3.Feb.2022 မှ 9.Feb.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

3.Feb.2022 မှ 9.Feb.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီတွေမရတာမျိုးတွေ့ရတယ်။ ဒီကာလက ကိုယ့်ဒူးကိုယ်ချွန်ဆောင် ရွက်ရမဲ့ကာလဖြစ်ပါတယ်။ သူတစ်ပါးတွေရဲ့ အခက်အခဲတွေကိုမိမိကသာကူညီပေးနေရတတ်ပါတယ်။ အိမ်ကိစ္စ၊ အမွေကိစ္စတွေ ပြဿနာရှိသူဆို ဒီကာလအတွင်းကြီးကျယ်တဲ့ရန်ပွဲတွေဖြစ်တတ်ပါတယ်။ သတိထားရမှာက ရပ်ဝေး ကနေ တန်ဖိုးကြီးပစ္စည်းတွေမှာတာ၊ဝယ်ယူတာမျိုးတွေဒီကာလမှာတော့ အထူးရှောင်နေချင်ပါတယ်။

လမ်းမှာအစစ် အဆေးရှိလို့ ထိခိုက်မိတာ၊ အနာအဆာပါတာမျိုးတွေအလွန်ဖြစ်တတ်ပါတယ်။ ငွေကြေးအလွှဲအပြောင်းတွေသတိ ရှိပါတယ်။ ဂဏန်းတစ်လုံးပိုသွားပြီးမှားလွှဲမိတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအတွက်စိတ်ပူစရာမလို ပေမဲ့ အရင်ကတည်းက ခေါင်းမူး၊ဇက်ကြောတက်တာမျိုးဖြစ်နေသူတွေသတိထားပါ။ အောက်သွေးအရမ်းတိုးနေ တာမျိုးဖြစ်တတ်ပါတယ်။ ကာလအတန်ကြာ ဝေးကွာနေသော မိတ်ဆွေရင်းချာတို့နှင့် ပြန်လည်ဆုံစည်း ရနိုင်ပါ သည်။

စဉ်းစားချင့်ချိန်ပြီးမှအရာရာကိုလုပ်သင့်တဲ့ အချိန်ပါပဲ။ ဘာကိစ္စကိုမဆိုခေါင်းအေးအေးထားပြီး ဆုံး ဖြတ် ချက်ချပါ။ ပညာရေးတွင် မိမိကြိုးစားသလောက် ရည်မှန်းချက်များ အထူးအောင်မြင်မည်။ စစ်မှန်သည့် နှလုံး သားရေးရာကိစ္စများ ကြုံတွေ့ရပြီး၊ ပျော်ရွှင်ကြည်နူးဖွယ် အချစ်ရေးခရီးလမ်းကို လျှောက်လှမ်းခွင့်များ ရရှိမည်။အကျိုးပေးဂဏန်း ၂/၆/၅ အထူးဟော ခေါင်းအေးအေးထားဆောင်ရွက်ပါ ယတြာ ကန်စွန်းပလိန်းတစ်ပွဲ ဘုရားကပ်ပါ

တနင်္လာ

အနည်းငယ်လိမ္မာပါးနပ်ဖို့ လိုတဲ့ကာလပဲဖြစ်ပါတယ်။ မလိုသူတွေရှိနေတတ်ပါတယ်။ မိမိလက်ရှိအနေ အထားကနေ တဆင့်တက်ပြီးအဆင်ပြေမှာကိုမနာလိုသူတွေရှိနေနိုင်ပါတယ်။ ဒါအပြင်တကယ့်ကို မိမိကို ကိုယ်ဖိရင် ဖိကူညီမဲ့သူတွေလဲ ရှိနေပါတယ်။ သတိထားဖို့က အမိအဘကျန်းမာရေးညံ့ပြီး အိမ်ရာထဲလဲနေတာဆိုဒီကာလမှာ မိဘတွေကိုပိုမိုဂရုစိုက်လိုက်စေချင်ပါတယ်။ ငွေကံကောင်းပေမဲ့ မိမိကိုယ်တိုင်က ကိုယ်တိုင်ပင်ပန်းတဲ့ငွေကိုသာ မက်မောနေလိမ့်မယ်။

အချောင်ရတာ၊အောက်ဆိုက်ရတာမျိုးတွေကို လိုချင်စိတ်ကုန်နေတတ်ပါတယ်။ ခွေးရှိတဲ့ အိမ်တွေကိုသွားလည်ရင်သတိထားပါ။ တိရိစ္ဆာန်တွေ ကိုက်ခဲတာမျိုးခံရတတ်ပါတယ်။ မြွေကင်းပေါတဲ့နေရာကို သွားမယ်ဆိုလဲ ညရေးညတာ သတိနဲ့သွားပါ။ရွှေထွက်တာမျိုး၊ပျောက်ရှတာမျိုးဖြစ်တတ်ပါတယ်။ကံကောင်းတာက အတွေးမှန်အမြင်မှန်နိုင်တာမို့ မိမိလုပ်နေတာကို မှားလား၊မှန်လား နဖူးပေါ်လက်တင်ပြီးစဉ်းစားခန်းဖွင့်သင့်တဲ့ကာလ ပါပဲ။

နှလုံးသားချင်း ပေါင်းစပ်နိုင်မည့် စစ်မှန်သော ဖူးစာရှင်နှင့် ဆုံစည်းရကိန်းများ ရှိနေမည်။ ဖြတ်ခနဲရုတ်တရက် ပေါ်လာတတ်တဲ့ အကြံအစည်က မိမိအတွက် ကောင်းတဲ့အကြံ ဖြစ်နေပါလိမ့်မယ်။ အသစ် ထီထွင်ခြင်း၊ စွန့်ဦး တီထွင်လုပ် ကိုင်ခြင်းများ ဒီကာလမှာ အဆင် ပြေပါလိမ့်မယ်။အကျိုး ပေးဂဏန်း ၃/၆/၇ အထူးဟော အမှန်၊အမှား ကောင်းစွာခွဲခြားနိုင်ပါလိမ့်မယ်။ယတြာ သရက်ယို ဘုရားကပ်လှူပေးပါ

