစ်ပေးငွေ၊ တတိယအရစ်ပေးငွေဟု ဖော်ပြချုပ်ဆိုထားကြပါသည်။ သို့ဖြစ်ရာ ယင်းပေးငွေများသည် စရန်ငွေလော၊ ကြိုတင်ပေးငွေလော၊ အငြင်းပွားစရာ ဖြစ်ပါသည်။

ယင်းအချက်ကို နောင်အငြင်းမပွားနိုင်အောင် အောက်ပါအတိုင်း ရေးသားချုပ်ဆိုက သင့်မည်ဟု အကြံပြုအပ်ပါသည်။ “အပိုင်ဝယ်သူဘက်က ပျက်ကွက်ပါက စရန်ငွေ အပါအဝင် ကြိုတင် ပေးငွေအားလုံး အဆုံး ဖြစ်သည်ဟူသော အချက်ကို သဘောတူပါသည်” ဟူသတည်း။

U Kyaw Zaya (Law)

 

အိမ္ၿခံေၿမ အေရာင္းအဝယ္ ပ်က္ရင္ ျဖစ္ေလ့ရွိတဲ့ စရန္ေငြ အျငင္းအခုံ ကိစၥကို ေျပလည္ေအာင္ ေျဖရွင္းနည္း

စရန္ေပး အေရာင္းအဝယ္စာခ်ဳပ္ ျပဳလိုက္တိုင္း စာခ်ဳပ္တြင္ ထည့္သြင္းေရးသားခ်ဳပ္ဆိုေလ့ရွိေသာ အေၾကာင္းအရာတစ္ရပ္ကို တင္ျပပါမည္။ စရန္ေပး စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး အေရာင္းအဝယ္ကို ေရာင္းသူ ( သို႔မဟုတ္ ) ဝယ္သူ တစ္ဖက္ဖက္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖ်က္တတ္၊ ပ်က္ကြက္တတ္ၾကသည္ျဖစ္ရာ အျခားတစ္ဖက္တြင္ နစ္နာမႈမျဖစ္ရေလေအာင္ ေအာက္ပါအတိုင္း ထည့္သြင္း ခ်ဳပ္ဆိုၾကေလ့ရွိပါသည္။

“ေရာင္းဝယ္မႈကို အပိုင္ေရာင္းသူက ပ်က္ကြက္ပါက စရန္၏ ႏွစ္ဆကို ေပးေလ်ာ္ရန္ေသာ္လည္းေကာင္း၊ အပိုင္ဝယ္သူဘက္က ပ်က္ကြက္ပါက စရန္ေငြ အဆုံး ျဖစ္သည္ဆိုေသာ အခ်က္ကိုေသာ္လည္းေကာင္း ႏွစ္ဦးႏွစ္ဘက္ လက္ခံ သေဘာတူၾကပါသည္။” ´ဟူေသာ အခ်က္ျဖစ္ပါသည္။ ယခု တင္ျပလိုသည္မွာ- “အပိုင္ဝယ္သူဘက္က ပ်က္ကြက္ပါက စရန္ေငြ အဆုံး” ´ဟူေသာ အခ်က္ႏွင့္စပ္လ်ဥ္း၍ အျငင္းပြား ေပၚေပါက္တတ္ေသာ သတိျပဳစရာ အခ်က္တစ္ရပ္ကို တင္ျပပါမည္။

အေရာင္းအဝယ္ျပဳရာတြင္ တစ္ႀကိမ္တည္းႏွင့္ အေရာင္းအဝယ္စာခ်ဳပ္ ျပဳလုပ္သည္မွာ နည္းပါးၿပီး အေရာင္းအဝယ္စာခ်ဳပ္ႀကီး မျပဳလုပ္မီ ေငြေပးေငြယူ အႀကိမ္ႀကိမ္ျပဳလုပ္ရသည္က မ်ားပါသည္။ ပထမဆုံးအႀကိမ္ စရန္ေပး၍ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္တြင္ ဒုတိယအရစ္ ေငြေပးစာခ်ဳပ္၊ တတိယအရစ္ ေငြေပးစာခ်ဳပ္ စသည္ျဖင့္ ျပဳလုပ္ေလ့ရွိပါသည္။

