ဘဝတစ္သက္တာ ဆုံးမစာ
အဆင္းလွတိုင္း မခင္ၾကနဲ႔။အတင္းမတိုင္း ဘဝင္မက်နဲ႔။အေျပာခ်ိဳတိုင္း ပ်ိဳမႀကိဳက္နဲ႔။အေရာပိုတိုင္း အလိုမလိုက္နဲ႔။ဝါဝါျမင္တိုင္း ေ႐ႊအစစ္ မထင္နဲ႔။လာလာခင္တိုင္း ေမအခ်စ္ မဝင္နဲ႔။
အလိုလိုက္တိုင္း ကမ္းမတက္နဲ႔။အပ်ိဳႀကိဳက္တမ္း အငမ္းမဖက္နဲ႔။မရင္းႏွီးဘဲ မေခၚမထူးနဲ႔။အတင္းႀကီးလဲ အေပ်ာ္မၾကဴးနဲ႔။
ကိုယ္ပိုင္မရွိဘဲ မႂကြားခ်င္နဲ႔။နဂိုစတိုင္မရွိဘဲ အငွားမျပင္နဲ႔။ပလီပလာလည္း မခြၽဲျပနဲ႔။ကလီကမာလည္း မကဲၾကနဲ႔။
အလိုက္မသိလည္း မေခ်းငွားနဲ႔။စ႐ိုက္မသိဘဲ မေပးစားနဲ႔။အသစ္ဆိုတိုင္း မသုံးဘူးခ်င္နဲ႔။အခ်စ္ပိုတိုင္း မမုန္းဘူး မထင္နဲ႔။မႀကိဳးစားဘဲ အေခ်ာင္မႏႈိက္နဲ႔။အက်ိဳးမမ်ားဘဲ မေလွာင္လိုက္နဲ႔။
သိကၡာဖ်က္ၿပီး ရိကၡာမမက္နဲ႔။ရိပ္သာထြက္ၿပီး အဝိဇၨာ မတက္နဲ႔။ရွိတိုင္းလည္း အႂကြားမပိုနဲ႔။သိတိုင္းလည္း စကားမဆိုနဲ႔။မလိုအပ္ဘဲ မျဖဳန္းတီးနဲ႔။အပိုမကပ္ဘဲ အသုံးမႀကီးနဲ႔။အဆံမရွိဘဲ သူမ်ား မေက်ာနဲ႔။အမွန္မသိဘဲ မုသား မေျပာနဲ႔။
သတင္းစကားတိုင္း မယုံေလနဲ႔။အတင္းကားတိုင္း မၿဖဳံေလနဲ႔။ေျမႇာက္တိုင္းလည္း မေျမာက္နဲ႔။ေျခာက္တိုင္းလည္း မေၾကာက္နဲ႔။ဝ မရွိဘဲ ဝိမလုပ္ၾကနဲ႔။ဇ မရွိဘဲ မထိခလုပ္ မစနဲ႔။
အေၾကာင္း မသိဘဲ မသုံးသပ္နဲ႔။ေပါင္းမၾကည့္ဘဲ မဆုံးျဖတ္နဲ႔။ကိုယ္ခ်င္းမစာဘဲ မေျပာေလနဲ႔။လိုရင္းမပါဘဲ အေၾကာ မရွည္နဲ႔။
မဟုတ္သတင္းလည္း မဖြနဲ႔။ကုတ္ကျမင္းလည္း မထနဲ႔။”ငါ”မသတ္ဘဲ သူျမတ္မလုပ္နဲ႔။”စာ”မဖတ္ဘဲ လူတတ္မလုပ္နဲ႔။အမ်ားေျပာတိုင္း အဟုတ္မမွတ္နဲ႔။တရားေဟာတိုင္း မပုတ္ခတ္နဲ႔။
ပလႅင္ေပၚတက္ကာ မဟုတ္မဟတ္ မေဟာနဲ႔။စင္ေပၚတက္ကာ လုပ္ဇာတ္မေျပာနဲ႔။အျပင္ပန္းၾကည့္ကာ ထင္ေၾကးေပး မေစာနဲ႔။ခင္မွန္းသိကာ အခြင့္အေရးေပး မေျပာနဲ႔။
မႀကံသာ သာကူးလည္း မကူးၾကနဲ႔။မတန္ရာ ရာထူးလည္း အ႐ူးမထနဲ႔။အလုပ္မလုပ္ ဗ႐ုတ္ေနကာ ပြားေပါက္မျခဴနဲ႔။မလုပ္မရႈပ္ မျပဳတ္ေနရာ သြားေကာက္မယူနဲ႔။
ေဘးအျမင္ မၾကည့္ဘဲငါတေကာ မေကာနဲ႔။အေတြးအျမင္ မရွိဘဲဗလာေျပာ မေျပာနဲ႔။
ငါအထင္ အယူသည္းကာေခါင္းမေဆာင္ၾကနဲ႔။တာဝန္ယူၿပီးကာ ေခါင္းမေရွာင္ၾကနဲ႔။
လိုက္နာလွ်င္ အက်ိဳးမလိုက္နာလွ်င္ အျပစ္။ေရွာင္ႏိုင္လွ်င္ လူေတာ္မေရွာင္ႏိုင္လွ်င္ လူသေရာ္။လူေပၚလူေဇာ္ လုပ္လိုသူမ်ားအတြက္အဘက္ဘက္က အရည္အခ်င္း ျပည့္ေစရန္ ကာရံညီ ဆုံးမစကားေလးေတြခပ္ပါးပါး ေရးေပးလိုက္ပါတယ္။
Credit
unicode