အင်္ဂါ

ကုသိုလ်ကံတွေပေးနေချိန်ပါပဲ။ အလုပ်တွေကောင်းလာတတ်ပါတယ်။ ညံ့နေတာတွေတဖြည်းဖြည်းပြေ လျော့ခွင့်တွေရလာတတ်ပါတယ်။စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နေတာတွေလျော့နည်းသွားဖို့ရှိပါတယ်။ မိမိအတွက် ကောင်းသောအကူအညီတွေရလာနိုင်ပေမဲ့ သူများကူညီတာထက် မိမိကံကိုက ရေကန်အသင့်၊ကြာအတင့်ဆိုတာမျိုး ဖြစ်နေပါလိမ့်မယ်။ ခရီးတွေသွားဖို့ ကြန့်ကြာနေတာမျိုးတွေ၊လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ အချိန်စောင့်နေရ တာမျိုးတွေရှိရင် ဒီအပတ်ထဲ ခရီးကိစ္စတွေပြေလည်သွားပါလိမ့်မယ်။

ငွေကြေးထိန်းသိမ်းဖို့ မီးခံသေတ္တာဝယ်တာမျိုး တွေ၊ စည်းရိုးကာတာမျိုးတွေ၊ စီစီတီဗီတပ်ဆင်တာမျိုးတွေ ဆောင်ရွက်ခြင်းများ ချောချောမွေ့မွေ့အဆင်ပြေပါလိမ့် လိမ့်မယ်။ မကုန်သင့်တာကို မကုန်အောင်ထိန်းသိမ်းသွားနိုင်မဲ့ကာလလဲဖြစ်ပါတယ်။ အမျိုးသားများ ဇနီးမယားဘက် ကကောင်းသော အကူအညီတွေရလွယ်တာကိုတွေ့ရပါတယ်။အိမ်ထောင်ရေး ကံကောင်းတတ်ပါသည်။ မိမိရရှိထား သော အခွင့်အရေးများ သူတစ်ပါးမှ လုယူခြင်းခံရ တတ်ပါသည်။

ဆရာသမား၊ ကြီးကဲသူများနှင့် စိတ်သဘောထား ကွဲလွဲ ခြင်း၊ စိတ်ညစ်ရခြင်းများ ကြုံတွေ့ရတတ် ပါသည်။ မိမိထက် နိမ့်သူများနှင့်လက်တွဲ၍ အလုပ်လုပ်ရ တတ်ပါသည်။ အရောင်းအဝယ်ကိစ္စများမှ အကျိုးအမြတ် နည်းရတတ်ပါ သည်။ မိမိ၏ အရောင်းအဝယ်ဖြစ်ရုံသာ ဖြစ် တတ်ပါသည်။ လိုချင်ဇော၊ ရချင်ဇောဖြင့် ဆုံးဖြတ် မိပါက အမှားအယွင်းပင် ဖြစ်တတ်ပါသည်။အကျိုးပေးဂဏန်း ၁/၈/၀ အထူးဟော လုပ်ငန်းခွင် အခွင့်အလမ်းကောင်းတွေရမယ် ယတြာ ထီးဖြူလေးတစ်လက် ဘုရားကပ်လှူပါ

ဗုဒ္ဓဟူး/ရာဟု

ဒီအပတ်ထဲ အသိ၊သတိကိုအမြဲတမ်း ကပ်ထားဖို့လိုပါတယ်။ သတိမရှိတာနဲ့ အမှားတွေကိုမိမိကိုယ်တိုင် မဆင်ခြင်ဘဲလုပ်မိသွားတတ်လို့ပါပဲ။ဗုဒ္ဓဟူးသားတွေက ကံညံ့နေတာမျိုးတွေကြုံရတတ်ပြီး ရာဟုသားသမီးတွေက တော့အညံ့အဆိုးသိပ်မတွေ့ရတာကိုမြင်ရပါတယ်။အများနဲ့ ပတ်သက်သောကိစ္စများ၊လူအများနဲ့ ချိတ်ဆက်လုပ်ရ သောကိစ္စများထင်သလောက်အဆင်မပြေတာကိုတွေ့ရပါတယ်။ သားသမီးငယ်တွေရှိသူဆိုသားသမီးကျန်းမာရေး အားနည်းတာမို့ မိမိတို့ပင်ပန်းရတတ်ပါတယ်။

တတ်နိုင်သမျှ လူကြီးတွေ၊မိဘတွေရဲ့စကားကိုလိုက်နာတာကဒီကာလ မှာအစစအရာရာအဆင်ပြေပါလိမ့်မယ်။ ကျန်းမာရေးကောင်းနေပေမဲ့ အစားတွေကို မဆင်မခြင်မစားမိပါစေနဲ့။ အစားအသောက်မှားရာကနေ ဝမ်းဗိုက်၊အစာအိမ် ဒုက္ခရောက်နေတတ်ပါတယ်။ ပျိုရွယ်သူများ ချစ်သူ၏ စိတ်အပြောင်း အလဲများအပေါ် နားလည်ရခက်ခဲလေသည်။ စိတ်ရှုတ်စရာကိစ္စများ တစ်ခုပြီးတစ်ခု ဝင်ရောက် လာနိုင်ပါသည်။ အိမ်ထောင်ရေး အနည်းငယ်ညံ့နေပါမည်။