ပထမအႀကိမ္ ေငြငါးေသာင္းက်ပ္ေပး၍ သေဘာတူစာခ်ဳပ္ ခ်ဳပ္ပါသည္။ တစ္ပတ္ခန္႔အၾကာတြင္ ဒုတိယအရစ္ ေငြငါးေသာင္းက်ပ္ ထပ္ေပးသည့္ ေငြေပးစာခ်ဳပ္ လုပ္ပါသည္။ ေနာက္ထပ္ တစ္ပတ္အၾကာတြင္ တတိယအရစ္ ေငြငါးေသာင္းက်ပ္ ထပ္ေပးသည့္ ေငြေပးစာခ်ဳပ္ လုပ္ပါသည္။

ထို႔ေနာက္ သတ္မွတ္ထားသည့္ ေနာက္တစ္ပတ္အၾကာတြင္ က်န္ေငြမ်ားကို အပိုင္ဝယ္သူဘက္က မေပးနိုင္ဘဲရွိပါသည္။ ထိုအခါ စာခ်ဳပ္ပါ စည္းကမ္းခ်က္ကို အပိုင္ဝယ္သူဘက္က ေဆာင္ရြက္နိုင္ျခင္း မရွိ၊ ပ်က္ကြက္သည့္အတြက္ အေရာင္းအဝယ္ သေဘာတူစာခ်ဳပ္ကို ဖ်က္သိမ္း၍ ရယူထားၿပီးျဖစ္ေသာ ေငြက်ပ္တစ္သိန္းငါးေသာင္းကို စရန္ဆုံးေငြအျဖစ္ ေရာင္းသူဘက္က သတ္မွတ္လိုက္ပါသည္။ ဤတြင္ စရန္ေငြအဆုံး ဆိုသည့္ကိစၥ အျငင္းပြားစရာ ေပၚေပါက္တတ္ပါသည္။

ဝယ္သူဘက္က တင္ျပသည္မွာ ပထမဆုံး ခ်ဳပ္ဆိုသည့္ သေဘာတူစာခ်ဳပ္တြင္ ေပးေသာ ေငြက်ပ္ငါးေသာင္းမွာ စရန္ေငြျဖစ္ေၾကာင္း၊ ဒုတိယအရစ္ ေငြငါးေသာင္းက်ပ္ ေပးျခင္းသည္ စရန္မဟုတ္ေတာ့ေၾကာင္း၊ ႀကိဳတင္ေပးေငြသာျဖစ္ေၾကာင္း၊ တတိယအရစ္ေပးျခင္းမွာလည္း အလားတူပင္ျဖစ္ေၾကာင္း၊

သို႔ျဖစ္ရာ စရန္ဆိုသည္မွာ ပထမဆုံးေပးသည့္ ေငြက်ပ္ငါးေသာင္းသာျဖစ္ေၾကာင္း၊ ယင္းေငြအတြက္သာ စရန္အဆုံး သတ္မွတ္ရမည္ျဖစ္ေၾကာင္း၊ ဒုတိယအရစ္၊ တတိယအရစ္ ေပးေငြမွာ ႀကိဳတင္ေပးေငြျဖစ္၍ စရန္ဆုံးေငြတြင္ ထည့္သြင္း၍ မရေၾကာင္း ေစာဒကတက္ပါသည္။ ဒုတိယႏွင့္ တတိယ ခ်ဳပ္ဆိုေသာ စာခ်ဳပ္မ်ားတြင္ ဒုတိယအရစ္ေပးေငြ၊ တတိယအရစ္ေပးေငြဟု ေဖာ္ျပခ်ဳပ္ဆိုထားၾကပါသည္။ သို႔ျဖစ္ရာ ယင္းေပးေငြမ်ားသည္ စရန္ေငြေလာ၊ ႀကိဳတင္ေပးေငြေလာ၊ အျငင္းပြားစရာ ျဖစ္ပါသည္။

ယင္းအခ်က္ကို ေနာင္အျငင္းမပြားနိုင္ေအာင္ ေအာက္ပါအတိုင္း ေရးသားခ်ဳပ္ဆိုက သင့္မည္ဟု အႀကံျပဳအပ္ပါသည္။ “အပိုင္ဝယ္သူဘက္က ပ်က္ကြက္ပါက စရန္ေငြ အပါအဝင္ ႀကိဳတင္ ေပးေငြအားလုံး အဆုံး ျဖစ္သည္ဟူေသာ အခ်က္ကို သေဘာတူပါသည္” ဟူသတည္း။

U Kyaw Zaya(Law)