စည်သူဝင်းရဲ့လှည့်စားချက်တွေကို ထပ်ပြီးဖွင့်ချလိုက်ပြန်တဲ့ မြတ်နိုးအိမ် …
သရုပ်ဆောင် မင်းသားချောလေး စည်သူဝင်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်
စည်သူဝင်းက ဆိုရှယ်မီဒီယာထက်မှာ ရေပန်းစားလူကြိုက်များနေတဲ့ Double Dating အစီအစဉ်လေးမှာလည်း ပါဝင်ရိုက်ကူးနေတာဖြစ်လို့
ပရိသတ်တွေတော်တော်များများစောင့်ကြည့်အားပေးနေကြမှာဖြစ်သလို လူမှုကွန်ယက်ပရိသတ်တွေကြား ရေပန်းစားပြီး အောင်မြင်မှုတွေအများဆုံးရရှိထားတဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်နော်။
ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့စုံတွဲလေးတွေအဖြစ် သရုပ်ဆောင်ထားတဲ့ အောင်မင်းခန့်နဲ့ ယွန်းယွန်း၊ စည်သူဝင်းနဲ့သဇင်ထူးမြင့်တို့ အတွဲလေးတွေကတော့ တကယ်ကိုအတွဲညီလွန်းကြတာမို့လည်း ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာပါ
လတ်တလောမှာတော့ စည်သူဝင်းရဲ့ လက်ရှိအချစ်ရေး အရှုပ်အထွေးတွေကြောင့် ပရိတ်သတ်များကြားပွဲဆူနေတာပါ။မကြာသေးခင်က မြတ်နိုးအိမ်ရဲ့ Instagram အကောင့်တွင် အခုလို ရေးသားထားတာ ဖြစ်ပါတယ်
” မနက်ဖြန်ဆို ခြောက်နှစ်ပြည့်မှာ ပြောတော့ အရမ်းချစ်တယ်ဆို အရင်အမှားတွေအတွက် ပြင်ပြီး နောင်တရတယ်ဆို လက်ထပ်ကြတော့မယ်ဆို နောက်တစ်ယောက်ရှိနေတာတောင် အရမ်းချစ်ပြခဲ့ အရမ်းဂရုစိုက်ပြခဲ့တာတွေကဟန်ဆောင်ခဲ့တာတွေပဲလား
အားလုံး မျက်စိစုံမှိတ်ပြီး ယုံမိခဲ့တဲ့ ငါ့အမှားလား နင်ပဲ မင်းသားမို့ဟန်ဆောင်ကောင်းလွန်းခဲ့တာလား?
ငါ့ကိုလည်း တစ်ချိန်လုံး love you miss you ပြောတာတွေက တစ်ဖက်ကိုလဲ အဲ့ပုံစံအတိုင်းတဲ့လား။ ငါ့အတွက်ပဲ ထင်ခဲ့တာ ၆ နှစ်လုံး ရင်နာလိုက်တာ ငါ့ဘေးမှာလဲ ငါ့ကို အရမ်းချစ်ပြ ဟိုဘက်ကိုလဲ တစ်ချိန်လုံး ချစ်ပြ။
ငါက ချစ်တယ် လွမ်းတယ် တီတီတာတာတွေပြန်မပြောတတ်ခဲ့လို့လားစကားတွေချိုသာစွာ မပြောတတ်ပေမယ့် ဘယ်လောက်ထိအကောင်းဆုံး ရှိပေးခဲ့လဲဆိုတာ အသိဆုံးပါပဲ။
ဘဝမှာမိသားစုနဲ့ဝေးတစ်ယောက်တည်းမို့ အချစ်ငတ်ခဲ့တဲ့ ငါ့ကို လှည့်ဖျားရက်တယ်။ ရင်တွေကွဲလွန်းလို့ သေတော့မယ် ပိုဆိုးတာကတစ်ဖက်ကလဲ သိရက်နဲ့ နှစ်ယောက်ပေါင်းပြီး လိမ်ရက်တယ် အရူး လုပ်ရက်တယ်။ “ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ဝေဖန်သုံးသပ်ပေးပါအုံးနော်
Crd#
Crd#
Continue Reading