အိမ်ထောင်ရှင်များ လူမှုရေးပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ ဖြေရှင်းနေရတတ်ပါသည်။ အထူးသတိပြု၍ နေထိုင်၊ လုပ်ကိုင်၊ ဆောင်ရွက်ပါ။ ဖခင်ဆီကလဲ ငွေအား လူအား တွေရလာ တတ်ပါတယ်။ အလုပ်သစ်လျှောက်ခြင်း၊ အင်တာဗျူးဖြေခြင်းများ ရလဒ်ကောင်းတွေရ လာနိုင်မဲ့ကာလပါပဲ ။အကျိုးပေးဂဏန်း ၁/၂/၅ အထူးဟော ကံအင်အားနည်းပါးလိမ့်မယ်။ယတြာ အုန်းသီးစိပ်လေးတွေ ဘုရားကပ်ပါ။

ကြာသပတေး

ကျန်းမာရေးကတော့ ဒီအပတ်မှာသတိထားဖို့လိုပါတယ်။ ကျန်းမာရေးတရှောင်ရှောင်ဖြစ်လွယ်တဲ့ကာလပဲ ဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့မကုပါနဲ့။ ဆေးထိုး၊ဆေးသောက်တာဆောင်ရွက်စေချင်ပါတယ်။ ဘာသာရေးကိစ္စ၊အလှူ အတန်းကိစ္စတွေ ရက်ရွှေ့ရတာမျိုးတွေကြုံရတတ်ပါတယ်။ ငွေကံကောင်းနေပေမဲ့ ရင်းနှီးမြုပ်နှံမှုတွေမှားယွင်းမှုဖြစ် တတ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး အတွေးအခေါ်တွေအစွန်းရောက်သွားတတ်ပါတယ်။

ငွေကြေးအပေး အကမ်းများပြီး နောက်မှနှမြောနေတာမျိုးဖြစ်တတ်ပါတယ်။ တစ်ပါးသူ၏ အနှောက်အယှက် များကြောင့် ဥပဒေနှင့် ရင်ဆိုင်ရတတ်ပါသည်။ လူမျိုးကွဲ၊ ဘာသာကွဲများနှင့် လုပ်ငန်းများ စပ်တူရှယ်ယာပြုလုပ်လျှင် အောင်မြင်မှုများ ရရှိနိုင်ပါသည်။ ပြည်တွင်း၊ ပြည်ပ ခရီးတို၊ ခရီးရှည်များ မကြာခဏသွားရ၊ လာရတတ်ပါသည်။ အိမ်၊ ခြံ၊ မြေ လက်မှတ်ရေးထိုးခြင်း၊ စာချုပ်၊ စာတမ်းများ ချုပ်ဆိုရာတွင် သတိဖြင့် ဆောင်ရွက်နေရမည်။

ပရဟိတ လုပ်ငန်းများတွင် ဝင်ရောက်ဆောင်ရွက် ပေးရခြင်းများ ရှိနေမည်။ တစ်ဦးထက်ပိုသော အချစ်ရေးမျိုးကို ခံစားရပေလိမ့်မည်။ အပေါင်းအသင်းများကဝိုင်းဝန်းအောင်သွယ်ခြင်းများကြောင့် မမျှော်လင့်ပဲ အိမ်ထောင်ကျ သွားတတ်ပါသည်။ မိဘသဘောမတူခြင်းများနှင့် ရင်ဆိုင်ရတတ်ပါသည်။ အိမ်ထောင်ရေးတွင် မိသားစုပြဿနာများ ဖြေရှင်းပေးရတတ်ပါသည်။ အရေးကြီးတဲ့ ကိစ္စများ မိမိကိုယ်တိုင်လုပ်ပါ။အနည်းငယ်တော့ အလုပ်တွေများရ တတ်ပါတယ်။အကျိုးပေးဂဏန်း ၃/၆/၄အထူးဟော ကျန်းမာ‌ရေးဂရုစိုက်ကြပါ။ယတြာ အရှေ့အရပ်ကို မျက်နှမူပြီး ၇ရက်သားသမီးမေတ္တာပို့ပါ

သောကြာ

ဒီကာလများအတွင်း မမျှော်လင့်ပဲ စီးပွားရေးများ တိုးတတ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိ လာ မည်။ ယာဉ် နှင့် စက်ပစ္စည်းများ ရောင်းချခြင်း၊ ရတနာပစ္စည်းများ ရောင်းဝယ်ခြင်း၊ စတိုးဆိုင်ဖွင့်ခြင်းများ ၊ စားသောက်ဆိုင်နှင့် စတိုးဆိုင်ဖွင့်ခြင်းများ အထူးကောင်းမွန်ပါသည်။ မိမိအထက် အကြီးအကဲများနှင့် ဆက်ဆံရာတွင် အထူးဂရုစိုက် ပြီးဆက်ဆံရတတ်သည်။ လုပ်ငန်းခွင်အတွက် စိတ်ကူးစိတ်သန်း အသစ်များ ပေါ်ထွန်းလာမည်။ ရပ်ဝေးခရီးမှ မိမိထံသို့ ကောင်းသောသတင်းစကားကောင်းများ ကြားသိနေရတတ်ပါသည်။

ငွေကြေးများ မမျှော်လင့်ပဲ ဝင်လာ ခြင်း၊ ထီပေါက်ခြင်းများ ရှိလာမည်။ မိမိအနေနဲ့ စူးစမ်းရှာဖွေလေ အကျိုးရှိလေပါပဲ။ ရသင့်တဲ့ လုပ်အားခထက် ဘောနပ်ဆိုတာ မျိုးလဲ ရရှိနိုင်တဲ့အခွင့်အရေးမျိုးတွေရှိပါတယ်။ မတော်တဆ ထိခိုက်မှုများ ရှိတတ်ပါသည်။ ထို ကြောင့် စက်ပစ္စည်းများ ကိုင် တွယ် ရာတွင် အထူးဂရုစိုက်ပေးပါ။ မြောက်အရပ်သို့ ရေကြောင်း၊ လေကြောင်း ခရီး သွားလာခြင်းကို အထူး ရှောင်ကြဉ်ပေးပါ။