ဘဝတစ်သက်တာ ဆုံးမစာ
အဆင်းလှတိုင်း မခင်ကြနဲ့။အတင်းမတိုင်း ဘဝင်မကျနဲ့။အပြောချိုတိုင်း ပျိုမကြိုက်နဲ့။အရောပိုတိုင်း အလိုမလိုက်နဲ့။ဝါဝါမြင်တိုင်း ရွှေအစစ် မထင်နဲ့။လာလာခင်တိုင်း မေအချစ် မဝင်နဲ့။
အလိုလိုက်တိုင်း ကမ်းမတက်နဲ့။အပျိုကြိုက်တမ်း အငမ်းမဖက်နဲ့။မရင်းနှီးဘဲ မခေါ်မထူးနဲ့။အတင်းကြီးလဲ အပျော်မကြူးနဲ့။
ကိုယ်ပိုင်မရှိဘဲ မကြွားချင်နဲ့။နဂိုစတိုင်မရှိဘဲ အငှားမပြင်နဲ့။ပလီပလာလည်း မချွဲပြနဲ့။ကလီကမာလည်း မကဲကြနဲ့။
အလိုက်မသိလည်း မချေးငှားနဲ့။စရိုက်မသိဘဲ မပေးစားနဲ့။အသစ်ဆိုတိုင်း မသုံးဘူးချင်နဲ့။အချစ်ပိုတိုင်း မမုန်းဘူး မထင်နဲ့။မကြိုးစားဘဲ အချောင်မနှိုက်နဲ့။အကျိုးမများဘဲ မလှောင်လိုက်နဲ့။
သိက္ခာဖျက်ပြီး ရိက္ခာမမက်နဲ့။ရိပ်သာထွက်ပြီး အဝိဇ္ဇာ မတက်နဲ့။ရှိတိုင်းလည်း အကြွားမပိုနဲ့။သိတိုင်းလည်း စကားမဆိုနဲ့။မလိုအပ်ဘဲ မဖြုန်းတီးနဲ့။အပိုမကပ်ဘဲ အသုံးမကြီးနဲ့။အဆံမရှိဘဲ သူများ မကျောနဲ့။အမှန်မသိဘဲ မုသား မပြောနဲ့။
သတင်းစကားတိုင်း မယုံလေနဲ့။အတင်းကားတိုင်း မဖြုံလေနဲ့။မြှောက်တိုင်းလည်း မမြောက်နဲ့။ခြောက်တိုင်းလည်း မကြောက်နဲ့။ဝ မရှိဘဲ ဝိမလုပ်ကြနဲ့။ဇ မရှိဘဲ မထိခလုပ် မစနဲ့။
အကြောင်း မသိဘဲ မသုံးသပ်နဲ့။ပေါင်းမကြည့်ဘဲ မဆုံးဖြတ်နဲ့။ကိုယ်ချင်းမစာဘဲ မပြောလေနဲ့။လိုရင်းမပါဘဲ အကြော မရှည်နဲ့။
မဟုတ်သတင်းလည်း မဖွနဲ့။ကုတ်ကမြင်းလည်း မထနဲ့။”ငါ”မသတ်ဘဲ သူမြတ်မလုပ်နဲ့။”စာ”မဖတ်ဘဲ လူတတ်မလုပ်နဲ့။အများပြောတိုင်း အဟုတ်မမှတ်နဲ့။တရားဟောတိုင်း မပုတ်ခတ်နဲ့။
ပလ္လင်ပေါ်တက်ကာ မဟုတ်မဟတ် မဟောနဲ့။စင်ပေါ်တက်ကာ လုပ်ဇာတ်မပြောနဲ့။အပြင်ပန်းကြည့်ကာ ထင်ကြေးပေး မစောနဲ့။ခင်မှန်းသိကာ အခွင့်အရေးပေး မပြောနဲ့။
မကြံသာ သာကူးလည်း မကူးကြနဲ့။မတန်ရာ ရာထူးလည်း အရူးမထနဲ့။အလုပ်မလုပ် ဗရုတ်နေကာ ပွားပေါက်မခြူနဲ့။မလုပ်မရှုပ် မပြုတ်နေရာ သွားကောက်မယူနဲ့။
ဘေးအမြင် မကြည့်ဘဲငါတကော မကောနဲ့။အတွေးအမြင် မရှိဘဲဗလာပြော မပြောနဲ့။
ငါအထင် အယူသည်းကာခေါင်းမဆောင်ကြနဲ့။တာဝန်ယူပြီးကာ ခေါင်းမရှောင်ကြနဲ့။
လိုက်နာလျှင် အကျိုးမလိုက်နာလျှင် အပြစ်။ရှောင်နိုင်လျှင် လူတော်မရှောင်နိုင်လျှင် လူသရော်။လူပေါ်လူဇော် လုပ်လိုသူများအတွက်အဘက်ဘက်က အရည်အချင်း ပြည့်စေရန် ကာရံညီ ဆုံးမစကားလေးတွေခပ်ပါးပါး ရေးပေးလိုက်ပါတယ်။
Credit