အမြဲတမ်းနှုတ်ချိုသာစွာပြောတတ်သူများကံပိုကောင်းနိုင်ပါတယ်။ ငွေကြေးစတင်စုဆောင်းခြင်းများဒီကာလမှာ‌ဆောင်ရွက်ပါ။အချစ်ရေးတွင် သဘောထားကွဲလွဲမှုများ မကြာခဏ ဖြစ် လာရတတ် ပါသည်။ တစ်ပါးသူ၏ အနှောက်အယှက်ကြောင့် အကြံအစည်များ ပျက်စီးသွားမည်။ အိမ်ထောင်ရှင် များအိမ်ထောင်ရေး သာယာမှုများ ရှိမည်။အကျိုးပေးဂဏန်း ၃/၄/၇အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။ယတြာ အုန်းဆီတစ်ဗူး မိတ်ဆွေတစ်ယောက်ကိုလက်ဆောင်ပေးပါ

စနေ

ဒီကာလများအတွင်း သင်သည် အပြိုင်အဆိုင်၊ အနှောက်အယှက်ကြားမှ အောင်မြင်တိုးတတ်လာ နိုင်ပါ သည်။ အိမ်၊ ခြံ၊ မြေနှင့် ပတ်သက်သော လုပ်ငန်းများမှ အကျိုးအမြတ်ကောင်းများ ရရှိပိုင်ဆိုင်ခွင့်များ ရရှိလာမည်။ လုပ်ငန်းသစ်များ၊ စီးပွားသစ်များ တိုးချဲ့ခြင်းများ ဆောင်ရွက် အဆင်ပြေနိင်ပါသည်။ မိတ်သစ်ဆွေသစ်များ တိုးပွား နိုင်ပါသည်။ အမွေအနှစ်ကိစ္စများ ငြင်းခုန်ရတတ်ခြင်းများ ကြုံတွေ့ရတတ်ပါသည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတို့သည် အထူးအကျိုးပေးနေမည်။ ပညာရေးတွင် အောင် မြင်မှုများ ရရှိနိင်ပါသည်။ လုပ်ငန်းခွင် စာမေးပွဲများ ဖြေဆိုရာတွင်လည်း အောင်မြင်မှုများ ရရှိမည်။ သို့သော် အပျော် အပါး လိုက်စားခြင်းများ ရှောင်သင့်ပါသည်။ စက်ကား၊ယန္တရားနဲ့ပတ်သက်သောအလုပ်များ အဆင်မပြေတာတွေများနိုင်ပါ တယ်။ငွေကြေးကိုတော့လက်မလွယ်မိဖို့လိုအပ်ပါတယ်။အသုံးထက်အဖြုန်းများနေတတ်ပါတယ်။

ကျန်းမာရေးတွင် အပူနာခြင်း၊ ခါးနာခြင်း၊ နှလုံးအားနည်းခြင်း၊ အိပ်မပျော် ခြင်းများ၊ အကြောအဆစ်ဝေဒနာများ ခံစားရတတ်ပါသည်။ အိမ်ထောင်ရေးတွင် တစ်ခါတစ်ရံ စိတ်သဘောထား ကွဲ လွဲနိုင်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ အချစ်ရေး၊ မေတ္တာ ရေးတွင် နှလုံးသားမှ ပေါက်ဖွားလာသော အချစ် ပန်း ပွင့်သည်၊၊ အရွယ်လွန်နေသူတွေတောင် ငယ်မူငယ်သွေး ပြန်လာစေနိုင်သည်။အကျိုးပေးဂဏန်း ၁/၄/၅ အထူးဟော အချစ်ရေးစန်းအားကောင်းမယ် ယတြာ နီးစပ်ရာကလေးတွေကို ကိတ်မုန့်ဝယ်ကျွေးပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

Zawgyi

3.Feb.2022 မွ 9.Feb.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီေတြမရတာမ်ိဳးေတြ႕ရတယ္။ ဒီကာလက ကိုယ့္ဒူးကိုယ္ခြၽန္ေဆာင္ ႐ြက္ရမဲ့ကာလျဖစ္ပါတယ္။ သူတစ္ပါးေတြရဲ႕ အခက္အခဲေတြကိုမိမိကသာကူညီေပးေနရတတ္ပါတယ္။ အိမ္ကိစၥ၊ အေမြကိစၥေတြ ျပႆနာရွိသူဆို ဒီကာလအတြင္းႀကီးက်ယ္တဲ့ရန္ပြဲေတြျဖစ္တတ္ပါတယ္။ သတိထားရမွာက ရပ္ေဝး ကေန တန္ဖိုးႀကီးပစၥည္းေတြမွာတာ၊ဝယ္ယူတာမ်ိဳးေတြဒီကာလမွာေတာ့ အထူးေရွာင္ေနခ်င္ပါတယ္။

လမ္းမွာအစစ္ အေဆးရွိလို႔ ထိခိုက္မိတာ၊ အနာအဆာပါတာမ်ိဳးေတြအလြန္ျဖစ္တတ္ပါတယ္။ ေငြေၾကးအလႊဲအေျပာင္းေတြသတိ ရွိပါတယ္။ ဂဏန္းတစ္လုံးပိုသြားၿပီးမွားလႊဲမိတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ က်န္းမာေရးအတြက္စိတ္ပူစရာမလို ေပမဲ့ အရင္ကတည္းက ေခါင္းမူး၊ဇက္ေၾကာတက္တာမ်ိဳးျဖစ္ေနသူေတြသတိထားပါ။ ေအာက္ေသြးအရမ္းတိုးေန တာမ်ိဳးျဖစ္တတ္ပါတယ္။ ကာလအတန္ၾကာ ေဝးကြာေနေသာ မိတ္ေဆြရင္းခ်ာတို႔ႏွင့္ ျပန္လည္ဆုံစည္း ရႏိုင္ပါ သည္။

စဥ္းစားခ်င့္ခ်ိန္ၿပီးမွအရာရာကိုလုပ္သင့္တဲ့ အခ်ိန္ပါပဲ။ ဘာကိစၥကိုမဆိုေခါင္းေအးေအးထားၿပီး ဆုံး ျဖတ္ ခ်က္ခ်ပါ။ ပညာေရးတြင္ မိမိႀကိဳးစားသေလာက္ ရည္မွန္းခ်က္မ်ား အထူးေအာင္ျမင္မည္။ စစ္မွန္သည့္ ႏွလုံး သားေရးရာကိစၥမ်ား ႀကဳံေတြ႕ရၿပီး၊ ေပ်ာ္႐ႊင္ၾကည္ႏူးဖြယ္ အခ်စ္ေရးခရီးလမ္းကို ေလွ်ာက္လွမ္းခြင့္မ်ား ရရွိမည္။အက်ိဳးေပးဂဏန္း ၂/၆/၅ အထူးေဟာ ေခါင္းေအးေအးထားေဆာင္႐ြက္ပါ ယၾတာ ကန္စြန္းပလိန္းတစ္ပြဲ ဘုရားကပ္ပါ

တနလၤာ

အနည္းငယ္လိမၼာပါးနပ္ဖို႔ လိုတဲ့ကာလပဲျဖစ္ပါတယ္။ မလိုသူေတြရွိေနတတ္ပါတယ္။ မိမိလက္ရွိအေန အထားကေန တဆင့္တက္ၿပီးအဆင္ေျပမွာကိုမနာလိုသူေတြရွိေနႏိုင္ပါတယ္။ ဒါအျပင္တကယ့္ကို မိမိကို ကိုယ္ဖိရင္ ဖိကူညီမဲ့သူေတြလဲ ရွိေနပါတယ္။ သတိထားဖို႔က အမိအဘက်န္းမာေရးညံ့ၿပီး အိမ္ရာထဲလဲေနတာဆိုဒီကာလမွာ မိဘေတြကိုပိုမိုဂ႐ုစိုက္လိုက္ေစခ်င္ပါတယ္။ ေငြကံေကာင္းေပမဲ့ မိမိကိုယ္တိုင္က ကိုယ္တိုင္ပင္ပန္းတဲ့ေငြကိုသာ မက္ေမာေနလိမ့္မယ္။

အေခ်ာင္ရတာ၊ေအာက္ဆိုက္ရတာမ်ိဳးေတြကို လိုခ်င္စိတ္ကုန္ေနတတ္ပါတယ္။ ေခြးရွိတဲ့ အိမ္ေတြကိုသြားလည္ရင္သတိထားပါ။ တိရိစာၦန္ေတြ ကိုက္ခဲတာမ်ိဳးခံရတတ္ပါတယ္။ ေႁမြကင္းေပါတဲ့ေနရာကို သြားမယ္ဆိုလဲ ညေရးညတာ သတိနဲ႔သြားပါ။ေ႐ႊထြက္တာမ်ိဳး၊ေပ်ာက္ရွတာမ်ိဳးျဖစ္တတ္ပါတယ္။ကံေကာင္းတာက အေတြးမွန္အျမင္မွန္ႏိုင္တာမို႔ မိမိလုပ္ေနတာကို မွားလား၊မွန္လား နဖူးေပၚလက္တင္ၿပီးစဥ္းစားခန္းဖြင့္သင့္တဲ့ကာလ ပါပဲ။

ႏွလုံးသားခ်င္း ေပါင္းစပ္ႏိုင္မည့္ စစ္မွန္ေသာ ဖူးစာရွင္ႏွင့္ ဆုံစည္းရကိန္းမ်ား ရွိေနမည္။ ျဖတ္ခနဲ႐ုတ္တရက္ ေပၚလာတတ္တဲ့ အႀကံအစည္က မိမိအတြက္ ေကာင္းတဲ့အႀကံ ျဖစ္ေနပါလိမ့္မယ္။ အသစ္ ထီထြင္ျခင္း၊ စြန႔္ဦး တီထြင္လုပ္ ကိုင္ျခင္းမ်ား ဒီကာလမွာ အဆင္ ေျပပါလိမ့္မယ္။အက်ိဳး ေပးဂဏန္း ၃/၆/၇ အထူးေဟာ အမွန္၊အမွား ေကာင္းစြာခြဲျခားႏိုင္ပါလိမ့္မယ္။ယၾတာ သရက္ယို ဘုရားကပ္လႉေပးပါ

အဂၤါ

ကုသိုလ္ကံေတြေပးေနခ်ိန္ပါပဲ။ အလုပ္ေတြေကာင္းလာတတ္ပါတယ္။ ညံ့ေနတာေတြတျဖည္းျဖည္းေျပ ေလ်ာ့ခြင့္ေတြရလာတတ္ပါတယ္။စိတ္ပင္ပန္း၊လူပင္ပန္းျဖစ္ေနတာေတြေလ်ာ့နည္းသြားဖို႔ရွိပါတယ္။ မိမိအတြက္ ေကာင္းေသာအကူအညီေတြရလာႏိုင္ေပမဲ့ သူမ်ားကူညီတာထက္ မိမိကံကိုက ေရကန္အသင့္၊ၾကာအတင့္ဆိုတာမ်ိဳး ျဖစ္ေနပါလိမ့္မယ္။ ခရီးေတြသြားဖို႔ ၾကန႔္ၾကာေနတာမ်ိဳးေတြ၊လမ္းပန္းဆက္သြယ္ေရးမေကာင္းလို႔ အခ်ိန္ေစာင့္ေနရ တာမ်ိဳးေတြရွိရင္ ဒီအပတ္ထဲ ခရီးကိစၥေတြေျပလည္သြားပါလိမ့္မယ္။

ေငြေၾကးထိန္းသိမ္းဖို႔ မီးခံေသတၱာဝယ္တာမ်ိဳး ေတြ၊ စည္း႐ိုးကာတာမ်ိဳးေတြ၊ စီစီတီဗီတပ္ဆင္တာမ်ိဳးေတြ ေဆာင္႐ြက္ျခင္းမ်ား ေခ်ာေခ်ာေမြ႕ေမြ႕အဆင္ေျပပါလိမ့္ လိမ့္မယ္။ မကုန္သင့္တာကို မကုန္ေအာင္ထိန္းသိမ္းသြားႏိုင္မဲ့ကာလလဲျဖစ္ပါတယ္။ အမ်ိဳးသားမ်ား ဇနီးမယားဘက္ ကေကာင္းေသာ အကူအညီေတြရလြယ္တာကိုေတြ႕ရပါတယ္။အိမ္ေထာင္ေရး ကံေကာင္းတတ္ပါသည္။ မိမိရရွိထား ေသာ အခြင့္အေရးမ်ား သူတစ္ပါးမွ လုယူျခင္းခံရ တတ္ပါသည္။

ဆရာသမား၊ ႀကီးကဲသူမ်ားႏွင့္ စိတ္သေဘာထား ကြဲလြဲ ျခင္း၊ စိတ္ညစ္ရျခင္းမ်ား ႀကဳံေတြ႕ရတတ္ ပါသည္။ မိမိထက္ နိမ့္သူမ်ားႏွင့္လက္တြဲ၍ အလုပ္လုပ္ရ တတ္ပါသည္။ အေရာင္းအဝယ္ကိစၥမ်ားမွ အက်ိဳးအျမတ္ နည္းရတတ္ပါ သည္။ မိမိ၏ အေရာင္းအဝယ္ျဖစ္႐ုံသာ ျဖစ္ တတ္ပါသည္။ လိုခ်င္ေဇာ၊ ရခ်င္ေဇာျဖင့္ ဆုံးျဖတ္ မိပါက အမွားအယြင္းပင္ ျဖစ္တတ္ပါသည္။အက်ိဳးေပးဂဏန္း ၁/၈/၀ အထူးေဟာ လုပ္ငန္းခြင္ အခြင့္အလမ္းေကာင္းေတြရမယ္ ယၾတာ ထီးျဖဴေလးတစ္လက္ ဘုရားကပ္လႉပါ

ဗုဒၶဟူး/ရာဟု

ဒီအပတ္ထဲ အသိ၊သတိကိုအၿမဲတမ္း ကပ္ထားဖို႔လိုပါတယ္။ သတိမရွိတာနဲ႔ အမွားေတြကိုမိမိကိုယ္တိုင္ မဆင္ျခင္ဘဲလုပ္မိသြားတတ္လို႔ပါပဲ။ဗုဒၶဟူးသားေတြက ကံညံ့ေနတာမ်ိဳးေတြႀကဳံရတတ္ၿပီး ရာဟုသားသမီးေတြက ေတာ့အညံ့အဆိုးသိပ္မေတြ႕ရတာကိုျမင္ရပါတယ္။အမ်ားနဲ႔ ပတ္သက္ေသာကိစၥမ်ား၊လူအမ်ားနဲ႔ ခ်ိတ္ဆက္လုပ္ရ ေသာကိစၥမ်ားထင္သေလာက္အဆင္မေျပတာကိုေတြ႕ရပါတယ္။ သားသမီးငယ္ေတြရွိသူဆိုသားသမီးက်န္းမာေရး အားနည္းတာမို႔ မိမိတို႔ပင္ပန္းရတတ္ပါတယ္။

တတ္ႏိုင္သမွ် လူႀကီးေတြ၊မိဘေတြရဲ႕စကားကိုလိုက္နာတာကဒီကာလ မွာအစစအရာရာအဆင္ေျပပါလိမ့္မယ္။ က်န္းမာေရးေကာင္းေနေပမဲ့ အစားေတြကို မဆင္မျခင္မစားမိပါေစနဲ႔။ အစားအေသာက္မွားရာကေန ဝမ္းဗိုက္၊အစာအိမ္ ဒုကၡေရာက္ေနတတ္ပါတယ္။ ပ်ိဳ႐ြယ္သူမ်ား ခ်စ္သူ၏ စိတ္အေျပာင္း အလဲမ်ားအေပၚ နားလည္ရခက္ခဲေလသည္။ စိတ္ရႈတ္စရာကိစၥမ်ား တစ္ခုၿပီးတစ္ခု ဝင္ေရာက္ လာႏိုင္ပါသည္။ အိမ္ေထာင္ေရး အနည္းငယ္ညံ့ေနပါမည္။

အိမ္ေထာင္ရွင္မ်ား လူမႈေရးျပႆနာမ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ ေျဖရွင္းေနရတတ္ပါသည္။ အထူးသတိျပဳ၍ ေနထိုင္၊ လုပ္ကိုင္၊ ေဆာင္႐ြက္ပါ။ ဖခင္ဆီကလဲ ေငြအား လူအား ေတြရလာ တတ္ပါတယ္။ အလုပ္သစ္ေလွ်ာက္ျခင္း၊ အင္တာဗ်ဴးေျဖျခင္းမ်ား ရလဒ္ေကာင္းေတြရ လာႏိုင္မဲ့ကာလပါပဲ ။အက်ိဳးေပးဂဏန္း ၁/၂/၅ အထူးေဟာ ကံအင္အားနည္းပါးလိမ့္မယ္။ယၾတာ အုန္းသီးစိပ္ေလးေတြ ဘုရားကပ္ပါ။

ၾကာသပေတး

က်န္းမာေရးကေတာ့ ဒီအပတ္မွာသတိထားဖို႔လိုပါတယ္။ က်န္းမာေရးတေရွာင္ေရွာင္ျဖစ္လြယ္တဲ့ကာလပဲ ျဖစ္ပါတယ္။ ေဆးၿမီးတိုနဲ႔မကုပါနဲ႔။ ေဆးထိုး၊ေဆးေသာက္တာေဆာင္႐ြက္ေစခ်င္ပါတယ္။ ဘာသာေရးကိစၥ၊အလႉ အတန္းကိစၥေတြ ရက္ေ႐ႊ႕ရတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ ေငြကံေကာင္းေနေပမဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြမွားယြင္းမႈျဖစ္ တတ္ပါတယ္။ ဘာသာေရးနဲ႔ပတ္သက္ၿပီး အေတြးအေခၚေတြအစြန္းေရာက္သြားတတ္ပါတယ္။

ေငြေၾကးအေပး အကမ္းမ်ားၿပီး ေနာက္မွႏွေျမာေနတာမ်ိဳးျဖစ္တတ္ပါတယ္။ တစ္ပါးသူ၏ အေႏွာက္အယွက္ မ်ားေၾကာင့္ ဥပေဒႏွင့္ ရင္ဆိုင္ရတတ္ပါသည္။ လူမ်ိဳးကြဲ၊ ဘာသာကြဲမ်ားႏွင့္ လုပ္ငန္းမ်ား စပ္တူရွယ္ယာျပဳလုပ္လွ်င္ ေအာင္ျမင္မႈမ်ား ရရွိႏိုင္ပါသည္။ ျပည္တြင္း၊ ျပည္ပ ခရီးတို၊ ခရီးရွည္မ်ား မၾကာခဏသြားရ၊ လာရတတ္ပါသည္။ အိမ္၊ ၿခံ၊ ေျမ လက္မွတ္ေရးထိုးျခင္း၊ စာခ်ဳပ္၊ စာတမ္းမ်ား ခ်ဳပ္ဆိုရာတြင္ သတိျဖင့္ ေဆာင္႐ြက္ေနရမည္။

ပရဟိတ လုပ္ငန္းမ်ားတြင္ ဝင္ေရာက္ေဆာင္႐ြက္ ေပးရျခင္းမ်ား ရွိေနမည္။ တစ္ဦးထက္ပိုေသာ အခ်စ္ေရးမ်ိဳးကို ခံစားရေပလိမ့္မည္။ အေပါင္းအသင္းမ်ားကဝိုင္းဝန္းေအာင္သြယ္ျခင္းမ်ားေၾကာင့္ မေမွ်ာ္လင့္ပဲ အိမ္ေထာင္က် သြားတတ္ပါသည္။ မိဘသေဘာမတူျခင္းမ်ားႏွင့္ ရင္ဆိုင္ရတတ္ပါသည္။ အိမ္ေထာင္ေရးတြင္ မိသားစုျပႆနာမ်ား ေျဖရွင္းေပးရတတ္ပါသည္။ အေရးႀကီးတဲ့ ကိစၥမ်ား မိမိကိုယ္တိုင္လုပ္ပါ။အနည္းငယ္ေတာ့ အလုပ္ေတြမ်ားရ တတ္ပါတယ္။အက်ိဳးေပးဂဏန္း ၃/၆/၄အထူးေဟာ က်န္းမာ‌ေရးဂ႐ုစိုက္ၾကပါ။ယၾတာ အေရွ႕အရပ္ကို မ်က္ႏွမူၿပီး ၇ရက္သားသမီးေမတၱာပို႔ပါ

ေသာၾကာ

ဒီကာလမ်ားအတြင္း မေမွ်ာ္လင့္ပဲ စီးပြားေရးမ်ား တိုးတတ္မႈလမ္းေၾကာင္းေပၚသို႔ ေရာက္ရွိ လာ မည္။ ယာဥ္ ႏွင့္ စက္ပစၥည္းမ်ား ေရာင္းခ်ျခင္း၊ ရတနာပစၥည္းမ်ား ေရာင္းဝယ္ျခင္း၊ စတိုးဆိုင္ဖြင့္ျခင္းမ်ား ၊ စားေသာက္ဆိုင္ႏွင့္ စတိုးဆိုင္ဖြင့္ျခင္းမ်ား အထူးေကာင္းမြန္ပါသည္။ မိမိအထက္ အႀကီးအကဲမ်ားႏွင့္ ဆက္ဆံရာတြင္ အထူးဂ႐ုစိုက္ ၿပီးဆက္ဆံရတတ္သည္။ လုပ္ငန္းခြင္အတြက္ စိတ္ကူးစိတ္သန္း အသစ္မ်ား ေပၚထြန္းလာမည္။ ရပ္ေဝးခရီးမွ မိမိထံသို႔ ေကာင္းေသာသတင္းစကားေကာင္းမ်ား ၾကားသိေနရတတ္ပါသည္။

ေငြေၾကးမ်ား မေမွ်ာ္လင့္ပဲ ဝင္လာ ျခင္း၊ ထီေပါက္ျခင္းမ်ား ရွိလာမည္။ မိမိအေနနဲ႔ စူးစမ္းရွာေဖြေလ အက်ိဳးရွိေလပါပဲ။ ရသင့္တဲ့ လုပ္အားခထက္ ေဘာနပ္ဆိုတာ မ်ိဳးလဲ ရရွိႏိုင္တဲ့အခြင့္အေရးမ်ိဳးေတြရွိပါတယ္။ မေတာ္တဆ ထိခိုက္မႈမ်ား ရွိတတ္ပါသည္။ ထို ေၾကာင့္ စက္ပစၥည္းမ်ား ကိုင္ တြယ္ ရာတြင္ အထူးဂ႐ုစိုက္ေပးပါ။ ေျမာက္အရပ္သို႔ ေရေၾကာင္း၊ ေလေၾကာင္း ခရီး သြားလာျခင္းကို အထူး ေရွာင္ၾကဥ္ေပးပါ။

အၿမဲတမ္းႏႈတ္ခ်ိဳသာစြာေျပာတတ္သူမ်ားကံပိုေကာင္းႏိုင္ပါတယ္။ ေငြေၾကးစတင္စုေဆာင္းျခင္းမ်ားဒီကာလမွာ‌ေဆာင္႐ြက္ပါ။အခ်စ္ေရးတြင္ သေဘာထားကြဲလြဲမႈမ်ား မၾကာခဏ ျဖစ္ လာရတတ္ ပါသည္။ တစ္ပါးသူ၏ အေႏွာက္အယွက္ေၾကာင့္ အႀကံအစည္မ်ား ပ်က္စီးသြားမည္။ အိမ္ေထာင္ရွင္ မ်ားအိမ္ေထာင္ေရး သာယာမႈမ်ား ရွိမည္။အက်ိဳးေပးဂဏန္း ၃/၄/၇အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။ယၾတာ အုန္းဆီတစ္ဗူး မိတ္ေဆြတစ္ေယာက္ကိုလက္ေဆာင္ေပးပါ

စေန

ဒီကာလမ်ားအတြင္း သင္သည္ အၿပိဳင္အဆိုင္၊ အေႏွာက္အယွက္ၾကားမွ ေအာင္ျမင္တိုးတတ္လာ ႏိုင္ပါ သည္။ အိမ္၊ ၿခံ၊ ေျမႏွင့္ ပတ္သက္ေသာ လုပ္ငန္းမ်ားမွ အက်ိဳးအျမတ္ေကာင္းမ်ား ရရွိပိုင္ဆိုင္ခြင့္မ်ား ရရွိလာမည္။ လုပ္ငန္းသစ္မ်ား၊ စီးပြားသစ္မ်ား တိုးခ်ဲ႕ျခင္းမ်ား ေဆာင္႐ြက္ အဆင္ေျပနိင္ပါသည္။ မိတ္သစ္ေဆြသစ္မ်ား တိုးပြား ႏိုင္ပါသည္။ အေမြအႏွစ္ကိစၥမ်ား ျငင္းခုန္ရတတ္ျခင္းမ်ား ႀကဳံေတြ႕ရတတ္ပါသည္။

သယ္ယူပို႔ေဆာင္ေရး လုပ္ငန္း၊ စိုက္ပ်ိဳးေရးလုပ္ငန္း၊ စားေသာက္ကုန္လုပ္ငန္းတို႔သည္ အထူးအက်ိဳးေပးေနမည္။ ပညာေရးတြင္ ေအာင္ ျမင္မႈမ်ား ရရွိနိင္ပါသည္။ လုပ္ငန္းခြင္ စာေမးပြဲမ်ား ေျဖဆိုရာတြင္လည္း ေအာင္ျမင္မႈမ်ား ရရွိမည္။ သို႔ေသာ္ အေပ်ာ္ အပါး လိုက္စားျခင္းမ်ား ေရွာင္သင့္ပါသည္။ စက္ကား၊ယႏၲရားနဲ႔ပတ္သက္ေသာအလုပ္မ်ား အဆင္မေျပတာေတြမ်ားႏိုင္ပါ တယ္။ေငြေၾကးကိုေတာ့လက္မလြယ္မိဖို႔လိုအပ္ပါတယ္။အသုံးထက္အျဖဳန္းမ်ားေနတတ္ပါတယ္။

က်န္းမာေရးတြင္ အပူနာျခင္း၊ ခါးနာျခင္း၊ ႏွလုံးအားနည္းျခင္း၊ အိပ္မေပ်ာ္ ျခင္းမ်ား၊ အေၾကာအဆစ္ေဝဒနာမ်ား ခံစားရတတ္ပါသည္။ အိမ္ေထာင္ေရးတြင္ တစ္ခါတစ္ရံ စိတ္သေဘာထား ကြဲ လြဲႏိုင္ျခင္းမ်ား ျဖစ္ေပၚလာႏိုင္ပါသည္။ အခ်စ္ေရး၊ ေမတၱာ ေရးတြင္ ႏွလုံးသားမွ ေပါက္ဖြားလာေသာ အခ်စ္ ပန္း ပြင့္သည္၊၊ အ႐ြယ္လြန္ေနသူေတြေတာင္ ငယ္မူငယ္ေသြး ျပန္လာေစႏိုင္သည္။အက်ိဳးေပးဂဏန္း ၁/၄/၅ အထူးေဟာ အခ်စ္ေရးစန္းအားေကာင္းမယ္ ယၾတာ နီးစပ္ရာကေလးေတြကို ကိတ္မုန႔္ဝယ္ေကြၽးပါ

၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695